ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးမလုပ်မိပါစေနဲ့

တကယ်မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးလုပ်မိလို့

တစ်ဖက်သားမှာ ကိုယ့်ကို စွဲလမ်းပြီး အရူးတစ်ပိုင်း ဖြစ်သွားမယ် ဆိုလည်း

အဲဒီကံကြောင့် ကိုယ်လည်း တစ်ချိန်မှာ ရူးသွပ်ရမှာပဲ။

ကိုယ့်ကို စွဲစွဲလမ်းလမ်း တမ်းတမ်းတတ ဖြစ်သွားမယ် ဆိုတဲ့

ရည်ရွယ်ချက်နဲ့ ကိုယ့်ကို ရူးမတက် ချစ်အောင်ဆိုတဲ့ စိတ်ထားနဲ့

ဉာဏ်နီ ဉာဏ်နက် သုံးတာမျိုး မူယာ မာယာ များတာမျိုး

မြူဆွယ် ဖြားယောင်းတာမျိုး၊ လိမ်ညာ လှည့်ပတ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။

သူ့စိတ်နဲ့ သူ စွဲလမ်း တမ်းတတာ ကတော့ ကိုယ်နဲ့ မဆိုင်ပါဘူး။

တမင် ရည်ရွယ်ချက် ရှိရှိနဲ့ စွဲလမ်းအောင် လုပ်တာ ဆိုရင်တော့ စိတ်ထားကိုက“ရူးစေချင်တဲ့စိတ်ထား”မို့

အဲဒီအကျိုး သက်ရောက်မှုက ကိုယ့်ဆီလည်း သေချာပေါက် ပြန်ရောက်လာပါလိမ့်မယ်။

(ရူးသွပ်မှုကို ဖြစ်စေတဲ့ အကုသိုလ်ကံ ဆိုတာ ကတော့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သူတစ်ပါးကို ရူးသွပ် လောက်အောင် နှိပ်စက်ညှင်းပန်းမယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် လုပ်မယ်ဆိုရင် အဲဒီကံ အကျိုးပေးတဲ့ ဘ၀ ကိုယ်လည်း ရူးသွပ်ရမှာပဲ။)

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Unicode

တကယ်မချစ်ဘဲနဲ့ ချစ်ဟန််ဆောင်ပြီး တစ်ဖက်သားကို အရူးလုပ်မိလို့

တစ်ဖက်သားမှာ ကိိုယ့်ကို စွဲလမ်းပြီး အရူးတစ်ပိုင်း ဖြစ်သွားမယ် ဆိုလည်း

အဲဒီကံကြောင့် ကိုယ်လည်း တစ်ချိိန်မှာ ရူးသွပ်ရမှာပဲ။

ကိိုယ့်ကို စွဲစွဲဲလမ်းလမ်း တမ်းတမ်းတတ ဖြစ်သွားမယ် ဆိိုတဲ့

ရည်ရွယ်ချက်နဲ့ ကိိုယ့်ကို ရူးမတက် ချစ်အောင်ဆိုတဲ့ စိိတ်ထားနဲ့

ဉာဏ်နီီ ဉာဏ်နက် သုံးတာမျိုး မူယာ မာယာ များတာမျိုး

မြူဆွယ် ဖြားယောင်းတာမျိုး၊ လိိမ်ညာ လှည့်ပတ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။

သူ့စိိတ်နဲ့ သူ စွဲလမ်း တမ်းတတာ ကတော့ ကိုယ်နဲ့ မဆိုင်ပါဘူး။

တမင်် ရည်ရွယ်ချက် ရှိရှိနဲ့ စွဲလမ်းအောင် လုပ်တာ ဆိုရင်တော့ စိတ်ထားကိုက“ရူးစေချင်တဲ့စိတ်ထား”မို့

အဲဒီီအကျိုး သက်ရောက်မှုက ကိုယ့်ဆီလည်း သေချာပေါက် ပြန်ရောက်လာပါလိမ့်မယ်။

(ရူးသွပ်မှုကိို ဖြစ်စေတဲ့ အကုသိုလ်ကံ ဆိုတာ ကတော့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သူတစ်ပါးကို ရူးသွပ် လောက်အောင် နှိပ်စက်ညှင်းပန်းမယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် လုပ်မယ်ဆိိုရင် အဲဒီကံ အကျိုးပေးတဲ့ ဘဝ ကိုယ်လည်း ရူးသွပ်ရမှာပဲ။)

အရှင်ဆန္ဒာဓိိက (ရွှေပါရမီတောရ)

Be the first to comment

Leave a Reply

Your email address will not be published.


*