သုံးတတ်သူများအတွက် ဆေး
ကင်ပွန်းရွက် ဆေးဖက် အသုံးဝင်ပုံ
ကင်ပွန်းရွက်ကို အလွယ်တကူ ရရှိနိုင်ပြီး ကင်ပွန်းရွက်ချဉ်ရေ. ကင်ပွန်းရွက်ကျော်
ကင်ပွန်းရွက်နဲ့ ကန်စွန်းရွက်ချဉ်ရေအစရှိသည့်ဟင်းရည်တွေ က ထမင်းစားကောင်းပြီး နူတ်မြိန်စေတဲ့အတွက် နေ့စဉ်စား သောက်နေတဲ့ ဟင်းလျာစာရင်းထဲမှာ ကင်ပွန်းရွက်က မပါ မဖြစ်တဲ့ အသီးအရွက်ပါ။
ကင်ပွန်းရွက်က ဟင်းရံဖြစ်ရုံသာမက ဆေးဖက်လည်း အသုံး ဝင်ပါတယ်။
၁ ) ကလေး ၊လူကြီး ကျား မ မရွေး – ဆီးဝါခြင်း ချုပ်ခြင်း ဝမ်းချုပ်ခြင်း နဖူးပူခြင်း ခြေဖျား လက်ဖျားအေးပြီး နလုံးတုန် ရင်ခုန်ခြင်း ..
အိပ်မပျော်. ချွေးမထွက်ပဲဖျားနာရောဂါဖြစ်ခဲ့ပါက –
ကင်ပွန်းချဉ် အရွက်ကြမ်းကို သကြားနဲ့ကျကျကျိုပြီး.ဆား စိမ်း အနည်းငယ် ခပ်၍ နံနက် ၁၂ နာရီ ၁ ကြိမ် ညနေ၃ နာရီ ၁ ကြိမ် လက်ဖက်ရည်ပုဂံ ၁ လုံးသောက်ပါ ချွေးအောင်းပေးပါ။
၂ ) ကလေး လူကြီး – ဆီးနီ ဆီးဝါ ချုပ်ခြင်း. အော့အန်၍ ဝမ်းသွားခြင်းရေသောက် များ၍ ဖျားနာခြင်း ဖြစ်ခဲ့လျှင်..
ကင်ပွန်းရွက်ကို ကျကျကျို၍ ပျားရည်အနည်းငယ် ရောစပ် ပြီး အထက်ဖော်ပြပါ နည်းအတိုင်း ၃ ရက်ဆက်သောက်ပေးပါက ပျောက်ကင်းပါသည်။
၃ ) လတ်တလော လေချုပ် လေအောင့်ဝမ်းဖော. ဝမ်းရောင် – ဖြစ်လျင် ကင်ပွန်းရွက်ကြမ်းကို ကျကျ. ကျို၍ ဆားစိမ်း ခပ်သောက်ပါ။
၎ ) သည်းခြေပျက်၍၄င်း ခိုက်၍၄င်း. စိတ်မကြည်မလင် စိတ်ပျံ့လွှင့်၍ရူးသွပ်သော – သူများအတွက်…
ကင်ပွန်းရွက် ၊ ချဉ်ပေါင်ရွက်သည် သည်းခြေကြိုက် ဓာတ်စာ ဖြစ်သည်ဟု ဖော်ပြထား၏။
၅ ) ကိုက် လက် ကိုက်ခဲညောင်းညာခြင်း အကြောတက် ရောဂါများအတွက် ကင်ပွန်းရွက်ကို ကျကျကျို၍ လိမ်းပေး သောက်ပေးပါ။
တစ်နည်း
ရူတော်မူဆေးအဘိဓာန်၌ သည်းခြေငုတ်လျင်.ဒေါသ အမျက်ဝှန်ဆူခြင်း စကားမပြောပဲ တွေဝေ မိုင်ငေးနေသူအား မန်ကျည်းရွက် ၊ကင်ပွန်းရွက် ၊ခရမ်းချဉ်သီးဟင်း ချက်စားပေးပါရန် ဖော်ပြထားပါသည်။
