ကိုယ်ပျောက်ကားကြီးများ သယ်ဆောင်သွားသော ဆေးနှုန်းကပ်ရောင်းချခြင်းခံနေရသော မြန်မာ့ အဖိုးတန်ရတနာများ

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းလက်ရာ ဆင်းတုတော်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို တရုတ်ပြည်သို့ နေ့စဉ် ကားကြီးတွေနဲ့ သယ်ပို့်နေတာကို ဝါရှောင် ဆရာတော်ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ရှိခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်တွေကို ဆရာတော်က ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဲဒီပုံများနဲ့ ဆရာတော်ရဲ့ ခံစားချက်များကို ပြန်လည် ဖော်ပြလိုက်ပါတယ် ခင်ဗျာ-

ဒီနေရာကတော့!မြစ်ကြီးနားကနေ လွယ်ဂျယ်လမ်း အတက်အဆင်းမှာ တွေ့ရတဲ့ အိမ်နီးချင်းနိုင်ငံက နံပါတ်ပျောက် စတိုင်လ်သစ်ကားကြီးတွေပေါ့! ကိုယ်တိုင်မြင် ကိုယ်တိုင်ရိုက် လက်ရာပါ

ဝါရှောင် ကိုယ့်ကျောင်းဝင်းကနေ မနက် ၆နာရီခန့် လမ်းလျှောက်ထွက် နံပါတ်ပျောက် ကားတန်းတွေ့ ဓါတ်ပုံရိုက်ပြီး တင်လိုက်တာ လူတွေစိတ်ဝင်တစား ရှဲတာမြင်တာနဲ့ဒီစာပုံလေးတွေကို တင်ပြဖြစ်ခဲ့ရ ပြီပေါ့ အခုတွေ့ရတဲ့ပုံ နေရာကတော့ တရုတ်ပြည် မန်စီမြို့ ကောင်းမူးခမ်း ခေါ် ကောင်းမူးရေ့ယက် ရေ့ယက်က မြက်ခင်း ကောင်းမူးက စေတီ! မြက်ခင်းစေတီပေါ့!စေတီရဲ့အတွင်းပိုင်းပုံရိပ်ပါ ဒါနဲ့ နံပါတ်ပျောက် ကားကြီးတန်း မိုးကာအလုံပိတ်တွေနဲ့ဒီဘုရားနဲ့က ဘာဆိုင်သလဲ? ရှင်းသွားပါလိမ့်မယ် အခု ဖူးတွေ့နေရတဲ့ ရှေးဟောင်းမြန်မာ့လက်ရာ ဘုရားဆင်းတုတွေဟာအများဖူးဖို့ မဟုတ်ပဲ တံဆိပ်ကပ် ဈေးကွက်တင် အရောင်းခံနေရတဲ့ ဘုရားတွေပါ

မြန်မာပြည်မှာတောင် မဖူးတွေ့ရတော့တဲ့ ဘုရားများပါ အင်မတန် လက်ရာမြောက်တဲ့ ရှားပါး ဆင်းတုတော်နဲ့ သာသနာအသုံးအဆောင် မှန်စီရွှေချ (ရွှေအစစ်) မြန့်မာ့အနုလက်ရာတွေပါ။

ဒီလောက်များတဲ့ ဘုရားတွေ တရုပ်ပြည်ကို ဘယ်လမ်းက ကြွလာသလဲ? မြန်မာပြည်သားတွေ!ခိုးပင့်လာသလား? ထိရှ ပွန်းပဲ့ မရှိဘဲ သပ်ရပ်စွာ ရောက်လာတာ ဘာ ယာဉ်နဲ့ပင့်လာသလဲ

အိမ်နီးချင်းနိုင်ငံက မြန်မာပြည်ကို ဝင်ထွက်နေတဲ့ နံပါတ်ပျောက် မိုးကာလုံ ကားကြီးတွေနဲ့ မိတ်ဆွေနိုင်ငံက လုံခြုံစွာ ပင့်သွားတာလား? ပြီးခဲ့တဲ့၁၀ရက်ကျော်ကဆိုင်လှော် ဆဒုံးလမ်းဆုံမှာ ဖရဲသီးတင် နံပါတ်ပျောက်ကားကြီးထဲမှာ နွားတွေကို စစ်ဆေးတွေ့ရှိပါသေး သတဲ့လေ

ဘုရားများနဲ့ရှေးအနုလက်ရာတွေ အားလုံးကို တံဆိပ်ကပ် ရောင်းချနေကြတာပါ! ဈေးနှုန်းတွေကတော့ ယွမ် ၂သောင်းခွဲကစပြီး ယွမ် ၅/၆သောင်းလောက်အထိ ရှိပါတယ်

နံပါတ်ပျောက် မိုးကာခြုံကားကြီးတွေဟာ ကိုယ်တို့ဆီက ဘာယူသွားမှန်းလဲ?မသိ!! ဘာတွေ သယ်လာမှန်းလဲ?မသိ! ကိုယ်တို့ဆီက လမ်းပျက်သွားတာတော့ သိတယ်! မိန်းခလေးတွေ ပျောက်သွားတာတော့ သိတယ်! (သစ်ထွင်းပုံတော့ မဆိုင်ပါ)

ကြည့်စမ်းပါဦး!လူကုန်ကူးမှု မဟုတ်ဘူး! ဘုရားကုန်ကူးမှု ကျူးလွန်ခံနေရတာ! ရင်နာစရာ!ကြားဖြတ် သတိရတာလေး! ပြီးခဲ့တဲ့ ၃လပိုင်းက!မြစ်ဆုံကိစ္စအတွက်! ဒေသခံ တိုင်းရင်းသားတွေကို ဘေဂျင်းမြို့ကို အလည်ခေါ်ပြီး စီမံကိန်းဆက် လုပ်သင့်ကြောင်း စည်းရုံးခဲ့သေး

