၃ရောင်ချယ်ဆွမ်းမွှေးအုန်းနို့ကျောက်ကျောပြုလုပ်နည်း

၃ရောင်ချယ်ဆွမ်းမွှေးအုန်းနို့ကျောက်ကျောပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

တယ်လီဖုန်းကျောက်ကျော…၂၅ဂရမ်အသေးတစ်ထုပ်​

သကြား……၂၅ကျပ်​သား

အုန်းနို့….400ml..(ရယ်​ဒီမိတ်​ဗူးကြီးတစ်​ဗူး)

ဆား..လက်ဖက်ဇွန်း..၂ဇွန်း..

ရေသန့်…1200ml ၊Food Colour..အရောင်..၃မျိုး

ပြုလုပ်ပုံအဆင့်ဆင့်

ပထမဦစွာအိုးတလုံးထဲ​ရေသန်​့ အုန်းနို့..သကြား..ဆား..​ကျောက်ကျောမှုန့်တို့ထည်​့၍သမအောင်ဇွန်းဖြင့်မွှေပေးပါ..

သကြားများပျော်ပါက…ရောစပ်ထားသော ​ကျောက်ကျောအရည်များကို၃အိုးခွဲ၍ အရောင်များစပ်ပေးပါ။၃လွှာအတွက်လုပ်မှာမို့၃ခါကျိုပေးရပါမယ်ရှင်။

ပထမဦစွာအပြာရောင်ကို…..မီးဖိုပေါ်တင်၍ဆူပွက်သည်ထိကျိုပါဆူပွက်ပါက၂မီနစ်ခန့်ထားပြီးလောင်းထည့်မည့်ဗန်းထဲသို့..လောင်းထည့်အအေးခံပါ..

ပြီးပါကဒုတိယအိုးကိုလိမ္မော်ရောင်ထည့်၍ ဆူပွက်သည် ထိကျိူကာ၂မီနစ်ခန့်ထား ပထမအအေးခံပြီးထားထား​သောအပြာရောင်ပထမအလွှာတအားမခဲသေးခင်ထပ်လောင်းပြီး အအေးခံပါ။

နောက်ဆုံးတတိယအလွှာအတွက်ခရမ်းရောင်လေးထည့်ပြီးဆူပွက်အောင်ကျိုပါ ။ပွက်လာပါက ၂မီနစ်ခန့်ထားပြီး ဒုတိယအအေးခံသော အလွှာပေါ်သို့ထပ်လောင်းကာအာလုံးခဲသည်ထိ တနာရီခန့်အအေးခံပြီးလှီးဖြတ်သုံး​ဆောင်နိုင်ပါပြီးရှင်။

Thida Lay Lay

Zawgyi


ပါဝင်ပစ္စည်းများ


သကြား……၂၅ကျပ်​သား




ပြုလုပ်ပုံအဆင့်ဆင့်




ပြီးပါကဒုတိယအိုးကိုလိမ္မော်ရောင်ထည့်၍ ဆူပွက်သည် ထိကျိုကာ၂မီနစ်ခန့်ထား ပထမအအေးခံပြီးထားထား​သောအပြာရောင်ပထမအလွှာတအားမခဲသေးခင်ထပ်လောင်းပြီး အအေးခံပါ။


Thida Lay Lay