အရမ်းတော်တဲ့ ကလေးအထူးကုဆရာဝန်​ကြီးတစ်​ယောက်​ရဲ့အကြောင်း စိတ်​မကောင်းခြင်းများစွာနဲ့ ဒီစာကိုရေးပါတယ်

ကျမကလေး ၇လပါ ချောင်းဆိုးနေတာ ကြာပါပီ ၁လကျော်​လောက်​ရှိနေပြီ ခလေးနဲ့ ချောင်းစဆိုးထဲက အင်္ဂလိပ်​ဆရာဝန်​ အထူးကုနဲ့ကော မြန်​မာ ဆရာဝန်​နဲ့ပါ ပြပါတယ်​ လုံးဝမသက်​သာပါဘူး အစပိုင်းက ချောင်းခြောက်​ အပူချောင်းဆိုးရာကနေ အင်္ဂလိပ်​ဆရာဝန်​ကမသက်​သာလို့ မြန်​မာဆရာဝန်​နဲ့ပြောင်းပြတဲ့အခါ ချွဲတွေပါထလာတယ်​ ပိုဆိုးလာတယ်​ ခလေး အသက်​ရှုရကြပ်​လာတယ်​ ညအိပ်​ရင်​ ချွဲထပြီး ခလူးခလူးနဲ့ ကလေးဆေးခန်းတစ်​ခါသွားပြရင်​ ကိုယ့်​ရှေ့မှာ လူ အယောက်​ ၇၀စောင့်​ရတယ်​ စိတ်​တွေညစ်​တာပေါ့နော်

ကိုယ့်​ခလေးလိုဘဲ ချောင်းဆိုးနေတဲ့ခလေး အရှင်းပျောက်​သွားတယ်​ အဲ့ဆရာဝန်​ကြီးနဲ့သွားပြပါလားလို့ အကြံပေးလာတဲ့အတွက်​ ခုလက်​ရှိပြနေတဲ့ ဆရာဝန်​ကြီးဆီပြောင်းပြခဲ့ပါတယ်​ ၈မိုင်​ လမ်းဆုံ သမားတော်​ဆေးခန်းမှာထိုင်​တဲ့ စစ်​ဆေးဆရာဝန်​ကြီး ဒေါက်​တာ ဦးစောအောင်​မြတ်​သိန်းပါ သမားဆို အိုမှ စကားပုံအတိုင်း ဆရာဝန်​ကြီး အသက်​ ၈၀ကျော်​နေပါပီ လက်​ရှိလဲ သူကိုယ်​တိုင်​ ကင်​ဆာရောဂါကို အန်​တုနေရရှာသူပါ ခလေးအရမ်းချစ်​တက်​တယ်​ အသပြာဆရာမဟုတ်​ဘူး စေတနာဆရာဝန်​ကြီးပါ

ဒီလောက်​ဆရာဝန်​ကြီးတော်​နေတာ ကလေးတွေအရမ်းများမှာဘဲ စောင့်​ရဦးမယ်​ အကြာကြီးလို့မှတ်​တာ ဆရာဝန်​ကြီးဆီမှာ လာပြတဲ့သူ ၁၀ယောက်​တောင်​မပြည့်​ပါဘူး ကျမ အရမ်းအံ့သြသွားတယ်​ ကျမ တုံကင်​နံပတ်​၆ ရပါတယ်​ ဒါပေမဲ့ ကြိုစောရောက်​နေတဲ့သူအရင်​၀င်​ စနစ်​ဖြစ်​တာကြောင့်​ ကျမအရင်​ဦးဆုံး ၀င်​ရပါတယ်​ ဆရာဝန်​ကြီးဟာ ခလေးအရမ်းချစ်​တက်​ ဂရုစိုက်​ပြီး သေချာ နားလည်​အောင်​ ရှင်းပြ သင်​ပြ ပြောပြ ရောဂါ အသေးစိတ်​ကိုမှတ်​တမ်းယူ တခဏတာ ရောဂါဖြစ်​နေတဲ့ ချောင်းဆိုးပျောက်​ဖို့ရယ်​ တသက်​တာ ခလေး ကြီးထွားဖွံ့ဖြိုးဖို့ရယ်​ ဆိုပြီး ၂ပိုင်းခွဲ သေချာရှင်းပြ ခလေးပြုစုနည်း ခလေးစိတ်​နေစိတ်​ထားနဲ့ မိဘ က စိတ်​ရှည်​၂နဲ့ ဘယ်​လို သွင်​သင်​ရမယ်​ဆိုတာကအစ သေချာပြောပြပေးနေတာပါ

