ပိုက်ဆံချေးထားပြီး ပြန်ဆပ်ဖို့ မေ့တဲ့အခါတိုင်း ဖတ်ရန်
ပိုက်ဆံချေးကြသူများ မှတ်သားရန်
ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင် နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာ ပြန်ပေးရပါမယ်။
၎-ိပိုက်ဆံချေးတဲ့အခါ ပေါက်ကရလေးဆယ်တွေကို ရွှန်းရွှန်းဝေအောင် လျှောက်မပြောပါနဲ့။ ကိုယ်ချေးချင်တဲ့ ပမာဏ၊ ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့ ပြန်ဆပ်မယ့်ပုံစံကိုသာ လိုတိုရှင်းပြောပါ။
၅- ကိုယ်ပစ်မှတ်ထားပြီး ပိုက်ဆံချေးလိုက်တဲ့သူဟာ ကိုယ်ချေးချင်သလောက် ရှိတဲ့သူ ဖြစ်ချင်မှဖြစ်ပါမယ်။ သူက မရှိဘူးလို့ ပြောရင် အဲ့ဒါကို အတည်ပဲမှတ်ပါ။ အားနာပြီး စိတ်ရှုပ်ရအောင် ထပ်ပြီး နားမပူပါနဲ့။
ကိုယ်လိုချင်သလောက်မရဘဲ သူပေးနိုင်သလောက်သာ ပေးရင်လည်း ထိုနည်းအတူပါပဲ။ ရသလောက်သာချေးပါ။
၇- ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ် မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာ
ပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ လူသတ်ချင် စိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။
၈- ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ် ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့။
ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊ မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာ အင်မတန်မှကို လူပါးဝရာကျပါတယ်။
၉- အဆိုးဆုံးက ကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကို ရန်သူလိုသဘောထားပြီး ရင့်ရင့်သီးသီးဆက်ဆံတာနဲ့ မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့ တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာပါပဲ။
၁၁- ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့ အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့ စိတ်ကို ချနင်းတာပါပဲ။
၁၂- တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာ အိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။
ဆိုတော့ကာ…
ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။
ခရစ်ဒစ်
Wai Phyo Maung
Unicode
ပိိုက်ဆံချေးကြသူများ မှတ်သားရန််
၁- ပိိုက်ဆံချေးမယ်ဆိုရင် ချေးမယ်လို့ပဲ ပြောလိုက်ပါ။ ဖြစ်ကြောင်းကုန်စဉ်ကို ဇာတ်စုံခင်းပြမနေပါနဲ့။
ကြာပါတယ်။ မဟုတ်လည်း ချေးမှာပဲကို။ ဆိုတော့ မရှိလို့ပဲချေးချေး၊ လက်လွန်နေလို့ပဲလှည့်လှည့် ပိုက်ဆံချေးတာဟာ ချေးတာပါပဲ။
၂- ပိိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိိပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ဘာမှမရှိလို့
ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင် နေရင်တောင် ချေးတဲ့သူူက အလိုက်တသိနဲ့ သေချာ ပြန်ပေးရပါမယ်။
၃- ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာအားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာ လုံးလုံးလျားလျားတာဝန်ရှိိသူဟာ လာချေးသူပါပဲ။
၄- ိပိုက်ဆံချေးတဲ့အခါ ပေါက်ကရလေးဆယ်တွေကိို ရွှန်းရွှန်းဝေအောင် လျှောက်မပြောပါနဲ့။ ကိုယ်ချေးချင်တဲ့ ပမာဏ၊ ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့ ပြန်ဆပ်မယ့်ပုံစံကိုသာ လိုတိိုရှင်းပြောပါ။
၅- ကိိုယ်ပစ်မှတ်ထားပြီး ပိုက်ဆံချေးလိုက်တဲ့သူဟာ ကိိုယ်ချေးချင်သလောက် ရှိတဲဲ့သူ ဖြစ်ချင်မှဖြစ်ပါမယ်။ သူက မရှိဘူးလိို့ ပြောရင် အဲ့ဒါကို အတည်ပဲမှတ်ပါ။ အားနာပြီး စိတ်ရှုပ်ရအောင်် ထပ်ပြီး နားမပူပါနဲ့။
ကိိုယ်လိုချင်သလောက်မရဘဲ သူပေးနိုင်သလောက်သာ ပေးရင်လည်း ထိုနည်းအတူပါပဲ။ ရသလောက်သာချေးပါ။
၆- အရေးကြီးဆုံးံအချက်ပါ။ သေချာပြန်ဆပ်ရပါမယ်။ ကိိုယ်ကတိပေးထားတဲ့အချိန်မှာ သေချာပေါက်ကိို ပြန်ဆပ်ရပါမယ်။
အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင်် ဆက်သွယ်ပြီး ရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။
၇- ချေးတုန််းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်် မေ့သလိို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာ
ပိိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ လူသတ်ချင်် စိိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။
၈- ချေးတုန််းကတောင် သတိတရနဲ့ သေတော့မတတ်် ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့။
ရူးချင်ယောင်ဆောင်ပြီး ဖုန််းပိတ်တာတွေ၊ မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာ အင်မတန်မှကိို လူပါးဝရာကျပါတယ်။
၉- အဆိိုးဆုံးက ကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိို ရန်သူလိုသဘောထားပြီး ရင့်ရင့်သီးသီးဆက်ဆံတာနဲ့ မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလိို့ တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာပါပဲ။
၁၀- သူပြန်တောင်းတဲ့အထိိ စောင့်မနေပါနဲ့။ ကိုယ်် ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေ ကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။
သူမေးလာတဲ့အထိိ စောင့်မနေပါနဲ့။ တခါတလေ သူတို့က မမေ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိိုက်ဆံကို တန်းသတိရပါတယ်။
အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါ။ လူလိုနားလည်ပါ။
၁၁- ပိိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲဲ့ အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲဲ့ စိိတ်ကို ချနင်းတာပါပဲ။
တော်တော်ယုတ်ညံ့တဲ့စိတ်ပါ။ ဆိုတော့ ချေးပေးမိတဲ့သူတွေက အားမနာကြပါနဲ့။ အချိန်တန်ရင် ကိုယ့်ပိုက်ဆံကို ပြန်တောင်းပါ။
၁၂- တကယ်တော့ ကိုယ့်ကိို ပိုက်ဆံချေးပေးတဲ့သူဆိုတာ အိိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။
အဲ့လိိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။ ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ ချစ်လို့ သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။
၁၃- ကတိိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။
မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသော မိိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ကောင်းပါတယ်။
ဆိုတော့ကာ…
ပိိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။
ခရစ်ဒစ်
Wai Phyo Maung