ပြန်လည်ခုခံသည့် လူသတ်တရားခံအား ရဲမှ အသေပစ်ခတ်ဖမ်းဆီးခဲ့ရ

ရဲကိုပြန်လည်ခုခံသည့် လူသတ်သမားအား အသေပစ်ခတ်ဖမ်းဆီး

ဖြူး၊ အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့အနောက် ၃ မိုင်ခန့်အကွာ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းနယ်မြေရဲစခန်းအပိုင်၌ ဖြစ်ပွားခဲ့သော လူသတ်မှုမှ အဓိက ပြစ်မှုကျူးလွန်သူရောက်ရှိနေကြောင်းသတင်းအရ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့၊ ညောင်ပင် သာ၊ ကညွှတ်ကွင်းနယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူး လွန်သူက စကေဘာဖြင့်ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့်အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အမှုမှာ အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်ခန့် တောကျွဲအင်း မြို့အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ အိုင်တုံကွင်းသစ်တောကြိုးဝိုင်းအတွင်း၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်း ဦးစီးအဖွဲ့သည်

တောကျွဲအင်း၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်ရပ်ကိုသွားရောက်စစ်ဆေးခဲ့ရာ စိုင်းကျော်(ခ)စန်းကျော် ၃၀ နှစ်၊ ဇေယျာသီရိ(၁)ရပ်ကွက်၊ ညောင်ပင်သာမြို့နေသူသည် လည်ဂုတ်တွင် ၄ လက်မခန့်ရှိ ပြတ်ရှဓားဒါဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်ကိုဆက်လက်စုံစမ်းခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်အချိန် မိုးစက် ၂၅ နှစ်၊အကိုဖြစ်သူ စိုင်းကျော်(ခ)စန်းကျော် ညောင်ပင်သာမြို့၊ ချစ်ထွေး၊ ဦးအောင်စိန် စိမ့်ကြီးကျေးရွာ၊ ကျီးမနိုးအုပ်စု၊ ဖြူးမြို့နယ်နေသူတို့ ၄ ဦး သည် တောင်ပေါ်ဒေသတွင် သစ်တောဆိုင်းဘုတ်များတပ်ဆင်ရန် လိုအပ်သော ပစ်္စည်းများကို ဝါးဖောင် ဖြင့်တင်၍ ချောင်းအတိုင်းထွက်ခွာလာစဉ်

ထွန်းနိုင်ဦး ၃၉ နှစ်၊ မင်းလမ်းကူးကျေးရွာ၊ ကျော်ဟိန်း ၄၅ နှစ်၊ ရင်ကြည် ၄၀ နှစ်၊ စိမ့်ကြီးကျေးရွာ၊ ဖြူးမြို့နယ်နေသူတို့သုံးဦးကလမ်းကြုံလိုက်ပါလာခဲ့ကြကြောင်း၊ ထို့သို့လမ်းကြုံလိုက်ပါလာစဉ် ထွန်းနိုင်ဦး တို့သုံးဦးအဖွဲ့မှ ””ပစ္စည်းများကူသယ်ပေးရမလား အလကား တော့မရဘူး” စနောက်ပြောဆိုခဲ့ကြောင်း၊

ထို့နောက် မိုးစက် ပါ ၄ ဦးအဖွဲ့မှ ပစ်္စည်းများကိုကိုယ်စီသယ်၍ တောင်ပေါ်ကိုတက်ခဲ့ကြပြီး လမ်းတစ်ဝက်အရောက် စိုင်းကျော်(ခ)စန်းကျော် မှ ဖောင်ပေါ်တွင်ပြောသည့် စကားကိုမကျေမနပ်ဖြစ်ကာ နောက်ကြောင်းပြန်လည့်သွားခဲ့သဖြင့် ညီဖြစ်သူ မိုးစက် မှနောက်ကလိုက် သွားခဲ့ရာ

တောင်အောက် ကွန်းချောင်းနံဘေးတွင် ထွန်းနိုင်ဦး တို့အဖွဲ့နှင့် ရန်ဖြစ်စကားများ ထိုးကြိတ်လုံး ထွေးနေစဉ် ထွန်းနိုင်ဦး ကအသင့်ပါလာသည့် ဓားဖြစ်ခုတ်ပြီးထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

အဆိုပါအမှုဖြစ်စဉ်အား တောကျွဲအင်းနယ်မြေရဲစခန်းမှ ထွန်းနိုင်ဦး ပါသုံးဦးအား (ပ)၁၄၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှုဖွင့်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအနက် ရင်ကြည်အား

စိမ့်ကြီးရွာလမ်းပေါ်မှလည်းကောင်းဖမ်းဆီးရမိခဲ့ပြီး ကျော်ဟိန်းသည် ပဲခူးရိုးမတောတွင်းသို့လည်းကောင်း၊ အဓိကပြစ်မှုကျူးလွန်သူ ထွန်းနိုင်ဦးမှာလည်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာမှ

အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်းအခ်ျိန် ကညွှတ်ကွင်းမြို့၊ အနောက်ဘက် ၃ မိုင်ခန့်အကွာ မင်းလမ်းကူးကျေးရွာ အုပ်စု၊ ရွာကန့်လန့်ကျေးရွာရှိ ယောက်္ခမတော်သူ၏နေအိမ်တွင်ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးစဉ်

စကေဘာဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ကညွှတ်ကွင်းနယ်မြေရဲစခန်းမှ ရဲတပ်သား သန့်ဇင်အောင်၌ ဝဲယာလည်ပင်း စူးဝင်ဒါဏ်ရာရရှိ၍ သေနတ်ဖြင့်အသေပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ကိုလွင်(ဆွာ)