ကျမတို့ တခြား ခလေးဆေးခန်းတွေပြခဲ့တယ်​ ခလေးကြည့်​ချိန်​ ၁၀မိနစ်​ထက်​မပိုဘူး ခုဆရာဝန်​ကြီးကတော့ ခလေးတစ်​ယောက်​ကို ကြည့်​ရှုကုသပေးချိန်​ နာရီဝတ်​ကျော်​တယ်​ဆိုရင်​ ခလေးမေမေတို့ အံ့သြကြမှာပေါ့ တကယ်​ပါရှင်​ ဆရာဝန်​ကြီးရဲ့ စေတနာကို ဘေးက ခလေးမိဘက မြင်​ပါတယ်​ သေသေချာချာ စိတ်​ရှည်​ရှည်​နဲ့ မပျောက်​ပျောက်​အောင်​ကုပေးမယ်​လို့ စိတ်​ထဲ သံဓိဌာန်​ချထားသလားမှတ်​ရတယ်​ခလေးချောင်းဆိုးတယ်​ ပိုးသတ်​ဆေးဘာသောက်​နေလဲ ဆေးသောက်​ရင်​အန်​လား ဘာဆေးထပ်​ပေးရမလဲ သူသေချာစဉ်းစားပြီးတော့ သူပေးတဲ့ဆေးတွေရဲ့ အာနိသင်​ကို ခလေးဆေးတိုက်​ပြုစုမဲ့မိဘကို သေချာပြောပြပေးနေတာပါ ဆေးထဲမှာပါဝင်​တဲ့ ပါဝင်​ပစ္စည်း တစ်​ခုချင်းစီရဲ့အာနိသင်​ပါပြောပြပေးလိုက်​တာဆိုတော့ ကျမ ခလေးမိဘတစ်​ယောက်​အနေနဲ့ ဆရာဝန်​ကြီးနဲ့ပြရတာ အရမ်းကို စိတ်​ထဲကျေနပ်​မိတယ်

ကျမကလေးက ဆေးကြောက်​ပါတယ်​ ဆေးတိုက်​တိုင်း အန်​ထုတ်​ပစ်​နေတာ အာ့ကိုလဲပြောတော့ ဆရာဝန်​ကြီးက ကလေးဆေးသောက်​ရင်​ မအန်​အောင်​ ကလေးကြိုက်​လောက်​မဲ့ အရသာ ဆေးအချိုးအစား သေချာစဉ်းစားပြီးမှပေးလိုက်​တယ်​အရင်​ဆရာဝန်​တွေတုန်းက ကလေးချောင်းဆိုးတာကိုဆေး၂မျိုးဘဲပေးလိုက်​တယ်​ ဘာဆေးတွေမှန်းလဲမသိဘူး ခုဆရာဝန်​ကြီးကျတော့ သေချာပြောပြခါမှ အရင်​ဆေးတွေက ချွဲကျေဆေးနဲ့ ပိုးသတ်​ဆေး ၂မျိုးဘဲပါတယ်​ ဆရာဝန်​ကြီးဆီပြောင်းပြခါမှ ဆရာဝန်​ကြီးက ကလေးဆေးတွေကို ချောင်းဆိုးပျောက်​ဆေး အရင်​ပိုးသတ်​ဆေးနဲ့ ချွဲကျေဆေးဘဲ ထပ်​သောက်​ခိုင်းတယ်​ င်္ပြးတော့ ရှုဆေးဗူးရယ်​ ချွဲကြောင့်​နှာစေးတဲ့အခါ သောက်​ဖို့ဆေးရယ်​ ဘာမီတွန်​ ၈ပုံတစ်​ပုံနဲ့ ၈ရက်​တိုက်​ခိုင်းတယ်

ဆေးတွေလဲအများကြီးပေးတဲ့ ဆရာကြီးဆီ၁ခါပြရင်​ သူများဆီ ၄ ၅ ခါပြတာနဲ့ညီမျှပါတယ်​ တစ်​ခါတည်းပြ အတော်​သက်​သာ ရောဂါပျောက်​ဘဲ ရေရှည်​အတွက်​ တသက်​တာဆေးလဲရေးပေးလိုက်​သေးတာ ကို့်​ခလေးကသေးနေတဲ့အတွက်​ တသက်​တာသောက်​ဖို့ အားဆေးကိုထပ်​ပေးတယ်​ ကလေးကိုကြည့်​ပြီး လိုနေတဲ့ ဗိုက်​တာမင်​တွေ အသက်​ရွယ်​အလိုက်​သောက်​ရမဲ့ရှိရမဲ့ အားဆေးတွေထပ်​ပေးလိုက်​တယ်​ ကျမလေ ဆရာဝန်​ကြီးဆီ မသွားခင်​က ဈေးကြီးပါစေ ကလေးထွားရင်​ပီးရော အားဆေးတွေ ကြော်​ညာအရ၀ယ်​တိုက်​တယ်​ ကလေးမထွားဘူး နေ့ဖက်​မအိပ်​ဘူး ပေါင်​အရမ်းသေးတယ်​ ၇လကို ၁၃ပေါင်​ကျော်​လေးဘဲရှိတယ်​ မွေးစက ၅ပေါင်​၇အောင်​စ