ပုံမထပ်အောင် ရိုက်ခဲ့တာပါ!၁/၂ပုံလောက်ပဲ ထပ်ပါလိမ့်မယ်!ဒါကတော့ ဘုရားကိစ္စ! လူကိစ္စက သူတို့ စီမံကိန်း ၁ခုဖြစ်တဲ့ မိုးပျံရထား ဖောက်လုပ်ရေးအတွက် လူအင်အားလိုလို့ အလုပ်သွားလုပ်တဲ့ မြန်မာလူတွေကို အကြောင်း ရှာပြီး ဖမ်းကာ ရက်စက်စွာ ခိုင်းထားတဲ့လူ ၁သောင်းကျော်ခန့်ရှိတယ်တဲ့! အပြစ်ရှာတာက စာအုပ်စစ်မယ် မရှိရင် ဖမ်း! စာအုပ်ပြည့်စုံရင်!ဆီးစစ်ပြီး မူးယစ်မှုနဲ့ဖမ်း သတဲ

အခုရေးပြနေတာဟာ!ကားနဲ့ဘုရားကို ကိုယ်တိုင် မြင်တွေ့ဆက်စပ်ပြီးရေးတာ!အဖမ်းခံရတဲ့ကိစ္စက ဒေသခံလိုက်ပို့သူ ရှင်းပြတာပါ! မိုးပျံရထားတံတားက!ခွေးမြင့်(ကူမင်း)ကနေ ရွှေလီအထိ ဖောက်နေတာပါ!!အဖမ်းခံရတဲ့ မိန်းခလေး ၁ယောက် ပင်ပန်း မခံနိုင်တော့လို့ အစောင့်ကို ကျောက်လှဲ့နဲ့ထိုး ထွက်ပြေးတာ ဝိုင်းဖမ်းမိတော့…!ထွက်ပြေးတဲ့သူတွေ ဒီလို ခံရမယ်တဲ့! အိမ်နီးချင်းမိတ်ဆွေတွေရဲ့ဆက်ဆံရေးလေးပေါ့!

ဆိုလိုရင်းက!ကိုယ်တို့နိုင်ငံကို အိမ်နီးချင်းမိတ်ဆွေ တွေက!ကြက်ဥအတု ဆန်အတု အစားအစာအတု စိတ်ဓါတ်အတုတွေနဲ့ဆက်ဆံ!တကယ့်ကို အပေါစား!ပိုက်ဆံငတ်တဲ့နိုင်ငံ!အသုံးမကျ ဂရုစိုက်စရာ မလိုတဲ့လူတွေလို ပြုမူဆက်ဆံနေတာ ရင်နာစရာ

သေနတ် ၁ချက်မှ မဖောက်ဘဲ နိုင်ငံသိမ်းစီမံကိန်းနဲ့ ညှင်းဆဲ မျှင်းနေနတယ်လို့ ခံစားနေရပါတယ်! ဒီဘုရားတွေကို ဘယ်သူတွေရောင်းတာလဲလို့ မေးကြည့်တော့!ဂေါပကအဖွဲ့က ရောင်းတာတဲ့! (ပြင်ဆင်ချက်။)နားလည်မှုလွဲနိုင်လို့ပါ ဘုရားရောင်းနေတဲ့ ခလေးမကို မေးတာ!ဒီဘုရားတွေကို စီးပွားရေးသမား တွေက လာရောင်းတာလား? ဒီဘုရားက တာဝန်ရှိသူတွေ ရောင်းတာလား?မေးတော့ တာဝန်ရှိ လူကြီးတွေ ရောင်းတာလို့ ပြောတာကို မြန်မာအခေါ်နဲ့(ဂေါပက)လို့ ရေးလိုက်ခြင်းပါ! အနူးအညွှတ်တောင်းပန်ပါတယ်! သည်းခံပေးကြပါ

လူကိုယူသည် မြေကိုယူသည်!ဖရဲစစ်တပ်နဲ့ မြေသိမ်းသည်!ငှက်ပျောလက်နက်နဲ့ ကျွန်ပြုသည်! နောက်ဆုံး ဘုရားကိုတောင် ခိုးချရောင်းသည်

ကိုယ့်စကား ကိုယ်တာဝန်ယူပါသည်! ကိုယ်တိုင် မြင်တွေ့ကြားသိခဲ့သမျှတွေကိုသာ တင်ပြခြင်းပါ!

ဘယ်သူမှားသလဲဆိုတာထက်!ဘယ်ဟာမှားနေသလဲ?လို့!မင်းနဲ့ပြည်သူစိတ်ထားတူ မရှာဖွေကြဘူး ဆိုရင်တော့!! တိုင်းရင်းသားပြည်သူတွေ ဒီဘဝက လွတ်မြောက်နိုင်ပါ့ဦးမလား

မင်းနဲ့ပြည်သူ ရဟန်းရှင်လူ ရည်တူစိတ်ထား ကြည်ဖြူစွာ လက်တွဲကာကွယ်!ဒို့တိုင်းနိုင်ငံရဲ့ ဒုက္ခအန္တရာယ်တွေကိုကွယ်!! “ဗုဒ္ဓ ကယ်ပါ့်ဘုရား!ဒုက္ခတွေကများ” မြန်မာပြည်သား ဘဝမှာ မငြိမ်းချမ်း ဆူးခင်းသော လမ်း

ဝါရှောင်ဆရာတော်