ဖခင္္တိုင္းသားကိုိ ဒါေလးေတြ သင္ေပးပါ

ကေလးငယ္တစ္ေယာက္ကိုၾကီးျပင္းေအာင္ပ်ိဳးေထာင္ေပးတဲ့ေနရာမွာ မိိခင္ေတြကအဓိကက်တယ္လို့ အမ်ားကထင္ေနၾကေပမယ့္ တခ်ိဳ့အကန့္ေတြမွာေတာ့ ဖခင္ေတြရဲ့ကြပ္ကဲမွဳက ပိုအဓိကက်ေနတတ္ပါတယ္။အထူးသျဖင့္ ကိုယ္ေမြးထားတာက သားျဖစ္ေနရင္ေပါ့။ရုိးရုိးေလးပဲ ေတြးၾကည့္စမ္းပါ။မူၾကိဳအရြယ္ကတည္းက ေတာက္ေလ်ွာက္ေက်ာင္းတက္လာတာ ေက်ာင္းရဲ့90%က ဆရာေတြမဟုတ္ပဲ ဆရာမေတြျဖစ္ေနေတာ့ အမ်ိဳးသမီးေတြရဲ့သြန္သင္မွဳေအာက္မွာပဲ ဒီကေလးကၾကီးျပင္းလာရတယ္။အမ်ိဳးသားရဲ့ သြန္သင္ပဲ့ျပင္မွဳေတြေရာ လိုအပ္တယ္မထင္ဘူးလား?ေယာက်ၤားမွန္ရင္ေစာင့္ထိန္းအပ္တဲ့ကိုယ္က်င့္တရား?ေယာက်ၤားစိတ္ဓာတ္?အစရွိသျဖင့္ေပါ့…။အိုေခ ဒီတစ္ခါမွာေတာ့ ကိုယ့္ရဲ့သားကိုသင္ၾကားေပးသင့္တဲ့အရာ6ခုကို ေဖာ္ျပေပးခ်င္ပါတယ္။ ။

1.ေအာင္ျမင္မွဳဒဏ္၊က်ရွဳံးမွဳဒဏ္ကို ျဖတ္သန္းေက်ာ္လြွားတတ္္ဖို့ အေရးၾကီးတယ္ဆိုတာကို ရွင္းျပပါ…!

ခက္ခဲတဲ့ကစားနည္းေတြသူနဲ့အတူလိုက္ေဆာ့ေပးရင္္း ေအာင္နိုင္သူျဖစ္တဲ့အထိၾကိဳဳးစားေဆာ့ခိုင္းပါ။အနိုင္ရဖို့ခက္ခဲတဲ့ ဒီကစားနည္းကိုအပတ္တကုတ္ၾကိဳးစားရင္း ေအာင္ျမင္မွဳရဲ့အရသာကိုသိလာမယ့္အျပင္ ဒီအေျခအေနထိေရာက္ေအာင္ သူဘေလာက္ထိစိုက္ထုတ္ခဲ့ရသလဲဆိုတာ သူျမင္လာပါလိမ့္မယ္။ေနာက္ ကိုယ္စိုက္ထုတ္ေပမယ့္ အနိုင္မရတဲ့ကစားပဲြေတြလိုပဲ ဘဝမွာလည္း ထင္မွတ္မထားတဲ့က်ရွဳံးမွဳေတြၾကံဳလာတဲ့အခါမ်ိဳးမွာ က်ရွဳံးမွဳအတြက္ရွက္ေနစရာမလိုပဲ ေရွ့ဆက္သြားေနဖို့ပဲလိုတယ္ဆိုတဲ့အသိကို တပါတည္းရုိက္သြင္းေပးပါ။

