ကြက်ပေါင်သီးကို တစ်နှစ်စာ ခံအောင် သိမ် းနည်း

ကြက်ပေါင်သီး ပေါ်တုန်း ကြက်ပေါင်သီးနှစ်လေးတွေ တစ်နှစ်စာ လုပ်ထားကြမယ်။

အိုးထဲရေထည့်, ဆားထည့်ပြီးကြက်ပေါင်သီးထည့်၍ ပြုတ်ပါ။ကြက်ပေါင်သီးလေးတွေ နူးလာရင် ဇကာထဲထည့်ပြီး ရေစစ်ထားပေးပါ။

အအေးခံပြီးနောက် ကြက်ပေါင်သီးလေးကို ဖျစ်လိုက်ပါ။နှစ်ခြမ်းကွဲသွားပါလိမ့်မယ်။

အလယ်က အစေ့ ( အမျှင် ) လေးကိုထုတ်ပါ။ထိပ်ချွန်လေးကို အနည်းငယ်ဖြတ်ပြီးငရုတ်ဆုံထဲ ထည့်ထောင်းပါ။(အသီးနုရင် ထိပ်ချွန်ဖြတ်ရန် မလိုပါ။ )

ရလာတဲ့ အနှစ်လေးတွေကိုအိတ်လေးနဲ့ တစ်ခါချက်စာ အထုပ်လေးတွေ ထုပ်ပြီးရေခဲသေတ္တာခဲကန်ထဲမှာ ခဲ၍ သိမ်းဆည်းထားလိုက်ပါ။

အရမ်း အသုံးဝင်ပါတယ်။

အရသာက ချဉ်ဖြုံးဖြုံးလေးမို့ငါးပိချက် ချက်စားစားငါးပိကြော် ကြော်စားစားသနပ်လုပ်စားစား

နှစ်သက်ရာ အသားဟင်းထဲ ထည့်ချက်စားစားမိမိလိုအပ်သလို အသုံးပြုလို့ရပါတယ်။

ပဲခူး ဒေါ်ထွေးရီ

Zawgyi

ၾကက္ေပါင္သီး ေပၚတုန္း ၾကက္ေပါင္သီးႏွစ္ေလးေတြ တစ္ႏွစ္စာ လုပ္ထားၾကမယ္။

အိုးထဲေရထည့္, ဆားထည့္ၿပီးၾကက္ေပါင္သီးထည့္၍ ျပဳတ္ပါ။ၾကက္ေပါင္သီးေလးေတြ ႏူးလာရင္ ဇကာထဲထည့္ၿပီး ေရစစ္ထားေပးပါ။

အေအးခံၿပီးေနာက္ ၾကက္ေပါင္သီးေလးကို ဖ်စ္လိုက္ပါ။ႏွစ္ျခမ္းကြဲသြားပါလိမ့္မယ္။

အလယ္က အေစ့ ( အမၽွင္ ) ေလးကိုထုတ္ပါ။ထိပ္ခၽြန္ေလးကို အနည္းငယ္ျဖတ္ၿပီးင႐ုတ္ဆုံထဲ ထည့္ေထာင္းပါ။(အသီးႏုရင္ ထိပ္ခၽြန္ျဖတ္ရန္ မလိုပါ။ )

ရလာတဲ့ အႏွစ္ေလးေတြကိုအိတ္ေလးနဲ႔ တစ္ခါခ်က္စာ အထုပ္ေလးေတြ ထုပ္ၿပီးေရခဲေသတၱာခဲကန္ထဲမွာ ခဲ၍ သိမ္းဆည္းထားလိုက္ပါ။

အရမ္း အသုံးဝင္ပါတယ္။

အရသာက ခ်ဥ္ျဖဳံးျဖဳံးေလးမို႔ငါးပိခ်က္ ခ်က္စားစားငါးပိေၾကာ္ ေၾကာ္စားစားသနပ္လုပ္စားစား

ႏွစ္သက္ရာ အသားဟင္းထဲ ထည့္ခ်က္စားစားမိမိလိုအပ္သလို အသုံးျပဳလို႔ရပါတယ္။

ပဲခူး ေဒၚေထြးရီ

Leave a Comment