ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေက ပုံပြင်လား ရာဇဝင်လား

” ပုံပြင်လား ရာဇဝင်လား ”

၁၆.၃. ၂၀၂၁ ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေ။

CDM ဆက်လုပ်မယ်ဆိုရင်၁၂ နာရီနောက်ဆုံးထားပြီး အဆောင်မှ ဖယ်ပေးရမယ်တဲ့။

နံနက် ၉ နာရီလောက်မှာ အကြောင်းကြားလာ။ ခြံထဲ ရောက်နေတော့ မိန်းမဆီ ဖုန်းဆက်။ အထုပ်အပိုးပြင်ပေါ့။

အိမ်ကလည်းအပြီးမဆောက်နိုင်သေးတော့ နေလို့မရသေး။ လွန်ခဲ့တဲ့ ၂၅ နှစ်က တပည့်မကြီး ‘မလှ’ ထံ ဖုန်းဆက်။

အခြားတပည့်များ မိတ်ဆွေများထံလည်းဖုန်းဆက်။ ‘အမေဇင်’ ‘အားအား’ ‘ပိုင်မှူး’တို့ရောက်လာ။ အထုပ်အပိုးဝိုင်းသိမ်း။

မအင်ကြင်းသန်းလှိုင်နဲ့ဆောင်ထီ့ခလိန်းသန်းလှိုင် သားအမိ ‘အမေဇင်’ တို့အိမ် အထုပ်အပိုးတွေနဲ့လိုက်သွား။

မိန်းမ ခြံထဲလိုက်လာ။ ၁၀ နာရီ ၂၀ မိနစ် ဆုတ်ခွာနိုင်။ မပြီးသေးတဲ့ အိမ်ရဲ့ မီးဖိုခန်းထဲမှာလင်မယားနှစ်ယောက် ဖြစ်သလို ထမင်းစားကြ။

မေ့မရနိုင်တဲ့ နံနက်စာဖြစ်မည်ထင့်။ ၁ နာရီ ၁၃ မိနစ်မှာ သမီးကြီး မလှ ဖုန်းဆက်လာ။ နေစရာ အဆင်ပြေ။

ကြိုက် မကြိုက်ကြည့်ရန် လာခေါ်မယ်ပြော။ ၁ နာရီ ၃၀ မိနစ် သမီးကြီး ‘မလှ ‘နဲ့ ဘောလုံးမိတ်ဆွေ ‘ကိုချစ် ‘ ဇနီးတို့ရောက်လာ။ လိုက်ပြ။ အဆင်ပြေ။

အမေဇင် အိမ်မှ အထုပ်အပိုးသွားသယ်။ ‘မြင့်ကျော်ထွန်း’နဲ့တွေ့။ လက်ညှိုးနဲ့လက်မ ထိဝိုင်းပြီး ” ဆရာ… လိုရင်ပြောနော် ” တဲ့။ ရင်ထဲမှာ နွေးထွေးသွား။

မျက်ရည်မကျမိအောင် ထိမ်းသိမ်းရ။ ကျွန်တော့ တပည့်များ ဘယ်လောက်တောင် အနုစိတ်ကျသလဲဆိုရင် အမှိုက်ပုံး ကအစ ပြင်ပေး။

သူတို့ကြည့်ရတာ ဝမ်းနည်းကြေကွဲရိပ်သန်းနေသလို တက်ကြွ အားရ ကျေနပ် ပီတိ ဖြစ်နေကြသလိုပဲ။

ချသ်သော ဘားအံတက္ကသိုလ်ရေ ချစ်သော ဘားအံတက္ကသိုလ် ဘောလုံးကွင်းရေ လက်ပြ နှုတ်ဆက်ခဲ့ရပြီ။

တန်ဘိုးထား နှစ်သက်ရပါသော ဇွဲကပင်ရေ ဒါဟာ ပုံပြင်လား ရာဇဝင်လား ။

(ဘယ်သူ့ကိုမှ အပြစ်မမြင်ပါ သူတို့လည်း သူတို့လုပ်သင့်တာကို လုပ်တာဖြစ်ပြီး ကိုယ်လည်း ကိုယ်လုပ်သင့်တာကို လုပ်ခြင်းမျှသာ)

သန်းလှိုင်

ကထိက၊ မြန်မာစာဌာန ဘားအံတက္ကသိုလ်

၁၇. ၃. ၂၀၂၁ ညနေ ၃ နာရီ ၅၉ မိနစ်

Zawgyi

” ပုံျပင္လား ရာဇဝင္လား ”

