ဥာဏ်နှင့်သာ ချစ်ပါ

တဏှာ ချစ် နှင့် ဉာဏ်ချ စ် —

ဝိပဿနာ အလုပ်ဆိုတာ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ်အဖြင့် မြတ်စွာဘုရားသည် လမ်းပြပေးခဲ့ပြီး ဖြစ်လေ၏။ လောကကြီးမှာ ကိုယ့်ကိုယ်ကို လွတ်မြောက်နိုင်တဲ့ တရားပါသလားကြည့်၊ ပါတယ်ဆိုရင် အဲဒီဘာသာ ကိုးကွယ်ထိုက်တယ်လို့မှတ် ဟုလည်း သုဘဒ္ဒါ ပုရပိုက်ကြီးကို နောက်ဆုံးချိန်ထိ ဆုံးမခဲ့သေး၏။

ကိုယ့်ကိုယ်ကို လွတ်မြောက်နိုင်တဲ့ တရားက မဂ္ဂင်ရှစ်ပါး ပါပဲ။ မဂ္ဂင်ထိုက်တဲ့တရား ပါတဲ့ဘာသာ၊ ဗုဒ္ဓဘာသာကလွဲပြီး ဘယ်ဘာသာမှာမှ မရှိဘူး။ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ်ကိုမှ သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် မအားသေးလို့ မလုပ်နိုင်သေးပါဘူး ဆိုရင် ကိုယ့်ကိုယ်ကို မချစ်ရာ၊ မသနားရာ၊ မကယ်တင်ရာ ရောက်ပါတယ်။ လောကကြီးမှာ လူသားတွေဟာ ပါးစပ်ကနေ မည်သို့ပင် ဆိုနေစေကာမူ မိမိကိုယ်သာ အချစ်ဆုံးပါဘဲ၊ ဘယ်သူမှ လိုက်မသေသလို သေရင် မြန်မြန် ပြစ်ဖို့သာ စဉ်းစားကြ စမြဲပါပဲ။

မသေခင်သာ ဘာဖြစ်တယ်၊ ဘယ်လောက်ဖြစ်တယ်နဲ့ လိမ်ညာပြောနေတာကိုပဲ ကျေနပ်နေတတ်ကြတယ်။ ပုထုဇဉ်ဆိုတာ မှန်တာပြော မကြိုက်ဘူး၊ လိမ်မှကြိုက်တာ။ အိုမယ် နာမယ် သေမဲ့သူကို သေနာကြီးလို့ ခေါ်ကြည့်ပါလား၊ ခေါ်တာတော့ မှန်တာဘဲ ဒါပေမဲ့ အရိုက်ခံရမှာ၊ ဗေဒင်ဆရာက အသက်တစ်ရာ ရှည်စေမယ် ပြောလိုက်ရင် ကျေနပ်နေတာဘဲ ဘယ်လောက်တောင်းတောင်း ထုတ်ပေးတော့မှာပါပဲ။ အမှန်ကို ရေးရင်တော့ လူကြိုက်နည်းမှာဘဲ။

သို့သော်လည်း မကြိုက်သူ အများကြားမှာ ယူတတ်သူ တစ်ယောက် သံဝေဂ တရားလေး ရသွားရင်ကိုဘဲ ရေးရကျိုးနပ်တာပါပဲ။

အခါတပါးမှာ ကောသလ မင်းကြီးဟာ ညချမ်းအချိန်ခါလေးမှာ အဖော်မမှီး တစ်ကိုယ်တည်း အနားယူနေရင်း ဟိုတွေး ဒီတွေး တွေးနေရင်းနဲ့ အရေးကြီး အတွေးတခု ပေါ်လာပါသတဲ့။

အဲဒီ အတွေးက ဘာတုန်းဆိုတော့ ” သတ္တဝါတွေဟာ မိမိကိုယ် မိမိ ချစ်ပါရဲ့လားလို့ မေးလိုက်ရင် အကုန်လုံးဘဲ ချစ်ပါတယ် ဖြေကြတာဘဲ။ ဒါပေမဲ့ သူတို့ လုပ်နေတဲ့ အလုပ်ကို ကြည့်လိုက်တော့ ချစ်ရာရောက်တဲ့ အလုပ်က နည်းပြီး၊ နှစ်ရာရောက်တဲ့ အလုပ်က များနေတယ်။

