နေလောင် အသားအရေကို ဒီလိုထိန်းသိမ်းမယ်

နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအဖို့နေရောင်ခြည်နဲ့မထိတွေ့ဘဲနေဖို့ဆိုတာက မဖြစ်နိုင်ကြပါဘူး။ အိမ်ထဲမှာပဲနေတယ်ဆိုရင်တောင် ပြတင်းပေါက်တွေမှန်တွေကနေတဆင့် ဝင်လာတဲ့နေရောင်ခြည်တွေကိုရှောင်လွဲလို့မရဘဲ ထိတွေ့မိမှာသေချာပါတယ်။နေရောင်ခြည်က ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုပေးစွမ်းနိုင်တယ်ဆိုပေမယ့် အများကြီးထိတွေ့မိရင်တော့နေလောင်တာနဲ့အရေပြားပြဿနာအမျိုးမျိုးကို ခံစားရမှာ မလွဲပါဘူး။

နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားထိခိုက်ပျက်စီးမှုတွေကိုဖြစ်စေပါတယ်။နေလောင်တဲ့အခါ အသားအရေက အရောင်ပြောင်းသွားတာမျိုးရှိနိုင်သလို အရေပြားမှာ အဖုအပိမ့်ဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ မိုးရွာတဲ့နေ့ တိမ်ထူတဲ့နေ့တွေမှာတောင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မိနိုင်တယ်ဆိုတာကိုတော့မေ့လို့မဖြစ်ပါဘူး။

နေလောင်ဒဏ်ကြောင့်အရေပြားထိခိုက်ပျက်စီးတဲ့အခါ အသားအရောင်မညီမညာနဲ့ကြည့်ရတာအဆင်မပြေပါဘူး။ ခရီးသွားပြီးလို့ပဲဖြစ်ဖြစ်နေရောင်ထဲမှာ အကြာကြီးနေမိတာနဲ့နေဒဏ်လေဒဏ်တွေကြောင့် အသားအရေတွေခြောက်သွေ့ပျက်စီးသွားတဲ့အခါ သက်သာအောင်လုပ်လို့ရမယ့်နည်းလမ်းလေးတွေရှိမယ်ဆိုရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ နည်းလမ်းလေးတွေပြောပြမယ်နော်။

ခရမ်းလွန်ရောင်ခြည်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့ အသားအရေကို ဒီလိုထိန်းသိမ်းမယ်

နေလောင်ပြီး ပျက်စီးသွားတဲ့အသားအရေကို နဂိုအသားအရေအတိုင်းပြန်ဖြစ်လာအောင် သဘာဝပစ္စည်းလေးတွေ သုံးပြီးပြန်လည်ထိန်းသိမ်းလို့ရပါတယ်။

(၁) သခွားသီးနဲ့ဒိန်ချဉ်

သခွားသီးကို အခွံနွှာပြီးသေးသေးလေးတွေ စိတ်လိုက်ပါ။ အနှစ်ဖြစ်အောင်ကြိတ်လိုက်ပြီး လတ်ဆတ်တဲ့ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းစာနဲ့ရောပြီး သမအောင်မွှေပါ။ မျက်နှာ၊လည်ပင်းနဲ့ အခြားနေလောင်ထားတဲ့နေရာတွေကို လူးပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရေအေးအေးလေးနဲ့ဆေးချလိုက်ပါ။

သခွားသီးကနေလောင်တာကြောင့် အသားအရေအရောင်ပြောင်းသွားတာကို သက်သာစေနိုင်ပြီး ဒိန်ချဉ်ကလည်း နေလောင်တာကြောင့် အရေပြားပျက်စီးတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။