2.အမ်ိဳးိသမီးေတြအေပၚမွာထားရွိသင့္တဲ့မွန္ကန္တဲ့စိတ္ထား

မိခင္အေနနဲ့လည္း မိမိသားကို အမ်ိဳးသမီးေတြကိိုဘလိုဆက္ဆံသင့္တယ္ဆိုတာ ညြွန္ၾကားသြန္သင္ေပးနိုင္ေပမယ့္ ဖခင္ကပဲ မိမိျဖတ္သန္းခဲ့တဲ့ဘဝအေတြ့အၾကံဳမ်ားကို ပံုဥပမာထားျပီး သြန္သင္ျပသေပးနိုင္စြမ္းရွိသူပါ။အမ်ိဳးသမီးေတြနဲ့ပတ္သက္ျပီး အေရးၾကီးတဲ့အေၾကာင္းအရာမွန္သမ်ွကို သူငယ္ခ်င္းဆီကမဟုတ္ပဲ၊အင္တာနက္ကမဟုတ္ပဲ ဖခင္ဆီကပဲ သင္ယူမွတ္သားတတ္ဖို့ အေရးၾကီးပါတယ္။မိခင္အတြက္ပန္းစည္းဝယ္ေပးဖို့ သူ့ကိုအတူေခၚသြားပါ။စတိုးဆိုင္ကိုေခၚသြားျပီး ေငြရွင္းေကာင္တာကအမ်ိဳးသမီးေတြကို ယဥ္ေက်းစြာေျပာဆိုတတ္ေအာင္ သင္ေပးပါ။ဒါဆိုရင္ သိပ္မရင္းနွီးတဲ့အမ်ိဳးသမီးေတြနဲ့ဆံုလာခဲ့သည့္တိုင္ ေလးစားသမွဳနဲ့ယဥ္ေက်းပ်ဴငွာစြာ ေျပာဆိုတတ္ေနမွာပါ။

3.သားအဖခ်င္း္ အခ်စ္နဲ့ပတ္သက္တဲ့စကားဝိုင္း

အခ်ိန္တန္အရြယ္ေရာက္လာေတာ့ အခ်စ္နဲ့ၾကံဳလာရစျမဲဆိုေတာ့ ေဝခဲြရခက္၊ဆံုးျဖတ္ရခက္တဲ့ကိစၥမ်ိဳးေတြမွာ သင့္ဆီကအၾကံညဏ္ေတာင္းခံလာတဲ့ကိစၥရပ္မ်ိဳးေတြမွာ သူငယ္ခ်င္းတစ္ေယာက္လိုအေကာင္းဆံုး၊အျဖစ္သင့္ဆံုး အေျခအေနကို မီးေမာင္းထိုးျပဖို့လိုအပ္ပါတယ္။သားအေနနဲ့လည္း ဖခင္ဆီကသူ့ရဲ့အခ်စ္ဦး၊အခ်စ္ကိုေတြ့ရွိခဲ့ပံုအစရွိတဲ့ ကိုယ္ေတြ့ျဖစ္ရပ္မ်ားသာနားေထာင္ခဲ့ရရင္ သူ့အတြက္သိပ္တန္ဖိုးရွိတဲ့လက္ေဆာင္တစ္ခုျဖစ္မွာပါ။

4.ဘလိုျပန္ျပီးတိုက္ခိုက္အနိိုင္ယူမလဲ?

ဖခင္ဟာ သားျဖစ္သူသန္မာဖို့၊ဘာကအမွန္တရားလဲဆိုတာသိျပီး ကိုယ့္ဟာကိုရပ္တည္နိုင္ဖို့၊မိမိကိုတိုက္ခိုက္ဖို့ၾကံရြယ္သူေတြအနားမေရာက္ခင္ကတည္းက ကိုယ့္ကိုကိုယ္ကာကြယ္နိုင္ဖို့ အစရွိတဲ့အေၾကာင္းကိစၥရပ္မ်ားကိုလည္း ဆင္ျခင္ညဏ္နဲ့ယွဥ္ျပီး ေက်ာ္လြွားတတ္ဖို့ သင္ေပးနိုင္စြမ္းရွိသူပါ။ကိုယ့္ကိုတိုက္ခိုက္လိုသူေတြကို အာရုံထားေနတာထက္ သူတို့ေဘးကေနေရွာင္ခြာသြားတာအေကာင္းဆံုးဆိုတာ သင္ေပးပါ။ေနာက္ သူတစ္ပါးကိုၾကင္နာညွာတာတာဟာ အားနည္းခ်က္မဟုတ္ဘူးဆိုတာကို သိေအာင္ရွင္းျပပါ။

5.ကမာၻၾကီးကိုကိုယ္ပိုင္အျမင္နဲ့ျမင္တတ္ဖိုိ့ကူညီေပးပါ…!

