ေရႊတိဂုံေစတီေတာ္ၾကီး၏ ဓါတ္ေတာ္ေလးဆူ ရွင္းလင္းခ်က္္

ေလးဆူဓာတ္ပုံံ ျပသနာ

ဆရာေတာ္ အရွင္သူျမတ္ဘုရား၊ သိလိုေရးႏွင့္ ေမးေလၽွာက္ အပ္ပါသည္ အရွင္ဘုရား။ ေရႊတိဂုံေစတီေတာ္၌ ဤကမၻာတြင္ ပြင့္ေတာ္မူၿပီးေသာ ဘုရား ေလးဆူတို႔၏ ဓာတ္ေတာ္မ်ား ရွိေနသည္ဟု မွတ္သား ဖူးပါ သည္။ သို႔ရာတြင္ တရားေဟာ ဆရာေတာ္တစ္ပါး ေဟာၾကားေသာ တရားတစ္ခု၌ “ေရႊတိဂုံဘုရားအတြင္း ကကုသန္ ေကာ ဏာဂုံ ကႆပဟူေသာ ဘုရားသုံးဆူတို႔၏ ဓာတ္ေတာ္မ်ား ရွိေနသည္ ဆိုျခင္းမွာ စဥ္းစားစရာ ရွိတယ္။

ဘာေၾကာင့္လဲ ဆို ရင္ ဘုရားရွင္တို႔ရဲ့ ဓာတ္ေတာ္မ်ားမွာ တန္ခိုး ႀကီးလြန္းေသာေၾကာင့္ ကမၻာေျမႀကီးသည္ ဘုရားတစ္ဆူ၏ ဓာတ္ေတာ္ထက္ ပိုၿပီး မထမ္းေဆာင္ နိုင္ေသာေၾကာင့္ ျဖစ္သည္”ဟု ဆိုပါသည္။ ထိုေဟာေျပာခ်က္ကို သဘာဝယုတၱိအရ တပည့္ေတာ္ မႏွစ္ သက္နိုင္ ျဖစ္ေနပါသည္။ ။တပည့္ေတာ္ရဲ့ စိတ္ထဲမွာ စူးဝင္ေနေသာ သံသယ ဆူးကို နတ္ေပးေစခ်င္ပါသည္ အရွင္ဘုရား။

ေဒၚခင္ခင္ျမင့္ (ဆြစ္ဇာလန္)

စကားခင္း… ျမတ္ဘုရား ေရႊတိဂုံဟာ ျမန္မာ့ေျမမွာ ရာစုႏွစ္ေပါင္း မ်ားစြာၾကာခဲ့ၿပီ ျဖစ္လို႔ သမိုင္းတန္ဖိုး ႀကီးပါတယ္။ ျမန္မာ လူမ်ိဳးတို႔ ရဲ့ အမ်ိဳးသားလကၡဏာ ဂုဏ္ေဆာင္ ျဖစ္ပါတယ္။ ျမန္မာတို႔ ကၽြန္ဘဝမွ လြတ္ေရးအတြက္ ေရႊတိဂုံဘုရားကို ဗဟိုျပဳၿပီး စု႐ုံး ခဲ့ၾကတယ္။ ေရႊတိဂုံဘုရားနဲ႔ ပတ္သက္ၿပီး သမိုင္းသေကၤတေတြ အမ်ားႀကီးပါပဲ။

ဒါေၾကာင့္ ျမန္မာနိုင္ငံမွာ ေမြးဖြားသူတိုင္း ဒီသမိုင္းအေမြကို ေစာင့္ေရွာက္ဖို႔ တာဝန္ ရွိတယ္။ ညႇိုးႏြမ္းေအာင္ သိိမ္ငယ္ေအာင္ ေျပာဆို ျပဳမူတာမ်ိဳးကို သတိထားရ မယ္။ တစ္ခ်ိဳ႕ကို သမိုင္းနဲ႔ ယုတၱိကိုခ်ည္း ပုံေအာလို႔ မျဖစ္နိုင္ ဘူး။ ယေန႔ ထိုင္းလူမ်ိဳး အမ်ားစုဟာ ေဘးလူအျမင္ သာမန္မၽွ
ျဖစ္တဲ့ ခပ္ၾကမ္း ၾကမ္းေျပာရင္ ဘာမဟုတ္တဲ့ ဘုရင္ဆိုတာကို ဘုရားလို ကိုးကြယ္ၿပီး ဆတ္ဆတ္ထိမခံ ဆိုမဟုတ္လား။

ဒါက ဒီေမးခြန္းကို မေျဖခင္ ဒီျပႆနာအတြက္ ဘုန္းႀကီး ရဲ့ ခံယူထားပုံကို သိေစခ်င္လို႔ စကား ခင္းတာပါ။ အဲဒီ ခံယူ ခ်က္ကို အေျချပဳၿပီး က်မ္းဂန္နဲ႔ ညႇိၾကည့္ မလို႔ပါ။

ဘုုရားႏွစ္ဆူ

“ေလာကဓာတ္ တစ္ခုတည္း၌ သမၼာသမၺဳဒၶ ဘုရား ႏွစ္ဆူ တစ္ ၿပိဳင္နက္ ပြင့္ရိုးထုံးစံ မရွိ (အံ ၁၊ ၂၉)”လို႔ ျမတ္ဗုဒၶ ေဟာေတာ္ မူတာကို မိလိႏၵမင္းက ဘဝင္ မက်ဘူး။ ဒါနဲ႔ “ေလာကဓာတ္ တစ္ခုမွာ ဘုရားႏွစ္ဆူ ပြင့္ရင္ ဓမၼအလင္းေရာင္ ပိုၿပီး မထြန္း
ေျပာင္နိုင္ဘူးလားလို႔ အရွင္နာဂေသနကို ေမးတဲ့အခါ အရွင္ ျမတ္က“တစ္ေသာင္းေသာ ေလာကဓာတ္ဟာ ဘုရား တစ္ဆူ ကိုသာ ေဆာင္နိုင္ပါတယ္။ ဘုရားႏွစ္ဆူ တစ္ၿပိဳင္နက္ ပြင့္လၽွင္ေလာကသည္ တုန္လွုပ္၍ ဖရိုဖရဲ ျဖစ္သြားနိုင္တယ္ (မိလိႏၵ၊ ၂၃၁)”လို႔ ေျဖၾကားပါတယ္။