(၂) Rose water နဲ့ မုန့်ဖုတ်ဆိုဒါ

အရင်ဆုံးဇလုံကြီးကြီးတစ်ခုထဲကိုရေဖြည့်လိုက်ပါ။ rose water ကိုကော်ဖီခွက်ရဲ့ ၄ ပုံ ၁ ပုံစာထည့်ပါ။ပြီးရင် မုန့်ဖုတ်ဆိုဒါ နည်းနည်းလောက်ထည့်လိုက်ပါ။ပြီးရင် ဂွမ်းစလေးနဲ့တို့ယူပြီး မျက်နှာနဲ့လည်ပင်းကို ညင်ညင်သာသာလေးပွတ်ပေးလိုက်ပါ။ ၅ ကြိမ် ၆ ကြိမ်လောက်လုပ်ပေးပါ။

ခန္ဒာကိုယ်ရဲ့နေလောင်ထားတဲ့အခြားနေရာတွေအတွက်အသုံးပြုချင်တာဆိုရင်တော့ရေတစ်ပုံးစာထဲကို rose water ခွက်တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ရောစပ်ပြီးမွှေလိုက်ပါ။ပြီးရင်ရေချိုးချလိုက်ပါ။နေလောင်တာကြောင့် အရေပြားယားယံတာ၊ နီမြန်းတာ၊ အရေပြားမှာ အဖုအပိမ့်တွေထွက်တာ နဲ့ အရေပြားနေလောင်တာတွေကို သက်သာစေနိုင်ပါတယ်။

ဒီနည်းက အရေပြားကိုအေးမြစေနိုင်ပြီးနေလောင်တာနဲ့ အရေပြားမှာ အမဲကွက်တွေဖြစ်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ rose water မှာ အရေပြားနေလောင်တာကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နေလောင်တာကြောင့် ပျက်စီးသွားတဲ့ အသားအရေကိုပြုပြင်ပေးနိုင်ပါတယ်။

(၃) နွားနို့

နွားနို့အစိမ်းနည်းနည်းကို ဂွမ်းစလေးနဲ့တို့ပြီး မျက်နှာနဲ့ လည်ပင်းမှာလူးပေးပါ။ ၅ ကြိမ် ၆ ကြိမ်လောက်လုပ်ပေးရပါမယ်။ပြီးရင်တော့ရေအေးလေးနဲ့ဆေးချပေးလိုက်ပါ။ နွားနို့က အသားအရေကိုချောမွေ့စေပြီးနေလောင်တာကိုလျော့ပါးသက်သာစေနိုင်သလို အသားအရေကို နူးညံ့စေနိုင်ပါတယ်။နေလောင်တာကိုသိသိသာသာသက်သာစေနိုင်ပါတယ်။

(၄) နံနံပင် နဲ့ rose water

နံနံပင်လက်တစ်ဆုပ်စာကို နုတ်နုတ်လေးစဉ်းပြီးကြိတ်လိုက်ပါ။ အဲ့အနှစ်ထဲကို rose waterလေးရောလိုက်ပါ။ နှံ့စပ်အောင်မွှေပြီး လည်ပင်းနဲ့မျက်နှာကို လိမ်းကျံပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ထားပြီးရေအေးနဲ့ဆေးချလိုက်ပါ။ လက်နဲ့ခြေထောက်ကနေလောင်ရာတွေအတွက်လည်းသုံးပေးလို့ရပါသေးတယ်။

နံနံပင်က အသားအရေကိုချော့မွေ့စေပြီးအေးမြစေနိုင်ပါတယ်။ အနာကျက်စေနိုင်စွမ်းရှိသလို အရေပြားနီမြန်း တာနဲ့ နေလောင်တာကို သက်သာစေနိုင်ပါတယ်။

