၇ ရက်သမီး တပတ်စာ ဟောစာတမ်း

ခုနှစ်ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြ်ီး လိုအင်ဆန္ဒတစ်လုံးတစ်ဝပြည့်စုံကြပါစေ ကံဇာတာအညံ့များလည်း ပပျောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အလုပ်ကိစ္စများ အဆင်ပြေကြပါစေ ( ဇူလိုင် 11 မှ 17 အထိ )။

တနင်္ဂင်္နွေသမီးများ

ဒီကာလအတွင်း အလုပ်တွေကို ကောင်းစွာ ဦးဆောင် လုပ်ကိုင်နိုင်ပါလိမ့်မယ် အချိန်တိုအတွင်း မိမိလုပ်ချင် တာတွေပြီးဆုံးအောင် လုပ်သွားနိုင်ပါလိမ့်မယ် စိတ်ထဲရည်ရွယ်ထားသမျှ လက်တွေ့မှာအကောင်အထည်ဖော်သွား နိုင်မဲ့ကာလပါပဲ။

ရှေ့ထွက်ဆောင်ရွက်ခြင်းများ၊ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်စိတ်နဲ့ကြိုးစားခြင်းများကဒီကာလမှာ လူကြီးတွေရဲ့မျက်စိကျခြင်းကိုရရှိပါလိမ့်မယ် ကိုယ်ပိုင်အလုပ်များအဆင်မပြေတာရှိရင်တော့ ဖခင်ဖြစ်သူထံမှ အကြံဥာဏ်ယူတိုင်ပင်ကြည့်လိုက်ပါ။

အိမ်တွင်းရေးမိသားစုအရေးကိစ္စများ အဆင်ပြေစိတ်ချမ်းသာရပါလိမ်မယ် မိမိသွားလိုတဲ့ခရီးတွေသွားခွင့်ကြုံရတတ်ပါတယ် အလုပ်တွေနဲ့ပက်သက်ပြီး ထပ်ချဲ့မယ်ဆိုရင်လဲ ဒီကာလမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါတယ်။

ငွေကြေးနဲ့ပက်သက်ပြီးခက်ခဲနေတာမျိုးရှိနေရင်လဲပြေလည်မှုတွေ ရသွားတတ်ပါတယ် ကျန်းမာရေးအနည်းငယ် အားနည်းပေမဲ့ကုသလွယ်တဲ့ ရောဂါပဲဖြစ်ပါလိမ့်မယ် အချစ်ရေးအတွက်စိတ်ချမ်းသာရပါလိမ့်မယ် ချစ်သူရဲ့အထင်ကြီးအားကိုးခြင်းကိုခံရပါလိမ့်မယ်။

အိမ်ထောင်ရေး မှာတော့အနည်းငယ်သဘောထားကွဲလွဲစရာတွေဖြစ်ရတတ်ပါတယ် ပညာရေးအလွန်ကောင်းနေမည် အကျိုးပေးဂဏန်း 1/6/9 အထူးဟော ကံမြင့်မားနေပါလိမ့်မယ် ယတြာ အုန်းညွှန့် ၆ညွှန့်ဘုရားကပ်လှူပါ။

တနင်္လာသားသမီးမျာ;

ဤကာလအတွင်း မိမိအတွက်ကောင်းသောအယူအဆ စိတ်ကူးတွေ တွေးမိစိတ်ကူးမိနေတတ်ပါတယ် အကြံ ကောင်းတစ်ချက်ကြောင့်ပဲ အရမ်းအဆင်ပြေသွားကြသူတွေတွေ့ဖူးပါလိမ့်မယ်မိမိရတဲ့အကြံဥာဏ်တွေကိုကောင်း စွာအသုံးချတတ်ဖို့လိုအပ်ပါတယ်။

လူချစ်လူခင်များနေတတ်ပါတယ် မိမိကိုကူညီမဲ့သူတွေရှိနေတတ်ပါတယ် ငွေ ကြေးကိစ္စများ ပြောဆိုဆောင်ရွက်လို့ကောင်းပါတယ် တန်ဖိုးထားစရာလက်ဆောင်ပစ္စည်းများလဲ ရလာတတ်ပါ တယ်။

အလုပ်နဲ့ပက်သက်ပြီးတော့လဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့လက်တွဲညီညီလုပ်ကိုင်နိုင်ပါလိမ့်မယ် ကိုယ်ပိုင်စီး ပွားရေးများ ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင်တော့ ဒီနေ့မှာအဆင်ပြေတိုးတတ်ပါလိမ့်မယ်။

ကားဝယ်ခြင်း၊ကားရောင်း ခြင်း၊အလဲအထပ်လုပ်ခြင်းများ ဒီကာလမှာလုပ်သင့်ပါတယ် ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အားရစရာ ကောင်းပါတယ် ကျန်းမာရေးညံ့နေသူတောင် နလန်ပြန်ထူလာမဲ့ကာလပါပဲ။