ဒီအေျဖကို က်မ္းညႇိၾကည့္ရင္ “ဗုဒၶ ဆိုတာ အဒုတိယ (အႏွိုင္းမဲ့)၊ အစၧရိယမႏုႆ (လူသားလြန္ ပုဂၢိဳလ္) (အံ ၁၊ ၂၂)”ျဖစ္လို႔ ဘုရားေတြ အမ်ားႀကီး ျဖစ္ေနရင္ “အံ့ဖြယ္ ပုဂၢိဳလ္ထူးလို႔ မဆိုနိုင္ (အနစၧရိယတၱာ)တဲ့ အျပင္ ပုထု ဇဥ္ ကိုးကြယ္သူ႔ ကမၻာမွာ အၿပိဳင္အဆိုင္ အုပ္စုေတြ ကြဲျပားၿပီး ဗုဒၶရဲ့ ဂုဏ္ရည္ကို ေလ်ာ့ေစနိုင္တဲ့ အတြက္ ဘုရားတစ္ဆူရဲ့ သာသနာ ကြယ္ၿပီးမွ အျခား ဘုရားတစ္ဆူ ပြင့္တယ္ (ဒီ-႒ ၁၊ ၈၄)”လို႔ ျဖစ္ပါတယ္။

ဓာတုပရိနိဗၺာန္္

“သာသနာကြယ္္” ဆိုတာကို ဓာတုပရိနိဗၺာန္နဲ႔ ပိုင္းျခားတယ္။ေလာကမွာ ပိိဋကတ္သုံးပုံ၊ ရဟန္းသံဃာနဲ႔ ဗုဒၶအဆုံးအမကို လိုက္နာက်င့္သုံးသူ လုံးဝ မရွိေတာ့ရင္၊ ဗုဒၶရဲ့ ဓာတ္ေတာ္ေတြ ကို ၾကည္ညိဳ ပူေဇာ္မယ့္သူ ကိုလည္း ရွာမရေတာ့ရင္ ကမၻာ တစ္လႊားက ေစတီေတြထဲမွာ ရွိေနတဲ့ ဗုဒၶရဲ့ ဓာတ္ေတာ္ေတြ အားလုံး ေဗာဓိမ႑ိဳင္(ဗုဒၶဂယာ)မွာ ျပန္စုၿပီး အလိုလို မီးကၽြမ္း မယ္။ ဒီလိုျဖစ္တာကို ဓာတုပရိနိဗၺာန္လို႔ ေခၚတယ္။

အဲဒီေနာက္ သာသနာ ကြယ္ၿပီ။ က်မ္းစာအဆိုက “ဓာတ္ေတာ္မ်ား တည္ရွိ ေနလၽွင္ ဗုဒၶဘုရားတို႔ တည္ရွိေနေသးသည္သာ ျဖစ္၏။ ထို႔ေၾကာင့္ ဓာတ္ေတာ္မ်ား တည္ရွိေနသည့္္ ကာလအတြင္း အ ျခား ဘုရား တစ္ဆူ မပြင့္နိုင္။ ဓာတုပရိနိဗၺာန္ စံၿပီးေသာ္ကား ထို ဘုရား၏ သာသနာ ကြယ္ၿပီးျဖစ္၍ အျခား ဘုရား တစ္ဆူ ပြင့္ထြန္းနိုင္၏ (အဘိ-႒ ၂၊ ၄၁၂)”တဲ့။

ဘုရားတစ္ဆူရဲ့ သာသနာ

ေပ်ာက္ကြယ္ၿပီးမွ ေနာက္ ဘု ရားတစ္ဆူ ပြင့္နိုင္လို႔ ေရႊတိဂုံေစတီထဲမွာ ပြင့္ၿပီး ဘုရားသုံးဆူ နဲ႔ ပတ္သက္တာေတြ ရွိတယ္ ဆိုတာကို မျဖစ္နိုင္ဘူးလို႔ ေမး ခြန္းပါ တရားေဟာ ဆရာေတာ္က ယူဆပုံ ရတယ္။ ဒါေပမယ့္ ဒီကိစၥ ဆန္းစစ္ဖို႔ လိုလိမ့္မယ္။ ေတေဇာဓာတ္ ေလာင္သြားလို႔ ဓာတ္ေတာ္ေတြ မရွိနိုင္ေတာ့ေပမယ့္ ဗုဒၶတစ္ဆူနဲ႔ ပတ္သက္တဲ့ ေစတီထိုက္တဲ့ ပရိေဘာဂ (အသုံး အေဆာင္)လို အျခားအရာ (သို႔မဟုတ္ ေစတီ)အခ်ိဳ႕ တည္ရွိခြင့္ ရွိေၾကာင္း က်မ္းဂန္ အေထာက္အထားကို ေတြ႕ရလို႔ ျဖစ္ပါတယ္။ ေစတီေလးမ်ိဳး ။ ဓာတုေစတီ သို႔မဟုတ္ သာရီရိကေစတီ (ဓာတ္ေတာ္မ်ား)၊ ဥဒၶိ ႆကေစတီ (ဆင္းတုမ်ား)၊ ပရိေဘာဂေစတီ (ေဗာဓိပင္ႏွင့္ အ ေဆာင္ ပစၥည္းမ်ား)၊ ဓမၼေစတီ (ပဋိစၥသမုပၸါဒ္ စသည္ကို ေရး ထားတဲ့ က်မ္းစာ) လို႔ ေစတီေလးမ်ိဳး ရွိတယ္ (သာရတၳဋီ ၁၊ ၁ရ၂)။