(၅) ခရမ်းချဉ်သီး နဲ့ အုန်းနို့သုံးမယ်

ခရမ်းချဉ်သီးအမှည့်တစ်လုံးကို အရည်ညှစ်လိုက်ပါ။ပြီးရင် စားပွဲတင်ဇွန်း ၃ ဇွန်းစာကို အုန်းနို့စားပွဲတင်ဇွန်း ၂ ဇွန်းစာနဲ့ရောစပ်လိုက်ပါ။ရောစပ်ထားတာကို နှံ့အောင်မွှေပေးပြီးနေလောင်တဲ့နေရာတွေပေါ်မှာလူးပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားလိုက်ပါ။ပြီးရင်ရေအေးနဲ့ဆေးချလိုက်ပါ။

ခရမ်းချဉ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့lycopene ကအရေပြားနီမြန်းတာကိုသက်သာစေပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ အုန်းနို့က သဘာဝ တိုနာတစ်မျိုးဖြစ်ပြီးနေလောင်ထားတာတွေကို သက်သာစေနိုင်သလို အသားအရေကိုချောမွေ့စေပါတယ်။

(၆) အာလူးနဲ့သံပုရာရည်

အာလူးအစိမ်းတစ်လုံးကိုယူပြီး အခွံနွှာလိုက်ပါ။သေးသေးလေးတွေလှီးပြီးရေအနည်းငယ် သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ပြီး ကြိတ်စက်နဲ့ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကိုနေလောင်ထားတဲ့အပေါ်မှာလူးပေးပြီး ၁ မိနစ် ၂ မိနစ်လောက်နှိပ်နယ်ပေးပါ။

ပြီးရင်နည်းနည်းထပ်လူးပေးပြီး ၁၀ မိနစ်လောက်ထားပေးလိုက်ပါ။နောက်ဆုံးအဆင့်အနေနဲ့ရေအေးအေးလေးနဲ့ဆေးချပေးပါ။ အရေပြားပေါ်ကနေလောင်တာတွေ။ အမဲကွက်တွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

(၇) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အရေပြားရဲ့ pH ပမာဏကိုထိန်းသိမ်းပေးပြီး အနာကျက်မြန်စေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဖျန်းလို့ရတဲ့ဗူးထဲကိုထည့်ပြီးနေလောင်ထားတဲ့နေရာတွေကို ဖျန်းပေးပါ။ တကယ်လို့ တုံ့ပြန်လွယ်တဲ့အရေပြားပိုင်ရှင်ဆိုရင်တော့ရေ ၃ ချိုး ၁ ချိုးလောက်ရောလိုက်ပါ။ ဖျန်းထားတဲ့ ပန်းသီးရှာလကာရည်ကအရေပြားပေါ်မှာ လုံးဝခြောက်သွားပြီဆိုရင် အုန်းဆီစစ်စစ်ကိုနေလောင်ထားတဲ့နေရာမှာလူးပေးလိုက်ပါ။

အရေပြားက အုန်းဆီကို လုံးဝစုပ်ယူသွားနိုင်အောင် တစ်နာရီလောက်ထားပေးလိုက်ပါ။ ၅ နာရီခြားတစ်ခါလုပ်ပေးပါ။ သိသာတဲ့ရလဒ်ကိုရရှိပါလိမ့်မယ်။

(၈) ပျားရည်

ပျားရည်ကဆေးဖက်ဝင်တယ်ဆိုတာကိုတော့ သိပြီးဖြစ်မှာပါ။ အရေပြားအတွက်လည်း ပျားရည်ကတော်တော်လေး အသုံးတည့်ပါတယ်။ ပျားရည်ကိုနေလောင်ထားတဲ့နေရာတွေ ပျားရည်လူးပေးထားလိုက်ပါ။ ၁၅ မိနစ်ကနေ မိနစ် ၂ဝလောက်ထားပေးပါ။ပြီးရင်ရေအေးလေးနဲ့ဆေးချပေးလိုက်ပါ။ တစ်နေ့တစ်ကြိမ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်နေလောင်တာကို သက်သာစေမှာပါ။