အချစ်ရေးအထူးကောင်းတယ် ချစ် ရသူနဲ့ ကြည်နူးရမဲ့အချိန်ကာလပါပဲ ချစ်သူမရသေးသူများချစ်သူသစ်ရလွယ်ပါတယ် အိမ်ထောင်ရေးကတော့ သင့် နေပါတယ် ပညာရေးနဲ့ပက်သက်ပြီးတော့လဲ မိမိရဲ့သင်ယူနိုင်စွမ်းကြောင့် အဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/7အထူးဟော စိတ်လက်ကြည်သာမှုရှိပါလိမ့်မယ် ယတြာ ကော်ဖီနဲ့ကိတ်မုန့်ဘုရားကပ်လှူပါ။

အင်္ဂါသားသမီးများ

ယခုကာလအတွင်း မိမိအတွက် သတိပေးစေချင်တာကဒေါသမကြီးပါနဲ့ ဒေါသကြောင့် အမှားတွေကို ထပ်ခါထပ်ခါကျူးလွန်မိတတ်ပါတယ် ဒေါသဖြစ်လာပြီဆို ချက်ချင်းမတုန့်ပြန်လိုက်ပါနဲ့ အချိန်ယူစဉ်းစားပြီးမှပဲ လုပ်ကိုင်ဆောင်ရွက်ပါ။

စွန့်စားလုပ်ကိုင်ရမဲ့ကိစ္စတွေကိုဒီကာလမလုပ်ပါနဲ့သူဋ္ဌေးဖြစ် ခွေးဖြစ်လုပ်ရမဲ့ကိစ္စတွေကို လုံးဝမလုပ်လိုက်ပါနဲ့ အလုပ်တွေနဲ့ ပက်သက်ပြီး တတ်နိုင်သမျှကိုယ်တိုင်လုပ်ပါ အသေးအမွှားကိစ္စလောက်ပဲ တစ်ပါးသူတွေကိုခိုင်းစေလိုက်ပါ။

ခရီးတွေမလိုအပ်ရင်မသွားလိုက်ပါနဲ့ ငွေကံကတော့ကောင်းနေတတ်ပါတယ် အဘက်ဘက်ကငွေဝင်စရာအကြောင်းတရားတွေပေါ်လာတတ်ပါတယ် အကြွေးတွေရစရာရှိရင် ပြန်တောင်းခံလို့ ကောင်းတဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။

မိတ်ဆွေ အပေါင်းအသင်းတွေကို မိမိ ကူညီရတာ များမဲ့ကာလပါ သတိထားရမဲ့အချက်က အလျင်လိုရင်အနှေးဖြစ်တတ်ပါတယ် ကြိုတင်စီမံထားရင်လဲ လွဲတတ်ပါတယ် ကျန်းမာရေး ကတော့ အညံ့နည်းပါတယ် အချစ်ရေးကံအလွန်ကောင်းပါတယ်။

ချစ်သူဆီကအကူအညီတွေရရှိ တတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မယ်။ ပညာရေးအနည်းငယ် ညံ့နေတဲ့ကာလပါပဲ အကျိုးပေးဂဏန်း 1/4/8 အထူးဟော ကံအားနည်းနေမည် ယတြာ ဆေးအလှူတွေများများလုပ်ပါ။

ဗုဒ္ဓဟူးသားသမီးများ

ဒီကာလအတွင်း မိမိအတွက် အဆင်ပြေအောင်မြင်မဲ့လမ်းစကိုရလာတတ်ပါတယ် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ် ကိုယ်ဒူးကိုယ်ချွန်ကြိုးစားသူများ ပိုမိုအဆင်ပြေအောင်မြင်တတ်ပါတယ် မိမိ ပင်ပန်းရကျိုးနပ်မဲ့ကာလတွေပါပဲ။

ကိုယ်ပိုင်စီးပွားဖြစ်စေ၊ လခစားဝန်ထမ်းဖြစ်စေ အတိုက်အခိုက်ရန်သူပေါများနေ တတ်တာကိုတော့ တွေ့ရပါတယ် ဒါကြောင့်ဒီကာလတွေမှာတော့ ခြေလှမ်းမမှားဖို့လိုပါတယ် ကိုယ်ပိုင်စီးပွားများ အလုပ်တွေတိုးလာတတ်ပါတယ်။

ဒါကြောင့်ပဲ မိမိအပေါ်လုပ်ငန်းတူတွေရဲ့တိုက်ခိုက်ခြင်းကိုလဲခံရတတ်ပါတယ် တစိမ်းလိင်မတူသူတွေနဲ့ ဆင်ခြင်နေထိုင်လိုက်ပါ စွပ်စွဲပြောဆိုသမုတ်ခြင်းမျိုးခံရတတ်လို့ပါပဲ ကျန်းမာရေးအညံ့ အတော်လေးကင်းသွားပါလိမ့်မယ်။

