ကောက်ညှင်းရွှေထမင်း လုပ်နည်းလေး

ကောက်ညှင်းရွှေထမင်း

ငယ်ငယ်က မြန်မာမုန့်တွေ ရပ်ကွက်ထဲမှာ လည်ရောင်းလေ့ ရှိတဲ့ ဈေးသည်ကြီးဆီက ရွှေထမင်းကို နေ့တိုင်းနီးပါး ဝယ်စားလေ့ရှိတယ်..

သူရောင်းတဲ့ ရွှေထမင်းက စားဘူးသမျှတွေထဲမှာအကောင်းဆုံးပါ..။

ကောက်ညှင်း စစ်စစ်ကို ဆန်မရောဘဲ..နပ်နေအောင်ပေါင်းပီး မြန်မာ မုန့်လုပ်ထန်းလျှက် လေးနဲ့ ရောမွှေထားကာ မျက်နှာပြင် ဆီလေး သုပ်ထားတော့..

အရောင်တက်ပီးပြောင်လက် စားလိုက်ရင်လည်း မွှေးပီး အိနေတာဘဲ..။

သူအုန်းသီးလေးက မနုမရင့်လေး..လှအောင်လည်း ခြစ်တတ်သေး.. သူရောင်းတဲ့မုန့်တိုင်းကို စေတနာနဲ့ ကောင်းကောင်းထားပီး လုပ်လေ့ရှိသူ…။

သူ့စိတ်စေတနာကောင်းနဲ့ပြုလုပ်ထားတဲ့ မုန့်ကောင်းကောင်းလေးတွေကို စားခဲ့ဘူးသူ၊ နှစ်ပေါင်း ၃၀ ကျော်ကြာသည်အထိ ဝေးတမြေကနေ တသသ သတိရနေသူက …ရွှေထမင်းလုပ်နည်းလေး ရေးပါသည်..။

ရွှေထမင်း (Feb 9,16)

ပါဝင်သောပစ္စည်းများ

1. ကောက်ညှင်းဆန် ၂ rice cooker ခွက်

2. သကြားညို ၈၀-၁၀၀ ဂရမ်

3. ဆား အနည်းငယ်

4. အုန်းသီးခြစ် ဖြူးစားရန် အနည်းငယ် (မနုမရင့်)ပြုလုပ်နည်း

1. ထန်းလျှက် သို့မဟုတ် သကြားညိုကို ညောင်စေးကျအောင်ကြိုထားပါ၊ ဆားခတ်မွှေထားပါ၊

2. ကောက်ညှင်းဆန်ကို ရေနွေးနွေး နဲ့ ကြည်သန့်လာတဲ့ အထိ ဆေးပီး တည ရေစိမ်ထားပါ။ နောက်တနေ့မှာ အပေါက်ပါတဲ့ ပေါင်းဇကာထဲထည့်၊

အောက်ခံအိုးထဲကို ရေ ၁ ၁/၂ – ၂ လက္မ ထည့်၊ မီးကို အလယ်လတ် မှာထားပြီး ရေဆူအောင်တည်၊ ရေဆူပြီ ဆိုလျှင် မီးလျှော့ ပြီး ၄၅ မိနစ်ခန့်ပေါင်း၊ ကောက်ညှင်းဆန် အလုံးအပျက်ဘဲ ဆန်သားလည်းနပ် ရပါမယ်။

3. ကောက်ညှင်းပေါင်းပူပူ နှင့် ထန်းလျှက်ရည်ကို ရောမွှေပေးပါ၊ ကောက်ညှင်းအေးသွားရင် မွှေရခက်တတ်တယ်..။

4. ဗန်းတွင်ထည့်ပီး မျက်နှာပြင်ညှိ အအေးခံပါ။

5. အေးသွားလျှင် နှစ်သက်ရာပုံလှီးပီး အုန်းသီးဖြူးစားပါ။

ကွန်မန့်မှာ မေးထားတာလေးတွေ..

ကောက်ညှင်းက ပူပူ၊ ထန်းလျှက်ရည်က ပျစ်ပျစ် စီးစီးလေးမို့ နယ်ပီးလို့ အေးသွားချိန်မှာ မာမာ အိအိလေး ဖြစ်ကို ဖြစ်သင့်ပါတယ်..

လွဲနိုင်တဲ့နေရာလေး ၂ ချက်ဘဲရှိ..ကောက်ညှင်းပျော့သွားတာနဲ့ ထန်းလျှက်ရည် ကျဲနိုင်တာ..။

မြန်မာ ထန်းလျှက်က အမှိုက်စစ်ဘို့ လွယ်အောင် ခပ်ကျဲကျဲလေး ကျိုပီးမှ အမှိုက်စစ်ပီးမှ ခမ်းအောင်..ညောင်စေးကျအောင်ပြန်ကျို..

မမီးက အမှိုက်ကင်းတဲ့ ကြံသကာနဲ့လုပ်တော့ ကြံသကာပျော်ရုံလေး ရေ ကို မှန်းထည့်တယ် ။ မီးအေးအေးနဲ့ ကျိုပေးတယ်.. မီးပျင်းရင် ရေခမ်းမြန်ပီး ခြောက်သွားတတ်တယ်..

