အဲကွန်းမသုံးပဲ အပူဒဏ် အံတုရန် နည်းလမ်းတွေ

အဲကွန်းမသုံးပဲ အပူဒဏ် အံတုရန် နည်းလမ်းများ

(၁) အုပ်ကြွပ်မိုးပါ

အုပ်ကြွပ်ဟာအပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိခံနိုင်ရည်ရှိတဲ့အ တွက်မီးလောင်ဒဏ်ကိုခံနိုင်ရည် ရှိပါတယ်။အိမ်တွင်းအအေးဓာတ်ကိုထိန်းပေးပြီး နေပူဒဏ်ကိုလည်းသွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။

(၂) အပူခံဂွမ်း RadiantBarrier သုံးပါ

အပူခံဂွမ်းလို့လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။မျက်နှာကျက် အပေါ်မှာတပ်ဆင်ရတဲ့ insulationmateri al ဖြစ်ပြီးအုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့တော်တော်လေးကိုအပူဒဏ်သက်သာသွားမှာဖြစ်ပါတယ် ။

Y0utube မှာတင်ထားတဲ့ video တွေအရသွပ်မိုးပြီး Radiant Barrier သုံးထားတာတောင်အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ်။ ဒီနှစ်ချက်ဟာ initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာဖြစ်ပါတယ်။

အဲကွန်းသုံးမယ်ဆိုကနဦး ကုန်ကျငွေရော၊လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ်။ ဒါအပြင်အဲကွန်းဟာသဘာဝပတ် ဝန်းကျင်ကိုဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်းဖြစ်ပါတယ်။

(၃) ရှားစောင်းလက်ပပ် စိုက်ပါ

မိမိအိမ်ခန်းထဲမှာရှားစောင်းလက်ပပ် ပင်တွေစိုက်ထားခြင်းဖြင့်အိမ်တွင်းအပူချိန်ကိုသိသိသာသာလျော့ချနိုင်ပါတယ်။ ဒါ့အပြင်ရှားစောင်းလက်ပပ်ဟာ formaldehyde compounds တွေကိုလည်းစုပ်ယူပေးတဲ့အတွက်ကြောင့်အိမ်တွင်းလေထုအရည်အသွေးကိုပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

ဒီအပင်စိုက်ထားခြင်းအားဖြင့် အဆိပ် အတောက်တွေကိုရှုမိခြင်းအန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ်။ အထက်ပါ သုံးချက်ကတော့ ခြံမကျယ်လည်း လုပ်လို့ရနိုင်ပါတယ်။

(၄) အရိပ်ရအပင်စိုက်ပါ

အာဆီယံနိုင်ငံနဲ့အကိုက်ညီဆုံး အမြန်ဆုံးအရိပ်ရအပင်(Fast Growing Shade Trees) တွေထဲမှာပိတောက်ပင်ကို ညွှန်းဆိုကြပါတယ်။ဒုတိယကတော့ ကုက္ကိုလ်ပင်ပါ။ ဒီငါးချက်ကိုတတ်နိုင်တဲ့သူတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုစိတ်ရှိတဲ့သူတွေအခုကစလုပ်ဆောင်ကြမယ်ဆိုရင် နောက်လာမည့်နှစ်တွေမှာအပူဒဏ်လျော့ ကျသွားနိုင်ပါတယ်။

(၅) နံပါတ်လေး အချက်ကတော့ ခြံကျယ်ကျယ်သမားတွေအတွက်ပါ

မိမိအိမ်မှာမြေကွက်လပ်အပို ရှိမယ်ဆိုရင်ကွန်ကရစ်အပြည့်ခင်းခြင်းကို ရှောင်ကြည်ပါ။ မြက်ခင်းများစိုက်ခြင်းအားဖြင့် အပူဒဏ်လျော့ချနိုင်သလိုမြေအောက်ရေကိုလည်း ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်။ အဲကွန်းလျော့သုံးပါအပင်စိုက်ပါအပူဒဏ်ခံပစ္စည်းများအသုံးပြုပါကမ္ဘာမြေကိုကယ်တင်ပါ

