စက်ဘီး အစီး ငါးရာ လာလှူနေပြီဟုဆိုကာ ကျောင်းအုပ်ကြီးဆီက ငွေလိမ်သွား
ပေါက်ခေါင်းမြို့က အ.ထ.က ကျောင်းကို စက်ဘီးအစီး ၅၀၀ လှူမယ်လို့ဆိုပြီး ဒုမြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ကြီးတို့ဆီက ငွေလိမ်သွား
9 , October , 2019
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ.ထ.က ကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို အဖွဲ့အစည်းတခုက စက်ဘီးအစီး ၅၀၀ လှူဒါန်းမယ်လို့ပြောဆိုပြီး ဒုတိယမြို့နယ် ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာကြီးတိုဆီက ငွေလိမ်မှု မနေ့က ဖြစ်ပွားခဲ့တယ်လို့ ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရပါတယ်။
လိမ်လည်သူများမှာ စက်ဘီးများတင်ဆောင်လာသည့်ကားမှာ လမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွားနေလို့ လျှော်ကြေးပေးဖို့ လက်တလောငွေလိုသဖြင့် ငွေလွှဲပေးရန် ပြောဆိုတာကြောင့် Wave Money နဲ့ ၁၇၀၀၀၀ ကျပ်ကို လွှဲပေးခဲ့ပြီး၊ ဒုတိယအကြိမ် ၂ သိန်းထပ်မံလွှဲပေးရန်ပြောဆိုရာမှ သံသရဖြစ်လာပြီး ငွေလွှဲမပေးနိုင်တော့ကြောင်း ပြောဆိုပြီးနောက်၊ လိမ်လည်သွားသူတွေကို ဖုန်းဆက်သွယ်လို့မရတော့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး ဆရာကြီးဦးဝင်းဌေးက ရှင်းပြပါတယ်။
အခုလို အလိမ်ခံရမှုမျိုးထပ်မံမဖြစ်ပွားစေရန် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအား တိုင်း၊ ခရိုင်ပညာရေးမှူးရုံးတွေရဲ့ ခွင့်ပြုချက်မရပဲ လူပုဂ္ဂိုလ်တဦးကဖြစ်စေ၊ အဖွဲ့စည်းတခုကဖြစ်လာ လာရောက်လှူဒါန်းမှုများကို လက်မခံရညွှန်ကြားသွားမှာဖြစ်တယ်လို့ ပြည်ခရိုင်ပညာရေးမှူးရုံးမှသိရပါတယ်။
Source : မြေလတ်အသံ
Ye Htut Oo
Unicode
ပေါက််ခေါင်းမြို့က အ.ထ.က ကျောင်းကိို စက်ဘီးအစီး ၅၀၀ လှူမယ်လို့ဆိုပြီး ဒုမြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ကြီးတို့ဆီက ငွေလိမ်သွား
9 , October , 2019
ပဲခူးတိိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ.ထ.က ကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို အဖွဲ့အစည်းတခုက စက်ဘီးအစီး ၅၀၀ လှူဒါန်းမယ်လို့ပြောဆိုပြီး ဒုတိယမြို့နယ် ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာကြီးတိုဆီက ငွေလိမ်မှု မနေ့က ဖြစ်ပွားခဲ့တယ်လို့ ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရပါတယ်။
လိိမ်လည်သူများမှာ စက်ဘီးများတင်ဆောင်လာသည့်ကားမှာ လမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွားနေလို့ လျှော်ကြေးပေးဖို့ လက်တလောငွွေလိုသဖြင့် ငွေလွှဲပေးရန် ပြောဆိုတာကြောင့် Wave Money နဲ့ ၁၇၀၀၀၀ ကျပ်ကို လွှဲပေးခဲ့ပြီး၊ ဒုတိယအကြိမ် ၂ သိန်းထပ်မံလွှဲပေးရန်ပြောဆိုရာမှ သံသရဖြစ်လာပြီး ငွေလွှဲဲမပေးနိုင်တော့ကြောင်း ပြောဆိုပြီးနောက်၊ လိမ်လည်သွားသူတွေကို ဖုန်းဆက်သွယ်လို့မရတော့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး ဆရာကြီးဦးဝင်းဌေးက ရှင်းပြပါတယ်။
“ မနက် ရ နာရီလောက်က အဖွဲ့အစည်းတခုက ခွင့်ပြုချက်မရှိပဲ ပေါက််ခေါင်းအထက ကို စက်ဘီအစီးငါးရာလှူမယ်ပြောဆိုပြီး ငွေလိမ်တောင်းသွားတာပါ။ စက်ဘီးသယ်လာတဲ့ကားက လမ်းမှာ ယာဉ်တိုက်မှှုုဖြစ်ပွားလို့ အရေးပေါ်ငွွေလိုတယ်ဆိုပြီး Wave money နဲ့ငွေလွှဲခိုင်းလို့ တသိန်းခုနှစ်သောင်းကိုလွှဲပေးလိုက်ပြီး၊ ဒုတိယအကြိမ်ထပ်တောင်းတော့မှ ဒီလူတွေဟာလူလိမ်တွေမှန်းသိသွားတာပါ။” လို့ ဆရာကြီး ဦးဝင်းဌေးက ပြောပါတယ်။
အခုလိို အလိမ်ခံရမှုမျိုးထပ်မံမဖြစ်ပွားစေရန် ပြည်ခရိုင််အတွင်းရှိ မြို့နယ်များအား တိုင်း၊ ခရိုင်ပညာရေးမှူးရုံးတွေရဲ့ ခွင့်ပြုချက်မရပဲဲ လူပုဂ္ဂိုလ်တဦးကဖြစ်စေ၊ အဖွဲ့စည်းတခုကဖြစ်လာ လာရောက်လှူဒါန်းမှုများကို လက်မခံရညွှန်ကြားသွားမှာဖြစ်တယ်လိ်ို့ ပြည်ခရိုင်ပညာရေးမှူးရုံးမှသိရပါတယ်။
Source : မြေလတ်အသံံ
Ye Htut Oo
Be the first to comment
Leave a Reply
Your email address will not be published.
*