Credit

Zawgyi

ေကာက္ညႇင္းေ႐ႊထမင္း

ငယ္ငယ္က ျမန္မာမုန႔္ေတြ ရပ္ကြက္ထဲမွာ လည္ေရာင္းေလ့ ရွိတဲ့ ေဈးသည္ႀကီးဆီက ေ႐ႊထမင္းကို ေန႔တိုင္းနီးပါး ဝယ္စားေလ့ရွိတယ္..

သူေရာင္းတဲ့ ေ႐ႊထမင္းက စားဘူးသမွ်ေတြထဲမွာအေကာင္းဆုံးပါ..။

ေကာက္ညႇင္း စစ္စစ္ကို ဆန္မေရာဘဲ..နပ္ေနေအာင္ေပါင္းပီး ျမန္မာ မုန႔္လုပ္ထန္းလွ်က္ ေလးနဲ႔ ေရာေမႊထားကာ မ်က္ႏွာျပင္ ဆီေလး သုပ္ထားေတာ့..

အေရာင္တက္ပီးေျပာင္လက္ စားလိုက္ရင္လည္း ေမႊးပီး အိေနတာဘဲ..။

သူအုန္းသီးေလးက မႏုမရင့္ေလး..လွေအာင္လည္း ျခစ္တတ္ေသး.. သူေရာင္းတဲ့မုန႔္တိုင္းကို ေစတနာနဲ႔ ေကာင္းေကာင္းထားပီး လုပ္ေလ့ရွိသူ…။

သူ႔စိတ္ေစတနာေကာင္းနဲ႔ျပဳလုပ္ထားတဲ့ မုန႔္ေကာင္းေကာင္းေလးေတြကို စားခဲ့ဘူးသူ၊ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာသည္အထိ ေဝးတေျမကေန တသသ သတိရေနသူက …ေ႐ႊထမင္းလုပ္နည္းေလး ေရးပါသည္..။

ေ႐ႊထမင္း (Feb 9,16)

ပါဝင္ေသာပစၥည္းမ်ား

1. ေကာက္ညႇင္းဆန္ ၂ rice cooker ခြက္

2. သၾကားညိဳ ၈၀-၁၀၀ ဂရမ္

3. ဆား အနည္းငယ္

4. အုန္းသီးျခစ္ ျဖဴးစားရန္ အနည္းငယ္ (မႏုမရင့္)ျပဳလုပ္နည္း

1. ထန္းလွ်က္ သို႔မဟုတ္ သၾကားညိဳကို ေညာင္ေစးက်ေအာင္ႀကိဳထားပါ၊ ဆားခတ္ေမႊထားပါ၊

2. ေကာက္ညႇင္းဆန္ကို ေရေႏြးေႏြး နဲ႔ ၾကည္သန႔္လာတဲ့ အထိ ေဆးပီး တည ေရစိမ္ထားပါ။ ေနာက္တေန႔မွာ အေပါက္ပါတဲ့ ေပါင္းဇကာထဲထည့္၊

ေအာက္ခံအိုးထဲကို ေရ ၁ ၁/၂ – ၂ လကၼ ထည့္၊ မီးကို အလယ္လတ္ မွာထားၿပီး ေရဆူေအာင္တည္၊ ေရဆူၿပီ ဆိုလွ်င္ မီးေလွ်ာ့ ၿပီး ၄၅ မိနစ္ခန႔္ေပါင္း၊ ေကာက္ညႇင္းဆန္ အလုံးအပ်က္ဘဲ ဆန္သားလည္းနပ္ ရပါမယ္။

3. ေကာက္ညႇင္းေပါင္းပူပူ ႏွင့္ ထန္းလွ်က္ရည္ကို ေရာေမႊေပးပါ၊ ေကာက္ညႇင္းေအးသြားရင္ ေမႊရခက္တတ္တယ္..။

4. ဗန္းတြင္ထည့္ပီး မ်က္ႏွာျပင္ညႇိ အေအးခံပါ။

5. ေအးသြားလွ်င္ ႏွစ္သက္ရာပုံလွီးပီး အုန္းသီးျဖဴးစားပါ။

ကြန္မန႔္မွာ ေမးထားတာေလးေတြ..

ေကာက္ညႇင္းက ပူပူ၊ ထန္းလွ်က္ရည္က ပ်စ္ပ်စ္ စီးစီးေလးမို႔ နယ္ပီးလို႔ ေအးသြားခ်ိန္မွာ မာမာ အိအိေလး ျဖစ္ကို ျဖစ္သင့္ပါတယ္..

လြဲႏိုင္တဲ့ေနရာေလး ၂ ခ်က္ဘဲရွိ..ေကာက္ညႇင္းေပ်ာ့သြားတာနဲ႔ ထန္းလွ်က္ရည္ က်ဲႏိုင္တာ..။

ျမန္မာ ထန္းလွ်က္က အမႈိက္စစ္ဘို႔ လြယ္ေအာင္ ခပ္က်ဲက်ဲေလး က်ိဳပီးမွ အမႈိက္စစ္ပီးမွ ခမ္းေအာင္..ေညာင္ေစးက်ေအာင္ျပန္က်ိဳ..

မမီးက အမႈိက္ကင္းတဲ့ ႀကံသကာနဲ႔လုပ္ေတာ့ ႀကံသကာေပ်ာ္႐ုံေလး ေရ ကို မွန္းထည့္တယ္ ။ မီးေအးေအးနဲ႔ က်ိဳေပးတယ္.. မီးပ်င္းရင္ ေရခမ္းျမန္ပီး ေျခာက္သြားတတ္တယ္..

Credit