ရေခဲတောင်ပေါ်မှ ပြုတ်ကျခဲ့တဲ့ မစိမ့်ထက်အတွက် ရည်စူး၍ သူစုထားခဲ့သည့် မုန့််ဖိုးများဖြင့် တံတားဆောက်လှူမည်
မစိမ့်ထက်အမည်ရှိ တံတားကို ၎င်းစုထားသည့် မုန့်ဖိုးဖြင့် ယခုနှစ် မကုန်မီ စတင်ဆောက်လုပ်မည်
ဖန်ဂရန်ရာဇီ ရေခဲတောင်အပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်အား ရည်စူး၍ မစိမ့်ထက်အမည်ရှိတံတားကို ၎င်းစုထားသည့် မုန့်ဖိုးဖြင့် ယခုနှစ်မကုန်မီ စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြည် မြန်မာသတင်းဂျာနယ်သို့ ပြောကြားသည်။
အဆိုပါ မစိမ့်ထက်အမည်ရှိတံတား ကို ပူတာအိုမြို့နှင့် ၃၇ မိုင်အကွာအဝေး တွင်ရှိသည့် ဖုန်ရင်ချောင်းတွင်ဆောက်လုပ်မည်ဖြစ်ပြီး တံတားအရှည်မှာ ပေ ၂၅၀ ရှိသည့် သံမဏိကြိုးဆိုင်းအမျိုးအ စားဖြစ်ကြောင်းနှင့် ဆောက်လုပ်ပြီးစီးပါက ဖန်ဂရန်ရာဇီရေခဲတောင်နှင့် ဖုန်ရင်ရာဇီ ရေခဲတောင်တို့ကို ဒေသခံများအပြင် ပြည်တွင်းခရီးသွားများပါ လွယ်ကူစွာသွား လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မစိမ့်ထက်သည် ဖန်ဂရန်ရာဇီရေခဲ တောင်ထိပ်သို့အဖွဲ့ဝင် ၂၀ ဦးပါဝင်သည့် The Summiter အဖွဲ့နှင့် ဧပြီ ၆ ရက် တွင် ရေခဲတောင်ပေါ်သို့တက်ရောက်ခဲ့ပြီး ဧပြီ ၁၂ ရက်၌ တောင်ထိပ်သို့အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကာ တောင်ပေါ်အဆင်း လမ်းတစ်နေရာတွင် ပေနှစ်ထောင်ခန့်ရှိ သည့်ချောက်အတွင်းသို့ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်။
မင်းရန်နောင်
မစိမ့်ထက်အမည်ရှိတံတားကို ၎င်းစုထားသည့်မုန့်ဖိုးဖြင့် ယခုနှစ်မကုန်မီ စတင်ဆောက်လုပ်မည်
Pyi Myanmar
Unicode
မစိိမ့်ထက်အမည်ရှိ တံတားကိို ၎င်းစုထားသည့် မုန့်ဖိုးဖြင့် ယခုနှစ် မကုန်မီ စတင်ဆောက်လုပ်မည််
ဖန််ဂရန်ရာဇီ ရေခဲတောင်အပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်အား ရည်စူး၍ မစိမ့်ထက်အမည်ရှိတံံတားကို ၎င်းစုထားသည့် မုန့်ဖိုးဖြင့် ယခုနှစ်မကုန်မီ စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြည် မြန်မာသတင်းဂျာနယ်သို့ ပြောကြားသည်။
မစိမ့်ထက် ကိုယ်တိုင်စုထားတဲ့ငွေ ကျပ်် ၂၃ သိန်းကို ကျွန်တော်တို့က မ တည်ပေးတယ်။ မစိမ့်ထက်ရဲ့ နယ်ဘက် က သူငယ်ချင်းတွေ၊ လသာ ၂ က ငယ်သူ ငယ်ချင်းတွေကရော မတည်ပေးထားတာ ရှိတယ်။ အကုန်လုံး ကျပ် ၃၇ သိန်း လောက်ရှိမယ်။ ခန့်မှန်းကုန်ကျငွေတွေ တွက်ရဦးမယ်။ တံတားပုံကြမ်းတွေ ဘာ တွေထုတ်ရမယ်။ ငွေပြည့်အောင်အရင်စု ပြီး ပစ္စည်းတွေဝယ်ထားမယ်။ ဒီမိုးပြီးတာ နဲ့စမယ်။ တံတားအမည်က မစိမ့်ထက်တံ တားဆိုပြီးပဲပေးမှာလေ။ နဂိုကတည်းက စဉ်းစားထားပြီးသားပါ။ မစိမ့်ထက်တံ တားလို့အမည်ပေးဖို့ ရည်စူးပြီးဆောက် လုပ်တာလေ}}ဟု ဦးမောင်မောင်လေးက ရှင်းပြသည်။
အဆိုပါ မစိမ့်ထက်အမည်ရှိတံတား ကို ပူတာအိုမြို့နှင့် ၃၇ မိုင်အကွာအဝေး တွင်ရှိသည့်် ဖုန်ရင်ချောင်းတွင်ဆောက်လုပ်မည်ဖြစ်ပြီး တံတားအရှည်မှာ ပေ ၂၅၀ ရှိသည့် သံမဏိကြိုးဆိုင်းအမျိုးအ စားဖြစ်ကြောင်းနှင့် ဆောက်လုပ်ပြီးစီးပါက ဖန်ဂရန်ရာဇီရေခဲတောင်နှင့် ဖုန်ရင်ရာဇီ ရေခဲတောင်တို့ကို ဒေသခံများအပြင် ပြည်တွင်းခရီးသွားများပါ လွယ်ကူစွာသွား လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မစိမ့်ထက်သည်် ဖန်ဂရန်ရာဇီရေခဲ တောင်ထိပ်သို့အဖွဲ့ဝင် ၂၀ ဦးပါဝင်သည့် The Summiter အဖွဲ့နှင့် ဧပြီ ၆ ရက် တွင် ရေခဲတောင်ပေါ်သို့တက်ရောက်ခဲ့ပြီး ဧပြီ ၁၂ ရက်၌ တောင်ထိပ်သို့အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကာ တောင်ပေါ်အဆင်း လမ်းတစ်နေရာတွင် ပေနှစ်ထောင်ခန့်ရှိ သည့်ချောက်အတွင်းသို့ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်။
မင်းရန်နောင််
မစိမ့်ထက်အမည်ရှိတံတားကို ၎င်းစုထားသည့်မုန့်ဖိုးဖြင့်် ယခုနှစ်မကုန်မီ စတင်ဆောက်လုပ်မည််
Pyi Myanmar