ေဂါတမဗုဒၶ ပြင့္ဆဲမွာ ကႆပဗုဒၶနဲ႔ ပတ္သက္တဲ့ ပူေဇာ္စရာ (ေစတီ)ေတြ တည္ရွိတာကို ေတြ႕ရတယ္။ အာဠဝီၿမိဳ႕ နားက ေညာင္ဗိမာန္မွာ ေနတဲ့ အာဠဝက ဘီလူးဟာ ကႆပ ဘုရားထံက သူ႔မိဘေတြ သင္ယူထားတဲ့ ေမးခြန္းရွစ္ခုနဲ႔ အေၿဖ ကို ငယ္စဥ္အခါက်က္မွတ္ ထားခဲ့ေပမယ့္ ကာလၾကာတဲ့အခါ အေျဖေတြကို ေမ့ကုန္လို႔ ေမးခြန္းေလာက္ကိုပဲ ေရႊျပားေပၚမွာ ေရးကူးၿပီး ဗိမာန္ထဲမွာ သိမ္းထားတယ္။ ေဂါတမဗုဒၶကို ေမး ေလၽွာက္တာ အဲဒီ ေမးခြန္းေတြပဲ (သံ-႒ ၁၊ ၂၉၉)။ ။

ကႆပဗုဒၶ ေဟာၾကားတဲ့ စာသားကို ေရးထားတဲ့ အဲဒီ ေရႊျပားဟာ ဓမၼေစတီပါပဲ။ ေဂါတမဗုဒၶ လက္ထက္မွာ ရွိေန တယ္ မဟုတ္လား။ ေအာက္ပါ ျဖစ္ရပ္ကို ဖတ္ၾကည့္ပါ .. ကႆပေရႊေစတီ ျမတ္ဗုဒၶဟာ သာဝတၳိမွ ဗာရာဏသီကို ႂကြခိုက္ လမ္းအၾကား မွာရွိတဲ့ ေတာေဒယ်ရြာအနီး နတ္စင္မွာ သီတင္းသုံးစဥ္ အရွင္ အာနႏၵာအား မလွမ္းမကမ္းမွာ ေတြ႕ရတဲ့ လယ္သမားကို ေခၚ ခိုင္းလိုက္တယ္။ ဘုရားေရွ႕ကို ေရာက္ေတာ့ လယ္သမားက ဗုဒၶကို ရွိမခိုးဘဲ နတ္စင္ကို ရွိခိုးတယ္။

ျမတ္ဗုဒၶက “ပုဏၰား၊ ဘာလို႔ ဒီေနရာကို ရွိခိုးသလဲ”လို႔ ေမးတဲ့အခါ “အစဥ္အလာ အရ တပည့္ေတာ္တို႔ ရွိခိုးလာခဲ့တာပါ”တဲ့။ ျမတ္ဗုဒၶက “သင္ ဟာ ရွိခိုးထိုက္တဲ့ ေနရာကို ရွိခိုးတာပဲ”လို႔ မိန႔္ေတာ္မူတယ္။ ထို႔ေနာက္ ရဟန္းေတြရဲ့ သံသယကို ေဖ်ာက္လိုရင္းနဲ႔ ျမတ္ဗုဒၶ က နတ္စင္ရဲ့ ေအာက္မွာ ကႆပဗုဒၶရဲ့ ေရႊေစတီ ရွိေၾကာင္း
မိန႔္ေတာ္မူတဲ့ အခါ သံဃာေတြ ေတာင္းပန္လို႔ အဲဒီ ေရႊေစ တီကို ဗုဒၶက တန္ခိုးနဲ႔ ထုတ္ေဖာ္ ျပေတာ္မူတဲ့အတြက္ ရဟန္း ရွင္လူတို႔ ပူေဇာ္တာ ရ-ရက္ ၾကာတယ္။ ။

က်မ္းဂန္မွာ ဆိုပုံက “ထို ေရႊေစတီဟာ ဗုဒၶရဲ့ တန္ခိုးနဲ႔ မူလေနရာ (ေျမေအာက္)ကို ျပန္ေရာက္ သြားၿပီး ထိုေရႊေစတီ | ေနရာမွာ ေက်ာက္ေစတီႀကီး တစ္ဆူ က်န္ေနခဲ့တယ္ (ဓမၼပဒ႒ ၂၊ ၁၆၃)”တဲ့။ ။

“သကဌာနေမဝ ဂတံ = မူလေနရာ (နတ္စင္ေအာက္ ေၿမ ႀကီး)သို႔ ျပန္သြားတယ္” ဆိုတဲ့ စကားအရ ကႆပဗုဒၶရဲ့ အေလာင္းေတာ္ကို ဌာပနာထားတဲ့ ေရႊေစတီႀကီးဟာ ေဂါတမ ဗုဒၶ ရဲ့ ေရွ႕ေမွာက္မွာ ရဟန္းရွင္လူတို႔ ခုနစ္ရက္ၾကာ ဖူးေျမာ္ၾကရေၾကာင္္း နားလည္ရတယ္။ ဒါျဖင့္ ကႆပဗုဒၶရဲ့ သရီရ (ကိုယ္ | ခႏၶာ) ေစတီဟာ ေဂါတမဗုဒၶ ပြင့္ဆဲမွာ ေျမႀကီး ေအာက္မွာျမဳပ္ေနတယ္လို႔ မဆိုနိုင္ဘူးလား။

