ခဏခဏ ဆံံပင္ေဆးဆိုုးမိေနျခင္းက ဘယ္လိုုဆိုးက်ိဳးမ်ိဳးေတြ ရွိလာနိုင္သလဲဲ

ဆံပင္္ဆိုးေဆးေတြမွာ ပါဝင္ေနတဲ့ အႏၱရာယ္ရွိေစႏိုင္တဲ့ဓာတုုပစၥည္းေတြြ

ဆံပင္ဆိုးေဆးေတြထဲမွာ P P D (သို႔) para-phenylenediamine တို႔လိုမ်ိဳး အေရျပားမွာ ပူစပ္ပူေလာင္ျဖစ္ေစတဲ့ ဓာတ္မတည့္မႈေတြ နဲ႔ ေခါင္းကိုက္တာေတြကို ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြပါဝင္ေနသလို ကာစီႏိုဂ်င္ေတြလည္းပါဝင္ေနပါတယ္။ ဆံပင္ဆိုးေဆးေတာ္ေတာ္မ်ားမ်ားက ဓာတ္မတည့္မႈေတြကိုျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။

ဆံံပင္ဆိုးေဆးအမ်ားစုမွာ ဥေရာပႏိုင္ငံဗတါမွာ အသံုးျပဳခြင့္တားျမစ္ထားတဲ့ ခဲဓာတ္ေတြပါဝင္ေနတယ္္လို႔လည္းဆိုပါတယ္။ အဆိုပါ ခဲဓာတ္က ျပင္းထန္တဲ့ အာရံုေၾကာဆိုင္ရာျပႆနာေတြကိုျဖစ္ေပၚေစ ႏိုင္ပါတယ္။ ေဆးကိုတာရွည္ခံေအာင္လုပ္ေဆာင္ထားတဲ့ D M D M hydantoin က ကိုယ္ခံအားစနစ္ဆိုင္ရာ ျပႆနာေတြကို ျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။ ဆံပင္ဆိုးေဆးေတြထဲမွာ အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့ အမိုးနီးယားပါဝင္ေနျပီး အသက္ရႈလမ္းေၾကာင္းဆိုင္္ရာ ျပႆနာေတြကိုလည္း ျဖစ္ေပၚေစႏိုင္ပါတယ္။ အေရျပားကို ဓာတ္မတည့္မႈျဖစ္ေစႏိုင္တဲ့ resorcinol ဓာတ္လည္း ဆံပင္ဆိုိးေဆး ေတြမွာပါဝင္ေနပါတယ္။

ဆံံပင္ဆိုးေဆးဆိုးတာက ၾကည့္လို႔လွတယ္ဆိုေပမယ့္္ ဆံပင္ဆိုးေဆးေတြထဲမွာပါဝင္ေနတဲ့ ဓာတုပစၥည္းေတြက ခႏၶာကိုယ္အေပၚမွာ ဆိုးက်ိဳးသက္ေရာက္မႈေတြရွိေနတယ္ဆိုတာကို စာဖတ္သူေတြသိရွိေစႏိုင္ဖို႔အတြက္ လက္လွမ္းမီသေလာက္မွ်ေဝေပးလိုက္ပါတယ္။

Allergy (ဓာတ္မတည့္ျခင္္း)

ဆံံပင္ျဖဴေတြကိုဖံုးကြယ္ဖို႔ျဖစ္ျဖစ္ (သို႔) ဆံပင္အေရာင္ေျပာင္းခ်င္တာေၾကာင့္ျဖစ္ျဖစ္ ဆံပင္ဆိုးတဲ့အခါ ျပင္းထန္တဲ့ ဓာတ္မတည့္မႈေတြျဖစ္ေပၚမႈကိုခံစားရႏိုင္ပါတယ္။ ဓာတ္မတည့္မႈျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းခံတစ္ခုက paraphenylenediamine (သို႔) P P D လို႔ ေခၚတဲ့ ဓာတ္ပစၥည္းတစ္မ်ိဳးေၾကာင့္ျဖစ္ပါတယ္။ ေတြ႔ရမ်ားတဲ့ လကၡဏာေတြက ဦးေရျပားယားယံတာ၊ အနီေရာင္အကြက္ေတြျဖစ္ေပၚတာ၊ ဦးေရျပားေရာင္ရမ္းတာ၊ ေဗာက္ခပ္ပါးပါးထတာ၊ မ်က္လံုးနဲ႔မ်က္ခြံေတြေရာင္ကိုင္းလာတာ၊ မ်က္္လံုး၊ႏွာေခါင္းနဲ႔ မ်က္ႏွာတဝိုက္ကအေရျပား ေတြကြာက်တာမ်ိဳးေတြျဖစ္ေပၚခံစားရႏိုင္ပါတယ္။