ဒါ ဘယ်လိုကြောင့် ဖြစ်တာလဲ ဒီအရေး မသေးပါလား ” လို့ တွေးရင်း မြတ်စွာဘုရားထံ မေးလျှောက်ကြည့်မှဘဲလို့ ကြံလေသတဲ့။

နောက်တစ်နေ့မနက် အာရုဏ်ကျင်းလို့ လင်းပြီးဆိုတာနဲ့ မြတ်စွာဘုရား ထံတော်မှောက်သို့ ဝင်ရောက်ဖူးတွေ့ကာ ညပိုင်းတုံးက တွေးမိသမျှ လျှောက်တင်လိုက်ပါတယ်။

အဲလို လျှောက်တင် မေးမြန်းလိုက်တဲ့အခါ ဘုရားရှင်က “” ဒကာတော် မင်းကြီး မိမိကိုယ်ကို မိမိ ချစ်တယ် ဆိုတဲ့ နေရာမှာ နှစ်မျိုးရှိတယ်။ ‘တဏှာ’ နဲ့ ချစ်တာက တစ်မျိုး၊ ‘ဉာဏ်’ နဲ့ ချစ်တာက တစ်မျိုး ဒီနှစ်မျိုးနဲ့သာ ချစ်ကြတယ် ဒကာတော် မင်းကြီး”” လို့ အစချီပြီး ရှင်းပြ မိန့်ကြားတော် မူလိုက်ပါတယ်။

” တဏှာနဲ့ ချစ်တာက ဘယ်လိုလဲ ဆိုတော့ ဒီခန္ဓာကိုယ်ကြီး မိမိနဲ့တကွ ဇနီးမယား၊ သမီးသားတွေ ချမ်းချမ်းသာသာ နေဖို့၊ စားဖို့၊ ဝတ်ဖို့ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တွေနဲ့ ရှာဖွေနေတဲ့ ပုဂ္ဂိုလ်။ နေ့စဉ်နှင့်အမျှ သားရေး၊ သမီးရေး၊ စီးပွားရေး အလုပ်တွေ အားထုတ်နေတဲ့ ပုဂ္ဂိုလ်။

သူက ချစ်လို့ ရှာကျွေးနေတာပဲ။ ဒါပေမဲ့ သူ့အချစ်က အပြစ်မကင်းတဲ့ ချစ်ခြင်းပဲ။ အဲဒါ တဏှာနဲ့ ချစ်တာပဲ” လို့ မိန့်တော်မူပါတယ်။သားရေး၊ သမီးရေး၊ စီးပွားရေး အလုပ်ဆိုတာက အပြောဘဲ၊ တရားကိုယ်ထုတ်လိုက်တဲ့ အခါကျတော့

ပဋိစ္စသမုပ္ပာဒ် စက်ရဟတ် ၃နံပါတ် အကွက်ထဲက တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ တွေလုပ်နေတာပါဘဲ။ ဆရာတော်တပါးပြောထားဘူးတယ် ပဋိစ္စသမုပ္ပာဒ်တရား မိမိခန္ဓာ ဖြစ်စဉ်ကို မသိရင် ထမင်းစားနေရင်းလဲ အပ္ပာယ်ကို ပို့နေတာဘဲလို့ မှတ်သားမိ၏။ တဏှာကြောင့် ဥပါဒါန်၊ ဥပါဒါန်ကြောင့် ကမ္မဘဝတွေ လုပ်နေတော့ ကိုယ့်ကို ချမ်းသာပေးမဲ့ တရားတွေတော့ မဟုတ်ဘူးပေါ့။ ဒုက္ခပေးမဲ့တရားတွေ ဖြစ်တယ်။ အဲဒီ တရားတွေနဲ့ ပေါင်းသင်းပြီး လုပ်ရတဲ့ အလုပ် ဖြစ်လို့ ဒီအလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ တကယ်ချစ်ရာ မရောက်ဘူး တဏှာချစ်လို့ ခေါ်ပါတယ်။

