ထီအေၾကြးေရာင္္းေပးခဲ႔တဲ႔ ကိုယ္စားလွယ္ကို ကားတစ္စီး၀ယ္ေပးခဲ႔ဲတဲ႔ အဖြား

အေၾကြးေရာင္းေပးခဲ့ဲတဲ့ ထီကုိယ္စားလွယ္ကုိ ကားတစီးျပန္ဆုခ်တဲ့ အဘြားေဒၚခင္တင့္

ယေန႔ (၁၁-၇-၂၀၁၉) ရက္ေန႔မွာ သိန္း (၁၅၀၀၀) ကံထူးရွင္ အဖြားေဒၚခင္တင့္က ေရႊထီးထီ အေရာင္းကုိယ္စားလွယ္ ဦးေစာဝင္းအား ကားတစီး ေပးအပ္ ဆုခ်ခဲ့တယ္လုိ႔ သိရပါတယ္။ တဦးက ေမတၱာ၊ တဦးက ေစတနာပါပဲ။

ေအာင္္ဘာေလထီ ေငြက်ပ္သိန္းတစ္ေသာင္းခြဲဆုအား ဟသၤာတၿမိဳ႕မွ ေငြေၾကးဲခ်ိဳ႕တဲ့သူ အေမအိုက ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔တြင္ ထြက္ရွိသည့္ (၅)ႀကိမ္ေျမာက္ က်ပ္ (၁၀၀၀)တန္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲ၌ ထိုသို႔ဆြတ္ခူးရရွိခဲ့ျခင္း ျဖစ္သည္။

“အေမ့ေယာက်္ားက စစ္သား၊ သူက ဆုံးသြားၿပီ။ ပင္စင္္ရတယ္။ ၈၇၅၀ ရတယ္။ အေမဟိုတုန္းကေတာ့ ေရမုန႔္ထိုး ေရာင္းတယ္၊ မုန႔္ႀကိဳးလိမ္ လုပ္ေရာင္းတယ္။ ႏွစ္မ်ိဳး သုံးမ်ိဳး အေမႀကီးက လုပ္ေရာင္းတာ။ ရပ္ကြက္ေတြထဲမွာ လွည့္ေရာင္းၿပီးမွ ဂုံးေပၚမွာ ထိုင္ေရာင္းတာ။ တာေပၚမွာ ထိုင္ေရာင္းတာ။ သားေတြကို အဲလို လုပ္ေကြၽးခဲ့တာ။ အေမက အခုေတာ့ ဘာမွမလုပ္ႏိုင္ေတာ့ဘူး။ သားသမီးေတြေပးတာနဲ႔ အဲဒီ့ပင္စင္နဲ႔ စားတယ္။ အေမ့ အသက္က ၈၀ ရွိၿပီ။

ထီက တစ္ခါမွ မေပါက္ဖူးဘူး။ အခုတစ္ခါမွွ ေပါက္ဖူးတာ။ ေႂကြး လစဥ္ထိုးတာ။ အခုတစ္ပတ္က မေပးႏိုင္ေသးဘူး။ ေနမေကာင္းလို႔ ေဆးထိုးတာ တစ္ေသာင္းကုန္တယ္။ ထီဖိုးက ၅၀၀၀ ပဲ ေပးရေသးတယ္။ ထီဖိုး ၆၀၀၀ က်န္ေသးတယ္။ ဝမ္းသာလို႔ ဘယ္လိုေျပာရမွန္း မသိဘူး။ ဝမ္းသာလိုက္တာ။ မရွိလြန္းအားႀကီးလို႔။ သားေတြ ေပးတယ္၊ ေဆးထိုးလိုက္ လႉလိုက္၊ ဟိုက အလႉခံလာလည္း ၅၀၀ လႉတယ္။ လက္ထဲရွိတဲ့ ၅၀၀ လႉ၊ ၁၀၀၀ လႉ၊ အဲလိုလႉတယ္။

ထီေတာ့ ေပါက္ပါေစဘုရား၊ လႉခ်င္လြန္းလို႔ပါဆိုိ ဟုတ္တယ္ ေပါက္တယ္။ လႉမွာလို႔ေျပာၿပီးေတာ့ ထီထိုးတာ။ အေမႀကီးက စားလည္းစားမယ္၊ လႉလည္းလႉမယ္။ ႐ြာကို မျပန္ရေသးဘူး၊ ပိုက္ဆံမရွိလို႔။ ထီလည္း ထိုးေနတာ။ လစဥ္ထီထိုးတာ။ ထီေတာင္ ေႂကြးထိုးရတာ။ ၆၀၀၀ က်န္ေသးတယ္။ အေမႀကီးလည္း အခုလိုဆိုေတာ့ ျပန္လို႔ရၿပီ။ ထီေပါက္လို႔ဝမ္းသာလို႔ ႐ြာျပန္မွာ။ အေမက ေပါက္၊ ပခုကၠဴ အဲဒီ့ကို ျပန္ဦးမွာ။ ထီလည္း ေပါက္သြားၿပီ။ သားေတြ လိုက္ပို႔လို႔ဆိုၿပီး ေျပာမွာ”ဟု ကံထူးရွင္ ေဒၚခင္တင့္က ေျပာၾကားသည္။

