အကယ်ဒမီပေးပွဲ ကျင်းပမည့်နေ့ရက် လျာထားချက်

အကယ်ဒမီပေးပွဲ မတ် ၂၉ ရက်မှာ ကျင်းပဖို့ လျာထား

၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၂၉ ရက်မှာ ကျင်းပဖို့ လျာထားတယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကပြောပါတယ်။

ပွဲကျင်းပမယ့်နေရာကိုလည်း ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့ ခွင့်ပြုချက်တင်ထားတယ်လို့ ၎င်းကဆိုပါတယ်။

အကယ်ဒမီပေးပွဲသက်တမ်းတစ်လျှောက် ပြည်သူ့ရင်ပြင်မှာ ၂၀၁၆ အကယ်ဒမီပေးပွဲ တစ်ပွဲတည်းသာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ က တစ်နှစ်တာအတွင်း ရုံတင်ပြသတဲ့ ဇာတ်ကား အများဆုံး နှစ်တစ်နှစ်ဖြစ်ပြီး အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ၉၇ ကားအထိ ရှိပါတယ်။

ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က ဆုရွေးချယ်ရေးအတွက် နိုဝင်ဘာ လလယ်ပိုင်းကတည်းက ဇာတ်ကားတွေကို ပထမအဆင့် ကြည့်ရှုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆန်ကာတင် ၂၉ ကားရွေးချယ်ထား တယ်လို့ ဦးညီညီထွန်းလွင်ကပြောပါတယ်။

ဒီနှစ် အကဲဖြတ်အဖွဲ့မှာ အဓိကသရုပ်ဆောင် အလွှာ အတွက် ရန်အောင် ၊လွင်မိုး ၊ မျိုးသန္တာထွန်း တို့ ပါဝင် ခဲ့ပါတာကြောင့် ဒီနှစ်အကယ်ဒမီက ပရိသတ်တွေရဲ့ ခန့်မှန်းချက်တွေနဲ့ နီးစပ်မလားဆိုတာကိုတော့ ပရိသတ်တွေစိတ်ဝင်စားနေကြပါတယ်။

သတင်းထောက်- ဇွဲဉာဏ်

7day

Unicode

အကယ်ဒမီပေးပွဲ မတ်် ၂၉ ရက်မှာ ကျင်းပဖို့ လျာထား

၂၀၁၉ ခုနှစ်အတွက်် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၂၉ ရက်မှာ ကျင်းပဖိို့ လျာထားတယ်လိို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီီထွန်းလွင်ကပြောပါတယ်။

ပွဲကျင်းပမယ့်နေရာကိုလည်း ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့ ခွင့်ပြုချက်တင်ထားတယ်လိို့ ၎င်းကဆိုပါတယ်။

အကယ်ဒမီပေးပွဲသက်တမ်းတစ်လျှောက်် ပြည်သူ့ရင်ပြင်မှာ ၂၀၁၆ အကယ်ဒမီီပေးပွဲ တစ်ပွဲတည်းသာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ က တစ်နှစ်တာအတွင်း ရုံံတင်ပြသတဲ့ ဇာတ်ကား အများဆုံး နှစ်တစ်နှစ်ဖြစ်ပြီး အကယ်ဒမီစာရင်းဝင်် ရုပ်ရှင် ၉၇ ကားအထိ ရှိပါတယ်။

ရုပ်ရှင်ထူးချွန်ဆု စိိစစ်အကဲဖြတ်ရေးအဖွဲ့က ဆုရွေးချယ်ရေးအတွက် နိုဝင်ဘာ လလယ်ပိုင်းကတည်းက ဇာတ်ကားတွေကို ပထမအဆင့် ကြည့်ရှုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆန်ကာတင် ၂၉ ကားရွေးချယ်ထား တယ်လို့ ဦးညီညီထွန်းလွင်ကပြောပါတယ်။

ဒီနှစ် အကဲဖြတ်အဖွဲ့မှာ အဓိိကသရုပ်ဆောင် အလွှာ အတွက် ရန်အောင်် ၊လွင်မိုး ၊ မျိုးသန္တာထွန်း တို့ ပါဝင် ခဲ့ပါတာကြောင့် ဒီနှစ်အကယ်ဒမီက ပရိသတ်တွေရဲ့ ခန့်မှန်းချက်တွေနဲ့ နီးစပ်မလားဆိုတာကိုတော့ ပရိသတ်တွေစိတ်ဝင်စားနေကြပါတယ်။

သတင်းထောက်- ဇွဲဉာဏ််

7day