လက်ဖက် နှင့် ကလေးငယ်များ ၏ ကျန်းမာရေး

လက်ဖက် နှင့် ကလေးငယ်များ ၏ ကျန်းမာရေး

အိမ်မှာ ဟင်းမကြိုက်ရင် မချက်ရင် အလွယ်တကူ ဝယ်လို့ရတဲ ့အသင့်စား လက်ဖက်တွေနဲ့ ထမင်းစားနေတာကို တော်တော်များများ တွေ့လာပါတယ်။

ကလေး လူကြီး ကျား မ မရွေးတော်တော်များများလည်း ကြိုက်ကြပါတယ်။

သို့ပေမယ့် ကလေးငယ်တွေ အတွက်တော ့လက်ဖက်ဟာ မစားသင့်တဲ ့အစားအစာ တစ်မျိုးဖြစ်တယ် ဆိုတဲ့အကြောင်း အာဟာရပညာရှင် ဒေါက်တာ ညီညီကျော် ပြောပြတာကို Flemexက တဆင့် မျှဝေပေးလိုက်ပါတယ်။

ဒေါက်တာပြောပြတဲ့ မစားသင့်တဲ့ အကြောင်းရင်းကတော ့လက်ဖက်ဟာ အူလမ်းကြောင်းမှ သံဓာတ်စုပ်ယူခြင်းကို ပိတ်ပင်လို့ကလေးတွေမှာ သံဓာတ်ချို ့တဲ့ လာတတ်တယ်လို့ ဆိုပါတယ်။

သံဓာတ်ချို့တဲ့တော ့သွေးအားနည်းရောဂါပါ ဖြစ်လာပါတယ်။

အဆိုးဆုံးက ကလေးငယ်တွေမှာ ကိုယ်ခန္ဓာ ကြီးထွား ဖွံ့ဖြိုးမှု ့ကိုပါ ထိခိုက်လာစေပြီး ဦးနှောက် နှင့် အာရုံကြော ဖွံ့ဖြိုးမှု ့ကိုပါ နှောင့်နှေး လာစေပါတယ်။

ဒါကြောင့် မိဘများ အနေ နဲ့ မိမိ ကလေးငယ်တွေရဲ ့ အနာဂါတ်အတွက် အလွယ်တကူ ဝယ်လို့ရတဲ့ အသင့်စားလက်ဖက်တွေကို မကျွေးတော့ဘဲ စနစ်တကျ ပြင်ဆင်ချက်ပြုတ်ပေးပါလို့ အကြံပြု ပြီး ပြောပြထားပါတယ်။

မသိသေးတဲ့ မိဘတွေ သိအောင်လည်း Share ပေးပါနော်။

Original Writer

Zawgyi










 

Leave a Comment