ဒီေနရာမွာေတာ့ အထူးအေထြျပဳလုပ္ေပးစရာမရွိသလို အခ်ိန္နဲ့အခ်ိန္စကားေျပာေပးဖို့ပဲလိုပါတယ္။သူ့ရဲ့အျမင္ခံစားခ်က္ေတြကို လိုက္ကန့္သတ္ေနတာထက္ ကိစၥရပ္တစ္ခုတည္းမွာ အမ်ိဳးမ်ိဳးျမင္လို့ရတယ္ဆိုတာကို နားလည္ေစျပီး လြတ္လပ္စြာဖြင့္ထားေပးပါ။သူ့ရဲ့ကိုယ္ပိုင္အေတြ့အၾကံဳနဲ့ရင္းျပီးရလာတဲ့ သင္ခန္းစာေတြကို တန္ဖိုးထားေပးပါ။

6.အိမ္မွဳကိစၥအဝဝကိုိလည္းလုပ္တတ္ေအာင္ကူညီသင္ၾကားေပးပါ…!

နက္ခ္တိုင္ခ်ည္ျခင္း၊မုတ္ဆိတ္ရိတ္ျခင္း အစရွိိတဲ့ တစ္ကိုယ္ေရတကာယအတြက္အျပင္ မီးပူတိုက္ျခင္းအစရွိတဲ့ အမွဳကိစၥေတြကိုလည္း မျခြင္းမခ်န္လုပ္တတ္ေအာင္ သင္ေပးသင့္ပါတယ္။ေနာက္ အမ်ိဳးသားေတြလည္း ဟင္းခ်က္တတ္တယ္ဆိုတဲ့ သေဘာသဘာဝကို ပံုဥပမာျပျပီး သင္ၾကားေပးနိုင္တာ ဖခင္ပဲျဖစ္ပါတယ္။အနည္းဆံုးေတာ့ အေရးၾကံဳလာရင္ ဘသူ့ကိုမွေျပးအားကိုးေနစရာမလိုေတာ့ဘူးေပါ့။

Unicode

ကလေးငယ်တစ်ယောက်ကိုကြီးပြင်းအောင်ပျိုးထောင်ပေးတဲ့နေရာမှာ မိိခင်တွေကအဓိကကျတယ်လို့ အများကထင်နေကြပေမယ့် တချို့အကန့်တွေမှာတော့ ဖခင်တွေရဲ့ကွပ်ကဲမှုက ပိုအဓိကကျနေတတ်ပါတယ်။အထူးသဖြင့် ကိုယ်မွေးထားတာက သားဖြစ်နေရင်ပေါ့။ရိုးရိုးလေးပဲ တွေးကြည့်စမ်းပါ။မူကြိုအရွယ်ကတည်းက တောက်လျှောက်ကျောင်းတက်လာတာ ကျောင်းရဲ့90%က ဆရာတွေမဟုတ်ပဲ ဆရာမတွေဖြစ်နေတော့ အမျိုးသမီးတွေရဲ့သွန်သင်မှုအောက်မှာပဲ ဒီကလေးကကြီးပြင်းလာရတယ်။အမျိုးသားရဲ့ သွန်သင်ပဲ့ပြင်မှုတွေရော လိုအပ်တယ်မထင်ဘူးလား?ယောကျင်္ားမှန်ရင်စောင့်ထိန်းအပ်တဲ့ကိုယ်ကျင့်တရား?ယောကျင်္ားစိတ်ဓာတ်?အစရှိသဖြင့်ပေါ့…။အိုခေ ဒီတစ်ခါမှာတော့ ကိုယ့်ရဲ့သားကိုသင်ကြားပေးသင့်တဲ့အရာ6ခုကို ဖော်ပြပေးချင်ပါတယ်။ ။

1.အောင်မြင်မှုဒဏ်၊ကျရှုံးမှုဒဏ်ကို ဖြတ်သန်းကျော်လွှားတတ််ဖို့ အရေးကြီးတယ်ဆိုတာကို ရှင်းပြပါ…!

