ဒညင်းသီး ဆားရေစိမ်နည်း

ဒညင်းသီးဆားရေစိမ် (အလုံး ၁၀၀)

ဒညင်းသီး နုနုကြွပ်ကြွပ်ကလေးတွေကို အပေါ်အခွံမာ ခွာပြီး နှစ်ရက် လောက်ရေစိမ်ထားပါ ( ရေသန့် ဒါမှမဟုတ်ရေကျက်အေးကိုသုံးပါ) တစ်ရက်တစ်ခါရေလဲပေးပါတယ်

အတွင်းခွံလေးတွေ ပွပြီးကျွတ်ထွက်လာပြီဆို အခွံတွေဖယ်ထုတ်ပြီး ရေဆေးပါ

အဝကျယ် ပုလင်းတစ်လုံး (ဖန်ပုလင်းနဲ့စိမ်ရင်ပိုကောင်းပါတယ် ) ထဲကို ရေသန့် သို့ ရေကျက်အေးတစ်ဝက်ခန့် ထည့်ပြီး

သကြားစားပွဲဇွန်းနှစ်ဇွန်း‌မောက်မောက် ဆားစားပွဲဇွန်းတစ်ဇွန်းမောက်မောက်ထည့်ဖျော်ပါ

ဒညင်းသီးထည့်ပါ ဒညင်းသီးမြုပ်အောင် ရေအနည်းငယ်ထပ်ထည့်ပြီး ဇွန်းနဲ့မွှေပေးပါ အဖုံးလုံအောင်ပိတ်ထားပါ

ငါးရက်နဲ့ ခုနှစ်ရက်အတွင်းမှာ သန့်ရှင်းပြီးအနံ့လဲသိပ်မပြင်းလှတဲ့ ဒညင်းသီးဆားရေစိမ်ကြွပ်ကြွပ်ကလေး ရပါပြီရှင့်

ဒညင်းသီးကြိုက်ပေမယ့် ပါးစပ်နံမှာကြောက်သူများအတွက် အနံ့မနံမယ့် နည်းကလေးပေးပါရစေ

ဒညင်းသီးနဲ့ထမင်းစားနေစဉ်မှာ ဟင်းရည် ရေ လုံးဝမသောက်ရပါဘူး ထမင်းစားပြီးတဲ့ခါ

ရေမသောက်ခင် သကြားလဘက်စားဇွန်း တစ်ဇွန်းလျော့လျော့ခန့်ကို ပါးစပ်ထဲ အရည်ပျော်သည်ထိငုံထားပေးပါ ပြီးမှရေနဲ့ပလုတ်ကျင်းပေးပါ

Aye Thuzar Win

Zawgyi

ဒညင္းသီးဆားေရစိမ္ (အလုံး ၁၀၀)

ဒညင္းသီး ႏုႏုႂကြပ္ႂကြပ္ကေလးေတြကို အေပၚအခြံမာ ခြာၿပီး ႏွစ္ရက္ ေလာက္ေရစိမ္ထားပါ ( ေရသန္႔ ဒါမွမဟုတ္ေရက်က္ေအးကိုသုံးပါ) တစ္ရက္တစ္ခါေရလဲေပးပါတယ္

အတြင္းခြံေလးေတြ ပြၿပီးကြၽတ္ထြက္လာၿပီဆို အခြံေတြဖယ္ထုတ္ၿပီး ေရေဆးပါ

အဝက်ယ္ ပုလင္းတစ္လုံး (ဖန္ပုလင္းနဲ႔စိမ္ရင္ပိုေကာင္းပါတယ္ ) ထဲကို ေရသန္႔ သို႔ ေရက်က္ေအးတစ္ဝက္ခန္႔ ထည့္ၿပီး

သၾကားစားပြဲဇြန္းႏွစ္ဇြန္း‌ေမာက္ေမာက္ ဆားစားပြဲဇြန္းတစ္ဇြန္းေမာက္ေမာက္ထည့္ေဖ်ာ္ပါ

ဒညင္းသီးထည့္ပါ ဒညင္းသီးျမဳပ္ေအာင္ ေရအနည္းငယ္ထပ္ထည့္ၿပီး ဇြန္းနဲ႔ေမႊေပးပါ အဖုံးလုံေအာင္ပိတ္ထားပါ

ငါးရက္နဲ႔ ခုႏွစ္ရက္အတြင္းမွာ သန္႔ရွင္းၿပီးအနံ႔လဲသိပ္မျပင္းလွတဲ့ ဒညင္းသီးဆားေရစိမ္ႂကြပ္ႂကြပ္ကေလး ရပါၿပီရွင့္

ဒညင္းသီးႀကိဳက္ေပမယ့္ ပါးစပ္နံမွာေၾကာက္သူမ်ားအတြက္ အနံ႔မနံမယ့္ နည္းကေလးေပးပါရေစ

ဒညင္းသီးနဲ႔ထမင္းစားေနစဥ္မွာ ဟင္းရည္ ေရ လုံးဝမေသာက္ရပါဘူး ထမင္းစားၿပီးတဲ့ခါ

ေရမေသာက္ခင္ သၾကားလဘက္စားဇြန္း တစ္ဇြန္းေလ်ာ့ေလ်ာ့ခန္႔ကို ပါးစပ္ထဲ အရည္ေပ်ာ္သည္ထိငုံထားေပးပါ ၿပီးမွေရနဲ႔ပလုတ္က်င္းေပးပါ

Aye Thuzar Win

Leave a Comment