ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပိုးမမှီသာ ..

သရုပ်ဆောင် ပိုးမမှီသာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေသူဖြစ်တာကြောင့် ပရိသတ်တွေက လေးစားနေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

မနေ့ညကလည်း ပိုးမမှီသာရဲ့ Facebook အကောင့် တွင် သူမဆီကို ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့်

စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” မနက်က မသိတဲ့ဖုန်းနံပါတ်တစ်ခုဝင်လာတယ် ပုံမှန်ဆိုရင်တော့အကြောင်းအမျိုးမျိုးကြောင့်မသိတဲ့နံပါတ်ဆိုသိပ်မကိုင်ဖြစ်ပေမယ့်ဒီနေ့တော့ကိုင်လိုက်မိကြောင်း

သူမကိုင်မိလိုက်တဲ့အခါမှာ ” ပဲခူးကကျွန်တော့သူငယ်ချင်းဖုန်းလားလို့ဆက်ကြည့်တာပါခင်ဗျာ ဖုန်းနံပါတ်သေချာမမှတ်ထားမိလို့မှတ်မိသလောက်နှိပ်ပြီးဆက်ကြည့်တာပါတဲ့ ဘယ်ရောက်သွားလဲ” ဆိုပြီး တစ်ဖက်မှပြောလာတာကို

ပိုးမမှီသာအနေနဲ့ ဘယ်ရောက်လဲမပြောလိုတာကြောင့် “ဖုန်းမှားနေတယ်”လို့ဆိုပြီးချဖို့လုပ်ခဲ့ပါတယ်

ဒါပေမယ့်လည်းသူ့ရဲ့ယဉ်ယဉ်ကျေးကျေးနဲ့အကူအညီမဲ့နေတဲ့လေသံကြောင့်ချက်ချင်းမချလိုက်ပဲဆက်နားထောင်မိလျက်သားဖြစ်သွားရာက သူဆက်ပြောလာတာတော့

“တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်တို့နယ်မှာအင်တာနက်လည်းမရှိတော့အကုန်လုံးဘာမှမသိဖြစ်နေတာနဲ့ ဆက်မိတာပါတဲ့”

စိတ်ထဲတော်တော်လေးမကောင်းဖြစ်တာနဲ့ “ဘယ်နယ်ကလဲ” လို့ဆက်မေးမိတယ်

“ မြိတ်” နားကပါတဲ့ “ဒီမှာတော်တော်လိုက်ဖမ်းနေတာဗျာ ယောက်ျားလေးတွေချည်းလိုက်ဖမ်းတာ ကျွန်တော်တို့လည်းတော်တော်ပြေးနေရတယ်” တဲ့ “အရင်ကလိုင်းလေးရတော့ အကုန်သိရသေးတယ် အခုကဘာတွေဖြစ်နေလဲမသိလို့ပါခင်ဗျာ” တဲ့

သူမကလည်း “ရန်ကုန်ကပါဆိုတဲ့အကြောင်း လိုင်းရတဲ့သူတွေလည်းအားလုံးအတူတူတင်ပေးပြီးပြန်ရဖို့ပြောနေကြကြောင်း အားမငယ်ဖို့အကျိုးအကြောင်းနည်းနည်းလေးတော့ပြောပြဖြစ်လိုက်ပါတယ်”

(ဖုန်းလိုင်းတွေစိတ်မချတာကြောင့် မပြောသင့်တဲ့အန္တရာယ်ရှိနိုင်တဲ့ info သတင်း စကားလုံးတွေတော့သတိထားပြီးပြောပါတယ်)

“လူတွေသေနေတုန်းပဲလားဗျာ” ဆိုတဲ့ မေးခွန်းကိုလည်း ရင်နာနာနဲ့ပဲ “ဟုတ်ကဲ့” လို့ ပြန်ဖြေခဲ့ကြောင်းကိုလည်းရေးသားထားပါသေးတယ်။

သူပြောတဲ့လိုက်ဖမ်းတယ် မဖမ်းတယ်ဆိုတဲ့ fact မှန် မမှန်ထက် ( တကယ်လိုက်ဖမ်းနေတယ်ဆိုလည်း အတော်ကိုစိတ်ပူစရာပါ) အင်တာနက်လိုင်းမရ လို့

သတင်းအချက်အလက်တွေဘယ်လောက်ပြတ်တောက်နေပြီလဲဆိုတာပါဘယ်နယ်တွေဝေးလံတဲ့နေရာတွေမှာဘယ်လိုအခြေအနေတွေဖြစ်နေမလဲစိတ်ပူသွားတာ

