အထီးကျန် သင်္ချိုင်း (သို့ ) နမ်ချောင်ဟွေ

May 15,2019

ကမ္ဘာမှာအဖြစ်များတဲ့ ဆီချို ရော ဂါရှင် သန်းပေါင်း ၄၂၅ သန်း မှာ ထိုင်းနိုင်ငံ တစ်နိုင်ငံထဲမှာတင် ဆီချိုရောဂါရှင် 4.208.600 လေးသန်းကျော်ရှိပါတယ်။ ထိုင်းအမျိုးသမီး ဆီချိုဝေဒနာ၇ှင်တွေအကြား ပါချား ငေါင် အပင် ဟာ ကုသနည်းအမှန်ဆုံး ဆီးချိုရောဂါကို ထိမ်းထားနိုင်လို့  အိမ်တိုင်းမှာ ပါချားငေါင် ပင်ကို ကိုယ်တိုင်စိုက်ပျိုးနေကြတာတွေ့ ရပါတယ်။

ရုက္ခဗေဒ အခေါ် Gymnanthemum extensumဖြစ်ပါတယ် ၊တရု

တ်လို နမ်ချောင်ဟွေပင်လို့  လူသိများပြီး မြန်မာနိုင်ငံမှာဆိုရင်ရှမ်းပြည်နယ်မှာ အများဆုံးတွေ့ ရတတ်ပါတယ်။

ဒီဆေးဘက်ဝင်အပင်ရဲ့  မျိုးရိုးဗီဇဟာ အာဖရိက သစ်တော်တွင်းမှာ ပေါက်တဲ့ အပင်ဖြစ်ပါတယ် တရုပ်တွေက ဆေးဘက်ဝင်လို့  ယူနမ်ကိုယူလာပြီး စိုက်ပျိုးဆေးဖေါ်ထုတ်ရာက နမ်ချောင်ဟွေလို့  တရုတ် နာမည်တွင်သွားခဲ့တာပါ။

အာဖရိက သစ်တောထဲမှာနေထိုင်တဲ့ မျောက်တွေ မှာ အနာရောဂါ ဖြစ်တဲ့ မြောက်တွေဟာ ဒီအပင်ကအရွတ်တွေကိုစားကုသကြပါတယ်။

ဒီအရွတ်ရဲ့  ထူးခြားတဲ့ အာနိသင်ကတော့ အရွတ်စိမ်းကိုဝါးလိုက်ရင် ခါးသက်သက်နဲ့  အ၀င်ဆိုးပေမယ့် မကြာခင် အချိုဓါတ်ပြောင်းသွားပါတယ်။

ရောဂါ ၁၄ မျိုးပျောက်တယ်လို့  အွန်လိုင်းတွေမှာ ရေးသားဖေါ်ပြနေပေမယ့် ထိုင်းနိုင်ငံ တိုင်းရင်းဆေးဝါးသုတေသန ဌာနက ဒီ ပါချားငေါင်ပင် ရဲ့ အာနိသင်ကို လေ့လာစမ်းသတ် အတည်ပြုတဲ့ ပျောက်ကင်း ရောဂါတွေကတော့….

(1) ဆီချို (အထူးသင့်လျှော်သည်) ဆီချိုတက်နေချိန် နှင့်မတက်အောင်ပုံမှန်သောက်ပေးနိုင်

(၂) သွေးတိုး

(၂) တုတ်ကွေး ဌက်ဖျား(အရွတ်ကြိတ်ရေ ကို တိုက်နိုင်)

(၄) လိင်မှတဆင့် ကူးဆက်ရောဂါ ပိုးသတ်ဆေးအဖြစ်။

(၅)အဆီကျ။

(၆) ကင်ဆာပိုးသတ်နိုင်။( ကင်ဆာဆဲလ်များသေစေနိုင်ကြောင်း အတည်ပြု)

ဆီးချိုအပြင် တခြား ကျောက်ကပ် နှစ်လုံး ရောဂါ ရှိသူများ အလွန်အကျွမ်သုံးစွဲမိပါကသေဆုံးနိုင်၊ (ပျောက်ချင်ဇောဖြင့် ထိုင်းသတင်းထောက်တဦး အဆိုပါအရွတ်အစားများကာ သေဆုံး)

သုံးစွဲရန်နည်းလမ်းမှာ

အရွတ်ကို ရေဆေးပြီး(သုံးရွတ်ထက်မပိုရ) ဆေးဝါးအ ဖြစ် စားနိုင်သလို အရွတ်ကိုအချောက်လှမ်းကာ ရေနွေးကြမ်း လက်ဖက်ခြောက်အဖြစ် စိမ်သောက်နိုင် ။

မှတ်ချက်းးးး ကိုယ်ဝန်ဆောင်မိခင်များ သုံးစွဲရန်မသင့်။

ထိုင်းမြောက်ပိုင်း ချင်းမိုင် ဒေသခံတွေက ဒီအပင်ကို ပါချား = သချိုင်း ။ ငေါင်= အထီးကျန်

အထီးကျန် သင်းချိုင်းပင် လို့ ခေါ်ကြတာကတော့ ဒီဆေးရွတ်အစွမ်းကြောင့် လူတွေကျန်းမာလာပြီး သေဆုံးသူမရှိလို့  သချိုင်းကို အလောင်းတွေရောက်မလာတော့သင်းချိုင်းကုန်းလည်း အထီးကျန်နေတယ်လို့  အဓိပါယ်နဲ့  ခုလို ခေါ်တာလို့ ဆိုပါတယ်။

SAW

Be the first to comment

Leave a Reply

Your email address will not be published.


*