တောင်ကြီးတွင် H1N1 positive လူနာ နှစ်ဦးထိရှိလာ

ရှမ်းပြည်​နယ်​၊ တောင်​ကြီးမြို့ အမျိုးသမီးနဲ့ က​လေး​ဆေးရုံကြီးမှာ ရာသီတုပ်ကွေး​ရောဂါ H1N1 positive လူနာ ၂ ဦး​တွေ့ရှိတယ်​လို့ ဇူလိုင် ​၁၀ ရက်​က ရှမ်းပြည်​နယ်​ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာမျိုးထွန်းက​ ဒီဗွီဘီကို ပြောပါတယ်​။

ဇူလိုင်​ ၉ ရက်​က ၆ နှစ်​အရွယ်​က​လေးငယ်တ​ဦး ရောဂါဖြစ်ပွားတာ စတင်​​တွေ့ရှိပြီး ဇူလိုင်​ ၁၀ ရက်​​မှာ မောင်​နှမချင်းကူးစက်​တဲ့အတွက် နောက်​ထပ် ကလေးငယ် တဦးမှာ ရောဂါ ထပ်​မံ​တွေ့ရှိတာ ဖြစ်​ပါတယ်​။

ရှမ်းပြည်​နယ်​ တခုလုံးမှာ​တော့ H1N1 positive လူနာ ၇ ဦး​တွေ့ရှိထားတယ်​လို့ ရှမ်းပြည်​နယ်​ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာမျိုးထွန်းက ပြောပါတယ်​။

တိုင်းနဲ့ပြည်​နယ်​အသီးသီးမှာ ရာသီတုပ်ကွေးရောဂါ ကူးစက်​ဖြစ်ပွားနေကတည်းက ရှမ်းပြည်​နယ်​ထဲမှာ ကြိုတင်​ပြင်​ဆင်​မှု​တွေ ပြုလုပ်​​နေပြီဖြစ်​တဲ့အတွက်​ ​အဲဒီ​ရောဂါနဲ့ ​သေဆုံးသူ မရှိ​သေးဘူးလို့ သိရပါတယ်​။

ဒါ့အပြင်​ ရှမ်းပြည်​နယ်​ထဲမှာ ​သွေးလွန်​တုပ်ကွေးရောဂါ အဖြစ်​များနေပြီး ယခင်​နှစ်​ထက်​ ပိုမိုဖြစ်​ပွား​နေတယ်​လို့လည်း ဒေါက်တာမျိုးထွန်းက ပြောပါတယ်​။

H1N1 ဗိုင်းရပ်စ် ကူးစက်​ခံရသူ​တွေဟာ ဆေးကုသမှုခံယူ​နေပြီး ​​ပြည်​သူ​တွေ အနေနဲ့ စိုးရိမ်​စရာမလိုဘဲ တကယ်​လို့သံသယဖြစ်​ရင်​ ​ဆေးရုံ​ဆေးခန်းကို အချိန်​မီလာပြ​ပေးဖို့ ရှမ်းပြည်​နယ်​ လူမှု​ရေးဝန်​ကြီး ဒေါက်​တာမျိုးထွန်းက တိုက်တွန်းပါတယ်​။

ဇူလိုင် ၉ ရက်အထိ မြန်မာတနိုင်ငံလုံးအတိုင်းအတာအ​နေနဲ့ ရာသီတုပ်ကွေး သံသယလူနာ ၅၁၇ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူပေါင်း ၁၈၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးရှိတယ်​လို့ ကျန်းမာရေးနဲ့​အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်​။

ရာသီတုပ်ကွေး​ရောဂါ H1N1ကြောင့် သေဆုံးသူ​တွေဟာ အသက်ရွယ်ကြီးရင့်သူ၊ ငယ်လွန်းသူ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ အသက်ရှုလမ်းကြောင်းရောဂါ စတဲ့ ​နာတာရှည်ရောဂါ အခံရှိသူ​တွေဖြစ်တာကို​တွေ့ရှိရ​တယ်​လို့ ကျန်းမာရေးဌာနက သိရပါတယ်​။