ပါးစပ်ပျက်ြ်ပီး စားသောက်တာအရသာမတွေ့သူများ စားဝင်အိပ်ပျော်မဲ့အချိန် ကာလကိုရောက်နေပါပြီ။အချစ်ရေးမှာတော့ အချစ်စစ်လား၊ဒါမှမဟုတ်တစ်ခုခုလိုလားလို့ ချဉ်းကပ်တာလားဆိုတာ ကိုခွဲခြားသိတတ်ဖို့လိုပါတယ်။

အိမ်ထောင်ရေးမှာတော့အဆင်ပြေတိုးတတ်ပါလိမ့်မယ် အိမ်ထောင်ရေးသာယာ စိတ်ချမ်းသာရပါလိမ့်မယ် ပညာရေးမှာတော့ မိမိကိုယ်တိုင်ထိုးထွင်းဥာဏ်ရှိဖို့လိုပါတယ်။

အကျိုးပေးဂဏန်း 2/5/8 အထူးဟော အတိုက်အခိုက်များမည် ယတြာ ငှက်ပျောသီးမှည့်ဘုရားကပ်လှူပါ။

ကြာသပတေးသားသမီးများ

လတ်တလော ကာလအတွင်း လိုအပ်တာတွေကို ၀ယ်ယူဖြည့်ဆည်းနိုင်ပါလိမ့်မယ် စီးပွားရေးနဲ့ပက်သက်ပြီး မိမိရဲ့ဆန်း သစ်တဲ့အတွေးအခေါ်တွေကြောင့် သူတစ်ပါးထက် နှာတဖျားသာတဲ့ အခြေအနေကိုရောက်ရှိပါလိမ့်မယ်။

ငွေများများဝင်လာမဲ့ ကာလဖြစ်တာကြောင့် စုဆောင်းနိုင်ပါလိမ့်မယ် လိုအပ်နေတဲ့အကြံဥာဏ်တွေကို ဆရာသမား တွေဆီကရပါလိမ့်မယ် ထီဝါသနာပါသူများ ဒီကာလအတွင်းမှာ ထီကံစမ်းထားသင့်ပါတယ်။

အလုပ်တွေကိုအားလုံး ကောင်းကောင်းကိုင်တွယ်အသုံးပြုနိုင်ပါတယ် စိတ်ထဲလိုချင်တာတွေကိုလဲ ရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ် ဘာသာရေးနဲ့ပက်သက်တဲ့လက်ဆောင်မျိုးတွေရလာတတ်ပါတယ်။

သူငယ်ချင်းတွေနဲ့ စီးပွားကိစ္စ၊ပညာရေးကိစ္စ၊ လူမှုရေးကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလို့အထူးကောင်းပါတယ် အောက်လက်ငယ်သား တွေကိုနေရာပေးတာ၊လိုအပ်တာများသင်ပေးပါ သူများကိုကူညီတာမိမိကိုကူညီရာ ရောက်မဲ့ကာလတွေဖြစ်ပါလိမ့်မယ်။

ကျန်းမာရေးအညံ့ နည်းပြီး ဒေါင်ဒေါင်မြည်ပြန်ကောင်းနေမဲ့ကာလပါပဲ အချစ်ရေးကိစ္စတွေမှာတော့ လိုလားတောင်းတနေတဲ့အချစ် ရေးမျိုးရရှိပါလိမ့်မယ် အိမ်ထောင်ရေးမှာပြန်လည်နွေးထွေးမှုတွေရပါလိမ့်မယ် ပညာရေးကံအားကောင်းပါတယ်။

အကျိုးပေးဂဏန်း 3/5/6 အထူးဟော အလုပ်တွေတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ် ယတြာ ဘဂ၀ါဂုဏ်တော်ကိုနေ့စဉ်သက်စေ့ရွတ်ပွားပါ။

သောကြာသားသမီးများ

ဒီကာလအတွင်း အထိုင်မနေရတတ်၊ခရီးသွားလာစရာ ကိစ္စတစ်မျိုးမျိုးပေါ်လာတတ်ပါတယ် မိတ်ဆွေရင်း နှီးသူတွေရဲ့သာရေးနာရေးကိစ္စတွေလဲ တတ်နိုင်သ၍ကူညီလုပ်ကိုင်ပေးနေရတတ်ပါတယ်။