Unicode

ရဲဲကိုပြန်လည်ခုခံသည့် လူသတ်သမားအား အသေပစ်ခတ််ဖမ်းဆီး

ဖြူး၊ အောက်တိိုဘာ ၁၈

ပဲခူးတိိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့အနောက် ၃ မိုင်ခန့်အကွာ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းနယ်မြေရဲစခန်းအပိုင်၌ ဖြစ်ပွားခဲ့သော လူသတ်မှုမှ အဓိက ပြစ်မှုကျူးလွန်သူရောက်ရှိနေကြောင်းသတင်းအရ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့၊ ညောင်ပင် သာ၊ ကညွှတ်ကွင်းနယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူး လွန်သူက စကေဘာဖြင့်ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့်အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အမှုမှာ အောက်တိိုဘာ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်ခန့် တောကျွဲအင်း မြို့အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ အိုင်တုံကွင်းသစ်တောကြိုးဝိုင်းအတွင်း၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်း ဦးစီးအဖွဲ့သည်

တောကျွဲအင်း၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်ရပ်ကိုသွားရောက်စစ်ဆေးခဲ့ရာ စိုင််းကျော်(ခ)စန်းကျော် ၃၀ နှစ်၊ ဇေယျာသီရိ(၁)ရပ်ကွက်၊ ညောင်ပင်သာမြို့နေသူသည် လည်ဂုတ်တွင် ၄ လက်မခန့်ရှိ ပြတ်ရှဓားဒါဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်ကိုဆက်လက်စုံစမ်းခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်အချိိန် မိုးစက် ၂၅ နှစ်၊အကိုဖြစ်သူ စိုင်းကျော်(ခ)စန်းကျော် ညောင်ပင်သာမြို့၊ ချစ်ထွေး၊ ဦးအောင်စိန် စိမ့်ကြီးကျေးရွာ၊ ကျီးမနိုးအုပ်စု၊ ဖြူးမြို့နယ်နေသူတို့ ၄ ဦး သည် တောင်ပေါ်ဒေသတွင် သစ်တောဆိုင်းဘုတ်များတပ်ဆင်ရန် လိုအပ်သော ပစ်္စည်းများကို ဝါးဖောင် ဖြင့်တင်၍ ချောင်းအတိုင်းထွက်ခွာလာစဉ််

ထွန်းနိိုင်ဦး ၃၉ နှစ်၊ မင်းလမ်းကူးကျေးရွာ၊ ကျော်ဟိန်း ၄၅ နှစ်၊ ရင်ကြည် ၄၀ နှစ်၊ စိမ့်ကြီးကျေးရွာ၊ ဖြူးမြို့နယ်နေသူတို့သုံးဦးကလမ်းကြုံလိုက်ပါလာခဲ့ကြကြောင်း၊ ထို့သို့လမ်းကြုံလိုက်ပါလာစဉ် ထွန်းနိုင်ဦး တို့သုံးဦးအဖွဲ့မှ ””ပစ္စည်းများကူသယ်ပေးရမလား အလကား တော့မရဘူး” စနောက်ပြောဆိုခဲ့ကြောင်း၊

ထိို့နောက် မိုးစက် ပါ ၄ ဦးအဖွဲ့မှ ပစ်္စည်းများကိုကိုယ်စီသယ်၍ တောင်ပေါ်ကိုတက်ခဲ့ကြပြီး လမ်းတစ်ဝက်အရောက် စိုင်းကျော်(ခ)စန်းကျော် မှ ဖောင်ပေါ်တွင်ပြောသည့် စကားကိုမကျေမနပ်ဖြစ်ကာ နောက်ကြောင်းပြန်လည့်သွားခဲ့သဖြင့် ညီဖြစ်သူ မိုးစက် မှနောက်ကလိိုက် သွားခဲ့ရာ

တောင်အောက် ကွန်းချောင်းနံဘေးတွင် ထွွန်းနိုင်ဦး တို့အဖွဲဲ့နှင့် ရန်ဖြစ်စကားများ ထိုးကြိတ်လုံး ထွေးနေစဉ် ထွန်းနိုင်ဦး ကအသင့်ပါလာသည့် ဓားဖြစ်ခုတ်ပြီးထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

အဆိိုပါအမှုဖြစ်စဉ်အား တောကျွဲအင်းနယ်မြေရဲစခန်းမှ ထွန်းနိုင်ဦး ပါသုံးဦးအား (ပ)၁၄၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှုဖွင့်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအနက်် ရင်ကြည်အား

စိ်မ့်ကြီးရွာလမ်းပေါ်မှလည်းကောင်းဖမ်းဆီးရမိခဲ့ပြီး ကျော်ဟိန်းသည် ပဲခူးရိုးမတောတွင််းသို့လည်းကောင်း၊ အဓိကပြစ်မှုကျူးလွန််သူ ထွန်းနိုင်ဦးမှာလည်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာမှှ

အောက်တိိုဘာ ၁၇ ရက်နေ့ ညနေပိုင်းအချ်ိိန် ကညွှတ်ကွင်းမြို့၊ အနောက်ဘက် ၃ မိုင်ခန့်အကွာ မင်းလမ်းကူးကျေးရွာ အုပ်စု၊ ရွာကန့်လန့်ကျေးရွာရှိ ယောက်္ခမတော်သူ၏နေအိမ်တွင်ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးစဉ်

စကေဘာဖြင့်် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ကညွှတ်ကွင်းနယ်မြေရဲစခန်းမှ ရဲတပ်သား သန့်ဇင််အောင်၌ ဝဲယာလည်ပင်း စူးဝင်ဒါဏ်ရာရရှိ၍ သေနတ်ဖြင့်အသေပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ကိုလွင်(ဆွာ)