ကပ်ဘေးဆိုက်တဲ့ အခါ ကာကွယ်ခြင်း

ကပ်ဘေးဆိုက်တဲ့ အခါ

(၁) ငါးပါးသီလ မြဲခြင်း

(၂) အသားငါး စားသုံးမူနည်းခြင်း

(၃) ပရိတ်ရွှက်ပုံနေရာ ကျခြင်း တို့ဟာကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့ကပ်ဆိုက်တယ် ဆိုတာ လူသားတွေလောဘ၊ ဒေါသ ၊ မောဟတွေ များလို့သဘာဝတရားကြီးက ရပ်တန့်သွားအောင်ပညာပေးတာ….

ငါးပါးသီလ လုံခြုံအောင်စောင်ထိမ်းခြင်းရဲ့ အကျိုးကိုသိပ္ပံကိရိယာတွေနဲ့ တိုင်းလို့မရဘူးကမ္ဘာလောကဓါတ်ကြီးဟာ

သတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာဘုရားရှင်တွေ မပွင့်တဲ့ အချိန် သာသနာပကာလမှာလည်းလူသားတွေ ငါးပါးသီလ လုံခြုံကြလို့

နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာကဆိုတဲ့ ရာသီဥတုကိုစောင့်ကြပ်ပေးကြတယ် ၊အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး

လူသားတွေ သီလပျက်ပြီ ဆိုရင်စဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲတခြားလမ်း သွားတယ် အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ် ၊

လူသားတွေ ဥတုမမှန်တော့လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ်ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိုးဟာနည်းနည်းနောနောမဟုတ်ဘူး

မမြင်ရတဲ့ နတ်ကောင်း နတ်မြတ်တွေစောင့်ရှောက်တာခံရတယ် ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့ အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လိုလက်ခံမလဲ

ဒါက လွဲချော်မှု နံပါတ်တစ်ပါနံပါတ်နှစ်အသားငါး စားသုံးမှု နည်းခြင်းဟာကပ်ဘေးကို ကာကွယ်စေတယ်ဆိုတာဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး

ရောဂါပိုးဆိုတာကိုယ်ခံအာူကောင်းမှ ခံနိုင်တာ အသားငါး မစားရင်ကိုယ်ခံအားမကောင်းဘူးလို့ လက်ခံထားတဲ့ သူတွေဟာ ပိုများနေလိမ့်မယ်

ဒါတွေကို ပကတိ မျက်စိနဲ့ မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။ပရိတ်ရွတ်တဲ့ အခါ

ပရိတ့်ရဲသြဇာ ရွတ်ဖန်သူရဲ့သီလ ၊ သမာဓိ ၊ ပညာကြောင့်ဘီလူးတွေ ပြိတ္တာတွေဟာ ကြောင့်လန့်ပြီး ထွက်ပြေးကြတယ်။

ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါတဲ့ သူတို့တွေဟာလူတွေကို မူးစေအောင်လုပ်ကြတယ်။ပူးကပ်ပြီး လူ့လောကကိုအနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။

ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့်ဘီလူးတွေ ထွက်ပြေးရကြောင်းဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။

ပရိတ် အစွမ်းထက်ဖို့အသံထွက် မှန်ရမယ် ယုံကြည်ရမယ်ဒါပေမယ့် သူတို့အနားကပ်လို့ မရဘူးအဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ

ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာဒါက လွဲချော်မှု နံပါတ် နှစ်နံပါတ်သုံးကပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့

တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက်ပရိတ်က အရံအတား မဖြစ်စေဘူးပရိတ်ရွတ်တဲ့ အခါဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ

ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ်၊ကပ်ဘေးကြောင့် လူတွေ သေကြတယ်

အဲဒီ သေတဲ့ သူတွေကို ညအခါ ဘီလူး၊ မြေဘုတ်၊ ပြိတ္တာတွေက လုယူစားသောက်ကြတယ်။

ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့မိမိနဲ့ပဌာန်းဆက်ပါတ်တဲ့ ပုဂ္ဂိုလ်တွေဟာပျက်စီးတော့မယ့် အကြောင်းအရာတွေ အတွက်ကြိုတင်ပြီး သတိပေးချင်တယ်

အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မရဘူးအသားငါး စားထားသူဟာ အနံအသက် မကောင်းဘူးအိမ်မက်ပေးဖို့မလွယ်ဘူးနိမိတ်တွေပြဖို့ ခက်ခဲတယ်

အသားငါး မစားခြင်းရဲ့နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ်မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ်အထူးသဖြင့် တခြားသတ္တဝါတွေရဲ့အကုသုလ်ကံတွေကြောင့်

ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ် ဒါဆိုကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ်

ပရိတ် အစွမ်းထက်ဖို့အသံထွက် မှန်ရမယ် ယုံကြည်ရမယ်ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံချက်နဲ့ ညီရတယ်တဲ့

ဒါကြောင့် လယ်တီဆရာတော်ကြီးကပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ်သိတာတောင် မယုံကြည်တဲ့သူက များတယ်ဒါက လွဲချော်မူ့ နံပါတ် သုံး ပါပဲ။

အခုတော့လက်ဆေးကြ ၊ အပြင်မထွက်ကြနဲ့ ဆိုတဲ့ မျက်မြင်သဘော ကာကွယ်မူ့တွေပဲတစ်ကမ္ဘာလုံး လုပ်နေကြတယ်။

မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ်မမြင်နိုင်တဲ့ သဘောတွေနဲ့လည်းအခုတင်ပြခဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင်မြန်မာပြည်သူတွေ ကပ်ဘေးကနေ ပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။

ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေ အတွက် ကပ်ဘေးကလွတ်မြောက်စေနိုင်တဲ့ အထူးအခွင့်အရေးဆိုတာမမေ့ကြပါနဲ့ ။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Zawgyi

ကပ္ေဘးဆုိက္တ့ဲ အခါ

(၁) ငါးပါးသီလ ျမဲျခင္း

(၂) အသားငါး စားသုံးမူနည္းျခင္း

(၃) ပရိတ္ရႊက္ပုံေနရာ က်ျခင္း တို႔ဟာကပ္ေဘးကို အေကာင္းဆုံးကာကြယ္ျခင္းပဲတ့ဲကပ္ဆိုက္တယ္ ဆိုတာ လူသားေတြေလာဘ၊ ေဒါသ ၊ ေမာဟေတြ မ်ားလို႔သဘာဝတရားႀကီးက ရပ္တန္႔သြားေအာင္ပညာေပးတာ….

ငါးပါးသီလ လုံျခံဳေအာင္ေစာင္ထိမ္းျခင္းရ႕ဲ အက်ိဳးကိုသိပၸံကိရိယာေတြန႔ဲ တိုင္းလို႔မရဘူးကမာၻေလာကဓါတ္ႀကီးဟာ

သတၱဝါေတြရ႕ဲ ကံတရားအတိုင္း ျဖစ္တည္ေနတာဘုရား႐ွင္ေတြ မပြင့္တ့ဲ အခ်ိန္ သာသနာပကာလမွာလည္းလူသားေတြ ငါးပါးသီလ လုံျခံဳၾကလို႔

နတ္ေကာင္း နတ္ျမတ္ေတြ ဝဠာဟာကဆိုတ့ဲ ရာသီဥတုကိုေစာင့္ၾကပ္ေပးၾကတယ္ ၊အဲဒီအတြက္ အငတ္ေဘး မဆိုက္ဘူး

လူသားေတြ သီလပ်က္ၿပီ ဆိုရင္စဠာဟာကနတ္ေတြဟာ သြားျမဲလမ္းက မသြားပဲတျခားလမ္း သြားတယ္ အဲဒီအတြက္ ဥတုေတြ ေဖါက္ျပန္တယ္ ၊

