အရောင်းဝန်ထမ်းအမျိုးသမီးအား ပါးစပ်ပိတ် ဓားဖြင့်ထောက်ကာ (၅)ကြိမ်မြောက်အဖြစ် ရွှေဆိုင်လုယက်ခံရမှု တာချီလိတ်တွင် ဖြစ်ပွါးပြန်
မြန်မာ – ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း (၅)ကြိမ်မြောက်အဖြစ် ရွှေဆိုင်လုယက်ခံရမှု အောက်တိုဘာလ (၈)ရက်နေ့ နေ့လယ် တစ်နာရီခွဲဝန်းကျင်က ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ထားထားလွင်ရွှေဆိုင်တွင် ဖြစ်ပွားသွားသည်။
ဝိန်းကျောက်ရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ရွှေဆိုင်အတွင်း အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် ဆိုင်ကယ်နှစ်စီးနှင့် အမျိုးသား (၃)ဦးရောက်လာပြီး ဓားဖြင့်ထောက်ကာ လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားတစ်ဦးက အရောင်းဝန်ထမ်းအမျိုးသမီးအား ဓားဖြင့်ထောက်ထားစဉ် ကျန်နှစ်ဦးက ကောင်တာအတွင်းမှ ရွှေကိုထုတ်ယူရန်ကြိုးစားစဉ် ဝန်ထမ်းအမျိုးသမီးက ပါးစပ်ပိတ်ခံထားရသည့် လက်ကို ဆွဲဖယ်ကာ အော်ဟစ်အကူအညီတောင်းသဖြင့် လုယက်သူများ ရွှေထည်အချို့နှင့်အတူ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။
လုယက်သူများထံတွင် ရွှေထည်ပစ္စည်း (၂)ကျပ်သားခန့်ပါသွားကြောင်း သိရသည်။
တာချီလိတ်မြို့တွင်း ရွှေဆိုင်များ လုံခြုံရေးတိုးမြှင့်ရေးအစီအစဉ် ပြုလုပ်ကြရန် ရဲတပ်ဖွဲ့ တိုက်တွန်းချက်အရ ရွှေဆိုင် (၁၇) ဆိုင်ရှိသည့်အနက် (၁၄) ဆိုင်က လုပ်ဆောင်ခဲ့ကြပြီး ယခု ရွှေဆိုင်မှာ လုံခြုံရေးအတွက် လုပ်ဆောင်ရခြင်း မရှိသေးမီ လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေဆိုင်များ လုယက်ခံရမှုဖြစ်စဉ်များကြောင့် လုံခြုံရေးတိုးမြှင့်ရန် ရဲတပ်ဖွဲ့က ရွှေဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံပြီး လုံခြုံရေးဝန်ထမ်းများ ခန့်အပ်လိုပါက ရဲတပ်ဖွဲ့မှ သင်တန်းများ ပံ့ပိုးပေးမည်ဟု ပြောကြားထားခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ရွှေဆိုင်များ လုယက်ခံရမှုများမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တလျှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတ်လ (၂၉) ရက်နေ့တွင် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်၊ ဇွန်လ (၃) ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင်၊ ဇူလိုင်လ (၈)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်ရှိ ရှင်းမန် & ရှင်းဒါ(၂) ရွှေဆိုင်နှင့် အောက်တိုဘာလ (၈)ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်ရှိ ထားထားလွင်ရွှေဆိုင်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
Unicode
မြန်မာ – ထိိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း (၅)ကြိမ်မြောက်အဖြစ်် ရွှေဆိုင်လုယက်ခံရမှု အောက်တိုဘာလ (၈)ရက်နေ့ နေ့လယ် တစ်နာရီခွဲဝန််းကျင်က ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ထားထားလွင်ရွှေဆိုင်တွင် ဖြစ်ပွားသွားသည်။
ဝိိန်းကျောက်ရပ်ကွက်အတွွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ရွှေဆိုင်အတွင်း အရောင််းဝန်ထမ်း အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် ဆိ်ုင်ကယ်နှစ်စီးနှင့် အမျိုးသား (၃)ဦးရောက်လာပြီး ဓားဖြင့်ထောက်ကာ လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားတစ်ဦးက အရောင်းဝန်ထမ်းအမျိုးသမီးအား ဓားဖြင့်ထောက်ထားစဉ်် ကျန်နှစ်ဦးက ကောင်တာအတွင်းမှ ရွှေကိုထုတ်ယူရန်ကြိုးစားစဉ် ဝန်ထမ်းအမျိုးသမီးက ပါးစပ်ပိတ်ခံထားရသည့် လက်ကို ဆွဲဖယ်ကာ အော်ဟစ်အကူအညီတောင်းသဖြင့် လုယက်သူများ ရွွှေထည်အချို့နှင့်အတူ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။
လုယက်သူများထံတွင် ရွှေထည်ပစ္စည််း (၂)ကျပ်သားခန့်ပါသွားကြောင်း သိရသည်။
တာချီလိတ်မြို့တွင်း် ရွှေဆိုင်များ လုံခြုံရေးတိုးမြှင့်ရေးအစီအစဉ် ပြုလုပ်ကြရန် ရဲတပ်ဖွဲ့ တိုက်တွန်းချက်အရ ရွှေဆိုင် (၁၇) ဆိုင်ရှိသည့်အနက် (၁၄) ဆိုင်က လုပ်ဆောင်ခဲ့ကြပြီး ယခု ရွှေဆိုင်မှာ လုံခြုံရေးအတွက် လုပ်ဆောင်ရခြင်း မရှိသေးမီ လုယက်မှုဖြစ်ပွွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စတီးသံပန််းတွေတပ်ဖို့တို့ လုံခြုံရေးတွေထားဖို့တို့ဆိုတာ နိုင်ငံတော်မူဝါဒလည်းမဟုတ်တဲ့အခါကျတော့ သူတို့ကို အကြံပြုတာပဲရှိတာပေါ့။ တပ်တာ၊ မတပ်တာက သူတို့ ဆုံးဖြတ်ချက်ပေါ့။ ကျွန်တော်တို့က တိုက်တွန်းပြီး အကြံပြုတာပဲရှိတာ”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွှေဆိိုင်များ လုယက်ခံရမှုဖြစ်စဉ်များကြောင့် လုံခြုံရေးတိုးမြှင့်ရန် ရဲတပ်ဖွဲ့က ရွှေဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံပြီး လုံခြုံရေးဝန်ထမ်းများ ခန့်အပ်လိုပါက ရဲတပ်ဖွဲ့မှ သင်တန်းများ ပံ့ပိုးပေးမည်ဟု ပြောကြားထားခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင်် ၂၀၁၉ ခုနှစ်အတွင်း ရွှေဆိုင်များ လုယက်ခံရမှုများမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တလျှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတ်လ (၂၉) ရက်နေ့့တွင် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်၊ ဇွန်လ (၃) ရက်နေ့တွင်် မယ်ခေါင်ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင်၊ ဇူလိုင်လ (၈)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်ရှိ ရှင်းမန် & ရှင်းဒါ(၂) ရွှေဆိုင်နှင့် အောက်တိုဘာလ (၈)ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်ရှိ ထားထားလွင်ရွှေဆိုင်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency