သရေကျစေမည့် မရမ်းသီး ထောင်းနည်းလေး

မရမ်းသီးထောင်းလေး

မရမ်းသီးအကင်းလေးတွေစပေါ်နေပါပြီ။မရမ်းသီးကိုအချဉ်ဓာတ်မလွန်ကဲခင်အကင်းသီးလေးတွေကိုမှ ထောင်းစားရတာအကောင်းဆုံးပါပဲလေ။

မရမ်းသီး……………..၁၀ကျပ်သား

ပုစွန်ခြောက်………….၂ဇွန်း

ငရုတ်သီးစိမ်း.. ………၁၀တောင့်ခန့်

ကုလားအော်သီး……..၁တောင့်

ကြက်သွန်ဖြူ…………၃တက်

မျှင်ငါးပိ.. …………….အနည်းငယ်

ပထမဦးဆုံးမရမ်းသီးလေးတွေကိုထက်ခြမ်းခွဲပြီးအစေ့ထုတ်ပါ။ခပ်ပါးပါးလှီးပြီးဆားအနည်းငယ်နှင့်အတူ(၅)မိနစ်ခန့်နှပ်ထားပေးပါ။

ထိုစဉ်အချိန်အတွင်းငရုတ်သီး၊ကြက်သွန်ဖြူတို့ကိုလှော်ပါ။မျှင်ငါးပိကိုမီးကင်ထားပါ။

ဆားနှင့်နှပ်ထားသောမရမ်းသီးတွေကိုရေနှင့်ဆေးပြီးရေစင်အောင်ညှစ်ထားပါ။(ဆားနှင့်နယ်ပြီးရေဆေးခြင်းကအစေးဓာတ်နှင့်အချဉ်ဓာတ်ကိုလျော့ပါးစေမှာပါ)

ပုစွန်ခြောက်ကိုဦးစွာကြေအောင်ထောင်းပါ။လှော်ထားသောအရောကိုထည့်ထောင်းပါ။

မီးကင်ထားတဲ့ငါးပိထည့်ထောင်းပါ။စေးညှက်သွားလျှင်ရေစစ်ထားတဲ့မရမ်းသီးတွေကိုထည့်ထောင်းပေးလိုက်ပါ။

မိမိနှစ်သက်သောအရသာအတိုး၊အလျှော့ရအောင်ဖန်တီးယူပါ။

ဟင်းချက်နည်းများ

Zawgyi

မရမ္းသီးေထာင္းေလး

မရမ္းသီးအကင္းေလးေတြစေပၚေနပါၿပီ။မရမ္းသီးကိုအခ်ဥ္ဓာတ္မလြန္ကဲခင္အကင္းသီးေလးေတြကိုမွ ေထာင္းစားရတာအေကာင္းဆုံးပါပဲေလ။

မရမ္းသီး……………..၁၀က်ပ္သား

ပုစြန္ေျခာက္………….၂ဇြန္း

င႐ုတ္သီးစိမ္း.. ………၁၀ေတာင့္ခန့္

ကုလားေအာ္သီး……..၁ေတာင့္

ၾကက္သြန္ျဖဴ…………၃တက္

မွ်င္ငါးပိ.. …………….အနည္းငယ္

ပထမဦးဆုံးမရမ္းသီးေလးေတြကိုထက္ျခမ္းခြဲၿပီးအေစ့ထုတ္ပါ။ခပ္ပါးပါးလွီးၿပီးဆားအနည္းငယ္ႏွင့္အတူ(၅)မိနစ္ခန့္ႏွပ္ထားေပးပါ။

ထိုစဥ္အခ်ိန္အတြင္းင႐ုတ္သီး၊ၾကက္သြန္ျဖဴတို႔ကိုေလွာ္ပါ။မွ်င္ငါးပိကိုမီးကင္ထားပါ။

ဆားႏွင့္ႏွပ္ထားေသာမရမ္းသီးေတြကိုေရႏွင့္ေဆးၿပီးေရစင္ေအာင္ညွစ္ထားပါ။(ဆားႏွင့္နယ္ၿပီးေရေဆးျခင္းကအေစးဓာတ္ႏွင့္အခ်ဥ္ဓာတ္ကိုေလ်ာ့ပါးေစမွာပါ)

ပုစြန္ေျခာက္ကိုဦးစြာေၾကေအာင္ေထာင္းပါ။ေလွာ္ထားေသာအေရာကိုထည့္ေထာင္းပါ။

မီးကင္ထားတဲ့ငါးပိထည့္ေထာင္းပါ။ေစးညွက္သြားလွ်င္ေရစစ္ထားတဲ့မရမ္းသီးေတြကိုထည့္ေထာင္းေပးလိုက္ပါ။

မိမိႏွစ္သက္ေသာအရသာအတိုး၊အေလွ်ာ့ရေအာင္ဖန္တီးယူပါ။

ဟင္းခ်က္နည္းမ်ား