ေမြေတာ္ေလးဆူ

ေရႊတိဂုံေစတီထဲမွာ ကကုသန္ ဘုရားရဲ့ ေတာင္ေဝွး၊ ေကာဏာ ဂုံ ဘုရားရဲ့ ေရစစ္၊ ကႆပ ဘုရားရဲ့ ေရသႏုပ္ (ေရလဲ သင္း ပိုင္)၊ ေဂါတမ ဘုရားရဲ့ ဆံေတာ္ ဓာတ္ေတြ ကိန္းဝပ္တယ္လို႔ ေမာင္ဆုရွင္ ေရးၿပီး စာေပဗိမာန္က ထုတ္ေဝတဲ့ “ျမတ္ဘုရား ေရႊတိဂုံ” က်မ္းမွာ ဖတ္ရတယ္။ ေဂါတမဗုဒၶရဲ့ ဆံေတာ္ဓာတ္မွ လြဲၿပီး က်န္တာေတြက အသုံးအေဆာင္ (ပရိေဘာဂ)ေတြ ျဖစ္ပါ တယ္။

ဗုဒၶဓာတ္ေတာ္ေတြ မဟုတ္ဘူး။ ဒါေၾကာင့္ ပရိေဘာဂ ေစတီအေနနဲ႔ဆိုရင္ ကိုးကြယ္သူ မရွိေတာ့ရင္ေတာင္ သို႔မဟုတ္ မၾကည္ ညိဳသူတို႔ရဲ့ ဖ်က္ဆီးျခင္းကို မခံရသေရြ႕ ေလာကမွာတည္ရွိ နိုင္တယ္လို႔ ခၽြင္းခ်က္နဲ႔ မွတ္ထားရင္ ေယာနိေသာ မန သိကာရ ျဖစ္မလားလို႔ပါ။

ကႆပဗုဒၶရဲ့ သရီရ(ကိုယ္ခႏၶာ) ေစ တီကိုေတာင္ ေဂါတမဗုဒၶရဲ့ ေရွ႕ေမွာက္မွာ ဖူးျမင္ရေသးတာပဲ။ ယုတၱိတစ္ခု ဥဒၵိႆက ေစတီထိုက္တဲ့ ဗုဒၶဆင္းတု သုံးဆူကို ကကုသန္၊ေကာဏာဂုံ၊ ကႆပလို႔ ဘြဲ႕အမည္ တပ္လိုက္တာနဲ႔ ဖူးျမင္ သူတို႔ရဲ့ စိတ္ထဲမွာ ျခားနားခ်က္ကို ခံစားရတယ္။ ဆင္းတု ေရွ႕က အလွူခံပုံးမွာ ဘယ္ဘုရားကို လွူရင္ ဘာျဖစ္တယ္လို႔ ေျပာလိုက္ရင္ ဒီထက္ေတာင္ ပိုၿပီး ျခားနားသြားနိုင္တယ္။ ေလာဘ ေမာဟ မကင္းတဲ့ ပုထုဇဥ္ရဲ့စိတ္က အဲဒီ သေဘာ မ်ိဳးပါ။

ဒါေၾကာင့္ ယခုဘုရားနဲ႔ ပတ္သက္တာ လုံးဝ မရွိေတာ့ မွ ေနာင္ဘုရားတစ္ဆူ ပြင့္တယ္လို႔ ႁခြင္းခ်က္မဲ့ဆိုရင္ ဘုရားရွင္ တို႔ရဲ့ ဘြဲ႕အမည္ကို ပလႅင္မွာ အမည္ကမၸည္း ေရးထိုးၿပီး ပူေဇာ္ကိုးကြယ္ဖို႔ေတာင္ စဥ္းစားရမလို ျဖစ္မေနဘူးလား။ ( အျဖဴႏွလုံးသား ရခိုင္ေတြက ေရွးေခတ္ ရခိုင္ေဒသကို ျမတ္စြာဘုရား ႂကြခဲ့ တယ္လို႔ ယုံၾကည္တယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ႏွစ္ေထာင့္ ငါး ရာေက်ာ္က ရန္ကုန္သား ကုန္သည္ ညီေနာင္တို႔ ဗုဒၶဂယာကို ေရာက္တယ္လို႔ ျမန္မာဗုဒၶဝါဒီ အမ်ားစုရဲ့ ႏွလုံးသားမွာ ရွိ တယ္။

ရန္ကုန္နဲ႔ ဂ်ပန္ေလာက္ ေဝးတဲ့ ဗုဒၶဂယာကေန သူတို႔ နိုင္ငံကို ဗုဒၶဘုရား သုံးႀကိမ္ ႂကြခဲ့တဲ့အျပင္ ေျခေတာ္ရာ တစ္ ဆူေတာင္ ထားခဲ့တယ္လို႔ သီဟိုဠ္ လူမ်ိဳးတို႔ ယုံၾကည္တယ္။ တိဗက္သမိုင္းကို ဖတ္ေတာ့ တိဗက္ကိုလည္း ဗုဒၶဘုရား ႂကြခဲ့ တာပဲ။ ယေန႔ ဥေရာပတိုက္သား အခ်ိဳ႕က ၎တို႔ဆီ ေယရွု( ခရစ္ေတာ္) ႂကြခဲ့တယ္ ဆိုပဲ။ ဒါက ယုံၾကည္သူ လူမ်ိဳး အသီး သီးရဲ့ ပုဂၢိဳလ္ေရး ကိစၥပါ။