တစ်နေ့တာလုံးနေရောင်အောက်မှာ လှုပ်ရှားနေရလို့ဖြစ်ဖြစ်၊ ခရီးကပြန်လာလို့ဖြစ်ဖြစ် အသားအရေတွေနေလောင်ပျက်စီးတာမျိုးဖြစ်နေတယ်ဆိုရင် အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်းလုပ်ပြီး အသားအရေကိုပြန်လည်ကျန်းမာလာအောင်ထိန်းသိမ်းပေးလိုက်ပါ။ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ကြပါစေကြောင်း

Hello Health

Zawgyi

ေန႔စဥ္လႈပ္ရွားသြားလာေနရသူေတြအဖို႔ေနေရာင္ျခည္နဲ႔မထိေတြ႕ဘဲေနဖို႔ဆိုတာက မျဖစ္နိုင္ၾကပါဘူး။ အိမ္ထဲမွာပဲေနတယ္ဆိုရင္ေတာင္ ျပတင္းေပါက္ေတြမွန္ေတြကေနတဆင့္ ဝင္လာတဲ့ေနေရာင္ျခည္ေတြကိုေရွာင္လြဲလို႔မရဘဲ ထိေတြ႕မိမွာေသခ်ာပါတယ္။ေနေရာင္ျခည္က ခႏၶါကိုယ္အတြက္လိုအပ္တဲ့ ဗီတာမင္ D ကိုေပးစြမ္းနိုင္တယ္ဆိုေပမယ့္ အမ်ားႀကီးထိေတြ႕မိရင္ေတာ့ေနေလာင္တာနဲ႔အေရျပားျပႆနာအမ်ိဳးမ်ိဳးကို ခံစားရမွာ မလြဲပါဘူး။

ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ေရာင္ျခည္က အေရျပားထိခိုက္ပ်က္စီးမႈေတြကိုျဖစ္ေစပါတယ္။ေနေလာင္တဲ့အခါ အသားအေရက အေရာင္ေျပာင္းသြားတာမ်ိဳးရွိနိုင္သလို အေရျပားမွာ အဖုအပိမ့္ျဖစ္တာမ်ိဳးေတြျဖစ္နိုင္ပါတယ္။ မိုးရြာတဲ့ေန႔ တိမ္ထူတဲ့ေန႔ေတြမွာေတာင္ ခရမ္းလြန္ေရာင္ျခည္နဲ႔ထိေတြ႕မိနိုင္တယ္ဆိုတာကိုေတာ့ေမ့လို႔မျဖစ္ပါဘူး။

ေနေလာင္ဒဏ္ေၾကာင့္အေရျပားထိခိုက္ပ်က္စီးတဲ့အခါ အသားအေရာင္မညီမညာနဲ႔ၾကည့္ရတာအဆင္မေျပပါဘူး။ ခရီးသြားၿပီးလို႔ပဲျဖစ္ျဖစ္ေနေရာင္ထဲမွာ အၾကာႀကီးေနမိတာနဲ႔ေနဒဏ္ေလဒဏ္ေတြေၾကာင့္ အသားအေရေတြေျခာက္ေသြ႕ပ်က္စီးသြားတဲ့အခါ သက္သာေအာင္လုပ္လို႔ရမယ့္နည္းလမ္းေလးေတြရွိမယ္ဆိုရင္ စိတ္ဝင္စားၾကမယ္ထင္ပါတယ္။ နည္းလမ္းေလးေတြေျပာျပမယ္ေနာ္။

ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ထိခိုက္ပ်က္စီးသြားတဲ့ အသားအေရကို ဒီလိုထိန္းသိမ္းမယ္

ေနေလာင္ၿပီး ပ်က္စီးသြားတဲ့အသားအေရကို နဂိုအသားအေရအတိုင္းျပန္ျဖစ္လာေအာင္ သဘာဝပစၥည္းေလးေတြ သုံးၿပီးျပန္လည္ထိန္းသိမ္းလို႔ရပါတယ္။