ဒီမှာဖြစ်နေတာတွေCRPH နဲ့သက်ဆိုင်ရာတွေရဲ့သိသင့်တဲ့သတင်းတွေ အားတက်စရာလေးတွေ အားလုံးအတူတူ ခုခံနေတယ်ဆိုတာတွေ CDM တွေအားကောင်းနေဆဲဖြစ်ပြီးအားမလျော့လိုက်ဖို့တွေ

သူတို့မသိလိုက်ရမှာ အတော်လေးစိုးရိမ်သွားကြောင်းနဲ့ Mobile Data တွေအမြန်ဆုံးပြန်ရဖို့ အားလုံးတူတူကြိုးစားပေးရဦးမယ် ပြန်ဖွင့်ပေးဖို့မမေ့မလျော့ဆက်တိုက်ဖိအားပေးရမယ်

Telecom operator တွေကိုလည်းပြည်သူတွေကိုကြည့်ပြီးပြည်သူတွေနဲ့အတူကူညီရပ်တည်ပေးဖို့ဒီနေရာကနေပဲတောင်းဆိုလိုက်ပါကြောင်းနဲ့

Mobile Data ပြန်ဖွင့်ပေးပါ ” ဆိုပြီး သူမကြားသိခဲ့ရတာတွေကို ရေးသားပြောပြလာတာဖြစ်လို့ ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

myanmar load

Source and Photo Crd-Poe Mamhe Thar’s Facebook Account

Zawgyi

သ႐ုပ္ေဆာင္ ပိုးမမွီသာကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနသူတစ္ဦးပဲ ျဖစ္ပါတယ္။

ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန မားမားမတ္မတ္ရပ္တည္ေနသူျဖစ္တာေၾကာင့္ ပရိသတ္ေတြက ေလးစားေနၾကတာလည္း ျဖစ္ပါတယ္။ သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္လည္း အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြကို အခ်ိန္နဲ႔တစ္ေျပးညီ ေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။

မေန႔ညကလည္း ပိုးမမွီသာရဲ႕ Facebook အေကာင့္ တြင္ သူမဆီကို ဖုန္းနံပါတ္တစ္ခုကမွားဝင္လာၿပီး ၿမိတ္ၿမိဳ႕နားကသတင္းေတြကို ေျပာျပခဲ့တာေၾကာင့္ စိတ္မေကာင္းျဖစ္ေနရတဲ့အေၾကာင္းကို ေရးသားထားတာပဲ ျဖစ္ပါတယ္။ ” မနက္က မသိတဲ့ဖုန္းနံပါတ္တစ္ခုဝင္လာတယ္ ပုံမွန္ဆိုရင္ေတာ့အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္မသိတဲ့နံပါတ္ဆိုသိပ္မကိုင္ျဖစ္ေပမယ့္ဒီေန႔ေတာ့ကိုင္လိုက္မိေၾကာင္း

သူမကိုင္မိလိုက္တဲ့အခါမွာ ” ပဲခူးကကြၽန္ေတာ့သူငယ္ခ်င္းဖုန္းလားလို႔ဆက္ၾကည့္တာပါခင္ဗ်ာ ဖုန္းနံပါတ္ေသခ်ာမမွတ္ထားမိလို႔မွတ္မိသေလာက္ႏွိပ္ၿပီးဆက္ၾကည့္တာပါတဲ့ ဘယ္ေရာက္သြားလဲ” ဆိုၿပီး တစ္ဖက္မွေျပာလာတာကို

ပိုးမမွီသာအေနနဲ႔ ဘယ္ေရာက္လဲမေျပာလိုတာေၾကာင့္ “ဖုန္းမွားေနတယ္”လို႔ဆိုၿပီးခ်ဖို႔လုပ္ခဲ့ပါတယ္

ဒါေပမယ့္လည္းသူ႔ရဲ႕ယဥ္ယဥ္ေက်းေက်းနဲ႔အကူအညီမဲ့ေနတဲ့ေလသံေၾကာင့္ခ်က္ခ်င္းမခ်လိုက္ပဲဆက္နားေထာင္မိလ်က္သားျဖစ္သြားရာက သူဆက္ေျပာလာတာေတာ့

