ပဲခူးမြို့နယ်တွင် ကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌ အိမ်ကို အနုကြမ်းစီးခံရ၊ ကျပ်သိန်း ၂၀၀ ကျော်ပါသွားဟုဆို
ပဲခူးမြို့နယ်တွင် ကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌ အိမ်ကို အနုကြမ်းစီးခံရ၊ ကျပ်သိန်း ၂၀၀ ကျော်ပါသွား
ဇူလိုင် ၄၊ ၂၀၁၉
အမည်မသိလူတစုမှ နေအိမ်ပေါ်တက်လာပြီး အိမ်ရှင်၏ သံသေတ္တာအတွင်းမှ ငွေကျပ်သိန်း ၂၀၀ ကျော်အား ယူဆောင်ကာ အိမ်ရှင်အား ဓားကဖြင့်ထိုး၍ထွက်ပြေးမှု ပဲခူးမြို့နယ် အင်းတကော်နယ်မြေရဲစခန်းအပိုင်တွင်သို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဓားထောက်၍အနုကြမ်းစည်းသလို လုယက်ခံရသော အိမ်ရှင်မှာ တာဝကျေးရွာအုပ်စု ဘီလူးကုန်းကျေးရွာနေထိုင်သူ ကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းဆိုသူဖြစ်ကြောင်း သိရသည်။
ဖြစ်သူ မဝင်းဝင်းထွေး အိပ်ခန်းထဲတွင် အိပ်နေစဉ် ၊ အမည်မသိ လူ ၂ ဦးမှ နေအိမ်ပေါ်တက်လာပြီး ၁ ဦးမှ မိမိအိပ်နေသည့်နေရာသို့ ရောက် ရှိလာကာ မျက်နာကို ဓာတ်မီးနှင့်ထိုး ၊ ဗိုက်ကို ဓားနှင့်ထောက်ပြီး ကျန် ၁ ဦးမှ ပါးစပ်ကို ပုဆိုးနှင့်ပိတ်နေစဉ် ဇနီးဖြစ်သူ ဒေါ်ညွန့်ရီ နိုးလာခဲ့ပြီး ပါးစပ်ကို ပုဆိုးဖြင့်ပိတ်ထားသူမှ အိမ်ရှင်၏ဇနီးထံ သော့တောင်း၍ သံ
သေတ္တာအတွင်းမှ ငွေကျပ်သိန်း(၂၃၂)သိန်းအားယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထို့နောက် အမည်မသိ လူ ၃ ဦးမှ နေအိမ်အနောက်ဖက်ရှိ မလေးရှားပိတောက်ပင်တွင် ၎င်းအား ကြိုးနဲ့တုတ်နေစဉ် အမည်မသိလူမှဓားဖြင့်လှမ်းထိုး၍ ဝဲဘက်လက်မောင်း ထိုးသွင်းဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းအမှုနဲ့ပတ်သတ်ပြီး ဦးကျော်သန်းမှ ၎င်း၏ နေအိမ်ပေါ်ထိ တက်၍ ဓားဖြင့်ထိုးကာ အကြမ်းဖက် ငွေယူသွားသူ အမည်မသိ လူ ၃ ဦးအား အရေးယူပေးပါရန် တိုင်တန်းသဖြင့် အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၂၁၂ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ – ၃၈၆ / ၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
WHO News
Unicode
ပဲခူးမြို့နယ်တွင်် ကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌ အိမ်ကို အနုကြမ်းစီးခံရ၊ ကျပ်သိန်း ၂၀၀ ကျော်ပါသွား
ဇူလိိုင် ၄၊ ၂၀၁၉
အမည်မသိိလူတစုမှ နေအိမ်ပေါ်တက်လာပြီး အိမ်ရှင်၏ သံသေတ္တာအတွင်းမှ ငွေကျပ်သိန်း ၂၀၀ ကျော်အား ယူဆောင်ကာ အိမ်ရှင်အား ဓားကဖြင့်ထိုး၍ထွက်ပြေးမှု ပဲခူးမြို့နယ် အင်းတကော်နယ်မြေရဲစခန်းအပိုင်တွင်သို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဓားထောက်၍အနုကြမ်းစည်းသလိို လုယက်ခံရသော အိမ်ရှင်မှာ တာဝကျေးရွာအုပ်စု ဘီလူးကုန်းကျေးရွာနေထိုင်သူ ကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းဆိုသူဖြစ်ကြောင်း သိရသည်။
၎င်းသည် သူ၏ဇနီး ၊ မြေးဖြစ်သူတို့နှင့် အိမ်ရှေ့ခန်း၌ အိပ်နေစဉ် သမီး
ဖြစ်သူ မဝင်းဝင်းထွေး အိပ်ခန်းထဲတွင် အိပ်နေစဉ် ၊ အမည်မသိိ လူ ၂ ဦးမှ နေအိမ်ပေါ်တက်လာပြီး ၁ ဦးမှ မိမိအိပ်နေသည့်နေရာသို့ ရောက် ရှိလာကာ မျက်နာကို ဓာတ်မီးနှင့်ထိုး ၊ ဗိုက်ကို ဓားနှင့်ထောက်ပြီး ကျန် ၁ ဦးမှ ပါးစပ်ကို ပုဆိုးနှင့်ပိတ်နေစဉ် ဇနီးဖြစ်သူ ဒေါ်ညွန့်ရီ နိုးလာခဲ့ပြီး ပါးစပ်ကို ပုဆိုးဖြင့်ပိတ်ထားသူမှ အိမ်ရှင်၏ဇနီးထံ သော့တောင်း၍ သံ
သေတ္တာအတွင်းမှ ငွေကျပ်သိန်း(၂၃၂)သိန်းအားယူဆောင်သွားခဲ့ခြင််းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ချေးငွေပေးမဲ့ဟာတွေကို ကျွန်တော်က ထိန်းသိမ်းပေးထားရတာ။ အခုလိို လုယက်တဲ့ကစ္စသာမဖြစ်ဘူးဆိုရင် သမကိုပြန်အပ်တော့မှာ။ အခုတော့ မအပ်နိုင်ဘဲ ဒုက္ခရောက်ပြီ”ဟု ဓားဖြင့်ထိုးခံရကာ လုယက်ခံခဲ့ရသူ ကျေးရွာသမဥက္ကဋ္ဌ ဦးသန်းကျော်က ပြောသည်။
ထို့နောက် အမည်မသိိ လူ ၃ ဦးမှ နေအိမ်အနောက်ဖက်ရှိ မလေးရှားပိတောက်ပင်တွင်် ၎င်းအား ကြိုးနဲ့တုတ်နေစဉ် အမည်မသိလူမှဓားဖြင့်လှမ်းထိုး၍ ဝဲဘက်လက်မောင်း ထိုးသွင်းဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းအမှုနဲ့ပတ်သတ်ပြီး ဦးကျော်သန်းမှ ၎င်း၏ နေအိမ်ပေါ်ထိ တက်၍ ဓားဖြင့်ထိုးကာ အကြမ််းဖက် ငွေယူသွားသူ အမည်မသိ လူ ၃ ဦးအား အရေးယူပေးပါရန် တိုင်တန်းသဖြင့် အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၂၁၂ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ – ၃၈၆ / ၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ-ကောင်းထက််
(နေအိမ်ပေါ်တက်ကာ ဓားဖြင့်ထိုး၍ ငွေလုယက်ခံရသော အိမ်ရှင််
ဦးကျော်သန်းနှင့်ဇနီးအား တွေ့ရစဉ်)
WHO News