စေတနာနဲ့ပြောတဲ့ စကားဖြစ်ပေမဲ့ အသံနည်းနည်းမာသွားတာနဲ့ မိမိကိုအထင်လွဲသွားတတ်ပါတယ် တတ်နိုင်သမျှ ဥပေက္ခာနဲ့နေ တာမျိုးကမိမိအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အပျော်နဲ့အချိန်ကုန်တာ၊ ဖျော်ဖြေရေးတွေနဲ့အချိန်ကုန်တာမျိုး တွေဖြစ်ရတတ်ပါတယ် မိမိလက်ထဲရှိတဲ့စက်ပစ္စည်းတွေ ခြူခြာလွယ်တဲ့နေ့ရက်တွေပါပဲ မိမိကဆိုင်ဖွင့်ထားသူဆို အနည်းငယ်အရောင်းအ၀ယ်အေးနေတတ်ပါတယ်။

သူတစ်ပါးထံကအကြံဥာဏ်ယူတာမျိုးက အခြေအနေပိုဆိုး သွားစေနိုင်ပါတယ် မိမိနားမလည်၊မတတ်ကျွမ်းတဲ့ကိစ္စတွေအတွက်အချိန်ကုန်လူပန်းအဖြစ်မခံလိုက်ပါနဲ့ လူငယ် များ အပျော်အပါးနောက်လိုက်ရင် အန္တရာယ်များတတ်တဲ့ကာလထဲရောက်နေပါတယ်။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူနဲ့ တွေ့ဆုံရချိန်နည်းပါးပါလိမ့်မယ် အိမ်ထောင်ရေးသာယာမှုတွေ အဆင်ပြေမှုတွေကြုံရတတ်ပါတယ် ပညာရေးကတော့ မိမိကိုယ်တိုင်က စိတ်နှစ်မရဖြစ်နေပါတယ်။

အကျိုးပေးဂဏန်း 4/6/7 အထူးဟော လူမှုရေးကိစ္စတွေများနေတတ်ပါတယ် ယတြာ ထန်းလျက် ၁၁လုံးကို စက္ကူနဲ့ခင်းပြီး ခွေးကျွေးလိုက်ပါ။

စနေ သားသမီးများ

ဒီကာလအတွင်း အလုပ်ခွင်ထဲမှာ ပါးနပ်ဖို့လိုပါတယ် အားနာတတ်လို့ကတော့အလုပ်တွေပုံနေတတ်ပါ တယ် ကိုယ့်အလုပ်ကိုယ်လုပ်ပါ သူများခိုင်းလဲမိမိအလုပ်မပြီးသေးဘဲမလုပ်လိုက်ပါနဲ့ အနုစိပ်လုပ်ရတဲ့အလုပ် တွေအပေါ်မှာစိတ်နှစ်ထားနိုင်ဖို့လိုပါတယ်။

ခေါင်းစားရတဲ့အလုပ်တွေ၊ တာဝန်ကြီးတဲ့အလုပ်တွေလုပ်ကိုင်နေရ တာကြောင့်စိတ်ပန်းလူပန်းဖြစ်ရတတ်ပါတယ် ရင်းနှီးမြုပ်နှံမှုတွေသေချာစစ်ဆေးပြီးမှဆောင်ရွက်ပါ။

အမှုအခင်းနဲ့ ပက်သက်သောကိစ္စရပ်များကို အာမခံပေးခြင်း၊သက်သေလိုက်ပေးခြင်းများ စဉ်းစားဆင်ခြင်ပြီးမှဆောင်ရွက်လုပ် ကိုင်သင့်ပါတယ်။ကြာမြင့်နေပြီဖြစ်တဲ့ပစ္စည်းအဟောင်းအစုတ်တွေရှိရင်ရောင်းထုတ်လိုက်တာပိုကောင်းပါတယ်။

လမ်းဟောင်းမလိုက်ပဲလမ်းသစ်စဉ်စားပါ short cut သဘောမျိုး ဖြတ်လမ်းနဲ့အဆင်ပြေနိုင်မဲ့ ကိစ္စမျိုးကိုလုပ်ကိုင် ဆောင်ရွက်စေချင်ပါတယ် အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူက မိမိကိုဖေးမကူညီပါလိမ့်မယ်။

မိမိအရေးကိစ္စတွေ ကိုတတ်နိုင်တဲ့ငွေအား၊လူအားနဲ့ကူညီပါလိမ့်မယ် အိမ်ထောင်ရေးကတော့တကျက်ကျက်ဖြစ်လွယ်ပါတယ် လူမှု ရေးကိစ္စတွေမှာလဲ ရန်များနေနိုင်တာကိုတွေ့ရပါတယ် ပညာရေးမှာအတွက်အချက်ပိုင်းအားနည်းနေမည်။

အကျိုးပေးဂဏန်း 1/5/7 အထူးဟော ခေါင်းရှုပ်စရာလေးတွေရှိနေတတ်ပါတယ် ယတြာ အာပူလျှာပူတစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။

ခုနှစ်ရက်သားသမီးအပေါင်း ကံ ဥာဏ် ဝီရိယ သုံးချက်လုံးအားကောင်း၍ ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ ။