နေမာဗုဒ္ဓဿ အက္ခရာ ဘုရားရှိခိုး

စာတစ်လုံး ဘုရားတစ်ဆူပါ နေမာဗုဒ္ဓဿ အက္ခရာဘုရားရှိခိုး

က

ကကြီးဟူသည်ကား ကိလေသာ မာန်ကိုအောင်မြင်တော်မူသော မြတ်စွာဘုရား။

ခခွေးဟူသည်ကားခန္ဓမာန်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။

ဂငယ်ဟူသည်ကားဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား။

ဃကြီးဟူသည်ကားဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသောရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသောမြတ်စွာဘုရား။

ငဟူသည်ကားမာန်ငါးပါးကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။

စလုံးဟူသည်ကားစကြဝဠာ တစ်သိုက်တုဖက်ပြိုင်ဖက် ရှိတော်မမူသော မြတ်စွာဘုရား။

ဆလိမ်ဟူသည်ကားဆယ်ပါးသော ဒုစရိုက်ကိုပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသောမြတ်စွာဘုရား။

ဇကွဲဟူသည်ကားဇာတိဿ ရဉာဏ်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။

ဇမျဉ်ဇွဲဟူသည်ကားဈာန်သမာပတ်အပေါင်းပြည့်စုံတော်မူသောမြတ်စွာဘုရား။

ညဟူသည်ကားဉေယျ ဓံတရား ငါးပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

တတလင်းချိတ်ဟူသည်ကားဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို ဆရာမရှိ ကိုယ်ကိုတိုင်သိတော်မူသော မြတ်စွာဘုရား။

ဋ္ဌ

ဋ္ဌဝန်ဘဲဟူသည်ကားပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသောမြတ်စွာဘုရား။

ဒရင် ကောက်ဟူသည်ကားကောဒည ပုဏ္ဏားသည်လက်ညိုးတစ်ချောင်းထောင်ပြ၍ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟုပြောဆိုခံရသော မြတ်စွာဘုရား။

ဓရင်မှုတ် ဟူသည်ကားဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသောမြတ်စွာဘုရား။

ဏကြီးဟူသည်ကားတဏှာတည်းဟူသောအမိုက်မှောင်တို့ကိုပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသောမြတ်စွာဘုရား။

တဝမ်းပူဟူသည်ကားတစ်ထောင်မကသောဒိဋ္ဌိတို့ကို ဆုံးမတော်မူသောမြတ်စွာဘုရား။

ထဆင်ထူး ဟူသည်ကားထူးမြတ်သော တရားအပေါင်း၌ပြည့်စုံတော်မူသောမြတ်စွာဘုရား။

ဒဒွေးဟူသည်ကားဒိပ္ပစက္ခု ရွှေဉာဏ်တော်ကိုရတော်မူသောမြတ်စွာဘုရား။

ဓအောက်ချိုက်ဟူသည်ကားဓမ္မစကြာ တရားအပေါင်း၌ပြည့်စုံတော်မူသောမြတ်စွာဘုရား။

နငယ်ဟူသသည်ကားနိဗ္ဗာန်ခေမာ ပြည့်အောင်ဉာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသောမြတ်စွာဘုရား။

ပစောက်ဟူသည်ကားပုဗ္ဗေနိဝါသ နုဿ တိဉာဏ်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။

ဖဥထုပ်ဟူသည်ကားဖိုလ် ၊ မဂ် ချမ်းသာကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။

ဗလချိုက်ဟူသည်ကားဗောဓိပင်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား။


ဘကုန်းဟူသည်ကားဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

မဟူသည်ကားမစ္စု မာန်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား။

ယပလက်ဟူသည်ကားယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား။

ရကောက်ဟူသည်ကားရတနာခြောက်သွယ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

လဟူသည်ကားလူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက်ကင်းတော်မူသောမြတ်စွာဘုရား။

ဝဟူသည်ကားဝသုန္ဒြေ မြေစောင့်နတ်သားသည် သက်သေပြု၍ မာနတ်မင်းအားခုခံ အောင်မြင်တော်မူသောမြတ်စွာဘုရား။

သဟူသည်ကားသစ္စာလေးပါး တရားအပေါင်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

ဟဟူသည်ကား ဟန်ဒ ဒါနိ ဘိက်ခဝေပါဋ္ဌိတော်လာသည်နှင့်အနိယတဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား။

လကြီး ဟူသည်ကားဝေဠုဝန်ကျောင်းတော်၌လပြည့်ဝန်းကဲ့သို့ပြည့်ထွန်းတော်မူသောမြတ်စွာဘုရား။

အဟူသည်ကားနေ အရုဏ်မတက်မှီ အာသဝေါကင်း၍အာသဝက္ခယဉာဏ်ကို ရတော်မူသော မြတ်စွာဘုရား။

ထို့ကြောင့် စာတစ်လုံးဘုရားတစ်ဆူဟု ရှေးလူကြီးသူမတို့ဆိုရိုးရှိခဲ့ပေသည်။” သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”” သာဓုသာဓုသာဓု ”

ခရစ်ဒစ်

Zawgyi

စာတစ္လုံး ဘုရားတစ္ဆူပါ ေနမာဗုဒၶႆ အကၡရာဘုရားရွိခိုး

က

ကႀကီးဟူသည္ကား ကိေလသာ မာန္ကိုေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား။

ခေခြးဟူသည္ကားခႏၶမာန္ကိုေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

ဂငယ္ဟူသည္ကားဂုဏ္ေတာ္ကိုးပါးႏွင့္ ျပည့္စုံေတာ္မူေသာျမတ္စြာဘုရား။

ဃႀကီးဟူသည္ကားဃဋိက ျဗဟၼာမင္း ဆက္သေတာ္မူေသာေရႊၾကာသဃၤန္း ဆင္ျမန္းေတာ္မူေသာျမတ္စြာဘုရား။

ငဟူသည္ကားမာန္ငါးပါးကိုေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

စလုံးဟူသည္ကားစၾက၀ဠာ တစ္သိုက္တုဖက္ၿပိဳင္ဖက္ ရွိေတာ္မမူေသာ ျမတ္စြာဘုရား။

ဆလိမ္ဟူသည္ကားဆယ္ပါးေသာ ဒုစရိုက္ကိုပယ္ဖ်က္ခုတ္ထြင္း ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

ဇကြဲဟူသည္ကားဇာတိႆ ရဉာဏ္ကိုေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

ဇမ်ဥ္ဇြဲဟူသည္ကားဈာန္သမာပတ္အေပါင္းျပည့္စုံေတာ္မူေသာျမတ္စြာဘုရား။

ညဟူသည္ကားေဉယ် ဓံတရား ငါးပါးႏွင့္ျပည့္စုံေတာ္မူေသာျမတ္စြာဘုရား။

တတလင္းခ်ိတ္ဟူသည္ကားဒီဃလင္တက်မ္းေအာက္အစြယ္စြယ္တို့ကို ဆရာမရွိ ကိုယ္ကိုတိုင္သိေတာ္မူေသာ ျမတ္စြာဘုရား။

႒ဝန္ဘဲဟူသည္ကားပ႒ာန္းက်မ္းကို ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

ဒရင္ ေကာက္ဟူသည္ကားေကာဒည ပုဏၰားသည္လက္ညိဳးတစ္ေခ်ာင္းေထာင္ျပ၍ဘုရားဧကန္ျဖစ္ပါလိမ့္မည္ဟုေျပာဆိုခံရေသာ ျမတ္စြာဘုရား။

ဓရင္မွုတ္ ဟူသည္ကားဒီပကၤရာ ျမတ္စြာဘုရားေရွ႕ေတာ္၌ အနိယတ ဗ်ာဒိတ္ပန္းကိုဆင္ျမန္းေတာ္မူေသာျမတ္စြာဘုရား။

