ကုဋေတစ်သိန်းလောက်ကြီးမားတဲ့ကုသိုလ်တွေရရှိသွားနိုင်မည့် နေနည်းများ
တစ်စက္ကန့်အတွင်း ကုဋေတစ်သိန်းလောက်ကြီးမားတဲ့ကုသိုလ်တွေရရှိသွားနိုင်မည့် နေနည်းများ
၁။ နိုးနိုးချင်း….
မြတ်စွာဘုရားရှင် ဟောကြားဆုံးမသည့်အတိုင်း နိုးနိုးချင်း ထထချင်း အနေအထား မပြောင်းမရွေ့ပဲ ဝင်လေ ထွက်လေလေးကိုသတိကပ်မှတ် နေလိုက်ပါမယ်။
ဒါဆိုကြီးမားတဲ့ကုသိုလ်တွေက တစ်စက္ကန့်မှာကုဋေ တစ်သိန်းနှုန်းဖြင့် ရရှိသွားပြီးလည်းဖြစ်ပါတယ်။
ခါတိုင်းလို သောကဖြင့် နိုးထခြင်းမဟုတ်တော့ သည့်အတွက်မင်္ဂလာတရားဖြင့်စတင်သည့် နေ့လေးဖြစ်သွားပါတယ်။
၂။ လှုပ်လှုပ်ရွရွ ဟူသမျှ….
အိမ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာ တစ်မိနစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန်ကြိုးစား နေလိုက်ပါ့မယ်။
၃။ သက်ရှိထင်ရှား မြတ်စွာဘုရားအား….
၃.၁. မပြုမီဝမ်းသာ….
ရေတစ်ခွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ် ဘုရားရှင်အားကပ်လှုရန် ပြင်ဆင်ရာမှာကုသိုလ် ပြုရတော့မယ်ဟု ဝမ်းသာပီတိတွေဖြစ်နေပါ့မယ်။
၃.၂. ပြုဆဲဝမ်းသာ….
၃.၃. ပြုပြီးဝမ်းသာ….
ကုသိုလ်တို့ကို ပြုခဲ့ရလေပေပြီဟုပြန်လည်ဆင်ခြင် ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေလိုက်ပါ။
၃.၄. ဉာဏ်ထဲ့လိုက်ပါ
ကုသိုလ်ပြုလျှင် ကုသိုလ်ရချေမည်ဟုကံ၏အကျိုး ကို ယုံကြည်သော ဉာဏ်လေးထဲ့လိုက်ပါ။ အမြတ်ဆုံး တိဟိတ်ကုသိုလ်ရရှိသွားပေသည်။
၃.၅. ဝိပဿနာဆင်ခြင်….
ဘုရားရှိခိုးချင်တဲ့စိတ်ကလေးကို သိနေအောင်ကြိုးစားပါမယ်။ (စိတ္တာနုပဿနာ)….
ထိုင်ချ ရှိခိုးအမူအယာတွေ သိနေအောင်ကြိုးစား နေပါမယ်။ (ကာယာနုပဿနာ)….
ခြေမှာလက်မှာ နာကျင်နေတာ သိအောင်ကြိုးစားပါမယ်။ (ဝေဒနာနုပဿနာ)….
သည်ဖြစ်စဉ်လေးတွေကို ပြန်လည်ဆင်ခြင်နေရင် (ဓမ္မာနုပဿနာ)….
ဒါဆိုအိမ်မှာပဲ၊ သိန်းထောင်ချီမလှုနိုင်ပေမဲ့ကုသိုလ်ထူးတွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်။
၎။ သန့်ရှင်း ချက်ပြုတ်…,
အိမ်သူအိမ်သားများအစစ အရာရာ အဆင်ပြေပါစေ၊ တရားအားထုတ်နိုင်ရန်အလို့ငှာစားသုံးနိုင်ကြပါစေ၊
နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေလို့မေတ္တာ ပွားနေရင်အလွန်အားကြီးတဲ့ကုသိုလ် ရရှိသွားပြန်ပါပြီ။
၅။ ထွေထွေစုစု….