ခက်ခဲတဲ့ကစားနည်းတွေသူနဲ့အတူလိုက်ဆော့ပေးရင််း အောင်နိုင်သူဖြစ်တဲ့အထိကြိုုးစားဆော့ခိုင်းပါ။အနိုင်ရဖို့ခက်ခဲတဲ့ ဒီကစားနည်းကိုအပတ်တကုတ်ကြိုးစားရင်း အောင်မြင်မှုရဲ့အရသာကိုသိလာမယ့်အပြင် ဒီအခြေအနေထိရောက်အောင် သူဘလောက်ထိစိုက်ထုတ်ခဲ့ရသလဲဆိုတာ သူမြင်လာပါလိမ့်မယ်။နောက် ကိုယ်စိုက်ထုတ်ပေမယ့် အနိုင်မရတဲ့ကစားပွဲတွေလိုပဲ ဘဝမှာလည်း ထင်မှတ်မထားတဲ့ကျရှုံးမှုတွေကြုံလာတဲ့အခါမျိုးမှာ ကျရှုံးမှုအတွက်ရှက်နေစရာမလိုပဲ ရှေ့ဆက်သွားနေဖို့ပဲလိုတယ်ဆိုတဲ့အသိကို တပါတည်းရိုက်သွင်းပေးပါ။

2.အမျိုးိသမီးတွေအပေါ်မှာထားရှိသင့်တဲ့မှန်ကန်တဲ့စိတ်ထား

မိခင်အနေနဲ့လည်း မိမိသားကို အမျိုးသမီးတွေကိိုဘလိုဆက်ဆံသင့်တယ်ဆိုတာ ညွှန်ကြားသွန်သင်ပေးနိုင်ပေမယ့် ဖခင်ကပဲ မိမိဖြတ်သန်းခဲ့တဲ့ဘဝအတွေ့အကြံုများကို ပုံဥပမာထားပြီး သွန်သင်ပြသပေးနိုင်စွမ်းရှိသူပါ။အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အကြောင်းအရာမှန်သမျှကို သူငယ်ချင်းဆီကမဟုတ်ပဲ၊အင်တာနက်ကမဟုတ်ပဲ ဖခင်ဆီကပဲ သင်ယူမှတ်သားတတ်ဖို့ အရေးကြီးပါတယ်။မိခင်အတွက်ပန်းစည်းဝယ်ပေးဖို့ သူ့ကိုအတူခေါ်သွားပါ။စတိုးဆိုင်ကိုခေါ်သွားပြီး ငွေရှင်းကောင်တာကအမျိုးသမီးတွေကို ယဉ်ကျေးစွာပြောဆိုတတ်အောင် သင်ပေးပါ။ဒါဆိုရင် သိပ်မရင်းနှီးတဲ့အမျိုးသမီးတွေနဲ့ဆုံလာခဲ့သည့်တိုင် လေးစားသမှုနဲ့ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်နေမှာပါ။

