အိမ္မွာ ဘုရားကျောင်းဆောင်ထား ရှိခြင်း၏ အကျိုး

ဘုရားကျောင်းဆောင်ထား ရှိခြင်းအကျိုး

မသိတဲ့သူတွေကတော့ ရုပ်တုတွေ ဆင်းတုတော်တွေ အုတ်ပုံကြီးတွေကို ရှိခိုးနေကြတာလို့ပဲ သုံးသပ်ကြပါတယ်။

ဘာသာတိုင်းမှာလည်း ကိုးကွယ်မှု ့ပြယုတ် အမျိုးမျိုးရှိတာပဲလေဆိုပြီး သာမန်လောက်ပဲ ထင်ထားတတ်ကြပါတယ်။

ဘာသာအမျိုးမျိုးရှိလို ့ကိုးကွယ်မှု အမျိုးမျိုး ရှိကြပေမဲ့ အတုနဲ့အစစ်ရဲ့ ဂုဏ်အရည်အချင်း ကတော့ ကွာခြားကြပါလိမ့်မယ်။

စေတီတည်ထိုက်တဲ့ အရာတွေဖြစ်တဲ့ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတွေ ဆိုတာဟာ ပူဇော်ရင် အကျိုးကြီးမားစွာရှိလို့ ဘုရားရှင်ဟောထားခဲ့တာပါ။

နောက်တခါ …

“ငါဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခါ၌ ငါဘုရားရှင်ကို ပူဇော်ဖူးမြင်ရသော အကျိုးသည်၎င်း၊ မရှိသော အခါ၌ စေတီပုံတော်ကို ပူဇော်ဖူးမြင် ရခြင်းသည်၎င်း၊

သဒ္ဒါတရား ထက်သန် တူညီမှုရှိခဲ့သော အကျိုးပေးသည်လည်း အတူတူပင်ဖြစ်ပေ၏” တဲ့။

မိမိရဲ့ အိမ်ကဆင်းတုတော်ပဲဖြစ်ဖြစ်၊ ပုံတော်ပဲဖြစ်ဖြစ်၊ စေတီတဆူဆူပဲ ဖြစ်ဖြစ်၊ သက်ရှိထင်ရှား ဘုရားရှင် ကဲ့သို ့စိတ်ထားနိုင်ပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းအစရှိတဲ့

ကောင်းမှုတွေ လုပ်တာဟာ သက်ရှိထင်ရှား ဘုရားကို ပူဇော်လို့ရတဲ့အကျိုးနဲဲ ့အတူတူပါပဲ။

ဒါဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက်မဖြစ်မနေ သိထားသင့်တဲ့ အရေးကြီးတဲ့ ကိစ္စပါ။ အခြားဘာသာ တွေကဲ့သို ့ကိုးကွယ်မှုပြယုတ်် မဟုတ်ပါဘူး။ တကယ်သဒ္ဓါထက်သန်ရင်တကယ်အကျိုးပေး ကြီးလှပါတယ်။

ဒီကိစ္စနဲ ့ပါတ်သတ်လို့ တကယ့် ဖြစ်ရပ်မှန်လေး တခုပါ။ လူတော်တော်များများလည်းကြားဖူးကြမှာပါ။

ပဲခူးတိုင်း ဖြူးမြို့နယ်က ဒေါ်ကလေးမ ဆိုတဲ့ အမယ်အိုကြီးတဦးရှိတယ်။ အရမ်းဆင်းရဲတယ်။ မလှူနိုင် မတန်းနိုင်ပါဘူး။

ဒါပေမဲ့ သူ့ရဲ့ ထူးခြား တဲ့ကုသိုလ်က ဆွမ်းကပ်တဲ့အခါ သက်တော်ထင်ရှား ဘုရားရှင်ကို ကပ်သလိုမျိုး ဆွမ်းအများကြီးနဲ့ ့ကပ်တယ်။

ကိုယ်ရေသောက်တိုင်း ဘုရားရှင်ကိုလည်း ခဏခဏ သောက်တော်ရေ ကပ်တယ်။

မနက်စောစော မျက်နှာသစ်တော်ရေ အစရှိတဲ့ အိမ်မှာရှိတဲ့ ဘုရားကို သက်ရှိ ထင်ရှား ဘုရားကဲ့သို ့သဘောထားပြီး သဒ္ဓါထက်သန်စွာနဲ့ ကောင်းမှုကုသိုလ်တွေ ပြုခဲ့တယ််။