မြတ်စွာဘုရားက “” တချို့ပုဂ္ဂိုလ်တွေကျတော့ ‘ငါ’ သားရေး၊ သမီးရေး၊ စီးပွားရေး တွေနဲ့ အချိန်ကုန်နေလို့ မဖြစ်ဘူး။ ငါ့ ခန္ဓာကိုယ်ကြီးက တစ်လှမ်းမှ နောက်မဆုတ်ဘဲ သေရာကို သွားနေတယ်။ ဒီအရေးတွေ လုပ်ရင်းနဲ့ ငါသေသွားရင် ကောင်းရာ သုဂတိ လားဖွယ်ရာ မရှိဘူး။ ဒီအလုပ်တွေက ကိုယ့်ကိုယ်ကို နစ်မွန်းကြောင်း အလုပ်တွေဘဲလို့ ဆင်ခြင်မိတယ်။

အဲဒါကြောင့်သူက သံသရာ အိုဘေး နာဘေး သေဘေး အပ္ပါယ်ဘေးမှ လွတ်ရာ လွတ်ကြောင်း ဖြစ်တဲ့ ဝိပဿနာ တရားအလုပ် ကြိုးစား ရှုမှတ် ပွားများ အားထုတ်မှ ဖြစ်မယ်။ ဒါမှ ငါ့ကိုယ်ငါ ကယ်တင်ရာ ရောက်တော့မှာပဲ လို့ တွေးတယ်။ အဲဒီလို တွေးပြီးတော့ သားရေး၊ သမီးရေး၊ စီးပွားရေးလည်း သူက အထိုက် အလျောက် လုပ်တယ်။ အဲဒီ အလုပ်နဲ့တင် သူက လမ်းမဆုံးဘဲနဲ့ မိမိကိုယ်ကို ကယ်တင်ရာ ကယ်တင်ကြောင်း အလုပ်ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေလည်း စွမ်းနိုင်သမျှ ကြိုးစား အားထုတ်တယ်။ အဲဒါ ဉာဏ်နဲ့ ချစ်တာဘဲ “” လို့ ကောသလမင်းကြီးကို မြတ်စွာဘုရားက ရှင်းပြတော်မူခဲ့ပါပေတယ်။

ကိုယ့်ကိုယ်ကို ဉာဏ်နဲ့ချစ်တဲ့သူက သံသရာအရေး တွေးချိန်ဆပြီး တိုတောင်းတဲ့ လူ့ဘဝမှာ အငှါးခန္ဓာကို အကျိုးရှိစွာ အသုံးချဖို့ကိုလဲ အရေးထားတတ်ရပါမယ်။

အဂ်ုတ္တိုရ် ပါဠိတော် အန္ဓသုတ်မှာ …….. အန္ဓ ပုဂ္ဂိုလ်၊ ဧကစက္ခုက ပုဂ္ဂိုလ်၊ ဒွိစက္ခုက ပုဂ္ဂိုလ်ဆိုပြီးတော့ ပုဂ္ဂိုလ် သုံးမျိုး ဟောထားပါသေးတယ်။

အန္ဓ ပုဂ္ဂိုလ် ဆိုတာက စုံလုံးကန်း ….. သူက ဉာဏ်မျက်စိ စုံလုံးကန်းနေတယ်။ ပစ္စုပ္ပန် အရေးလည်း ဘာမှ မတွေးဘူး။ သူ့မှာရှိရင်လဲ စားလိုက်မှာပဲ။ မရှိရင်လဲ နေလိုက်မှာပဲ။

သံသရာ အရေးလဲ ဘာမှ မတွေးဘူး။ ဟိုဘက်လဲ မတွေး ဒီဘက်လဲ မတွေးဘူး။ ဟိုဘက်လဲ မမြင် ဒီဘက်လဲ မမြင်တဲ့ ပုဂ္ဂိုလ် မို့လို့ အန္ဓ စုံလုံးကန်း ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ဒီလို ပုဂ္ဂိုလ် နိဗ္ဗာန်မရနိုင်ပါဘူး။

ဧကစက္ခုက ပုဂ္ဂိုလ် ဆိုတာက တစ်ဖက်မြင် ပုဂ္ဂိုလ် ….. ပစ္စုပ္ပန် စားဝတ် နေရေးကိုတော့ သူသိတယ်။ ကောင်းကောင်း မစားရမှာ၊ ကောင်းကောင်း မဝတ်ရမှာ၊ ကောင်းကောင်း မနေရမှာ တွေးပြီးတော့ သားရေး၊ သမီးရေး၊ စီးပွားရေး အလုပ်ကိုဘဲ သည်းသည်းမည်းမည်း လုပ်တယ်။ သံသရာအရေး ဘာမှ မတွေးဘူး။ သူလဲ နိဗ္ဗာန် မရနိုင်ဘူး။