(၁) သခြားသီးနဲ႔ဒိန္ခ်ဥ္

သခြားသီးကို အခြံႏႊာၿပီးေသးေသးေလးေတြ စိတ္လိုက္ပါ။ အႏွစ္ျဖစ္ေအာင္ႀကိတ္လိုက္ၿပီး လတ္ဆတ္တဲ့ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၂ ဇြန္းစာနဲ႔ေရာၿပီး သမေအာင္ေမႊပါ။ မ်က္ႏွာ၊လည္ပင္းနဲ႔ အျခားေနေလာင္ထားတဲ့ေနရာေတြကို လူးေပးပါ။ ၁၅ မိနစ္ေလာက္ထားၿပီးေရေအးေအးေလးနဲ႔ေဆးခ်လိုက္ပါ။

သခြားသီးကေနေလာင္တာေၾကာင့္ အသားအေရအေရာင္ေျပာင္းသြားတာကို သက္သာေစနိုင္ၿပီး ဒိန္ခ်ဥ္ကလည္း ေနေလာင္တာေၾကာင့္ အေရျပားပ်က္စီးတာကို သက္သာေစနိုင္စြမ္းရွိပါတယ္။

(၂) Rose water နဲ႔ မုန႔္ဖုတ္ဆိုဒါ

အရင္ဆုံးဇလုံႀကီးႀကီးတစ္ခုထဲကိုေရျဖည့္လိုက္ပါ။ rose water ကိုေကာ္ဖီခြက္ရဲ့ ၄ ပုံ ၁ ပုံစာထည့္ပါ။ၿပီးရင္ မုန႔္ဖုတ္ဆိုဒါ နည္းနည္းေလာက္ထည့္လိုက္ပါ။ၿပီးရင္ ဂြမ္းစေလးနဲ႔တို႔ယူၿပီး မ်က္ႏွာနဲ႔လည္ပင္းကို ညင္ညင္သာသာေလးပြတ္ေပးလိုက္ပါ။ ၅ ႀကိမ္ ၆ ႀကိမ္ေလာက္လုပ္ေပးပါ။

ခႏၵာကိုယ္ရဲ့ေနေလာင္ထားတဲ့အျခားေနရာေတြအတြက္အသုံးျပဳခ်င္တာဆိုရင္ေတာ့ေရတစ္ပုံးစာထဲကို rose water ခြက္တစ္ဝက္နဲ႔ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၃ ဇြန္းတို႔ေရာစပ္ၿပီးေမႊလိုက္ပါ။ၿပီးရင္ေရခ်ိဳးခ်လိုက္ပါ။ေနေလာင္တာေၾကာင့္ အေရျပားယားယံတာ၊ နီျမန္းတာ၊ အေရျပားမွာ အဖုအပိမ့္ေတြထြက္တာ နဲ႔ အေရျပားေနေလာင္တာေတြကို သက္သာေစနိုင္ပါတယ္။

ဒီနည္းက အေရျပားကိုေအးျမေစနိုင္ၿပီးေနေလာင္တာနဲ႔ အေရျပားမွာ အမဲကြက္ေတြျဖစ္တာကိုေလ်ာ့ပါးသက္သာေစနိုင္ပါတယ္။ rose water မွာ အေရျပားေနေလာင္တာေၾကာင့္ျဖစ္တဲ့ နီျမန္းေရာင္ရမ္းတာကိုေလ်ာ့ပါးသက္သာေစနိုင္ပါတယ္။ေနေလာင္တာေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရကိုျပဳျပင္ေပးနိုင္ပါတယ္။