ထမင်းဆာလာရင် ချက်ချင်းမထပဲထချင်တဲ့စိတ်၊ စားချင်တဲ့စိတ်ကို တစ်မိနစ်ခန့်၊ ရေချိုးချင်လာရင် ချက်ချင်းမထပဲချိုးချင်စိတ်ကို တစ်မိနစ်ခန့်သိနေလိုက်ပါ။
စကားကိုအေးအေးဆေးဆေးနူးနူးညံ့ညံ့ပြောပါမယ် T.V ကြည့်ခြင်း၊ စကားများများပြောခြင်း၊
သီချင်းနားထောင်ခြင်းတွေကအကုသိုလ်များ စေတာမို့နည်းနည်းချင်းတိုး၍ တိုး၍ လျော့ပါမယ်။
ဥပမာ– သည်လူ တရားစာတွေသာ ရေးနေတာ တရားအားထုတ်မှာ မဟုတ်ပါဘူးလို့မတွေးပဲ၊ ကိုယ်မသိတာဖြစ်လို့တရားလည်းအားထုတ်မှာပါဟု တွေးလိုက်ပါ။
၆။ အိပ်ယာဝင်….
၅မိနစ်ခန့် ဝင်လေ ထွက်လေကိုဖြစ်စေ၊ဗိုက်ပေါ်လက်တင်ပြီး ဖောင်းတယ် ပိန်တယ် သတိကပ်၍ မှတ်နေလိုက်ပါ။
အားကြီးသောကုသိုလ်များ ထပ်ဆင့် ထပ်မံရရှိနေပြီဖြစ်ပါတယ်။
၇။ အကုသိုလ်များလှ လူ့ဘဝ….
အဘိဓမ္မာအရ သတိမပါပဲ စားတာ၊ နေတာ၊ ထိုင်တာ အကုသိုလ်တရားတွေမို့လူဘဝပြန်ရဖို့ အလွန်ခဲယဉ်လှပါတယ်တဲ့။
အထက်ကအတိုင်းနေမယ်ဆိုရင်တော့ အကုသိုလ်ပါးလို့ ကုသိုလ်များကြမှာ ဖြစ်ပါတယ်။
ဓမ္မနှစ်သက်သူ
Unicode
တစ်စက္ကန့်အတွွင်း ကုဋေတစ်သိိန်းလောက်ကြီးမားတဲ့ကုသိုလ်တွေရရှိသွားနိုင်မည့် နေနည်းများ
၁။ နိုးနိုးချင်း….
မြတ်စွာဘုရားရှင်် ဟောကြားဆုံးမသည့်အတိိုင်း နိုးနိုးချင်း ထထချင်း အနေအထား မပြောင်းမရွေ့ပဲဲ ဝင်လေ ထွက်လေလေးကိုသတိိကပ်မှတ်် နေလိုက်ပါမယ်။
ဒါဆိုကြီးမားတဲ့ကုသိိုလ်တွေက တစ်စက္ကန့်မှာကုဋေ တစ်သိိန်းနှုန်းဖြင့် ရရှိသွားပြီးလည်းဖြစ်ပါတယ်။
ခါတိုင်းလိို သောကဖြင့် နိုးထခြင်းမဟုတ်တော့ သည့်အတွွက်မင်္ဂလာတရားဖြင့်စတင်သည့် နေ့လေးဖြစ်သွားပါတယ်။
၂။ လှုပ်လှုပ်ရွွရွ ဟူသမျှ….
အိ်မ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာ တစ်မိ်နစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန်ကြိုးစား နေလိိုက်ပါ့မယ်။
၃။ သက်ရှိိထင်ရှား မြတ်စွာဘုရားအား….
၃.၁. မပြုမီီဝမ်းသာ….
ရေတစ်ခွွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ်် ဘုရားရှင်အားကပ်လှုရန် ပြင်ဆင်ရာမှာကုသိုလ်် ပြုရတော့မယ်ဟု ဝမ်းသာပီတိတွေဖြစ်နေပါ့မယ်။
၃.၂. ပြုဆဲဲဝမ်းသာ….
ဘုရားကပ်လှုရာမှာ သက်တော်ထင်ရှားရှိိသည်ဟုု မှန်းဆပြီး ကုသိုလ် ပြုရပြီဟုဝမ်းမြောက် ဝမ်းသာ ဖြစ်နေပါ့မယ်။ ဒါဆိုကုသိုလ်က အများကြီး ဖြစ်နေပါပြီ။
၃.၃. ပြုပြီးဝမ််းသာ….
ကုသိိုလ်တို့ကို ပြုခဲ့ရလေပေပြီဟုပြန်လည်ဆင်ခြင်် ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေလိုက်ပါ။
၃.၄. ဉာဏ်ထဲ့လိုိက်ပါ
ကုသိိုလ်ပြုလျှင် ကုသိုလ်ရချေမည်ဟုကံ၏အကျိုး ကို ယုံကြည်သော ဉာဏ်လေးထဲ့လိုက်ပါ။ အမြတ်ဆုံး တိိဟိတ်ကုသိုလ်ရရှိသွားပေသည်။
၃.၅. ဝိိပဿနာဆင်ခြင်….