၁၆.၃. ၂၀၂၁ ဘားအံတကၠသိုလ္ ပတၱျမားနယ္ေျမ။

CDM ဆက္လုပ္မယ္ဆိုရင္၁၂ နာရီေနာက္ဆုံးထားၿပီး အေဆာင္မွ ဖယ္ေပးရမယ္တဲ့။

နံနက္ ၉ နာရီေလာက္မွာ အေၾကာင္းၾကားလာ။ ၿခံထဲ ေရာက္ေနေတာ့ မိန္းမဆီ ဖုန္းဆက္။ အထုပ္အပိုးျပင္ေပါ့။

အိမ္ကလည္းအၿပီးမေဆာက္ႏိုင္ေသးေတာ့ ေနလို႔မရေသး။ လြန္ခဲ့တဲ့ ၂၅ ႏွစ္က တပည့္မႀကီး ‘မလွ’ ထံ ဖုန္းဆက္။

အျခားတပည့္မ်ား မိတ္ေဆြမ်ားထံလည္းဖုန္းဆက္။ ‘အေမဇင္’ ‘အားအား’ ‘ပိုင္မႉး’တို႔ေရာက္လာ။ အထုပ္အပိုးဝိုင္းသိမ္း။

မအင္ၾကင္းသန္းလႈိင္နဲ႔ေဆာင္ထီ့ခလိန္းသန္းလႈိင္ သားအမိ ‘အေမဇင္’ တို႔အိမ္ အထုပ္အပိုးေတြနဲ႔လိုက္သြား။

မိန္းမ ၿခံထဲလိုက္လာ။ ၁၀ နာရီ ၂၀ မိနစ္ ဆုတ္ခြာႏိုင္။ မၿပီးေသးတဲ့ အိမ္ရဲ႕ မီးဖိုခန္းထဲမွာလင္မယားႏွစ္ေယာက္ ျဖစ္သလို ထမင္းစားၾက။

ေမ့မရႏိုင္တဲ့ နံနက္စာျဖစ္မည္ထင့္။ ၁ နာရီ ၁၃ မိနစ္မွာ သမီးႀကီး မလွ ဖုန္းဆက္လာ။ ေနစရာ အဆင္ေျပ။

ႀကိဳက္ မႀကိဳက္ၾကည့္ရန္ လာေခၚမယ္ေျပာ။ ၁ နာရီ ၃၀ မိနစ္ သမီးႀကီး ‘မလွ ‘နဲ႔ ေဘာလုံးမိတ္ေဆြ ‘ကိုခ်စ္ ‘ ဇနီးတို႔ေရာက္လာ။ လိုက္ျပ။ အဆင္ေျပ။

အေမဇင္ အိမ္မွ အထုပ္အပိုးသြားသယ္။ ‘ျမင့္ေက်ာ္ထြန္း’နဲ႔ေတြ႕။ လက္ညႇိဳးနဲ႔လက္မ ထိဝိုင္းၿပီး ” ဆရာ… လိုရင္ေျပာေနာ္ ” တဲ့။ ရင္ထဲမွာ ေႏြးေထြးသြား။

မ်က္ရည္မက်မိေအာင္ ထိမ္းသိမ္းရ။ ကြၽန္ေတာ့ တပည့္မ်ား ဘယ္ေလာက္ေတာင္ အႏုစိတ္က်သလဲဆိုရင္ အမႈိက္ပုံး ကအစ ျပင္ေပး။

သူတို႔ၾကည့္ရတာ ဝမ္းနည္းေၾကကြဲရိပ္သန္းေနသလို တက္ႂကြ အားရ ေက်နပ္ ပီတိ ျဖစ္ေနၾကသလိုပဲ။

ခ်သ္ေသာ ဘားအံတကၠသိုလ္ေရ ခ်စ္ေသာ ဘားအံတကၠသိုလ္ ေဘာလုံးကြင္းေရ လက္ျပ ႏႈတ္ဆက္ခဲ့ရၿပီ။

တန္ဘိုးထား ႏွစ္သက္ရပါေသာ ဇြဲကပင္ေရ ဒါဟာ ပုံျပင္လား ရာဇဝင္လား ။

(ဘယ္သူ႔ကိုမွ အျပစ္မျမင္ပါ သူတို႔လည္း သူတို႔လုပ္သင့္တာကို လုပ္တာျဖစ္ၿပီး ကိုယ္လည္း ကိုယ္လုပ္သင့္တာကို လုပ္ျခင္းမွ်သာ)

သန္းလႈိင္

ကထိက၊ ျမန္မာစာဌာန ဘားအံတကၠသိုလ္

၁၇. ၃. ၂၀၂၁ ညေန ၃ နာရီ ၅၉ မိနစ္