(၃) ႏြားနို႔

ႏြားနို႔အစိမ္းနည္းနည္းကို ဂြမ္းစေလးနဲ႔တို႔ၿပီး မ်က္ႏွာနဲ႔ လည္ပင္းမွာလူးေပးပါ။ ၅ ႀကိမ္ ၆ ႀကိမ္ေလာက္လုပ္ေပးရပါမယ္။ၿပီးရင္ေတာ့ေရေအးေလးနဲ႔ေဆးခ်ေပးလိုက္ပါ။ ႏြားနို႔က အသားအေရကိုေခ်ာေမြ႕ေစၿပီးေနေလာင္တာကိုေလ်ာ့ပါးသက္သာေစနိုင္သလို အသားအေရကို ႏူးညံ့ေစနိုင္ပါတယ္။ေနေလာင္တာကိုသိသိသာသာသက္သာေစနိုင္ပါတယ္။

(၄) နံနံပင္ နဲ႔ rose water

နံနံပင္လက္တစ္ဆုပ္စာကို ႏုတ္ႏုတ္ေလးစဥ္းၿပီးႀကိတ္လိုက္ပါ။ အဲ့အႏွစ္ထဲကို rose waterေလးေရာလိုက္ပါ။ ႏွံ့စပ္ေအာင္ေမႊၿပီး လည္ပင္းနဲ႔မ်က္ႏွာကို လိမ္းက်ံေပးလိုက္ပါ။ ၁၅ မိနစ္ခန႔္ထားၿပီးေရေအးနဲ႔ေဆးခ်လိုက္ပါ။ လက္နဲ႔ေျခေထာက္ကေနေလာင္ရာေတြအတြက္လည္းသုံးေပးလို႔ရပါေသးတယ္။

နံနံပင္က အသားအေရကိုေခ်ာ့ေမြ႕ေစၿပီးေအးျမေစနိုင္ပါတယ္။ အနာက်က္ေစနိုင္စြမ္းရွိသလို အေရျပားနီျမန္း တာနဲ႔ ေနေလာင္တာကို သက္သာေစနိုင္ပါတယ္။

(၅) ခရမ္းခ်ဥ္သီး နဲ႔ အုန္းနို႔သံုးမယ္

ခရမ္းခ်ဥ္သီးအမွည့္တစ္လုံးကို အရည္ညႇစ္လိုက္ပါ။ၿပီးရင္ စားပြဲတင္ဇြန္း ၃ ဇြန္းစာကို အုန္းနို႔စားပြဲတင္ဇြန္း ၂ ဇြန္းစာနဲ႔ေရာစပ္လိုက္ပါ။ေရာစပ္ထားတာကို ႏွံ့ေအာင္ေမႊေပးၿပီးေနေလာင္တဲ့ေနရာေတြေပၚမွာလူးေပးလိုက္ပါ။ ၁၅ မိနစ္ေလာက္ထားလိုက္ပါ။ၿပီးရင္ေရေအးနဲ႔ေဆးခ်လိုက္ပါ။

ခရမ္းခ်ဥ္သီးမွာပါတဲ့ ဓါတ္တိုးဆန႔္က်င္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့lycopene ကအေရျပားနီျမန္းတာကိုသက္သာေစၿပီး ဆဲလ္ေသေတြကိုဖယ္ရွားေပးနိုင္ပါတယ္။ အုန္းနို႔က သဘာဝ တိုနာတစ္မ်ိဳးျဖစ္ၿပီးေနေလာင္ထားတာေတြကို သက္သာေစနိုင္သလို အသားအေရကိုေခ်ာေမြ႕ေစပါတယ္။

(၆) အာလူးနဲ႔သံပုရာရည္

အာလူးအစိမ္းတစ္လုံးကိုယူၿပီး အခြံႏႊာလိုက္ပါ။ေသးေသးေလးေတြလွီးၿပီးေရအနည္းငယ္ သံပုရာရည္ လက္ဖက္ရည္ဇြန္း ၃ ဇြန္းထည့္ၿပီး ႀကိတ္စက္နဲ႔ႀကိတ္လိုက္ပါ။ ရလာတဲ့အႏွစ္ကိုေနေလာင္ထားတဲ့အေပၚမွာလူးေပးၿပီး ၁ မိနစ္ ၂ မိနစ္ေလာက္ႏွိပ္နယ္ေပးပါ။