ဘုရားရှိိခိုးချင်တဲ့စိတ်ကလေးကို သိိနေအောင်ကြိုးစားပါမယ်။ (စိတ္တာနုပဿနာ)….
ထိိုင်ချ ရှိခိုးအမူအယာတွေ သိနေအောင်ကြိုးစား နေပါမယ်။ (ကာယာနုပဿနာ)….
ခြေမှာလက်မှာ နာကျင်နေတာ သိိအောင်ကြိုးစားပါမယ်။ (ဝေဒနာနုပဿနာ)….
သည်ဖြစ်စဉ်လေးတွေကိို ပြန်လည်ဆင်ခြင်နေရင်် (ဓမ္မာနုပဿနာ)….
ဒါဆိိုအိမ်မှာပဲ၊ သိန်းထောင်ချီမလှုနိုင်ပေမဲ့ကုသိုလ်ထူ းတွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်။
၄။ သန့်ရှင််း ချက်ပြုတ််…,
အိိမ်သူအိမ်သားများအစစ အရာရာ အဆင်ပြေပါစေ၊ တရားအားထုတ်နိုင်ရန်အလို့ငှာစားသုံးနိုင်ကြပါစေ၊
နိိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေလို့မေတ္တာ ပွားနေရင်အလွန်အားကြီးတဲ့ကုသိုလ် ရရှိသွားပြန်ပါပြီ။
၅။ ထွေထွေစုစုု….
ထမင်းဆာလာရင် ချက်ချင်းမထပဲထချင်တဲ့စိိတ်၊ စားချင်တဲ့စိတ်ကို တစ်မိနစ်ခန့်၊ ရေချိုးချင်လာရင် ချက်ချင်းမထပဲချိုးချင်စိတ်ကို တစ်မိနစ်ခန့််သိနေလိုက်ပါ။
အိိပ်ချင်လာရင်၊ သွားချင်ရာတွင်နည်းတူပြုလိုက်ပါ။ဘာဝနာ ကုသိုလ်မို့စွမ်းအားအလွန်ကြီးမားပါတယ်။ ဖိိနပ်ကိုညီညီညာညာ သတိနဲ့ချွတ်မယ်၊ ဝတ်ပါမယ်။
စကားကိိုအေးအေးဆေးဆေးနူးနူးညံ့ညံ့ပြောပါမယ် T.V ကြည့်ခြင်း၊ စကားများများပြောခြင်း၊
သီီချင်းနားထောင်ခြင်းတွေကအကုသိုလ်များ စေတာမိို့နည်းနည်းချင်းတိုး၍ တိုး၍ လျော့ပါမယ်။
အတင်းမပြောဖြစ်အောင်် ကြိုးစားထူထောင်ပါ။ မကောင်းမြင်ဝါဒ၊ မကောင်းသည့်ဘက်တွေးခြင်း လျော့ပါ။
ဥပမာ– သည်လူူ တရားစာတွေသာ ရေးနေတာ တရားအားထုုတ်မှာ မဟုတ်ပါဘူးလို့မတွေးပဲ၊ ကိိုယ်မသိတာဖြစ်လို့တရားလည်းအားထုတ်မှာပါဟု တွေးလိိုက်ပါ။
၆။ အိိပ်ယာဝင်….
၅မိိနစ်ခန့် ဝင်လေ ထွက်လေကိုဖြစ်စေ၊ဗိုက်ပေါ်လက်တင်ပြီး ဖောင်းတယ် ပိန်တယ်် သတိကပ်၍ မှတ်နေလိုက်ပါ။
အားကြီးသောကုသိိုလ်များ ထပ်ဆင့်် ထပ်မံရရှိနေပြီဖြစ်ပါတယ်။
၇။ အကုသိိုလ်များလှ လူ့ဘဝ….
အဘိိဓမ္မာအရ သတိိမပါပဲ စားတာ၊ နေတာ၊ ထိိုင်တာ အကုသိုလ်တရားတွေမို့လူဘဝပြန်ရဖို့ အလွန်ခဲယဉ်လှပါတယ်တဲ့။
အထက်ကအတိိုင်းနေမယ်ဆိုရင်တော့ အကုသိိုလ်ပါးလို့ ကုသိုလ်များကြမှာ ဖြစ်ပါတယ်။
ပါမောက္ခချုပ်ဆရာတော််
ဓမ္မနှစ်သက်သူ