ကင်ပွန်းချဉ်ရွက်သည်သည်းခြေပျက်ခြင်းနှင့် ဝက်ရူးရောဂါ ရှင်များအတွက် အမှန်ပျောက်ကင်းသောဓာတ်စာဆေးဖြစ်ပါသည်။
ရူတော်မူ၌ ပူ၏ ချဉ်၏ ဟုပြသော်လည်း သည်းခြေကိုငြိမ်းစေတတ်၏
သလိပ်ကိုနိုင်ပြီး သည်းခြေ ဓာတ်ကြိုက်ဖြစ်ကြောင်းနင့်. ရှေးဆရာကြီးများက. ကင်ပွန်းချဉ်ရွက်အား လေဆေးအဖြစ် အသုံးပြုပုံကို အောက်ပါ အတိုင်းလေးဆစ်ကဗျာဖြင့် စီကုံး ထားလေ၏။
ဥသျှစ်ကယ် ၊ စောင်ခြမ်း ကြောင်ပန်းနဲ့. ငုရွှေ ရွက်မိုးနံ့ ၊ဆီးဖြူသီး လှီး၍ ထည့်လေ ၊ဆေးမဟေ ၊လေကြေတဲ့ သက်ရင်း၊ ကင်ပွန်း ဆားလှော်နှင့် လျှာပေါ်မှာ တင်ကာကျင်း ချိုမြလေခြင်း ။
အားလုံး အသက်ရှည် ကျန်းမာကြပါစေ..
နှစ်ပေါင်း ၂၀၀ မြန်မာ့ဆေးပညာ
နီနီလေး
Unicode
ကင်ပွန်းရွက်် ဆေးဖက်် အသုံးဝင်ပုံ
ကင်ပွန်းရွွက်ကို အလွယ်တကူ ရရှိနိုင်ပြီး ကင်ပွန်းရွက်ချဉ်ရေ. ကင်ပွန်းရွက်ကျော်
ကင်ပွွန်းရွက်နဲဲ့ ကန်စွန်းရွက်ချဉ်ရေအစရှိသည့်ဟင်းရည်တွွေ က ထမင်းစားကောင်းပြီး နူတ်မြိန်စေတဲ့အတွက် နေ့စဉ်စား သောက််နေတဲ့ ဟင်းလျာစာရင်းထဲမှာ ကင်ပွန်းရွက်က မပါ မဖြစ်တဲ့ အသီးအရွက်ပါ။
ကင်ပွန်းရွွက်က ဟင်းရံဖြစ်ရုံသာမက ဆေးဖက်လည်း အသုံး ဝင်ပါတယ်။
၁ ) ကလေး ၊လူကြီး ကျား မ မရွေး – ဆီးဝါခြင်း ချုပ်ခြင်း ဝမ်းချုပ်ခြင််း နဖူးပူခြင််း ခြေဖျား လက်ဖျားအေးပြီး နလုံးတုန်် ရင်ခုန်ခြင်း ..
အိိပ်မပျော်. ချွေးမထွက်ပဲဖျားနာရောဂါဖြစ်ခဲ့ပါက –
ကင်ပွန်းချဉ်် အရွက်ကြမ်းကိို သကြားနဲ့ကျကျကျိုပြီး.ဆား စိိမ်း အနည်းငယ်် ခပ်၍ နံနက် ၁၂ နာရီ ၁ ကြိမ် ညနေ၃ နာရီ ၁ ကြိမ် လက်ဖက်ရည်ပုဂံံ ၁ လုံးသောက်ပါ ချွေးအောင်းပေးပါ။
လူကြီးများအတွက် အထက်ပါနည်းအတိိုင်း ၃ရက်ဆက်် သောက်ပါက ပျောက်ကင်းစေပါသည်။ ( ကလေးများအတွက် ဆေးချိန် လျော့တိုက်ပါရန် )
၂ ) ကလေး လူကြီး – ဆီးနီ ဆီးဝါ ချုပ်ခြင််း. အော့အန်၍ ဝမ်းသွားခြင်းရေသောက်် များ၍ ဖျားနာခြင်း ဖြစ်ခဲ့လျှင််..
