သယ်ယူ၊ ရောင်းချချိန်များတွင် ကွမ်းရွက် အနာပေါ်ခြင်း အတွက် ပြုလုပ်နည်း
စိုက်ပျိုးရေးပညာရှင် ဆရာကြီး ဦးဖရက်သိန်းဖေရဲ့ နည်းလမ်းလေးပါနော် ကွမ်းရွက်များကို ခူးဆွတ်ပြီး ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် သယ်ယူပို့ဆောင်သောကာလ၊ဈေးကွက်တွင် ရောင်းချရန်ထားချိန် ကာလတွင်ပင် မူလကအကောင်းပကတိ ရောဂါလက္ခဏာမရှိသော ကွမ်းရွက်များပင် ​ရောဂါလက္ခဏာများပေါ်လာပြီး ရောင်းမရသော အ​ခြေအနေမျိုး ရောက်ကြရသည်။ ဤအဖြစ်မျိုးမှာလည်း ကွမ်းနှင့်ပတ်သက်သော စီးပွားရေးကို ဆိုးဝါးစွာ ထိခိုက်စေသော ကိစ္စဖြစ်သည်။ဤကိစ္စမှာ ကွမ်းကုန်သည်များ၌သာ တာဝန်ရှိသည်ဟု မဆိုထိုက်ပါပေ။ ကွမ်းစိုက်ပျိုးသူများအနေနှင့်လည်း အထိုက်အလျောက်တာဝန်ရှိနေပေသည်။ဤနေရာမျိုး၌ အဓိကအသုံးပြုသော မှိုသတ်ဆေးမှာ သာယာဗင်ဒါဇိုးဖြစ်သည်။ ဤမှိုသတ်ဆေးမှာ ပင်လုံးပြန့် အမျိုးအစားဖြစ်ပါသည်။ရေ(၄)ဂါလံ(၁ဝပိသာ)တွင် ဤဆေးမှုန့် (၅၀)ဂရမ်(စားပွဲတင်ဇွန်း၄ဇွန်းမှ၅ဇွန်း)ဖျော်ပြီး ကွမ်းရွက်များကို တောင်းများအတွင်းစီမထည့်မီ နှစ်ပေးရသည်။တနည်းဆိုသော် ရိတ်သိမ်းချိန်လွန်နှစ်ခြင်း သို့မဟုတ် ရိတ်သိမ်းလွန်ချိန်ဖျန်းခြင်း ပြုလုပ်နိုင်သည်။ ဖျော်ပြီးစ ဆေးရည်တွင်(၅)ကြိမ်သာ(နှစ်)ပြုလုပ်နိုင်သည်။ကျန်သောဆေးရည်ကို အသုံးမပြုသင့်တော့ပေ။ဆေးဖျော်ပြီး(၂၄)နာရီကျော်တွင်လည်း အသုံးမပြုသင့်ပေ။ အခြားစိုက်ပျိုးရေးသုံးဓာတုဆေးဝါးများ၊ အယ်ကာလီများ၊ ကြေးနီပါသောဓာတုပစ္စည်းများနှင့်ရောစပ်အသုံးမပြုသင့်ပါပေ။ ဦးဖရက်သိန်းဖေ Zawgyi စိုက္ပ်ိဳးေရးပညာရွင္ ဆရာႀကီး … Read more
မြေဧက အလွယ် တွက်နည်း( ၂ )
မြေဧကတွက်နည်း( ၂ ) လူတွေအမေးများတဲ့ မြေအကြောင်းများ ၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ ၁ ဧက = ၄၀၄၇ စတုရန်းမီတာ ၁ ဧက = ၄၃၅၆၀ စတုရန်းပေ ၁ ပေ(sqft)= ၀.၀၉၂၉ Square metre ၁ မီတာ = ၃.၂၈၁ ပေ ၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ ၁ ဟက်တာ = ၂.၄၇၁ ဧက Square feet မှ ဧကပြောင်း Sqft ÷ 43560= ( ) ဧက ဥပမာ 20000 … Read more
ပုသိမ်ဟာလဝါ (အလွယ်ဆုံးပြုလုပ်နည်း)