ခုဆရာဝန်​ကြီးပေးတဲ့ဆေးတွေက ဈေးမကြီးဘူး ခလေးပိုစားလာတယ်​ ပိုအိပ်​လာတယ်​ ရောဂါလဲပိုသက်​သာလာတယ်​ ဆေးတွေလဲ အမျိုးအစားအစုံအလင်​နဲ့နော်​ အားလုံးပေါင်း စမ်းသပ်​ကြည့်​ရှုခ ၅၀၀၀ ဆေးခန်းဝန်​ဆောင်​ခ ၁၅၀၀နဲ့ ဆေးဖိုး ၁၆၅၀၀ အားလုံးပေါင်းမှ ၂သောင်းကျော်​လေးဘဲကျခဲ့တယ်​ ကျမလေ တကယ်​အံ့သြခြင်းများစွာနဲ့အိမ်​ပြန်​လာခဲ့ရတယ်​ ဘာကြောင့်​ ဒီလောက်​တော်​နေတဲ့ ဆရာဝန်​ကြီးကို လူသိပ်​မသိရတာလဲ ကျမနှမြောမိတယ်​ ဆရာဝန်​ကြီး ကျန်းမာရေးအခြေအနေကြောင့်​ကော ခလေးမိဘတွေ ပိုပြီး စောစောသိခဲ့ရင်​ ကိုယ့်​ကလေးအတွက်​ ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီး ကျန်းမာတဲ့ ဘ၀မျိုးရစေချင်​တာ ကျမသားကစလို့ပေါ့

ပြီးတော့လေ ဆရာဝန်​ကြီးက ကင်​ဆာရောဂါသက်​တမ်းကြာနေလှပြီဖြစ်​တဲ့အတွက် သူ့ရောဂါကို ဆေးကုရင်း ငွေလဲရှာ သူဝာသနာပါတဲ့အလုပ်​ကိုလဲ တစ်​ရက်​မှမပျက်​ပါဘူးတဲ့ နေကမကောင်းတဲ့ကြားက သူ့ဆီလာပြတဲ့ မြေးခလေးလေးတွေကို လွမ်းလို့ နေမကောင်းတဲ့ကြားကထလာပြီး ဆေးလာကုရတာပါတဲ့ ရောဂါသက်​တမ်းလဲကြာတော့ ဆေးကုသစားရိတ်​တွေလဲ အကြွေးနဲ့ဖြစ်​နေလို့ အကြွေးလဲဆပ်​ချင်​လို့ ထလာတာပါ ဆိုတော့ ကျမလေ စိတ်​မကောင်းခြင်းကြီးစွာ နှမြေတသခြင်းတွေကြီးစွာနဲ့ ကျမ အိမ်​ပြန်​လာခဲ့ရတယ်​ ဆရာဝန်​ကြီးရဲ့ ပညာတွေအတွက်​လဲနှမြောမိတယ်

ကျမတို့ကလေးတွေတွက်​ သမားကောင်းလိုတယ်​လေ သူအသက်​ရှည်​ရှည်​ ကျန်းကျန်းမာမာနဲ့ရှိမှ ကိုယ့်​ခလေးတွေအတွက်​ ဆုတောင်းမိတယ်​ ဆရာဝန်​ကြီးအမြန်​သက်​သာပါစေ ဆေးလဲသေချာပြတ်​ကုလာနိုင်​ပါစေဆိုပြီးတော့လေ ဒီစာ review လေးကို ကလေးမေမေတို့ ဖတ်​မိခဲ့ရင်​ ပြန်​ share ပေးပါ အချင်းချင်း လက်​တို့ကြပါ ကိုယ့်​ခလေးတွေအတွက်​ကော ဆရာဝန်​ကြီးအတွက်​ကော စေတနာ ပလပွနဲ့ ဒီစာကိုရေးပါတယ်ဒီပိုစ့်​ကြောင့်​ ခလေးမိဘများနဲ့ ဆရာဝန်​ကြီး ဒေါက်​တာဦးစောအောင်​မြတ်​သိန်းအတွက်​ တစ်​ဖက်​တစ်​လမ်း အကျိုးဖြစ်​ထွန်းခဲ့မယ်​ဆိုရင်​ ပိုစ့်​တင်​ရကျိုးနပ်​ပါပြီ

Credit-HMPO