ကင်ပွွန်းရွက်ကိို ကျကျကျို၍ ပျားရည်အနည်းငယ်် ရောစပ် ပြီး အထက်ဖော်ပြပါ နည်းအတိုင်း ၃ ရက်ဆက်သောက်ပေးပါက ပျောက်ကင်းပါသည်။
၃ ) လတ်တလော လေချုပ်် လေအောင့််ဝမ်းဖော. ဝမ်းရောင် – ဖြစ်လျင် ကင်ပွန်းရွက်ကြမ်းကို ကျကျ. ကျို၍ ဆားစိမ်း ခပ်သောက်ပါ။
၄ ) သည်းခြေပျက်၍၄င်း ခိုက်၍၄င်း. စိတ်မကြည်မလင် စိတ်ပျံ့လွှင့်၍ရူးသွပ်သော – သူများအတွက်…
ကင်ပွန်းရွက်နဲ့သကြားကျို၍ နေ့စဉ်သောက်ပေးပါ။ မကြာမီပျောက်ကင်းပါမည်။
ကင်ပွန်းရွက်် ၊ ချဉ်ပေါင်ရွက်သည်် သည်းခြေကြိုက်် ဓာတ်စာ ဖြစ်သည်ဟု ဖော်ပြထား၏။
၅ ) ကိိုက် လက် ကိုက်ခဲဲညောင်းညာခြင်း အကြောတက်် ရောဂါများအတွက်် ကင်ပွန်းရွွက်ကို ကျကျကျို၍ လိမ်းပေး သောက်ပေးပါ။
၆ ) မျက်လုံးကြောင်ကြောင်. ခေါ်၍မထူး မေး၍မပြော ဖြစ်နေသော ဝေဒနာရှင် – ကင်ပွန်းရွက်နဲ့ သကြားကျို၍ တိုက်ပေးပါ။
တစ်နည်း
ရူတော်မူဆေးအဘိဓာန်၌ သည်းခြေငုတ်လျင်.ဒေါသ အမျက်ဝှန်ဆူခြင်း စကားမပြောပဲ တွေဝေ မိူင်ငေးနေသူအား မန်ကျည်းရွက် ၊ကင်ပွန်းရွက် ၊ခရမ်းချဉ်သီးဟင်း ချက်စားပေးပါရန် ဖော်ပြထားပါသည်။
ကင်ပွန်းချဉ်ရွွက်သည်သည်းခြေပျက်ခြင်းနှင့်် ဝက်ရူးရောဂါ ရှင်များအတွက် အမှန်ပျောက်ကင်းသောဓာတ်စာဆေးဖြစ််ပါသည်။
၇ ) သွေးဆုံးရောဂါရှိသော အမျိုးသမီးများအား – ကန်စွန်းရွက်ကို ထန်းလျက် ( သို့ ) သကြားနဲ့ကျကျကျို၍ သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။
ဓာတုဩသဓကျမ်း၌ ကင်ပွန်းချဉ်ရွက်ကို အအေး. ပထဝီ အတက်ဟူ၍၄င်း- ဥတုဘောဇနကျမ်း၌ အေး ချို ဟူ၍၄င်း.
ရူတော်မူ၌ ပူ၏ ချဉ်၏ ဟုပြသော်လည်း သည်းခြေကိုငြိမ််းစေတတ်၏
သလိိပ်ကိုနိုင်ပြီး သည်းခြေ ဓာတ်ကြိုက်ဖြစ်ကြောင်းနင့်. ရှေးဆရာကြီးများက. ကင်ပွန်းချဉ်ရွက်အား လေဆေးအဖြစ် အသုံးပြုပုံကို အောက်ပါ အတိုင်းလေးဆစ်ကဗျာဖြင့် စီကုံး ထားလေ၏။
ဥသျှစ်ကယ်် ၊ စောင်ခြမ်း ကြောင်ပန်းနဲ့. ငုရွှေ ရွက်မိုးနံ့ ၊ဆီးဖြူသီး လှီး၍ ထည့်လေ ၊ဆေးမဟေ ၊လေကြေတဲ့ သက်ရင်း၊ ကင်ပွန်း ဆားလှော်နှင့် လျှာပေါ်မှာ တင်ကာကျင်း ချိုမြလေခြင်း ။
အားလုံး အသက်ရှည်် ကျန်းမာကြပါစေ..
နှစ်ပေါင််း ၂၀၀ မြန်မာ့ဆေးပညာ
မြန်မာ့ဆေးဖက်ဝင်အပင်များ
နီနီလေး
Be the first to comment
Leave a Reply
Your email address will not be published.
*