တနေ့တော့ … အဲဒီနယ်က ဆရာတော်ကြီးတပါးဟာ မျောပြီး နတ်ပြည်ကို ရောက်သွားတယ််။ နတ်ပြည်မှာ အလွန်တောက်ပတဲ့ ဗိမ္မာန်ကြီးကို တွေ့ရတယ်။

ဗိမ္မာန်ရှင်နတ်သားကို မတွေ့လို့ ့မေးကြည့်တော့နတ်သား တစ်ပါးကပြောတယ်။ အဲဒီဗိဗ္မာန်ဟာ ဖြူးမြို့၊ စမ်းမြိုင်ရပ်က ဒေါ်ကုလေးမ ဗိမ္မာန်တဲ့။ သူကမသေသေးဘူး။အခုရှိသေးတယ်။ သူသေရင်နေဖို့တဲ့။

နောက်တော့ …

ဆရာတော်ကြီးက သတိရလာပြီး ကပ္ပိယတွေကို စုံစမ်းခိုင်းလိုက်တော့ ဒေါ်ကုလေးမကို တွေ့ပြီး သူ့ရဲ့ ထူးခြား တဲ့ ကောင်းမှုတွေကိုပါ မေးလာခဲ့ရတယ်။

လူမသေခင် ဗိမ္မာန်ပေါက်တာဟာ ဇာတ်တော်တွေ ထဲမှာလည်း ရှိပါတယ်။

ကဲ ဒါဆိုရင် …အိမ်မှာရှိတဲ့ ဘုရားဆင်းတုတော်ဟာဘာသာတရား တစ်ခုရဲ့ ပြယုတ် မဟုတ်ဘူး ဆိုတာကို သဘောပေါက် လောက်ရောပေါ့။

မိတ်ဆွေတို့လည်း သက်ရှိထင်ရှား ဘုရားရှင်နဲ့ နေ့တိုင်း ထိတွေ့ခွင့် ရနေတယ်ဆိုတာ မမေ့ကြစေ လိုပါ။

ဦးမြင့်ခိုင်

Zawgyi

ဘုရားေက်ာင္းေဆာင္ထား ရွိျခင္းအက်ိဳး

မသိတဲ့သူေတြကေတာ့ ရုပ္တုေတြ ဆင္းတုေတာ္ေတြ အုတ္ပံုၾကီးေတြကို ရွိခိုးေနၾကတာလို႔ပဲ သံုးသပ္ၾကပါတယ္။

ဘာသာတိုင္းမွာလည္း ကိုးကြယ္မႈ ့ျပယုတ္ အမ်ိဳးမ်ိဳးရွိတာပဲေလဆိုျပီး သာမန္ေလာက္ပဲ ထင္ထားတတ္ၾကပါတယ္။

ဘာသာအမ်ိဳးမ်ိဳးရွိလို ့ကိုးကြယ္မႈ အမ်ိဳးမ်ိဳး ရွိၾကေပမဲ့ အတုနဲ႔အစစ္ရဲ႕ ဂုဏ္အရည္အခ်င္း ကေတာ့ ကြာျခားၾကပါလိမ့္မယ္။

ေစတီတည္ထိုက္တဲ့ အရာေတြျဖစ္တဲ့ ဓာတုေစတီ၊ ဓမၼေစတီ၊ ဥဒၵိႆေစတီ၊ ပရိေဘာဂေစတီေတြ ဆိုတာဟာ ပူေဇာ္ရင္ အက်ိဳးႀကီးမားစြာ႐ွိလို႔ ဘုရားရွင္ေဟာထားခဲ့တာပါ။

ေနာက္တခါ …

“ငါဘုရားရွင္ သက္ေတာ္ထင္ရွားရွိစဥ္ အခါ၌ ငါဘုရားရွင္ကို ပူေဇာ္ဖူးျမင္ရေသာ အက်ိဳးသည္၎၊ မရွိေသာ အခါ၌ ေစတီပံုေတာ္ကို ပူေဇာ္ဖူးျမင္ ရျခင္းသည္၎၊

သဒၵါတရား ထက္သန္ တူညီမႈရွိခဲ့ေသာ အက်ိဳးေပးသည္လည္း အတူတူပင္ျဖစ္ေပ၏” တဲ့။

မိမိရဲ႕ အိမ္ကဆင္းတုေတာ္ပဲျဖစ္ျဖစ္၊ ပံုေတာ္ပဲျဖစ္ျဖစ္၊ ေစတီတဆူဆူပဲ ျဖစ္ျဖစ္၊ သက္ရွိထင္ရွား ဘုရားရွင္ ကဲ့သို ့စိတ္ထားႏိုင္ၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီး၊ ဆြမ္းအစရွိတဲ့

ေကာင္းမႈေတြ လုပ္တာဟာ သက္ရွိထင္ရွား ဘုရားကို ပူေဇာ္လို႔ရတဲ့အက်ိဳးနဲဲ ့အတူတူပါပဲ။

ဒါဟာ ဗုဒၶဘာသာဝင္တိုင္းအတြက္မျဖစ္မေန သိထားသင့္တဲ့ အေရးႀကီးတဲ့ ကိစၥပါ။ အျခားဘာသာ ေတြကဲ့သို ့ကိုးကြယ္မႈျပယုတ္္ မဟုတ္ပါဘူး။ တကယ္သဒၶါထက္သန္ရင္တကယ္အက်ိဳးေပး ႀကီးလွပါတယ္။

ဒီကိစၥနဲ ့ပါတ္သတ္လို႔ တကယ့္ ျဖစ္ရပ္မွန္ေလး တခုပါ။ လူေတာ္ေတာ္မ်ားမ်ားလည္းၾကားဖူးၾကမွာပါ။

ပဲခူးတိုင္း ျဖဴးၿမိဳ႕နယ္က ေဒၚကေလးမ ဆိုတဲ့ အမယ္အိုႀကီးတဦးရွိတယ္။ အရမ္းဆင္းရဲတယ္။ မလွဴႏိုင္ မတန္းႏိုင္ပါဘူး။

ဒါေပမဲ့ သူ႕ရဲ႕ ထူးျခား တဲ့ကုသိုလ္က ဆြမ္းကပ္တဲ့အခါ သက္ေတာ္ထင္ရွား ဘုရားရွင္ကို ကပ္သလိုမ်ိဳး ဆြမ္းအမ်ားႀကီးနဲ႔ ့ကပ္တယ္။

ကိုယ္ေရေသာက္တိုင္း ဘုရားရွင္ကိုလည္း ခဏခဏ ေသာက္ေတာ္ေရ ကပ္တယ္။

မနက္ေစာေစာ မ်က္ႏွာသစ္ေတာ္ေရ အစရွိတဲ့ အိမ္မွာရွိတဲ့ ဘုရားကို သက္ရွိ ထင္ရွား ဘုရားကဲ့သို ့သေဘာထားၿပီး သဒၶါထက္သန္စြာနဲ႔ ေကာင္းမႈကုသိုလ္ေတြ ျပဳခဲ့တယ္္။

တေန႔ေတာ့ … အဲဒီနယ္က ဆရာေတာ္ႀကီးတပါးဟာ ေမ်ာၿပီး နတ္ျပည္ကို ေရာက္သြားတယ္္။ နတ္ျပည္မွာ အလြန္ေတာက္ပတဲ့ ဗိမၼာန္ႀကီးကို ေတြ႕ရတယ္။

ဗိမၼာန္ရွင္နတ္သားကို မေတြ႕လို႔ ့ေမးၾကည့္ေတာ့နတ္သား တစ္ပါးကေျပာတယ္။ အဲဒီဗိဗၼာန္ဟာ ျဖဴးၿမိဳ႕၊ စမ္းၿမိဳင္ရပ္က ေဒၚကုေလးမ ဗိမၼာန္တဲ့။ သူကမေသေသးဘူး။အခုရွိေသးတယ္။ သူေသရင္ေနဖို႔တဲ့။

ေနာက္ေတာ့ …

ဆရာေတာ္ႀကီးက သတိရလာၿပီး ကပၸိယေတြကို စံုစမ္းခိုင္းလိုက္ေတာ့ ေဒၚကုေလးမကို ေတြ႕ၿပီး သူ့ရဲ႕ ထူးျခား တဲ့ ေကာင္းမႈေတြကိုပါ ေမးလာခဲ့ရတယ္။

လူမေသခင္ ဗိမၼာန္ေပါက္တာဟာ ဇာတ္ေတာ္ေတြ ထဲမွာလည္း ရွိပါတယ္။

ကဲ ဒါဆိုရင္ …အိမ္မွာရွိတဲ့ ဘုရားဆင္းတုေတာ္ဟာဘာသာတရား တစ္ခုရဲ႕ ျပယုတ္ မဟုတ္ဘူး ဆိုတာကို သေဘာေပါက္ ေလာက္ေရာေပါ့။

မိတ္ေဆြတို႔လည္း သက္ရွိထင္ရွား ဘုရားရွင္နဲ႔ ေန႔တိုင္း ထိေတြ႕ခြင့္ ရေနတယ္ဆိုတာ မေမ့ၾကေစ လိုပါ။

ဦးျမင့္ခိုင္