လူသားေတြ ဥတုမမွန္ေတာ့လုပ္ကိုင္စားေသာက္ရတာ ခက္ခဲကုန္တယ္ေျပာခ်င္တာက ငါးပါးသီလ ေစာင့္ထိန္းတ့ဲ အက်ိဳးဟာနည္းနည္းေနာေနာမဟုတ္ဘူး

မျမင္ရတ့ဲ နတ္ေကာင္း နတ္ျမတ္ေတြေစာင့္ေ႐ွာက္တာခံရတယ္ ဒီသေဘာေတြကို ဖန္ဆင္း႐ွင္က ဖန္ဆင္းလို႔ အရာရာျဖစ္တာဆိုတ့ဲ သူေတြ ဘယ္လိုလက္ခံမလဲ

ဒါက လြဲေခ်ာ္မႈ နံပါတ္တစ္ပါနံပါတ္ႏွစ္အသားငါး စားသုံးမႈ နည္းျခင္းဟာကပ္ေဘးကို ကာကြယ္ေစတယ္ဆိုတာဒီေန႔ေတာ္ေတာ္မ်ားမ်ား လက္ခံႏိုင္မွာ မဟုတ္ဘူး

ေရာဂါပိုးဆိုတာကိုယ္ခံအာူေကာင္းမွ ခံႏိုင္တာ အသားငါး မစားရင္ကိုယ္ခံအားမေကာင္းဘူးလို႔ လက္ခံထားတ့ဲ သူေတြဟာ ပိုမ်ားေနလိမ့္မယ္

ဒါေတြကို ပကတိ မ်က္စိန႔ဲ မျမင္ႏိုင္ၾကေတာ့ မယုံၾကည္ၾကဘူး။ပရိတ္ရြတ္တ့ဲ အခါ

ပရိတ္႔ရဲၾသဇာ ရြတ္ဖန္သူရဲ႔သီလ ၊ သမာဓိ ၊ ပညာေၾကာင့္ဘီလူးေတြ ၿပိတၱာေတြဟာ ေၾကာင့္လန္႔ၿပီး ထြက္ေျပးၾကတယ္။

ကပ္ေဘး ျဖစ္ခ်ိန္မွာ အမႏုႆ လို႔ေခါတ့ဲ သူတို႔ေတြဟာလူေတြကို မူးေစေအာင္လုပ္ၾကတယ္။ပူးကပ္ၿပီး လူ႔ေလာကကိုအနိ႒ာ႐ုံေတြျဖစ္ေအာင္ ႀကိဳးစားၾကတယ္။

ပရိတ္ရြတ္ဖတ္ျခင္းႏွင့္ ပရိတ္ေရဖ်န္းျခင္းေၾကာင့္ဘီလူးေတြ ထြက္ေျပးရေၾကာင္းဘုရား႐ွင္လက္ထက္က ကပ္ေဘးမွာျဖစ္ခ့ဲဘူးတာပဲ။

ပရိတ္ အစြမ္းထက္ဖို႔အသံထြက္ မွန္ရမယ္ ယုံၾကည္ရမယ္ဒါေပမယ့္ သူတို႔အနားကပ္လို႔ မရဘူးအဲဒီသေဘာေၾကာင့္ အသားငါး ေလ်ာ့ျခင္းဟာ

ကပ္ေဘးကို ေလ်ာ့ပါးေစတယ္လို႔ေျပာတာဒါက လြဲေခ်ာ္မႈ နံပါတ္ ႏွစ္နံပါတ္သံုးကပရိတ္ရြတ္ပုံ ေနရာက်ျခင္း ဆိုတာကေတာ့

တျခားဘာသာေတြ အတြက္ ယုံၾကည္မွုမ႐ွိတ့ဲ အတြက္ပရိတ္က အရံအတား မျဖစ္ေစဘူးပရိတ္ရြတ္တ့ဲ အခါဘုရား႐ွင္ရ႕ဲ တရားေတာ္ျမတ္ရ႕ဲ အ႐ွိန္အဝါဟာ