3.သားအဖချင်း် အချစ်နဲ့ပတ်သက်တဲ့စကားဝိုင်း

အချိန်တန်အရွယ်ရောက်လာတော့ အချစ်နဲ့ကြံုလာရစမြဲဆိုတော့ ဝေခွဲရခက်၊ဆုံးဖြတ်ရခက်တဲ့ကိစ္စမျိုးတွေမှာ သင့်ဆီကအကြံညဏ်တောင်းခံလာတဲ့ကိစ္စရပ်မျိုးတွေမှာ သူငယ်ချင်းတစ်ယောက်လိုအကောင်းဆုံး၊အဖြစ်သင့်ဆုံး အခြေအနေကို မီးမောင်းထိုးပြဖို့လိုအပ်ပါတယ်။သားအနေနဲ့လည်း ဖခင်ဆီကသူ့ရဲ့အချစ်ဦး၊အချစ်ကိုတွေ့ရှိခဲ့ပုံအစရှိတဲ့ ကိုယ်တွေ့ဖြစ်ရပ်များသာနားထောင်ခဲ့ရရင် သူ့အတွက်သိပ်တန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုဖြစ်မှာပါ။

4.ဘလိုပြန်ပြီးတိုက်ခိုက်အနိိုင်ယူမလဲ?

ဖခင်ဟာ သားဖြစ်သူသန်မာဖို့၊ဘာကအမှန်တရားလဲဆိုတာသိပြီး ကိုယ့်ဟာကိုရပ်တည်နိုင်ဖို့၊မိမိကိုတိုက်ခိုက်ဖို့ကြံရွယ်သူတွေအနားမရောက်ခင်ကတည်းက ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ အစရှိတဲ့အကြောင်းကိစ္စရပ်များကိုလည်း ဆင်ခြင်ညဏ်နဲ့ယှဉ်ပြီး ကျော်လွှားတတ်ဖို့ သင်ပေးနိုင်စွမ်းရှိသူပါ။ကိုယ့်ကိုတိုက်ခိုက်လိုသူတွေကို အာရုံထားနေတာထက် သူတို့ဘေးကနေရှောင်ခွာသွားတာအကောင်းဆုံးဆိုတာ သင်ပေးပါ။နောက် သူတစ်ပါးကိုကြင်နာညှာတာတာဟာ အားနည်းချက်မဟုတ်ဘူးဆိုတာကို သိအောင်ရှင်းပြပါ။

5.ကမ္ဘာကြီးကိုကိုယ်ပိုင်အမြင်နဲ့မြင်တတ်ဖိို့ကူညီပေးပါ…!

ဒီနေရာမှာတော့ အထူးအထွေပြုလုပ်ပေးစရာမရှိသလို အချိန်နဲ့အချိန်စကားပြောပေးဖို့ပဲလိုပါတယ်။သူ့ရဲ့အမြင်ခံစားချက်တွေကို လိုက်ကန့်သတ်နေတာထက် ကိစ္စရပ်တစ်ခုတည်းမှာ အမျိုးမျိုးမြင်လို့ရတယ်ဆိုတာကို နားလည်စေပြီး လွတ်လပ်စွာဖွင့်ထားပေးပါ။သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြံုနဲ့ရင်းပြီးရလာတဲ့ သင်ခန်းစာတွေကို တန်ဖိုးထားပေးပါ။

6.အိမ်မှုကိစ္စအဝဝကိိုလည်းလုပ်တတ်အောင်ကူညီသင်ကြားပေးပါ…!

နက်ခ်တိုင်ချည်ခြင်း၊မုတ်ဆိတ်ရိတ်ခြင်း အစရှိိတဲ့ တစ်ကိုယ်ရေတကာယအတွက်အပြင် မီးပူတိုက်ခြင်းအစရှိတဲ့ အမှုကိစ္စတွေကိုလည်း မခြွင်းမချန်လုပ်တတ်အောင် သင်ပေးသင့်ပါတယ်။နောက် အမျိုးသားတွေလည်း ဟင်းချက်တတ်တယ်ဆိုတဲ့ သဘောသဘာဝကို ပုံဥပမာပြပြီး သင်ကြားပေးနိုင်တာ ဖခင်ပဲဖြစ်ပါတယ်။အနည်းဆုံးတော့ အရေးကြံုလာရင် ဘသူ့ကိုမှပြေးအားကိုးနေစရာမလိုတော့ဘူးပေါ့။