မချိုမချဉ်အရသာလေးနဲ့ သရက်သီး အုန့်နို့ကျောက်ကျော လေးလုပ်စားမယ်
မချိုမချဉ်အရသာလေးနဲ့ သရက်သီး အုန့်နို့ကျောက်ကျော
သရက်သီးတွေ ပေါနေတဲ့အချိန်ဆိုတော့ မမလေးရဲ့ သရက်သီး အုန်းနို့ကျောက်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ထမင်းစားပြီး အချိုတည်တာပဲဖစ်ဖြစ် ၊ နေ့လည်ဖက် အဆာပြေစားတာ ဖြစ်ဖြစ်လုပ်ပြီး စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
သရက်သီးမှည့် – ၄ လုံး
သကြား – ၅၀ သား
ကျောက်ကျော – ၅၀ဂရမ် (၁ထုပ်)
ဆား – အနည်းငယ်
ရေ – ၁ လီတာခန့််
ပြုလုပ်နည်း
အုန်းနို့၁ဗူးနှင့် ကျောက်ကျော၂၅ဂရမ် ၊ သကြား၂၅ကျပ်သား ၊ ဆားအနည်းငယ်တို့ကို မီနစ်၂၀ခန့် ပျစ်လာသည်ထိ ကျို၍ ပထမလောင်းထားသော သရက်သီးကျောက်ကျောပေါ်သို့ ထပ်ကာလောင်းထည့်ပြီး အအေးခံကာ လှီးဖြတ် စားသုံးနိုင်ပါပြီး ။
MyFood Myanmar
Unicode
မချိုမချဉ်အရသာလေးနဲဲ့ သရက်သီး အုန့်နို့ကျောက်ကျော
သရက်သီးတွေ ပေါနေတဲ့အချိန်ဆိိုတော့ မမလေးရဲ့ သရက်သီး အုန်းနို့ကျောက်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ထမင်းစားပြီး အချိုတည်တာပဲဖစ်ဖြစ်် ၊ နေ့လည်ဖက် အဆာပြေစားတာ ဖြစ်ဖြစ်လုပ်ပြီး စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
သရက်သီးမှည့် – ၄ လုံး
သကြား – ၅၀ သား
ကျောက်ကျော – ၅၀ဂရမ်် (၁ထုပ်)
အုန်းနို့ဗူးကြီး – ၂ ဗူး
ဆား – အနည်းငယ််
ရေ – ၁ လီတာခန့််
ပြုလုပ်နည်း
သရက်သီးကိို အခွံံခွာ၍ အနေတော်ပိုင်းဖြတ်ကာ ရေ 200mlခန့်ထည့်၍ သစ်သီးကြိတ်စက်ဖြင့် ကြေညှက်အောင်ကြိတ်ကာ ကျာက်ကျောမှုန့်တစ်ဝက်ခန့်နဲ့ သကြား၂၅ကျပ်သား အုန်းနို့၁ဗူး ဆားအနည်းငယ်ရောထည့်ကာ မီးဖိုပေါ် မီနစ်၂၀ခန့်ကျိုပါ ။ ကျောက်ကျောရည်များ ပျစ်လာပါက ဗန်းထဲထည့်၍ အအေးထားခံပါ ။
အုန်းနိို့၁ဗူးနှင့် ကျောက်ကျော၂၅ဂရမ် ၊ သကြား၂၅ကျပ်သား ၊ ဆားအနည်းငယ်တို့ကို မီနစ်၂၀ခန့် ပျစ်လာသည်ထိ ကျို၍ ပထမလောင်းထားသော သရက်သီးကျောက်ကျောပေါ်သို့ ထပ်ကာလောင်းထည့်ပြီး အအေးခံကာ လှီးဖြတ် စားသုံးနိုင်ပါပြီး ။
MyFood Myanmar