ဆံံသားပ်က္စီးလြယ္ျခင္း

ဆံပင္ကိုိမၾကာခဏဆိုသလို အေရာင္ဆိုးေနမယ္ဆိုရင္ ဆံပင္ဆိုးေဆးထဲမွာ ပါဝင္ေနတဲ့ ဓာတုပစၥည္းေတြေၾကာင့္ ဆံသားပ်က္စီးတာမ်ိဳးေတြ ေတြ႔ၾကံဳရႏိုင္ပါတယ္။ ဆံပင္ဆိုးေဆးမွာပါတဲ့ ဓာတုပစၥည္းေတြက ဆံသားရဲ႕ အစိုဓာတ္ကုိစုပ္ယူလိုက္တဲ့အခါ ဆံသားကေျခာက္ေသြ႔ ပ်က္စီးတာမ်ိဳးေတြျဖစ္ေပၚလာပါတယ္။ ဆံသားေတာက္ေျပာင္မႈလည္းကင္းမဲ့သြားေစပါတယ္။ ဆံပင္ဆိုးေဆးေၾကာင့္ပ်က္စီးသြားတဲ့ ဆံသားေတြက ျပန္လည္ေကာင္းမြန္လာဖို႔မျဖစ္နို္င္ပါဘူးအခန္႔မသင့္ရင္ ဆံပင္ေတာင္ညွပ္ပစ္ရႏိုင္ပါတယ္။

အေရျပားမွာ စပ္ဖ်ဥ္းဖ်ဥ္္းျဖစ္ေစႏိုင္ျခင္္း

ဆံပင္ဆိုိးေဆးေတြက အေရျပားဓာတ္မတည့္မႈေတြကိုျဖစ္ေစႏိုင္ပါတယ္။ အေရျပားမွာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေစနိုင္သလို၊ အေရျပားမွာ အနီကြက္ေတြျဖစ္ေပၚတာမ်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။ အေရျပားအဖက္ေတြကြာက်သလို ယားယံတာေတြလည္း ျဖစ္ေစႏိုင္ပါတယ္။ ဆံပင္အေရာက္မဆိုးခင္ ၄၈ နာရီၾကိဳတင္ စမ္းသပ္တာမ်ိဳးလုပ္ေဆာင္သင့္ပါတယ္။ အေရျပားေပၚမွာ သံုးၾကည့္လို႔ ဓာတ္မတည့္မႈျဖစ္တယ္ဆိုရင္ အဆိုပါဆံပင္ဆိုးေဆးကုိ မသံုးသင့္ပါဘူး။

ကင္္ဆာ

ဓာတ္ခြဲခန္းေတြမွာ လုပ္ေဆာင္ခဲ့တဲ့ ေလ့လာစမ္းသပ္မႈေတြအရ ဆံပင္ဆိုးေဆးမွာပါတဲ့ P P D ကဒီအင္န္ေအလ္ဆဲလ္ေတြကို ပ်က္စီးေစႏိုင္သလို ကင္ဆာေရာဂါလည္းျဖစ္ေပၚေစႏိုင္ပါတယ္။ P P D ပါဝင္မႈနည္းတဲ့ဆံပင္ဆိုးေဆးေတြကေတာင္ အဆိုပါထိခိုက္မႈေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဆံပင္ဆိုးေဆးေတြထဲမွာေတြ႔ရတဲ့ ဓာတုပစၥည္းတစ္မ်ိဳးျဖစ္တဲ့ Resorcinol ကလည္း ကိုယ္တြင္း ေဟာ္မုန္းေတြကို ဟန္ခ်က္မညီျဖစ္ေစျပီး ရင္သားကင္ဆာျဖစ္ေပးခံစားရႏိုင္ေျခကိုလည္း တိုးေစႏိုင္ပါတယ္။

အေရျပားမွာ အဖုအပိမ့္ေတြထြက္္ေစႏိုင္ျခင္း

ဆံပင္ဆိုးေဆးနဲ႔ ဓာတ္မတည့္သူေတြမွာ ဦးေရျပားမွာ အနီေရာင္အဖုအပိမ္႔ေတြထြက္တာမ်ိဳးျဖစ္ေပၚခံစားရႏိုင္ပါတယ္။ ဆံပင္ဆိုးေဆး အသံုးျပဳတဲ့ေနရာတိုင္း နဲ႔ ထိေတြ႔မိတဲ့ ေနရာတိုင္းမွာ အဖုအပိမ္႔ေတြျဖစ္ေပၚႏိုင္ပါတယ္။ ထိုကဲ့သို႔ ဓာတ္မတည့္မႈေတြခံစားရမယ္ဆိုရင္ အေရျပားဆရာဝန္နဲ႔ခ်က္ခ်င္းျပသျပီး ကုသမႈခံယူသင့္ပါတယ္။