ဏႀကီးဟူသည္ကားတဏွာတည္းဟူေသာအမိုက္ေမွာင္တို့ကိုပယ္ဖ်က္ခုတ္ထြင္း ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

တဝမ္းပူဟူသည္ကားတစ္ေထာင္မကေသာဒိ႒ိတို့ကို ဆုံးမေတာ္မူေသာျမတ္စြာဘုရား။

ထဆင္ထူး ဟူသည္ကားထူးျမတ္ေသာ တရားအေပါင္း၌ျပည့္စုံေတာ္မူေသာျမတ္စြာဘုရား။

ဒေဒြးဟူသည္ကားဒိပၸစကၡဳ ေရႊဉာဏ္ေတာ္ကိုရေတာ္မူေသာျမတ္စြာဘုရား။

ဓေအာက္ခ်ိဳက္ဟူသည္ကားဓမၼစၾကာ တရားအေပါင္း၌ျပည့္စုံေတာ္မူေသာျမတ္စြာဘုရား။

နငယ္ဟူသသည္ကားနိဗၺာန္ေခမာ ျပည့္ေအာင္ဉာဏ္မ်ိဳးတို့ကို ပို့ေဆာင္ေတာ္မူေသာျမတ္စြာဘုရား။

ပေစာက္ဟူသည္ကားပုေဗၺနိဝါသ ႏုႆ တိဉာဏ္ကိုေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

ဖဥထုပ္ဟူသည္ကားဖိုလ္ ၊ မဂ္ ခ်မ္းသာကိုေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

ဗလခ်ိဳက္ဟူသည္ကားေဗာဓိပင္ကို ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။


ဘကုန္းဟူသည္ကားဘုန္းေတာ္ေျခာက္ပါးႏွင့္ျပည့္စုံေတာ္မူေသာျမတ္စြာဘုရား။

မဟူသည္ကားမစၥဳ မာန္ကို ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

ယပလက္ဟူသည္ကားယမက ဗ်ာဒိယာ၌ ရတနာေရႊပလႅင္ကို ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

ရေကာက္ဟူသည္ကားရတနာေျခာက္သြယ္ႏွင့္ျပည့္စုံေတာ္မူေသာျမတ္စြာဘုရား။

လဟူသည္ကားလူသုံးပါးတို့တြင္ တုဖက္ ၿပိဳင္ဖက္ကင္းေတာ္မူေသာျမတ္စြာဘုရား။

ဝဟူသည္ကားဝသုေျႏၵ ေျမေစာင့္နတ္သားသည္ သက္ေသျပဳ၍ မာနတ္မင္းအားခုခံ ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား။

သဟူသည္ကားသစၥာေလးပါး တရားအေပါင္းႏွင့္ျပည့္စုံေတာ္မူေသာျမတ္စြာဘုရား။

ဟဟူသည္ကား ဟန္ဒ ဒါနိ ဘိက္ခေဝပါ႒ိေတာ္လာသည္ႏွင့္အနိယတဗ်ာဒိတ္ပန္း ဆင္ျမန္းေတာ္မူသည့္ ျမတ္စြာဘုရား။

လႀကီး ဟူသည္ကားေဝဠဳဝန္ေက်ာင္းေတာ္၌လျပည့္ဝန္းကဲ့သို့ျပည့္ထြန္းေတာ္မူေသာျမတ္စြာဘုရား။

အဟူသည္ကားေန အ႐ုဏ္မတက္မွီ အာသေဝါကင္း၍အာသဝကၡယဉာဏ္ကို ရေတာ္မူေသာ ျမတ္စြာဘုရား။

ထို့ေၾကာင့္ စာတစ္လုံးဘုရားတစ္ဆူဟု ေရွးလူႀကီးသူမတို့ဆိုရိုးရွိခဲ့ေပသည္။” သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ”” သာဓုသာဓုသာဓု ”

ခရစ္ဒစ္