ဒါေၾကာင့္ ေရႊတိဂုံ ေစတီေတာ္ထဲက ေလးဆူေသာ ဓာတ္ ေမြေတာ္ကို ျမန္မာတို႔ ႏွလုံးသားမွာ ဆက္လက္ သိမ္းဆည္း ထားသင့္ပါတယ္။ ျမန္မာတို႔ ရွင္သန္ဖို႔အတြက္ လိုအပ္တဲ့ အျဖဴ ႏွလုံးသားျဖစ္လို႔ပါ။ အင္း … သုေတသီတို႔က သုေတသန စကား ေျပာရင္လည္း ယုံၾကည္သူတို႔က ျပဳံးေန႐ုံပါပဲ။

ဧၿပီ ၁၆၊ ၂၀၁၅။

အရွင္ေကလာသ (USA)

ဓမၼအေမးအေျဖမ်ား။

Unicode

လေးဆူဓာတ်ပုံံ ပြသနာ

ဆရာတော် အရှင်သူမြတ်ဘုရား၊ သိလိုရေးနှင့် မေးလျှောက် အပ်ပါသည် အရှင်ဘုရား။ ရွှေတိဂုံစေတီတော်၌ ဤကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရား လေးဆူတို့၏ ဓာတ်တော်များ ရှိနေသည်ဟု မှတ်သား ဖူးပါ သည်။ သို့ရာတွင် တရားဟော ဆရာတော်တစ်ပါး ဟောကြားသော တရားတစ်ခု၌ “ရွှေတိဂုံဘုရားအတွင်း ကကုသန် ကော ဏာဂုံ ကဿပဟူသော ဘုရားသုံးဆူတို့၏ ဓာတ်တော်များ ရှိနေသည် ဆိုခြင်းမှာ စဉ်းစားစရာ ရှိတယ်။

ဘာကြောင့်လဲ ဆို ရင် ဘုရားရှင်တို့ရဲ့ ဓာတ်တော်များမှာ တန်ခိုး ကြီးလွန်းသောကြောင့် ကမ္ဘာမြေကြီးသည် ဘုရားတစ်ဆူ၏ ဓာတ်တော်ထက် ပိုပြီး မထမ်းဆောင် နိုင်သောကြောင့် ဖြစ်သည်”ဟု ဆိုပါသည်။ ထိုဟောပြောချက်ကို သဘာဝယုတ္တိအရ တပည့်တော် မနှစ် သက်နိုင် ဖြစ်နေပါသည်။ ။တပည့်တော်ရဲ့ စိတ်ထဲမှာ စူးဝင်နေသော သံသယ ဆူးကို နတ်ပေးစေချင်ပါသည် အရှင်ဘုရား။

ဒေါ်ခင်ခင်မြင့် (ဆွစ်ဇာလန်)

စကားခင်း… မြတ်ဘုရား ရွှေတိဂုံဟာ မြန်မာ့မြေမှာ ရာစုနှစ်ပေါင်း များစွာကြာခဲ့ပြီ ဖြစ်လို့ သမိုင်းတန်ဖိုး ကြီးပါတယ်။ မြန်မာ လူမျိုးတို့ ရဲ့ အမျိုးသားလက္ခဏာ ဂုဏ်ဆောင် ဖြစ်ပါတယ်။ မြန်မာတို့ ကျွန်ဘဝမှ လွတ်ရေးအတွက် ရွှေတိဂုံဘုရားကို ဗဟိုပြုပြီး စုရုံး ခဲ့ကြတယ်။ ရွှေတိဂုံဘုရားနဲ့ ပတ်သက်ပြီး သမိုင်းသင်္ကေတတွေ အများကြီးပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံမှာ မွေးဖွားသူတိုင်း ဒီသမိုင်းအမွေကို စောင့်ရှောက်ဖို့ တာဝန် ရှိတယ်။ ညှိုးနွမ်းအောင် သိိမ်ငယ်အောင် ပြောဆို ပြုမူတာမျိုးကို သတိထားရ မယ်။ တစ်ချို့ကို သမိုင်းနဲ့ ယုတ္တိကိုချည်း ပုံအောလို့ မဖြစ်နိုင် ဘူး။ ယနေ့ ထိုင်းလူမျိုး အများစုဟာ ဘေးလူအမြင် သာမန်မျှ
ဖြစ်တဲ့ ခပ်ကြမ်း ကြမ်းပြောရင် ဘာမဟုတ်တဲ့ ဘုရင်ဆိုတာကို ဘုရားလို ကိုးကွယ်ပြီး ဆတ်ဆတ်ထိမခံ ဆိုမဟုတ်လား။

ဒါက ဒီမေးခွန်းကို မဖြေခင် ဒီပြဿနာအတွက် ဘုန်းကြီး ရဲ့ ခံယူထားပုံကို သိစေချင်လို့ စကား ခင်းတာပါ။ အဲဒီ ခံယူ ချက်ကို အခြေပြုပြီး ကျမ်းဂန်နဲ့ ညှိကြည့် မလို့ပါ။

ဘုုရားနှစ်ဆူ

“လောကဓာတ် တစ်ခုတည်း၌ သမ္မာသမ္ဗုဒ္ဓ ဘုရား နှစ်ဆူ တစ် ပြိုင်နက် ပွင့်ရိုးထုံးစံ မရှိ (အံ ၁၊ ၂၉)”လို့ မြတ်ဗုဒ္ဓ ဟောတော် မူတာကို မိလိန္ဒမင်းက ဘဝင် မကျဘူး။ ဒါနဲ့ “လောကဓာတ် တစ်ခုမှာ ဘုရားနှစ်ဆူ ပွင့်ရင် ဓမ္မအလင်းရောင် ပိုပြီး မထွန်း
ပြောင်နိုင်ဘူးလားလို့ အရှင်နာဂသေနကို မေးတဲ့အခါ အရှင် မြတ်က“တစ်သောင်းသော လောကဓာတ်ဟာ ဘုရား တစ်ဆူ ကိုသာ ဆောင်နိုင်ပါတယ်။ ဘုရားနှစ်ဆူ တစ်ပြိုင်နက် ပွင့်လျှင်လောကသည် တုန်လှုပ်၍ ဖရိုဖရဲ ဖြစ်သွားနိုင်တယ် (မိလိန္ဒ၊ ၂၃၁)”လို့ ဖြေကြားပါတယ်။

ဒီအဖြေကို ကျမ်းညှိကြည့်ရင် “ဗုဒ္ဓ ဆိုတာ အဒုတိယ (အနှိုင်းမဲ့)၊ အစ္ဆရိယမနုဿ (လူသားလွန် ပုဂ္ဂိုလ်) (အံ ၁၊ ၂၂)”ဖြစ်လို့ ဘုရားတွေ အများကြီး ဖြစ်နေရင် “အံ့ဖွယ် ပုဂ္ဂိုလ်ထူးလို့ မဆိုနိုင် (အနစ္ဆရိယတ္တာ)တဲ့ အပြင် ပုထု ဇဉ် ကိုးကွယ်သူ့ ကမ္ဘာမှာ အပြိုင်အဆိုင် အုပ်စုတွေ ကွဲပြားပြီး ဗုဒ္ဓရဲ့ ဂုဏ်ရည်ကို လျော့စေနိုင်တဲ့ အတွက် ဘုရားတစ်ဆူရဲ့ သာသနာ ကွယ်ပြီးမှ အခြား ဘုရားတစ်ဆူ ပွင့်တယ် (ဒီ-ဋ္ဌ ၁၊ ၈၄)”လို့ ဖြစ်ပါတယ်။

ဓာတုပရိနိဗ္ဗာန််

“သာသနာကွယ််” ဆိုတာကို ဓာတုပရိနိဗ္ဗာန်နဲ့ ပိုင်းခြားတယ်။လောကမှာ ပိိဋကတ်သုံးပုံ၊ ရဟန်းသံဃာနဲ့ ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်သုံးသူ လုံးဝ မရှိတော့ရင်၊ ဗုဒ္ဓရဲ့ ဓာတ်တော်တွေ ကို ကြည်ညို ပူဇော်မယ့်သူ ကိုလည်း ရှာမရတော့ရင် ကမ္ဘာ တစ်လွှားက စေတီတွေထဲမှာ ရှိနေတဲ့ ဗုဒ္ဓရဲ့ ဓာတ်တော်တွေ အားလုံး ဗောဓိမဏ္ဍိုင်(ဗုဒ္ဓဂယာ)မှာ ပြန်စုပြီး အလိုလို မီးကျွမ်း မယ်။ ဒီလိုဖြစ်တာကို ဓာတုပရိနိဗ္ဗာန်လို့ ခေါ်တယ်။

အဲဒီနောက် သာသနာ ကွယ်ပြီ။ ကျမ်းစာအဆိုက “ဓာတ်တော်များ တည်ရှိ နေလျှင် ဗုဒ္ဓဘုရားတို့ တည်ရှိနေသေးသည်သာ ဖြစ်၏။ ထို့ကြောင့် ဓာတ်တော်များ တည်ရှိနေသည့်် ကာလအတွင်း အ ခြား ဘုရား တစ်ဆူ မပွင့်နိုင်။ ဓာတုပရိနိဗ္ဗာန် စံပြီးသော်ကား ထို ဘုရား၏ သာသနာ ကွယ်ပြီးဖြစ်၍ အခြား ဘုရား တစ်ဆူ ပွင့်ထွန်းနိုင်၏ (အဘိ-ဋ္ဌ ၂၊ ၄၁၂)”တဲ့။

ဘုရားတစ်ဆူရဲ့ သာသနာ

ပျောက်ကွယ်ပြီးမှ နောက် ဘု ရားတစ်ဆူ ပွင့်နိုင်လို့ ရွှေတိဂုံစေတီထဲမှာ ပွင့်ပြီး ဘုရားသုံးဆူ နဲ့ ပတ်သက်တာတွေ ရှိတယ် ဆိုတာကို မဖြစ်နိုင်ဘူးလို့ မေး ခွန်းပါ တရားဟော ဆရာတော်က ယူဆပုံ ရတယ်။ ဒါပေမယ့် ဒီကိစ္စ ဆန်းစစ်ဖို့ လိုလိမ့်မယ်။ တေဇောဓာတ် လောင်သွားလို့ ဓာတ်တော်တွေ မရှိနိုင်တော့ပေမယ့် ဗုဒ္ဓတစ်ဆူနဲ့ ပတ်သက်တဲ့ စေတီထိုက်တဲ့ ပရိဘောဂ (အသုံး အဆောင်)လို အခြားအရာ (သို့မဟုတ် စေတီ)အချို့ တည်ရှိခွင့် ရှိကြောင်း ကျမ်းဂန် အထောက်အထားကို တွေ့ရလို့ ဖြစ်ပါတယ်။ စေတီလေးမျိုး ။ ဓာတုစေတီ သို့မဟုတ် သာရီရိကစေတီ (ဓာတ်တော်များ)၊ ဥဒ္ဓိ ဿကစေတီ (ဆင်းတုများ)၊ ပရိဘောဂစေတီ (ဗောဓိပင်နှင့် အ ဆောင် ပစ္စည်းများ)၊ ဓမ္မစေတီ (ပဋိစ္စသမုပ္ပါဒ် စသည်ကို ရေး ထားတဲ့ ကျမ်းစာ) လို့ စေတီလေးမျိုး ရှိတယ် (သာရတ္ထဋီ ၁၊ ၁ရ၂)။