ျဖည့္ဆည္းခ့ဲတ့ဲ ပါရမီေတာ္ေၾကာင့္စၾကၤာဝဠာတိုက္တစ္ေသာင္းထိ ျသဇာအာဏာ သက္ေရာက္တယ္၊ကပ္ေဘးေၾကာင့္ လူေတြ ေသၾကတယ္

အဲဒီ ေသတ့ဲ သူေတြကို ညအခါ ဘီလူး၊ ေျမဘုတ္၊ ၿပိတၱာေတြက လုယူစားေသာက္ၾကတယ္။

ကိုယ္ေစာင့္နတ္ သာသနာေစာင့္နတ္န႔ဲမိမိန႔ဲပဌာန္းဆက္ပါတ္တ့ဲ ပုဂၢိဳလ္ေတြဟာပ်က္စီးေတာ့မယ့္ အေၾကာင္းအရာေတြ အတြက္ႀကိဳတင္ၿပီး သတိေပးခ်င္တယ္

အသားငါး စားထားသူေတြ ဆိုရင္သူတို႔ အနားကပ္လို႔မရဘူးအသားငါး စားထားသူဟာ အနံအသက္ မေကာင္းဘူးအိမ္မက္ေပးဖို႔မလြယ္ဘူးနိမိတ္ေတြျပဖို႔ ခက္ခဲတယ္

အသားငါး မစားျခင္းရဲ႔ေနာက္တမ်ိဳး ရလဒ္က တိရစာၦန္ေတြအေပၚေမတၱာဓါတ္ ပိုၿပီးသက္ေရာက္ေစတယ္အထူးသျဖင့္ တျခားသတၱဝါေတြရဲ႕အကုသုလ္ကံေတြေၾကာင့္

ကိုယ္ပါေရာပါသြားတတ္တ့ဲ သေဘာ႐ွိတယ္ ဒါဆိုကိုယ္ေစာင့္နတ္ေတြက သိၿပီး သတိေပးခ်င္တယ္

ပရိတ္ အစြမ္းထက္ဖို႔အသံထြက္ မွန္ရမယ္ ယုံၾကည္ရမယ္ကံႀကီးထိုက္သူမျဖစ္ေစရ ဆိုတ့ဲ အဂၤါသုံခ်က္န႔ဲ ညီရတယ္တ့ဲ

ဒါေၾကာင့္ လယ္တီဆရာေတာ္ႀကီးကပရိတ္ရြတ္ပုံေနရာ က်ရမယ္လို႔ ေျပာခ့ဲတာပါ။ဒီသေဘာေတြကေတာ့ဗုဒၶဘာသာဝင္ေတြပဲ သိတယ္သိတာေတာင္ မယုံၾကည္တ့ဲသူက မ်ားတယ္ဒါက လြဲေခ်ာ္မူ႔ နံပါတ္ သုံး ပါပဲ။

အခုေတာ့လက္ေဆးၾက ၊ အျပင္မထြက္ၾကန႔ဲ ဆိုတ့ဲ မ်က္ျမင္သေဘာ ကာကြယ္မူ႔ေတြပဲတစ္ကမာၻလုံး လုပ္ေနၾကတယ္။

မ်က္ျမင္သေဘာန႔ဲလည္း ကာကြယ္ရမယ္မျမင္ႏိုင္တ့ဲ သေဘာေတြနဲ႔လည္းအခုတင္ျပခ့ဲအတိုင္း ကာကြယ္ၾကမယ္ ဆိုရင္ျမန္မာျပည္သူေတြ ကပ္ေဘးကေန ပိုၿပီး လြတ္ႏိုင္ၾကပါလိမ့္မယ္။

ဒီသေဘာေတြကေတာ့ဗုဒၶဘာသာဝင္ေတြ အတြက္ ကပ္ေဘးကလြတ္ေျမာက္ေစႏိုင္တ့ဲ အထူးအခြင့္အေရးဆိုတာမေမ့ၾကပါန႔ဲ ။

ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာအ႐ွင္နႏၵမာလာဘိဝံသ

Leave a Comment