မြန်မာဘက်အခြမ်းသို့ ပေ ၆၀ ခန့် ကျူးကျော်၍ တရုတ်မြေတူး

နယ်စပ်တွင် တရုတ်က မြန်မာဘက်အခြမ်းသို့ ပေ ၆၀ ခန့် ကျူးကျော်၍ မြေတူးစက်ဖြင့် မြေသားမြောင်းတစ်ခု တူးခဲ့

နမ့်ခမ်း၊ အောက်တိုဘာ ၁၆၊ တရုတ်နိုင်ငံဘက်မှ အရပ်ဝတ်လူ ၄ ဦး ခန့်သည် မြန်မာ့ပိုင်နက်အခြမ်းသို့ ပေ ၆၀ ခန့်ကျူးကျော်ကာ မြေတူးစက်တစ်စီးဖြင့် မြေသားမြောင်းတစ်ခု တူးဖော်ခဲ့သဖြင့် မြန်မာဘက်က ကန့်ကွက်စာပေးပို့ထားကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်သည် အောက်တိုဘာ ၉ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ မြန်မာ-တရုတ်နယ်စပ် ၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စု နောင်ခမ်းကျေးရွာအနီး နယ်နမိတ်မှတ်တိုင် BP 57 နှင့် BP 58 အကြားရှိ နောင်တောင်းမြို့အဝင်လမ်းဘေးတစ်နေရာတွင် ဖြစ်ပွားခြဲ့ခင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်အခြမ်းမှ အရပ်ဝတ် ဝတ်ဆင်ထားသော လူ ၄ ဦးသည် မြေတူးစက်တစ်စီးဖြင့် အလျား ပေ ၁၀၀၊ အနက် ၈ ပေ၊ အကျယ် ၁၀ ပေခန့်ရှိသော မြေသားမြောင်း ကိုတူးဖော်သွားခြင်းဖြစ်ကြောင်း သွားရောက်စစ်ဆေးခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့မှ သတင်းတမန်က စုံစမ်းသိရှိရပါတယ်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီပြည်ပရေးရာဌာန ဌာနမှူး ထံသို့ ကန့်ကွက်ကြောင်း အကြောင်းကြားစာပေးပို့ထားကြောင်း သိရပါတယ်။

နှစ်နိုင်ငံနယ်စပ်မျဉ်းနှင့်ကပ်လျက် မြေသားမြောင်းတူးဖော်ရာတွင် တစ်ဘက်နှင့်တစ်ဘက် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ တူးဖော်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်အခြမ်းသို့ ပေ ၆၀ ခန့် ဝင်ရောက်တူးဖော်ထားကြောင်း ၊ ယင်းအတွက် နှစ်နိုင်ငံချစ်ကြည်ရေးကိုအလေးထား၍ အဆိုပါလုပ်ရပ်ကို ကန့်ကွက်ပါကြောင်း ကန့်ကွက်စာထဲ၌ ထည့်ရေးထားသည်ဟုသိရပါတယ်။

ရှမ်းပြည်နယ် ရှိ မြန်မာ-တရုတ် နယ်စပ်မျဉ်းတစ်လျှောက်တွင် တရုတ်ဘက်က မြန်မာဘက်အခြမ်းသို့ ယင်းသို့မကြာခဏ ဝင်ရောက်ဆောင်ရွက်မှုများရှိခဲ့ရာ မကြာခဏဆိုသလိုပင် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ဖူးပါတယ်။

သတင်းတမန်

Unicode

နယ်စပ်တွင်် တရုတ်က မြန်မာဘက်အခြမ်းသို့ ပေ ၆၀ ခန့်် ကျူးကျော်၍ မြေတူးစက်ဖြင့် မြေသားမြောင်းတစ်ခု တူးခဲ့

နမ့်ခမ််း၊ အောက်တိုဘာ ၁၆၊ တရုတ်နိုင်ငံဘက်မှ အရပ်ဝတ်လူ ၄ ဦး ခန့်သည် မြန်မာ့ပိုင်နက်အခြမ်းသို့ ပေ ၆၀ ခန့်ကျူးကျော်ကာ မြေတူးစက်တစ်စီးဖြင့် မြေသားမြောင်းတစ်ခု တူးဖော်ခဲ့သဖြင့် မြန်မာဘက်က ကန့်ကွက်စာပေးပို့ထားကြောင်း သိရပါတယ်။

အဆိိုပါဖြစ်စဉ်သည် အောက်တိုဘာ ၉ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ မြန်မာ-တရုတ်နယ်စပ် ၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စု နောင်ခမ်းကျေးရွာအနီး နယ်နမိတ်မှတ်တိုင် BP 57 နှင့် BP 58 အကြားရှိ နောင်တောင်းမြို့အဝင်လမ်းဘေးတစ်နေရာတွင် ဖြစ်ပွားခြဲဲ့ခင်းဖြစ်ပါတယ်။

တရုတ််နိုင်ငံဘက်အခြမ်းမှ အရပ်ဝတ် ဝတ်ဆင်ထားသော လူ ၄ ဦးသည် မြေတူးစက်တစ်စီးဖြင့် အလျား ပေ ၁၀၀၊ အနက် ၈ ပေ၊ အကျယ် ၁၀ ပေခန့်ရှိသော မြေသားမြောင််း ကိုတူးဖော်သွားခြင်းဖြစ်ကြောင်း သွားရောက်စစ်ဆေးခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့မှ သတင်းတမန်က စုံစမ်းသိရှိရပါတယ်။

အဆို မြေသားမြောင်းကို သွားရောက်စစ်ဆေးကြည့်ရာ မြန်မာ-တရုတ်နယ်စပ်မျဉ်းမှ မြန်မာဘက်အခြမ်းသို့ ပေ ၆၀ ခန့် ဝင်ရောက်နေကြောင်း ခန့်မှန်းတွေ့ရှိရသည်ဟုသိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီပြည်ပရေးရာဌာန ဌာနမှူး ထံသို့ ကန့််ကွက်ကြောင်း အကြောင်းကြားစာပေးပို့ထားကြောင်း သိရပါတယ်။

နှစ်နိုင်ငံနယ်စပ်မျဉ်းနှင့်ကပ်လျက် မြေသားမြောင်းတူးဖော်ရာတွင် တစ်ဘက်နှင့််တစ်ဘက် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ တူးဖော်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်အခြမ်းသို့ ပေ ၆၀ ခန့် ဝင်ရောက်တူးဖော်ထားကြောင်း ၊ ယင်းအတွက် နှစ်နိုင်ငံချစ်ကြည်ရေးကိုအလေးထား၍ အဆိုပါလုပ်ရပ်ကို ကန့်ကွက်ပါကြောင်း ကန့်ကွက်စာထဲ၌ ထည့်ရေးထားသည်ဟုသိရပါတယ်။

ရှမ်းပြည်နယ်် ရှိ မြန်မာ-တရုတ် နယ်စပ်မျဉ်းတစ်လျှောက််တွင် တရုတ်ဘက်က မြန်မာဘက်အခြမ်းသို့ ယင်းသို့မကြာခဏ ဝင်ရောက်ဆောင်ရွက်မှုများရှိခဲ့ရာ မကြာခဏဆိုသလိုပင် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ဖူးပါတယ်။

သတင်းတမန််