ဂေါတမဗုဒ္ဓ ပွင့်ဆဲမှာ ကဿပဗုဒ္ဓနဲ့ ပတ်သက်တဲ့ ပူဇော်စရာ (စေတီ)တွေ တည်ရှိတာကို တွေ့ရတယ်။ အာဠဝီမြို့ နားက ညောင်ဗိမာန်မှာ နေတဲ့ အာဠဝက ဘီလူးဟာ ကဿပ ဘုရားထံက သူ့မိဘတွေ သင်ယူထားတဲ့ မေးခွန်းရှစ်ခုနဲ့ အဖြေ ကို ငယ်စဉ်အခါကျက်မှတ် ထားခဲ့ပေမယ့် ကာလကြာတဲ့အခါ အဖြေတွေကို မေ့ကုန်လို့ မေးခွန်းလောက်ကိုပဲ ရွှေပြားပေါ်မှာ ရေးကူးပြီး ဗိမာန်ထဲမှာ သိမ်းထားတယ်။ ဂေါတမဗုဒ္ဓကို မေး လျှောက်တာ အဲဒီ မေးခွန်းတွေပဲ (သံ-ဋ္ဌ ၁၊ ၂၉၉)။ ။

ကဿပဗုဒ္ဓ ဟောကြားတဲ့ စာသားကို ရေးထားတဲ့ အဲဒီ ရွှေပြားဟာ ဓမ္မစေတီပါပဲ။ ဂေါတမဗုဒ္ဓ လက်ထက်မှာ ရှိနေ တယ် မဟုတ်လား။ အောက်ပါ ဖြစ်ရပ်ကို ဖတ်ကြည့်ပါ .. ကဿပရွှေစေတီ မြတ်ဗုဒ္ဓဟာ သာဝတ္ထိမှ ဗာရာဏသီကို ကြွခိုက် လမ်းအကြား မှာရှိတဲ့ တောဒေယျရွာအနီး နတ်စင်မှာ သီတင်းသုံးစဉ် အရှင် အာနန္ဒာအား မလှမ်းမကမ်းမှာ တွေ့ရတဲ့ လယ်သမားကို ခေါ် ခိုင်းလိုက်တယ်။ ဘုရားရှေ့ကို ရောက်တော့ လယ်သမားက ဗုဒ္ဓကို ရှိမခိုးဘဲ နတ်စင်ကို ရှိခိုးတယ်။

မြတ်ဗုဒ္ဓက “ပုဏ္ဏား၊ ဘာလို့ ဒီနေရာကို ရှိခိုးသလဲ”လို့ မေးတဲ့အခါ “အစဉ်အလာ အရ တပည့်တော်တို့ ရှိခိုးလာခဲ့တာပါ”တဲ့။ မြတ်ဗုဒ္ဓက “သင် ဟာ ရှိခိုးထိုက်တဲ့ နေရာကို ရှိခိုးတာပဲ”လို့ မိန့်တော်မူတယ်။ ထို့နောက် ရဟန်းတွေရဲ့ သံသယကို ဖျောက်လိုရင်းနဲ့ မြတ်ဗုဒ္ဓ က နတ်စင်ရဲ့ အောက်မှာ ကဿပဗုဒ္ဓရဲ့ ရွှေစေတီ ရှိကြောင်း
မိန့်တော်မူတဲ့ အခါ သံဃာတွေ တောင်းပန်လို့ အဲဒီ ရွှေစေ တီကို ဗုဒ္ဓက တန်ခိုးနဲ့ ထုတ်ဖော် ပြတော်မူတဲ့အတွက် ရဟန်း ရှင်လူတို့ ပူဇော်တာ ရ-ရက် ကြာတယ်။ ။

ကျမ်းဂန်မှာ ဆိုပုံက “ထို ရွှေစေတီဟာ ဗုဒ္ဓရဲ့ တန်ခိုးနဲ့ မူလနေရာ (မြေအောက်)ကို ပြန်ရောက် သွားပြီး ထိုရွှေစေတီ | နေရာမှာ ကျောက်စေတီကြီး တစ်ဆူ ကျန်နေခဲ့တယ် (ဓမ္မပဒဋ္ဌ ၂၊ ၁၆၃)”တဲ့။ ။

“သကဌာနမေဝ ဂတံ = မူလနေရာ (နတ်စင်အောက် မြေ ကြီး)သို့ ပြန်သွားတယ်” ဆိုတဲ့ စကားအရ ကဿပဗုဒ္ဓရဲ့ အလောင်းတော်ကို ဌာပနာထားတဲ့ ရွှေစေတီကြီးဟာ ဂေါတမ ဗုဒ္ဓ ရဲ့ ရှေ့မှောက်မှာ ရဟန်းရှင်လူတို့ ခုနစ်ရက်ကြာ ဖူးမြော်ကြရကြောင််း နားလည်ရတယ်။ ဒါဖြင့် ကဿပဗုဒ္ဓရဲ့ သရီရ (ကိုယ် | ခန္ဓာ) စေတီဟာ ဂေါတမဗုဒ္ဓ ပွင့်ဆဲမှာ မြေကြီး အောက်မှာမြုပ်နေတယ်လို့ မဆိုနိုင်ဘူးလား။