ပုသိမ် ဟာလဝါ (အလွယ်နည်း) (လက်ညောင်းတာ တဝက်ကျော်ကျော်လောက်သက်သာတဲ့နည်းလေး) ပါဝင်သောပစ္စည်းများ (ဗန်း အသေး ၁ဗန်းစာအတွက်) ၁။ ကောက်ညှင်းမှုန့်- ၃ ခွက် ၂။ ရေ – ၄ ခွက် ၃။ အုံးနို့- ၁ ဗူး (400 ml) ၄။ နွားနို့- အုံးနို့နှင့် ဆတူ (အုံးနို့ထည့်ပြီး အဲ့ဒီသံဗူးနဲ့နွားနို့ကို ချိန်ဆထည့်ပါ။) ၅။ ဆား – လက်ဖက်ရည်ဇွန်း တဝက် ၆။ သကြား – ၁ ခွက် ၇။ ညောင်စေးကျအောင် ကျိုထားသော ကြံသကာရည် – ၁ ခွက် ၈။ ဆီ – ခွက် တ ဝက် (သို့) … Read more
မြေအိုးမြီးရှည်ပြုလုပ်နည်း
မြေအိုးမြီးရှည်ပြုလုပ်နည်း လိုအပ်သောအရာများ (1) ကြက်သား သို့မဟုတ် ကြက်အရိုး (2) မြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ငုံးဥ ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်း ( ဆိုင်တွေမှာ မြေအိုးမြီးရှည်လုပ်ဖို့အတွက် လိုအပ်ပစ္စည်း အစုံထည့်ပေးလို့ ပြောလိုက်ရင်လည်းရပါသည် (3) ပဲငပိ (4) ကြက်သွန်အနီ သံပုရာသီး ကန်စွန်းရွက် ပန်းဂေါ်ဖီ အာလူး မုန်လာဥနီ မုန်ညှင်းရွက် ငရုတ်ကောင်းမှုန့် ဟွာကျောင်းအမှုန့် ( ကုန်ခြောက်ဆိုင်တွေမှာအလွယ်တကူဝယ်လို့ရပါသည် မထည့်လည်းဘာမှမဖြစ်ပါဖူးနော် ) Ready made အထုပ်တွေက ဘယ်လိုချက်ထားလဲ ဘာဆိုးဆေး တာရှည်ခံပစ္စည်းတွေထည့်ထားလဲ မသိနိုင်တာမို့ သန့်သန့်ရှင်းရှင်းနဲ့ အိမ်မှာ ကိုယ့်ဘာသာအနှစ်လေးချက်လိုက်ရအောင်နော် Ready made အထုပ်နဲ့ အရသာချင်းအတော်လေးကွာတယ်လို့ အာမခံပါတယ်ရှင့် (1) မြီးရှည်အဖတ် ကြက်တောင်ပံတု … Read more
လက်မောင်းကပ်ရောဂါ နဲ့ ကုသနည်းများ
နှင်းဆီပန်းကို ပန်းအိုးဖြင့် စနစ်တကျ စိုက်ပျိုးနည်း
နှင်းဆီပင် အိုးဖြင့်စိုက်ပျိုးနည်းလေး ယနေ့ခေတ်မှာ နှင်းဆီပန်းပင်လေးတွေကို အိမ်တွင်းတစ်ပိုင်တစ်နိုင်အဖြစ် ပန်းအိုးတွေနဲ့ စိုက်ပျိုးတဲ့အလေ့အထကို တွေ့မြင်လာရပါတယ်။ ဝါသနာပါ၍စိုက်သည်ဖြစ်စေ၊ အလှစိုက်သည်ဖြစ်စေ ပန်းပွင့်တွေဝေဆာနေသည့်အပင်ကို မြင်တွေ့လိုသည်မှာတော့ လူတိုင်းလိုလိုပင်ဖြစ်ပါတယ်။ ထို့အတွက် နှင်းဆီပင်တွေကို ပန်းအိုးနဲ့စိုက်တဲ့အခါမှာ ကောင်းစွာရှင်သန်ပွင့်ဖူးနိုင်ရန်အတွက် ပြုစုစောင့်ရှောက်ပေးဖို့က အရေးကြီးလှပါပေတယ်။ ယနေ့မှာတော့ နှင်းဆီပင်ကိုအိုးနဲ့စိုက်တဲ့အခါ ကြုံရတတ်တဲ့ပြဿနာတွေနဲ့ ကာကွယ်ပြုစုနည်းတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ အိုးနဲ့စိုက်တဲ့အခါ ဘယ်လိုပြဿနာတွေဖြစ်လာနိုင်သလဲ? စိုက်ပျိုးချိန်ကြာလာတဲ့နောက် ဖြာထွက်လာတဲ့အမြစ်တွေက အိုးနံရံရောက်တဲ့အခါ ဆက်လက်ကြီးထွားနိုင်စွမ်းမရှိတော့ပဲ အိုးထဲမှာအမြစ်တွေလုံးထွေးလာပြီးတော့ မြေလုံးကို ပိုက်ကွန်ပုံစံ ရစ်ပတ်လာပါတော့တယ်။ အဲ့နောက်မှာတော့ အမြစ်တွေညိုမဲလာပြီး အပင်ကြီးထွားမှု ရပ်တန့်ကာ အိုးကြပ်ခြင်း (Pot-bound) ကိုဖြစ်စေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ အိုးထဲမှာ မြေပမာဏလျော့နည်းလာတဲ့အတွက် အာဟာရချို့တဲ့လာခြင်းဖြစ်ပေါ်စေပါတယ်။ ထို့အပြင် ရေလောင်းမှုပမာဏများတဲ့အခါ အိုးအတွင်းမှာရှိတဲ့ အာဟာရဓါတ်တွေက ရေနဲ့အတူ ပျော်ဝင်စိမ့်ဆင်းသွားခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ ရေမကြာခဏလောင်းခြင်းကလည်း မြေကျပ်စေပြီးတော့ ရေစီးဆင်းမှုညံ့ဖျင်းခြင်းကို … Read more
အိမ်မှာ အာလူးကြွပ်ကြွပ်လေးကြော်စားမယ်
ဒီနည်းကတော့ ကြော်ပြီးတော်တော်ကြာတဲ့အထိလဲ မပျော့ပါဘူး။စားလို့လဲတော်တော်ကောင်းပါတယ်။ကြော်စားကြည့်နော်လို့။ ပါဝင်သောပစ္စည်းများ ၁။ အာလူး အကြီး – ၂လုံး ၂။ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ ၃။ ကွမ်းယာထဲထည့်တဲ့ စားထုံး – လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ ၄။ ရေ – ၃ ခွက် ခွဲ ၅။ ကြော်ရန်ဆီ ( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml) ပြုလုပ်နည်းလေး ၁။ ထုံးကို … Read more
ကချင် ခရမ်းချဉ်သီး ထောင်း ထောင်းနည်း
ငွေအကုန်ကျလည်းသက်သာ ထမင်းစားလည်းမြိန်စေမယ့် တမယ်ကောင်း ကချင်ခရမ်းချဉ်သီးထောင်း ကချင် ခရမ်းချဉ်သီး ထောင်း ဒီနေ့တော့ အချိန်ကလေး ရတာနဲ့ စားချင်နေတဲ့ကချင် ခရမ်းချဉ်သီး ထောင်းလေး လုပ်စားဖြစ်သွားပါတယ်။ အလွန် ပင် ထမင်းမြိန်လှတယ် ထောင်းစားချင်သူများအတွတ် ခရမ်းချဉ်သီးမှည့် ၊ ငရုတ်သီးစိမ်း ( အနီ ၊ အစိမ်း ) ကြက်သွန်ဖြူ တို့ကို မီးကင်ပြီး ညက်အောင်ထောင်းပါ။ ထောင်းပြီး ဆား ၊ ကြက်သားမူန့် ( သို့ ) ဟင်းချိုမူန့် နံနံ ထည့်မွှေပါ Phyo Moh Moh Zawgyi ငွေအကုန်ကျလည်းသက်သာ ထမင်းစားလည်းမြိန်စေမယ့် တမယ်ကောင်း ကချင်ခရမ်းချဉ်သီးထောင်း ကချင် ခရမ်းချဉ်သီး ထောင်း ဒီနေ့တော့ အချိန်ကလေး ရတာနဲ့ စားချင်နေတဲ့ကချင် … Read more
အိမ် ၊ မြေ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်လေးများ