အသက္္ ၈၀ အ႐ြယ္ ရွိၿပီျဖစ္သည့္ ကံထူးရွွင္ေဒၚခင္တင့္မွာ လက္ရွ္ိိတြင္ ဟသၤာတၿမိဳ႕၊ ေအးျမသာယာရပ္ကြြက္ရွိ အေလာင္းဘုရားလမ္းသြယ္၌ ၀ါးအိမ္ေလးျဖင့္ ေနထိုင္ေနရ သူျဖစ္ၿပီး ၄င္း၏ သက္တမ္းတစ္ေလွ်ာက္ ပထမဦးဆုံးအႀကိမ္အျဖစ္ ေအာင္ဘာေလထီေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Eleven Media Group (ေလးစားစြာျဖင့္ ခရက္ဒစ္)

Unicode

အကြွေးရောင်းပေးခဲဲ့တဲ့ ထီကိုယ်စားလှယ်ကို ကားတစီးပြန်ဆုချတဲ့ အဘွားဒေါ်ခင်တင့်

ယနေ့ (၁၁-၇-၂၀၁၉) ရက်နေ့မှာ သိန်း (၁၅၀၀၀) ကံထူးရှင် အဖွားဒေါ်ခင်တင့်က ရွှေထီးထီ အရောင်းကိုယ်စားလှယ် ဦးစောဝင်းအား ကားတစီး ပေးအပ် ဆုချခဲ့တယ်လို့ သိရပါတယ်။ တဦးက မေတ္တာ၊ တဦးက စေတနာပါပဲ။

အောင််ဘာလေထီ ငွေကျပ်သိန်းတစ်သောင်းခွဲဆုအား ဟင်္သာတမြို့မှ ငွေကြေဲးချို့တဲ့သူ အမေအိုက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ထွက်ရှိသည့် (၅)ကြိမ်မြောက် ကျပ် (၁၀၀၀)တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲ၌ ထိုသို့ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

“အမေ့ယောကျ်ားက စစ်သား၊ သူက ဆုံးသွားပြီ။ ပင်စင််ရတယ်။ ၈၇၅၀ ရတယ်။ အမေဟိုတုန်းကတော့ ရေမုန့်ထိုး ရောင်းတယ်၊ မုန့်ကြိုးလိမ် လုပ်ရောင်းတယ်။ နှစ်မျိုး သုံးမျိုး အမေကြီးက လုပ်ရောင်းတာ။ ရပ်ကွက်တွေထဲမှာ လှည့်ရောင်းပြီးမှ ဂုံးပေါ်မှာ ထိုင်ရောင်းတာ။ တာပေါ်မှာ ထိုင်ရောင်းတာ။ သားတွေကို အဲလို လုပ်ကျွေးခဲ့တာ။ အမေက အခုတော့ ဘာမှမလုပ်နိုင်တော့ဘူး။ သားသမီးတွေပေးတာနဲ့ အဲဒီ့ပင်စင်နဲ့ စားတယ်။ အမေ့ အသက်က ၈၀ ရှိပြီ။

ထီက တစ်ခါမှ မပေါက်ဖူးဘူး။ အခုတစ်ခါမှှ ပေါက်ဖူးတာ။ ကြွေး လစဉ်ထိုးတာ။ အခုတစ်ပတ်က မပေးနိုင်သေးဘူး။ နေမကောင်းလို့ ဆေးထိုးတာ တစ်သောင်းကုန်တယ်။ ထီဖိုးက ၅၀၀၀ ပဲ ပေးရသေးတယ်။ ထီဖိုး ၆၀၀၀ ကျန်သေးတယ်။ ဝမ်းသာလို့ ဘယ်လိုပြောရမှန်း မသိဘူး။ ဝမ်းသာလိုက်တာ။ မရှိလွန်းအားကြီးလို့။ သားတွေ ပေးတယ်၊ ဆေးထိုးလိုက် လှူလိုက်၊ ဟိုက အလှူခံလာလည်း ၅၀၀ လှူတယ်။ လက်ထဲရှိတဲ့ ၅၀၀ လှူ၊ ၁၀၀၀ လှူ၊ အဲလိုလှူတယ်။

ထီတော့ ပေါက်ပါစေဘုရား၊ လှူချင်လွန်းလို့ပါဆိို ဟုတ်တယ် ပေါက်တယ်။ လှူမှာလို့ပြောပြီးတော့ ထီထိုးတာ။ အမေကြီးက စားလည်းစားမယ်၊ လှူလည်းလှူမယ်။ ရွာကို မပြန်ရသေးဘူး၊ ပိုက်ဆံမရှိလို့။ ထီလည်း ထိုးနေတာ။ လစဉ်ထီထိုးတာ။ ထီတောင် ကြွေးထိုးရတာ။ ၆၀၀၀ ကျန်သေးတယ်။ အမေကြီးလည်း အခုလိုဆိုတော့ ပြန်လို့ရပြီ။ ထီပေါက်လို့ဝမ်းသာလို့ ရွာပြန်မှာ။ အမေက ပေါက်၊ ပခုက္ကူ အဲဒီ့ကို ပြန်ဦးမှာ။ ထီလည်း ပေါက်သွားပြီ။ သားတွေ လိုက်ပို့လို့ဆိုပြီး ပြောမှာ”ဟု ကံထူးရှင် ဒေါ်ခင်တင့်က ပြောကြားသည်။

အသက်် ၈၀ အရွယ် ရှိပြီဖြစ်သည့် ကံထူးရှှင်ဒေါ်ခင်တင့်မှာ လက်ရှ်ိိတွင် ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွွက်ရှိ အလောင်းဘုရားလမ်းသွယ်၌ ၀ါးအိမ်လေးဖြင့် နေထိုင်နေရ သူဖြစ်ပြီး ၄င်း၏ သက်တမ်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် အောင်ဘာလေထီပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group (လေးစားစွာဖြင့် ခရက်ဒစ်)

Be the first to comment

Leave a Reply

Your email address will not be published.


*