ဒွိစက္ခုက ပုဂ္ဂိုလ်ဆိုတာက နှစ်ဖက်မြင် ပုဂ္ဂိုလ် ….. ပစ္စုပ္ပန် စားဝတ် နေရေး တွေးပြီးတော့လည်း အထိုက်အလျောက် သင့်တင့် မျှတအောင် သူ အားထုတ်တယ်။ သံသရာ အရေး သူတွေးပြီးတော့လည်း သံသရာဘေးမှ လွတ်ရာ လွတ်ကြောင်း ဒါန သီလ ဘာဝနာ အလုပ်ကိုလည်း သူ ကြိုးစားတယ်။ နှစ်ဖက်မြင် ပုဂ္ဂိုလ်က အမြတ်ဆုံး အကောင်းဆုံး ဖြစ်ပါတယ်။ နိဗ္ဗာန် ရနိုင်တာလည်း သူတစ်ယောက်တည်း ပါပဲ။ စာဖတ်သူ သူတော်ကောင်းတို့ရော ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်ချင်ပါသလဲ။

တဏှာချစ် ချစ်တဲ့ ပုဂ္ဂိုလ်နဲ့ ဉာဏ်ချစ် ချစ်တဲ့ ပုဂ္ဂိုလ် နှစ်ယောက်မှာလည်း ဉာဏ်ချစ် ချစ်တဲ့ ပုဂ္ဂိုလ်ကသာ မိမိကိုယ်ကို တကယ်ချစ်ရာ ရောက်ပါတယ်။ မိမိကိုယ်ကို တကယ်တမ်း ချစ်ပါတယ်ဆိုရင် ဝိပဿနာ အလုပ်ကို အားထုတ်ဖြစ်အောင် အားထုတ်ပါလို့ ကောသလမင်းကြီးကို မြတ်စွာဘုရားက ဟောကြားတော်မူခဲ့တာလေး နဲ့ဘဲ ပြည့်စုံပြီးလို့ မှတ်ယူ နိုင်ပါတယ် ပြောရင်း ဓမ္မဒါနကို အဆုံးသတ်လိုက်ပါတယ်။

သတ္တဝါအားလုံး ကျန်းမာ ချမ်းသာနိုင်ကြပါစေ။

ဘဒ္ဒန္တရေဝတ ဘကျဲ ဘီးလင်းမြို့နယ်

Unicode

ငိိုလိုက်မှ ပျောက်ကင်းနိုင်သော ကျန်းမာရေးပြဿနာများ

ငိုလိိုက်မှ ပျောက်ကင်းနိိုင်သော ကျန်းမာရေးပြဿနာများ

လေ့လာမှုအများအပြားအရ အမေရိိကန်မှ အမျိုးသမီးတွေက တစ်လကို ၃ ဒသမ ၅ ကြိ်ိမ်ခန့် ငိုကြပြီး အမျိုးသားတွေက တစ်လကိို ၁ ဒသမ ၉ ကြိမ် ငိုတယ်လို့ သိရပါတယ်။

ငိိုတာက စိတ်ဓာတ်ပျော့ညံ့တယ်လို့ လူအများက သတ်မှတ်ကြပေမယ့် ဝမ်းနည်းတဲ့အခါမှာ မျက်ရည်ကို အောင့်မထားဘဲ ငိုသာငိုချလိုက်ပါလို့ ကျွမ်းကျင်သူ တွေက အကြံပေးထားပါတယ်။

ငိိုတာက သင်ထင်ထားတာထက် ကျန်းမာရေးအတွက် အောက်ပါ ကောင်းကျိုးတွေ ရရှိနိိုင်ပါတယ်။

စိိတ်ဖိစီးမှုလျော့နည်းနိုင်ခြင်း

စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ငိုချလိုက်တာက စိတ်ဖြေလျှော့မှုရရှိနိုင်တယ်လို့ လေ့လာမှုအများအပြားအရ သိရပါတယ်။