ပန္းနာရင္က်ပ္္ေရာဂါ

ေလ့လာမႈတြအရ ဆံပင္ဆိုိးေဆးေတြနဲ့ အထိေတြ႔အမ်ားဆံုးျဖစ္တဲ့ ဆံပင္အလွျပဳျပင္သူေတြမွာ အေရျပားဓာတ္မတည့္မႈေတြျဖစ္ေပၚခံစားရႏိုင္ေျခ နဲ႔ ပန္းနာရင္က်ပ္ေဝဒနာခံစားရႏိုင္ေျခကပံုမွန္ထက္ပိုမ်ားေနပါတယ္။ ဆံပင္ဆိုးေဆးမွာပါတဲ့ P P D ကပန္းနာရင္က်ပ္ ျဖစ္ႏိုင္ ေျခကိုတိုးေစႏိုင္သလို ဆံပင္အေရာင္ခၽြတ္ရာမွာအသံုးျပဳတဲ့ persulfates ကလည္း ပန္းနာရင္က်ပ္ျဖစ္ႏိုင္ေျခကို တိုးေစႏိုင္ပါတယ္။ အဆိုပါ persulfates ကိုရႈရိႈက္မိတဲ့အခါ အသက္ရႈရခက္ေစႏိုင္ပါတယ္။

Hello Health

Unicode

ဆံပင်ဆိုးဆေးတွေမှာ ပါဝင်နေတဲ့ အန္တရာယ်ရှိစေနိုင်တဲ့ဓာတုပစ္စည်းတွွေ

ဆံပင်ဆိုးဆေးတွေထဲမှာ P P D (သို့) para-phenylenediamine တို့လိုမျိုး အရေပြားမှာ ပူစပ်ပူလောင်ဖြစ်စေတဲ့ ဓာတ်မတည့်မှုတွေ နဲ့ ခေါင်းကိုက်တာတွေကို ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေသလို ကာစီနိုဂျင်တွေလည်းပါဝင်နေပါတယ်။ ဆံပင်ဆိုးဆေးတော်တော်များများက ဓာတ်မတည့်မှုတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

ဆံံပင်ဆိုးဆေးအများစုမှာ ဥရောပနိုင်ငံဗတါမှာ အသုံးပြုခွင့်တားမြစ်ထားတဲ့ ခဲဓာတ်တွေပါဝင်နေတယ််လို့လည်းဆိုပါတယ်။ အဆိုပါ ခဲဓာတ်က ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေ နိုင်ပါတယ်။ ဆေးကိုတာရှည်ခံအောင်လုပ်ဆောင်ထားတဲ့ D M D M hydantoin က ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အမိုးနီးယားပါဝင်နေပြီး အသက်ရှုလမ်းကြောင်းဆိုင််ရာ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ resorcinol ဓာတ်လည်း ဆံပင်ဆိိုးဆေး တွေမှာပါဝင်နေပါတယ်။

ဆံံပင်ဆိုးဆေးဆိုးတာက ကြည့်လို့လှတယ်ဆိုပေမယ့်် ဆံပင်ဆိုးဆေးတွေထဲမှာပါဝင်နေတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို စာဖတ်သူတွေသိရှိစေနိုင်ဖို့အတွက် လက်လှမ်းမီသလောက်မျှဝေပေးလိုက်ပါတယ်။

Allergy (ဓာတ်မတည့်ခြင််း)

ဆံံပင်ဖြူတွေကိုဖုံးကွယ်ဖို့ဖြစ်ဖြစ် (သို့) ဆံပင်အရောင်ပြောင်းချင်တာကြောင့်ဖြစ်ဖြစ် ဆံပင်ဆိုးတဲ့အခါ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေဖြစ်ပေါ်မှုကိုခံစားရနိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းခံတစ်ခုက paraphenylenediamine (သို့) P P D လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကြောင့်ဖြစ်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေက ဦးရေပြားယားယံတာ၊ အနီရောင်အကွက်တွေဖြစ်ပေါ်တာ၊ ဦးရေပြားရောင်ရမ်းတာ၊ ဗောက်ခပ်ပါးပါးထတာ၊ မျက်လုံးနဲ့မျက်ခွံတွေရောင်ကိုင်းလာတာ၊ မျက််လုံး၊နှာခေါင်းနဲ့ မျက်နှာတဝိုက်ကအရေပြား တွေကွာကျတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ဆံံသားပျက်စီးလွယ်ခြင်း

