အသားအရည်ကြည်ပြီးတင်းတင်းလေးနဲ့ မျက်နှာပေါ်ကအမဲစက်တွေပါးချင်တဲ့သူတွေအတွက်

အသားအရည်ကြည်ပြီးတင်းတင်းလေးနဲ့ မျက်နှာပေါ်ကအမဲစက်တွေပါးချင်တဲ့သူတွေအတွက် ဆန်နဲ့ မျက်နှာပေါင်းတင်နည်းလေးတင်ပေးလိုက်ပါတယ်

လုပ်ပြီးတာနဲ့ မျက်နှာလဲသိသိသာသာGlow ပြီး ကြည်လာတယ်

ဒီနေ့မှာက ဆန်နဲ့မျက်နှာ ပေါင်းတင်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်. အဓိက ကအခုလိုအခါမှာ

နေ့တိုင်းအပြင်ထွက်နေရပြီးတိုက်ပွဲဝင်နေကြတဲ့သူတွေအတွက်လဲ နေလောင်ဒဏ်ကြောင့်အသားအရည် ခြောက်တာ ညိုတာတွေကိုအိမ် ပြန်လာတဲ့အခါ

အိမ်မှာ လွယ်လွယ်ကူကူနဲ့ ပေါင်းတင်ပြီး Self Relax လေးရဖို့အတွက်ဒီနည်းလေးကိုတင်ပေးလိုက်တာပါ. ကိုယ်တိုင်လဲ လုပ်ပါတယ်. ယောကျာ်းလေးရော မိန်းကလေးပါ လုပ်လို့ရပါတယ်.

ဆန်နဲ့ မျက်နှာပေါင်းတင်တဲ့အတွက်

အသားအရည်က ကြည်ကြည်တင်းတင်းလေးဖြစ်တယ်

နေလောင်ဒဏ်တွေကြောင့်မျက်နှာညိုမဲတာတွေလျော့နည်းစေတယ်

မျက်နှာပေါ်ကအမဲစက်တွေတဖြည်းဖြည်းသက်သာစေတယ်

ဆန်ကအပူဓာတ်တွေစုပ်စေတဲ့အတွက် ပေါင်းတင်တဲ့အခါမှာလဲမျက်နှာကအပူ တွေစုပ်ယူပေးပါတယ်

ချွေးပေါက် ကျယ်တာလဲသက်သာစေပါတယ်

ဆန်နဲ့မျက်နှာပေါင်းတင်နည်း..

ပထမဆုံးဆန်လက်တဆုပ်စာကို ရေဆေးပြီး ခွက်တခုထဲထည့်ပြီး ရေစိမ်ထားပါ

၁၀မိနစ်လောက်စိမ်ပြီးပြီဆို ကျောက်ပြင်မှာ ဆန်ကိုသွေးပါ အဖြူရောင် အနှစ်ရတဲ့အထိလုပ်ပါ

ရလာတဲ့အနှစ်ကိုခွက်တခုထဲထည့်ပြီး မျက်နှာအနှံ့သုတ်လိမ်းပြီး ၁၅ မိနစ် မိနစ် ၂၀ ထိထားပါ

mask ကမျက်နှာမှာ ခြောက်ပြီးတင်းတင်းလေးဖြစ်လာပါလိမ့်မယ် အချိန်ပြည့်ပြီဆို ရေနဲ့ ဆေးချလိုက်ပါ ပြီးရင်တော့ ကိုယ့်သုံးနေကြ Skincare Step လေးတွေဆက်လုပ်လို့ရပြီနော်

ဆန်နဲ့ပေါင်းနည်းကို တပတ် ၂ခါလုပ်ပေးနိုင်ပါတယ်

ဆန်ဘဲသုံးတာဖြစ်တဲ့အတွက် Side Effect တွေမရှိတဲ့အတွက် စိတ်ချလက်ချလုပ်လို့ရပါတယ်နော်.