သတင်း- ခွန်​ရာဇာ

DVB

Unicode

ရှမ်​းပြည်​နယ််​၊ တောင်​ကြီးမြို့ အမျိုးသမီးနဲ့ က​လေး​ဆေးရုံကြီးမှာ ရာသီတုပ်ကွေး​ရောဂါ H1N1 positive လူနာ ၂ ဦး​တွေ့ရှိတယ်​လို့ ဇူလိုင် ​၁၀ ရက်​က ရှမ်​းပြည်​နယ်​ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာမျိုးထွန်​းက​ ဒီဗွီဘီကို ပြောပါတယ်​။

ဇူလိုင်​ ၉ ရက်​က ၆ နှစ်​အရွယ်​က​လေးငယ်တ​ဦး ရောဂါဖြစ်ပွားတာ စတင်​​တွေ့ရှိပြီး ဇူလ်ိိုင်​ ၁၀ ရက်​​မှာ မောင်​နှမချင်းကူးစက်​တဲ့အတွက် နောက်​ထပ် ကလေးငယ် တဦးမှာ ရောဂါ ထပ်​မံ​တွေ့ရှိတာ ဖြစ်​ပါတယ်​။

ရှမ်​းပြည်​နယ််​ တခုလုံးမှာ​တော့ H1N1 positive လူနာ ရ ဦး​တွေ့ရှိထားတယ်​လို့ ရှမ်​းပြည်​နယ်​ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာမျိုးထွန်​းက ပြောပါတယ်​။

တိုင်​းနဲ့ပြည်​နယ်​အသီးသီးမှာ ရာသီတုပ်ကွေးရောဂါ ကူးစက်​ဖြစ်ပွားနေကတည်​းက ရှမ်​းပြည်​နယ်​ထဲမှာ ကြိုတင််​ပြင်​ဆင်​မှု​တွေ ပြုလုပ်​​နေပြီဖြစ်​တဲ့အတွက်​ ​အဲဒီ​ရောဂါနဲ့ ​သေဆုံးသူ မရှိ​သေးဘူးလို့ သိရပါတယ်​။

ဒါ့အပြင်​ ရှမ်​းပြည််​နယ်​ထဲမှာ ​သွေးလွန်​တုပ်ကွေးရောဂါ အဖြစ်​များနေပြီး ယခင်​နှစ်​ထက်​ ပိုမိုဖြစ်​ပွား​နေတယ်​လို့လည်း ဒေါက်တာမျိုးထွန်းက ပြောပါတယ်​။

H1N1 ဗိုင်းရပ်စ်် ကူးစက်​ခံရသူ​တွေဟာ ဆေးကုသမှုခံယူ​နေပြီး ​​ပြည်​သူ​တွေ အနေနဲ့ စိုးရိမ်​စရာမလိုဘဲ တကယ်​လို့သံသယဖြစ်​ရင်​ ​ဆေးရုံ​ဆေးခန်​းကို အချိန်​မီလာပြ​ပေးဖို့ ရှမ်​းပြည်​နယ်​ လူမှု​ရေးဝန်​ကြီး ဒေါက်​တာမျိုးထွန်​းက တိုက်တွန်းပါတယ်​။

ဇူလိိုင် ၉ ရက်အထိ မြန်မာတနိုင်ငံလုံးအတိုင်းအတာအ​နေနဲ့ ရာသီတုပ်ကွေး သံသယလူနာ ၅၁၇ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူပေါင်း ၁၈၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးရှိတယ်​လို့ ကျန်းမာရေးနဲ့​အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်​။

ရာသီတုပ််ကွေး​ရောဂါ H1N1ကြောင့် သေဆုံးသူ​တွေဟာ အသက်ရွယ်ကြီးရင့်သူ၊ ငယ်လွန်းသူ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ အသက်ရှုလမ်းကြောင်းရောဂါ စတဲ့ ​နာတာရှည်ရောဂါ အခံရှိသူ​တွေဖြစ်တာကို​တွေ့ရှိရ​တယ်​လို့ ကျန်းမာရေးဌာနက သိရပါတယ်​။

သတင််း- ခွန်​ရာဇာ

DVB