ဆံပင်ကိိုမကြာခဏဆိုသလို အရောင်ဆိုးနေမယ်ဆိုရင် ဆံပင်ဆိုးဆေးထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာမျိုးတွေ တွေ့ကြုံရနိုင်ပါတယ်။ ဆံပင်ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေက ဆံသားရဲ့ အစိုဓာတ်ကိုစုပ်ယူလိုက်တဲ့အခါ ဆံသားကခြောက်သွေ့ ပျက်စီးတာမျိုးတွေဖြစ်ပေါ်လာပါတယ်။ ဆံသားတောက်ပြောင်မှုလည်းကင်းမဲ့သွားစေပါတယ်။ ဆံပင်ဆိုးဆေးကြောင့်ပျက်စီးသွားတဲ့ ဆံသားတွေက ပြန်လည်ကောင်းမွန်လာဖို့မဖြစ်နို်င်ပါဘူးအခန့်မသင့်ရင် ဆံပင်တောင်ညှပ်ပစ်ရနိုင်ပါတယ်။

အရေပြားမှာ စပ်ဖျဉ်းဖျဉ််းဖြစ်စေနိုင်ခြင််း

ဆံပင်ဆိိုးဆေးတွေက အရေပြားဓာတ်မတည့်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို၊ အရေပြားမှာ အနီကွက်တွေဖြစ်ပေါ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အရေပြားအဖက်တွေကွာကျသလို ယားယံတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဆံပင်အရောက်မဆိုးခင် ၄၈ နာရီကြိုတင် စမ်းသပ်တာမျိုးလုပ်ဆောင်သင့်ပါတယ်။ အရေပြားပေါ်မှာ သုံးကြည့်လို့ ဓာတ်မတည့်မှုဖြစ်တယ်ဆိုရင် အဆိုပါဆံပင်ဆိုးဆေးကို မသုံးသင့်ပါဘူး။

ကင််ဆာ

ဓာတ်ခွဲခန်းတွေမှာ လုပ်ဆောင်ခဲ့တဲ့ လေ့လာစမ်းသပ်မှုတွေအရ ဆံပင်ဆိုးဆေးမှာပါတဲ့ P P D ကဒီအင်န်အေလ်ဆဲလ်တွေကို ပျက်စီးစေနိုင်သလို ကင်ဆာရောဂါလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ P P D ပါဝင်မှုနည်းတဲ့ဆံပင်ဆိုးဆေးတွေကတောင် အဆိုပါထိခိုက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာတွေ့ရတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ Resorcinol ကလည်း ကိုယ်တွင်း ဟော်မုန်းတွေကို ဟန်ချက်မညီဖြစ်စေပြီး ရင်သားကင်ဆာဖြစ်ပေးခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။

အရေပြားမှာ အဖုအပိမ့်တွေထွက််စေနိုင်ခြင်း

ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်သူတွေမှာ ဦးရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆံပင်ဆိုးဆေး အသုံးပြုတဲ့နေရာတိုင်း နဲ့ ထိတွေ့မိတဲ့ နေရာတိုင်းမှာ အဖုအပိမ့်တွေဖြစ်ပေါ်နိုင်ပါတယ်။ ထိုကဲ့သို့ ဓာတ်မတည့်မှုတွေခံစားရမယ်ဆိုရင် အရေပြားဆရာဝန်နဲ့ချက်ချင်းပြသပြီး ကုသမှုခံယူသင့်ပါတယ်။

ပန်းနာရင်ကျပ််ရောဂါ

လေ့လာမှုတွအရ ဆံပင်ဆိိုးဆေးတွေနဲ့ အထိတွေ့အများဆုံးဖြစ်တဲ့ ဆံပင်အလှပြုပြင်သူတွေမှာ အရေပြားဓာတ်မတည့်မှုတွေဖြစ်ပေါ်ခံစားရနိုင်ခြေ နဲ့ ပန်းနာရင်ကျပ်ဝေဒနာခံစားရနိုင်ခြေကပုံမှန်ထက်ပိုများနေပါတယ်။ ဆံပင်ဆိုးဆေးမှာပါတဲ့ P P D ကပန်းနာရင်ကျပ် ဖြစ်နိုင် ခြေကိုတိုးစေနိုင်သလို ဆံပင်အရောင်ချွတ်ရာမှာအသုံးပြုတဲ့ persulfates ကလည်း ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အဆိုပါ persulfates ကိုရှုရှိုက်မိတဲ့အခါ အသက်ရှုရခက်စေနိုင်ပါတယ်။

Hello Health