“ေတာင္းပန္ပါတယ္ခင္ဗ်ာ ကြၽန္ေတာ္တို႔နယ္မွာအင္တာနက္လည္းမရွိေတာ့အကုန္လုံးဘာမွမသိျဖစ္ေနတာနဲ႔ ဆက္မိတာပါတဲ့”

စိတ္ထဲေတာ္ေတာ္ေလးမေကာင္းျဖစ္တာနဲ႔ “ဘယ္နယ္ကလဲ” လို႔ဆက္ေမးမိတယ္

“ ၿမိတ္” နားကပါတဲ့ “ဒီမွာေတာ္ေတာ္လိုက္ဖမ္းေနတာဗ်ာ ေယာက္်ားေလးေတြခ်ည္းလိုက္ဖမ္းတာ ကြၽန္ေတာ္တို႔လည္းေတာ္ေတာ္ေျပးေနရတယ္” တဲ့ “အရင္ကလိုင္းေလးရေတာ့ အကုန္သိရေသးတယ္ အခုကဘာေတြျဖစ္ေနလဲမသိလို႔ပါခင္ဗ်ာ” တဲ့

သူမကလည္း “ရန္ကုန္ကပါဆိုတဲ့အေၾကာင္း လိုင္းရတဲ့သူေတြလည္းအားလုံးအတူတူတင္ေပးၿပီးျပန္ရဖို႔ေျပာေနၾကေၾကာင္း အားမငယ္ဖို႔အက်ိဳးအေၾကာင္းနည္းနည္းေလးေတာ့ေျပာျပျဖစ္လိုက္ပါတယ္”

(ဖုန္းလိုင္းေတြစိတ္မခ်တာေၾကာင့္ မေျပာသင့္တဲ့အႏၲရာယ္ရွိႏိုင္တဲ့ info သတင္း စကားလုံးေတြေတာ့သတိထားၿပီးေျပာပါတယ္)

“လူေတြေသေနတုန္းပဲလားဗ်ာ” ဆိုတဲ့ ေမးခြန္းကိုလည္း ရင္နာနာနဲ႔ပဲ “ဟုတ္ကဲ့” လို႔ ျပန္ေျဖခဲ့ေၾကာင္းကိုလည္းေရးသားထားပါေသးတယ္။

သူေျပာတဲ့လိုက္ဖမ္းတယ္ မဖမ္းတယ္ဆိုတဲ့ fact မွန္ မမွန္ထက္ ( တကယ္လိုက္ဖမ္းေနတယ္ဆိုလည္း အေတာ္ကိုစိတ္ပူစရာပါ) အင္တာနက္လိုင္းမရ လို႔

သတင္းအခ်က္အလက္ေတြဘယ္ေလာက္ျပတ္ေတာက္ေနၿပီလဲဆိုတာပါဘယ္နယ္ေတြေဝးလံတဲ့ေနရာေတြမွာဘယ္လိုအေျခအေနေတြျဖစ္ေနမလဲစိတ္ပူသြားတာ

ဒီမွာျဖစ္ေနတာေတြCRPH နဲ႔သက္ဆိုင္ရာေတြရဲ႕သိသင့္တဲ့သတင္းေတြ အားတက္စရာေလးေတြ အားလုံးအတူတူ ခုခံေနတယ္ဆိုတာေတြ CDM ေတြအားေကာင္းေနဆဲျဖစ္ၿပီးအားမေလ်ာ့လိုက္ဖို႔ေတြ

သူတို႔မသိလိုက္ရမွာ အေတာ္ေလးစိုးရိမ္သြားေၾကာင္းနဲ႔ Mobile Data ေတြအျမန္ဆုံးျပန္ရဖို႔ အားလုံးတူတူႀကိဳးစားေပးရဦးမယ္ ျပန္ဖြင့္ေပးဖို႔မေမ့မေလ်ာ့ဆက္တိုက္ဖိအားေပးရမယ္

Telecom operator ေတြကိုလည္းျပည္သူေတြကိုၾကည့္ၿပီးျပည္သူေတြနဲ႔အတူကူညီရပ္တည္ေပးဖို႔ဒီေနရာကေနပဲေတာင္းဆိုလိုက္ပါေၾကာင္းနဲ႔

Mobile Data ျပန္ဖြင့္ေပးပါ ” ဆိုၿပီး သူမၾကားသိခဲ့ရတာေတြကို ေရးသားေျပာျပလာတာျဖစ္လို႔ ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

myanmar load

Source and Photo Crd-Poe Mamhe Thar’s Facebook Account