ငိုတာက အာရုံကြောစနစ်ရဲ့ မသိစိတ်ကို လှုံ့ဆော်မှုပေးတာကြောင့် ဦးနှောက်ကို အေးချမ်းမှုရရှိစေနိုင်တယ်လို့ ဆိုပါတယ်။

သွေးဖိိအားကျဆင်းနိုင်ခြင်း

သွေးဖိိအားမြင့်တက်တာ၊ သွေးတိုးရောဂါကြောင့် လေဖြတ်တာ၊ နှလုံးတိုက်ခိုက် ခံရတာ၊ နှလုံးအလုပ်မလုပ်တာနဲ့ ကျောက်ကပ်ပျက်စီးတာလိုမျိုး ဆိုးရွားတဲ့ကျန်းမာ ရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

လေ့လာမှုအများအပြားအရ ငိုတာကြောင့် သွေး ဖိအားကို ကျဆင်းနိုင်ရုံသာမက သွေးဖိအားပုံမှန်ဖြစ်အောင်လည်း ကူညီနိုင်တယ်လို့ သိရပါတယ်။

အဆိိပ်အတောက်များဖယ်ထုတ်ပစ်နိုင်ခြင််း

ငိုတာကြောင့် ကျလာတဲ့မျက်ရည်ထဲမှာ ဖုန်မှုန့်တွေ၊ ဆေးလိပ်ငွေ့တွေ၊ မျက်ချေး တွေ ပါဝင်သွားပါတယ်။ ဒါ့အပြင် ငိုလိုက်တဲ့အခါမှာ မျက်ရည်တွေက စိတ်ဖိစီးမှု ကြောင့် ခန္ဓာကိုယ်ထဲမှာ စုစည်းနေတဲ့အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါ တယ်။

ဒီလိုအဆိိပ်အတောက်တွေ ဖယ်ရှားနိုင်တဲ့အတွက် ခန္ဓာကိုယ်အတွင်း ကော်တီ စောပမာဏလျော့ကျသွားပြီး စိတ်လက်ပေါ့ပါးသွားနိုင်ပါတယ်။

စိိတ်ခံစားမှုအပြောင်းအလဲကို ဖယ်ရှားနိုင်ခြင်း

သင့်အနေနဲ့ ဒေါသဖြစ်လိုက်၊ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်နေတာက စိတ်ခံစားချက်အပြောင်းအလဲဖြစ်တာကြောင့်ပါ။

စိိတ်ခံစားမှုတွေ ပြောင်းလဲရတဲ့အကြောင်းရင်းတစ်ခုက ခန္ဓာကိုယ်အတွင်း မဂ္ဂနိစ်တွေ စုဆောင်းမှု များနေတာကြောင့်ပါ။

ငိုချလိုက်တဲ့အခါမှာ ကိိုယ်ထဲမှာ ပိုလျှံနေတဲ့ မဂ္ဂနိစ်တွေက မျက်ရည်နဲ့အတူ ထွက်ကျသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က တည်ငြိမ်အေးချမ်း သွားပြီး အာရုံစူးစိုက်မှုကောင်းမွန်သွားနိုင်ပါတယ်။

နာကျင်မှုပျောက်ကင်းနိိုင်ခြင်း

ကျွန်မတိို့ရဲ့ ခန္ဓာကိိုယ်နာကျင်လွန်းတဲ့အခါမှာ မျက်ရည်တွေက အလိုအလျောက် ထွက်ကျလာတတ်ပါတယ်။ ခန္ဓာကိုယ်က နာကျင်မှုကို သဘာဝနည်းလမ်းအတိုင်း လျှော့ချပေးလိုက်တာပါ။

သုတေသီတွေကတော့ စိတ်ခံစားမှုကြောင့် ကျလာတဲ့ မျက်ရည်တွေကြောင့် ခန္ဓာကိုယ်တွင်း အောက်ဆီတိုစင်နဲ့ အင်ဒိုဖင်တွေထွက်ရှိလာ တယ်လို့ဆိုပါတယ်။

ဒီီဓာတုပစ္စည်းတွေက လူရဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး နာကျင်မှုဝေဒနာကို သက်သာနိိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Be the first to comment

Leave a Reply

Your email address will not be published.


*