မွေတော်လေးဆူ

ရွှေတိဂုံစေတီထဲမှာ ကကုသန် ဘုရားရဲ့ တောင်ဝှေး၊ ကောဏာ ဂုံ ဘုရားရဲ့ ရေစစ်၊ ကဿပ ဘုရားရဲ့ ရေသနုပ် (ရေလဲ သင်း ပိုင်)၊ ဂေါတမ ဘုရားရဲ့ ဆံတော် ဓာတ်တွေ ကိန်းဝပ်တယ်လို့ မောင်ဆုရှင် ရေးပြီး စာပေဗိမာန်က ထုတ်ဝေတဲ့ “မြတ်ဘုရား ရွှေတိဂုံ” ကျမ်းမှာ ဖတ်ရတယ်။ ဂေါတမဗုဒ္ဓရဲ့ ဆံတော်ဓာတ်မှ လွဲပြီး ကျန်တာတွေက အသုံးအဆောင် (ပရိဘောဂ)တွေ ဖြစ်ပါ တယ်။

ဗုဒ္ဓဓာတ်တော်တွေ မဟုတ်ဘူး။ ဒါကြောင့် ပရိဘောဂ စေတီအနေနဲ့ဆိုရင် ကိုးကွယ်သူ မရှိတော့ရင်တောင် သို့မဟုတ် မကြည် ညိုသူတို့ရဲ့ ဖျက်ဆီးခြင်းကို မခံရသရွေ့ လောကမှာတည်ရှိ နိုင်တယ်လို့ ချွင်းချက်နဲ့ မှတ်ထားရင် ယောနိသော မန သိကာရ ဖြစ်မလားလို့ပါ။

ကဿပဗုဒ္ဓရဲ့ သရီရ(ကိုယ်ခန္ဓာ) စေ တီကိုတောင် ဂေါတမဗုဒ္ဓရဲ့ ရှေ့မှောက်မှာ ဖူးမြင်ရသေးတာပဲ။ ယုတ္တိတစ်ခု ဥဒ္ဒိဿက စေတီထိုက်တဲ့ ဗုဒ္ဓဆင်းတု သုံးဆူကို ကကုသန်၊ကောဏာဂုံ၊ ကဿပလို့ ဘွဲ့အမည် တပ်လိုက်တာနဲ့ ဖူးမြင် သူတို့ရဲ့ စိတ်ထဲမှာ ခြားနားချက်ကို ခံစားရတယ်။ ဆင်းတု ရှေ့က အလှူခံပုံးမှာ ဘယ်ဘုရားကို လှူရင် ဘာဖြစ်တယ်လို့ ပြောလိုက်ရင် ဒီထက်တောင် ပိုပြီး ခြားနားသွားနိုင်တယ်။ လောဘ မောဟ မကင်းတဲ့ ပုထုဇဉ်ရဲ့စိတ်က အဲဒီ သဘော မျိုးပါ။

ဒါကြောင့် ယခုဘုရားနဲ့ ပတ်သက်တာ လုံးဝ မရှိတော့ မှ နောင်ဘုရားတစ်ဆူ ပွင့်တယ်လို့ ခြွင်းချက်မဲ့ဆိုရင် ဘုရားရှင် တို့ရဲ့ ဘွဲ့အမည်ကို ပလ္လင်မှာ အမည်ကမ္ပည်း ရေးထိုးပြီး ပူဇော်ကိုးကွယ်ဖို့တောင် စဉ်းစားရမလို ဖြစ်မနေဘူးလား။ ( အဖြူနှလုံးသား ရခိုင်တွေက ရှေးခေတ် ရခိုင်ဒေသကို မြတ်စွာဘုရား ကြွခဲ့ တယ်လို့ ယုံကြည်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့် ငါး ရာကျော်က ရန်ကုန်သား ကုန်သည် ညီနောင်တို့ ဗုဒ္ဓဂယာကို ရောက်တယ်လို့ မြန်မာဗုဒ္ဓဝါဒီ အများစုရဲ့ နှလုံးသားမှာ ရှိ တယ်။

ရန်ကုန်နဲ့ ဂျပန်လောက် ဝေးတဲ့ ဗုဒ္ဓဂယာကနေ သူတို့ နိုင်ငံကို ဗုဒ္ဓဘုရား သုံးကြိမ် ကြွခဲ့တဲ့အပြင် ခြေတော်ရာ တစ် ဆူတောင် ထားခဲ့တယ်လို့ သီဟိုဠ် လူမျိုးတို့ ယုံကြည်တယ်။ တိဗက်သမိုင်းကို ဖတ်တော့ တိဗက်ကိုလည်း ဗုဒ္ဓဘုရား ကြွခဲ့ တာပဲ။ ယနေ့ ဥရောပတိုက်သား အချို့က ၎င်းတို့ဆီ ယေရှု( ခရစ်တော်) ကြွခဲ့တယ် ဆိုပဲ။ ဒါက ယုံကြည်သူ လူမျိုး အသီး သီးရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။

ဒါကြောင့် ရွှေတိဂုံ စေတီတော်ထဲက လေးဆူသော ဓာတ် မွေတော်ကို မြန်မာတို့ နှလုံးသားမှာ ဆက်လက် သိမ်းဆည်း ထားသင့်ပါတယ်။ မြန်မာတို့ ရှင်သန်ဖို့အတွက် လိုအပ်တဲ့ အဖြူ နှလုံးသားဖြစ်လို့ပါ။ အင်း … သုတေသီတို့က သုတေသန စကား ပြောရင်လည်း ယုံကြည်သူတို့က ပြုံးနေရုံပါပဲ။

ဧပြီ ၁၆၊ ၂၀၁၅။

အရှင်ကေလာသ (USA)

ဓမ္မအမေးအဖြေများ။