Hanna’s Beauty Blog

Zawgyi

အသားအရည္ၾကည္ၿပီးတင္းတင္းေလးနဲ႔ မ်က္ႏွာေပၚကအမဲစက္ေတြပါးခ်င္တဲ့သူေတြအတြက္ ဆန္နဲ႔ မ်က္ႏွာေပါင္းတင္နည္းေလးတင္ေပးလိုက္ပါတယ္

လုပ္ၿပီးတာနဲ႔ မ်က္ႏွာလဲသိသိသာသာGlow ၿပီး ၾကည္လာတယ္

ဒီေန႔မွာက ဆန္နဲ႔မ်က္ႏွာ ေပါင္းတင္နည္းေလးကိုေျပာျပေပးမွာျဖစ္ပါတယ္. အဓိက ကအခုလိုအခါမွာ

ေန႔တိုင္းအျပင္ထြက္ေနရၿပီးတိုက္ပြဲဝင္ေနၾကတဲ့သူေတြအတြက္လဲ ေနေလာင္ဒဏ္ေၾကာင့္အသားအရည္ ေျခာက္တာ ညိဳတာေတြကိုအိမ္ ျပန္လာတဲ့အခါ

အိမ္မွာ လြယ္လြယ္ကူကူနဲ႔ ေပါင္းတင္ၿပီး Self Relax ေလးရဖို႔အတြက္ဒီနည္းေလးကိုတင္ေပးလိုက္တာပါ. ကိုယ္တိုင္လဲ လုပ္ပါတယ္. ေယာက်ာ္းေလးေရာ မိန္းကေလးပါ လုပ္လို႔ရပါတယ္.

ဆန္နဲ႔ မ်က္ႏွာေပါင္းတင္တဲ့အတြက္

အသားအရည္က ၾကည္ၾကည္တင္းတင္းေလးျဖစ္တယ္

ေနေလာင္ဒဏ္ေတြေၾကာင့္မ်က္ႏွာညိဳမဲတာေတြေလ်ာ့နည္းေစတယ္

မ်က္ႏွာေပၚကအမဲစက္ေတြတျဖည္းျဖည္းသက္သာေစတယ္

ဆန္ကအပူဓာတ္ေတြစုပ္ေစတဲ့အတြက္ ေပါင္းတင္တဲ့အခါမွာလဲမ်က္ႏွာကအပူ ေတြစုပ္ယူေပးပါတယ္

ေခြၽးေပါက္ က်ယ္တာလဲသက္သာေစပါတယ္

ဆန္နဲ႔မ်က္ႏွာေပါင္းတင္နည္း..

ပထမဆုံးဆန္လက္တဆုပ္စာကို ေရေဆးၿပီး ခြက္တခုထဲထည့္ၿပီး ေရစိမ္ထားပါ

၁၀မိနစ္ေလာက္စိမ္ၿပီးၿပီဆို ေက်ာက္ျပင္မွာ ဆန္ကိုေသြးပါ အျဖဴေရာင္ အႏွစ္ရတဲ့အထိလုပ္ပါ

ရလာတဲ့အႏွစ္ကိုခြက္တခုထဲထည့္ၿပီး မ်က္ႏွာအႏွံ႔သုတ္လိမ္းၿပီး ၁၅ မိနစ္ မိနစ္ ၂၀ ထိထားပါ

mask ကမ်က္ႏွာမွာ ေျခာက္ၿပီးတင္းတင္းေလးျဖစ္လာပါလိမ့္မယ္ အခ်ိန္ျပည့္ၿပီဆို ေရနဲ႔ ေဆးခ်လိုက္ပါ ၿပီးရင္ေတာ့ ကိုယ့္သုံးေနၾက Skincare Step ေလးေတြဆက္လုပ္လို႔ရၿပီေနာ္

ဆန္နဲ႔ေပါင္းနည္းကို တပတ္ ၂ခါလုပ္ေပးႏိုင္ပါတယ္

ဆန္ဘဲသုံးတာျဖစ္တဲ့အတြက္ Side Effect ေတြမရွိတဲ့အတြက္ စိတ္ခ်လက္ခ်လုပ္လို႔ရပါတယ္ေနာ္.

Hanna’s Beauty Blog

Leave a Comment