ၿပီးရင္နည္းနည္းထပ္လူးေပးၿပီး ၁၀ မိနစ္ေလာက္ထားေပးလိုက္ပါ။ေနာက္ဆုံးအဆင့္အေနနဲ႔ေရေအးေအးေလးနဲ႔ေဆးခ်ေပးပါ။ အေရျပားေပၚကေနေလာင္တာေတြ။ အမဲကြက္ေတြနဲ႔ ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အမာရြတ္ေတြကိုေလ်ာ့ပါးသက္သာေစမွာျဖစ္ပါတယ္။

(၇) ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္က အေရျပားရဲ့ pH ပမာဏကိုထိန္းသိမ္းေပးၿပီး အနာက်က္ျမန္ေစနိုင္ပါတယ္။ ပန္းသီးရွာလကာရည္ကို ဖ်န္းလို႔ရတဲ့ဗူးထဲကိုထည့္ၿပီးေနေလာင္ထားတဲ့ေနရာေတြကို ဖ်န္းေပးပါ။ တကယ္လို႔ တုံ႔ျပန္လြယ္တဲ့အေရျပားပိုင္ရွင္ဆိုရင္ေတာ့ေရ ၃ ခ်ိဳး ၁ ခ်ိဳးေလာက္ေရာလိုက္ပါ။ ဖ်န္းထားတဲ့ ပန္းသီးရွာလကာရည္ကအေရျပားေပၚမွာ လုံးဝေျခာက္သြားၿပီဆိုရင္ အုန္းဆီစစ္စစ္ကိုေနေလာင္ထားတဲ့ေနရာမွာလူးေပးလိုက္ပါ။

အေရျပားက အုန္းဆီကို လုံးဝစုပ္ယူသြားနိုင္ေအာင္ တစ္နာရီေလာက္ထားေပးလိုက္ပါ။ ၅ နာရီျခားတစ္ခါလုပ္ေပးပါ။ သိသာတဲ့ရလဒ္ကိုရရွိပါလိမ့္မယ္။

(၈) ပ်ားရည္

ပ်ားရည္ကေဆးဖက္ဝင္တယ္ဆိုတာကိုေတာ့ သိၿပီးျဖစ္မွာပါ။ အေရျပားအတြက္လည္း ပ်ားရည္ကေတာ္ေတာ္ေလး အသုံးတည့္ပါတယ္။ ပ်ားရည္ကိုေနေလာင္ထားတဲ့ေနရာေတြ ပ်ားရည္လူးေပးထားလိုက္ပါ။ ၁၅ မိနစ္ကေန မိနစ္ ၂၀ေလာက္ထားေပးပါ။ၿပီးရင္ေရေအးေလးနဲ႔ေဆးခ်ေပးလိုက္ပါ။ တစ္ေန႔တစ္ႀကိမ္ေလာက္ ပုံမွန္လုပ္ေပးမယ္ဆိုရင္ေနေလာင္တာကို သက္သာေစမွာပါ။

တစ္ေန႔တာလုံးေနေရာင္ေအာက္မွာ လႈပ္ရွားေနရလို႔ျဖစ္ျဖစ္၊ ခရီးကျပန္လာလို႔ျဖစ္ျဖစ္ အသားအေရေတြေနေလာင္ပ်က္စီးတာမ်ိဳးျဖစ္ေနတယ္ဆိုရင္ အခုေျပာခဲ့တဲ့ နည္းေလးေတြအတိုင္းလုပ္ၿပီး အသားအေရကိုျပန္လည္က်န္းမာလာေအာင္ထိန္းသိမ္းေပးလိုက္ပါ။ က်န္းမာလွပတဲ့ အသားအေရကို ပိုင္ဆိုင္ၾကပါေစေၾကာင္း

Hello Health

Leave a Comment