အိမ် နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်လေးများ။ ၁။ ရောင်းသူနှင့်ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ကြရပါမည်။ ၂။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးရေးကဒ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ်အမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။ ၃။ ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်း ခံရပါမည်။ လျော့ပြသည့်အခွန်တန်ဖိုး၏ ( ၁၀ )ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည်။ ၄။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းအတာတို့ကို ဖော်ပြကြရပါမည်။ ဂရန်၌ ဖော်ပြပါရှိသည့်အတိုင်း ဖြစ်ရပါမည်။ ၅။ ရောင်းသူက ငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေသို့မဟုတ် မြေကို … Read more
ပေါင်းအိုးဖြင့် ကိတ်မုန့်လုပ်နည်း
အိမ်တွင်းဖြစ် ထမင်းပေါင်းအိုး နဲ့ကိတ်မုန့်လုပ်နည်း အိမ်တွင်းဖြစ်ထမင်းပေါင်းအိုးကိတ်မုန့်လေး ပါဝင်ပစ္စည်း ၁.ဂျုံ=ဆန်ချိန်ခွက်တစ်ခွက် ၂.သကြား=ဆန်ချိန်ခွက်တစ်ဝက် ၃.နွားနို့= ဆန်ချိန်ခွက်တစ်ဝက် ၄.ဆီ=ဆန်ချိန်ခွက်၃ပုံတစ်ပုံ ၅.ရှာလကာရည်=၃စက် ၆.ကြက်ဥ=၅လုံး ပြုလုပ်ပုံအဆင့်ဆင့် ၁.ဇလုံသန့်သန့်၂လုံးအဆင့်သင့်လုပ်ထားပါ၊ကြက်ဥ၅လုံးကို အကာအနှစ်ခွဲပြီးဇလုံတစ်ခုချင်းစီထည့်ထားပါ။ ၂.ကြက်ဥအနှစ်ဇလုံ ထဲကို ဂျုံ၊ဆီ၊နွားနို့ ရောထည့်ပြီး ဂျုံလုံးလေးတွေမရှိအောင်နှယ်ထားပါ။ ၃.cream ရိုက်စက်မရှိတဲ့သူတွေအတွက် ကြက်ဥအကာဇလုံထဲကိုရှာလကာရည် ထည်ပြီးခေါက်ပါ(သကြားကို၃ပုံခွဲထားပါ)၊အမြုပ်ထွက်လာရင် သကြားကိုတစ်ပုံထည့်ပေးပါ၊ အဆက်မပျက်ခေါက်ပေးရပါမည်၊အမြုပ်လေးတွေသေးပြီးဖြူဖြူလေးတွေဖြစ်ရင်သကြားနောက်တစ်ပုံထည့်ပါ၊အမြုပ်လေးတွေပျောက်ပြီးဖြူဝင်းလာပြီဆိုရင်သကြားနောက်ဆုံးတစ်ပုံထည့်ပြီးဆက်ခေါက်ပါ၊ cream ရသည့်ထိခေါက်ပါ။ Cream ဖြစ်မဖြစ်ကိုဝါးတူတစ်ချောင်းကိုအလယ်မှာစိုက်ကြည့်ပါ လဲမကျရင်cream ရပါပြီ။Cream ရိုက်စက်ရှိရင်လဲ အပေါ်ကအချိုးအတိုင်းပြုလုပ်ရပါတယ်။ creamရိုက်တာ၁၀မိနစ်ကြာပါတယ် ၄. ရိုက်ထားတဲ့ cream ကို ဂျုံနှယ်ထားတဲ့ဇလုံထဲကို ၃ခါခွဲပြီး ရောနှယ်ပေးပါ (နှယ်တဲ့နေရာမှာ ဇွန်းဖြင့်အပေါ်အောက်ဖြေးဖြေးနှယ်ပါ၊ လုံးဝမမွှေမိပါစေနဲ့နော် ) ၅. ထမင်းပေါင်းအိုးအောက်ခြေကို ဆီသုပ်ထားပါ နှယ်ထားတဲ့အနှစ်ကို အပေါ်ကနေ ထမင်းပေါင်းအိုးထဲ့ကိုလောင်းချလိုက်ပါ ၊ပြီးရင် အိုးကို ၅/၆ချက်လောက် … Read more