SI THU ( IC )

zAWGYI

အဲကြန္းမသုံးပဲ အပူဒဏ္ အံတုရန္ နည္းလမ္းမ်ား

(၁) အုပ္ႂကြပ္မိုးပါ

အုပ္ႂကြပ္ဟာအပူခ်ိန္ ၁၃၀၀ ဒီဂရီစင္တီဂရိတ္ေလာက္အထိခံႏိုင္ရည္ရွိတဲ့အ တြက္မီးေလာင္ဒဏ္ကိုခံႏိုင္ရည္ ရွိပါတယ္။အိမ္တြင္းအေအးဓာတ္ကိုထိန္းေပးၿပီး ေနပူဒဏ္ကိုလည္းသြပ္ထပ္မ်ားစြာ ခံႏိုင္ရည္ ရွိပါတယ္ ။

(၂) အပူခံဂြမ္း RadiantBarrier သုံးပါ

အပူခံဂြမ္းလို႔လူသိမ်ားၿပီး စက္႐ုံေတြမွာ သုံးတာေတြ႕ရပါတယ္ ။မ်က္ႏွာက်က္ အေပၚမွာတပ္ဆင္ရတဲ့ insulationmateri al ျဖစ္ၿပီးအုပ္ႂကြပ္နဲ႔ တြဲသုံးမယ္ဆိုရင္ေတာ့ေတာ္ေတာ္ေလးကိုအပူဒဏ္သက္သာသြားမွာျဖစ္ပါတယ္ ။

Y0utube မွာတင္ထားတဲ့ video ေတြအရသြပ္မိုးၿပီး Radiant Barrier သုံးထားတာေတာင္အပူခ်ိန္ ၇ ဒီဂရီေလာက္ ေလ်ာ့က်သြားတာေတြ႕ရပါတယ္။ ဒီႏွစ္ခ်က္ဟာ initial cost လို႔ေခၚတဲ့ ကနဦးကုန္က်ေငြ မ်ားေပမယ့္ running cost ေတာ္ေတာ္သက္သာေစမွာျဖစ္ပါတယ္။

အဲကြန္းသုံးမယ္ဆိုကနဦး ကုန္က်ေငြေရာ၊လစဥ္ကုန္က်ေငြအျပင္ ျပဳျပင္ထိန္းသိမ္းစရိတ္ပါထည့္ေပါင္းတြက္ရမွာ ျဖစ္ပါတယ္။ ဒါအျပင္အဲကြန္းဟာသဘာဝပတ္ ဝန္းက်င္ကိုဒုကၡေပးတဲ့ ဇိမ္ခံပစၥည္း တစ္ခုလည္းျဖစ္ပါတယ္။

(၃) ရွားေစာင္းလက္ပပ္ စိုက္ပါ

မိမိအိမ္ခန္းထဲမွာရွားေစာင္းလက္ပပ္ ပင္ေတြစိုက္ထားျခင္းျဖင့္အိမ္တြင္းအပူခ်ိန္ကိုသိသိသာသာေလ်ာ့ခ်ႏိုင္ပါတယ္။ ဒါ့အျပင္ရွားေစာင္းလက္ပပ္ဟာ formaldehyde compounds ေတြကိုလည္းစုပ္ယူေပးတဲ့အတြက္ေၾကာင့္အိမ္တြင္းေလထုအရည္အေသြးကိုပိုမိုေကာင္းမြန္ေစမွာျဖစ္ပါတယ္။

ဒီအပင္စိုက္ထားျခင္းအားျဖင့္ အဆိပ္ အေတာက္ေတြကိုရႈမိျခင္းအႏၲရာယ္မွလည္း ကာကြယ္ႏိုင္ပါတယ္။ အထက္ပါ သုံးခ်က္ကေတာ့ ၿခံမက်ယ္လည္း လုပ္လို႔ရႏိုင္ပါတယ္။

(၄) အရိပ္ရအပင္စိုက္ပါ

အာဆီယံႏိုင္ငံနဲ႔အကိုက္ညီဆုံး အျမန္ဆုံးအရိပ္ရအပင္(Fast Growing Shade Trees) ေတြထဲမွာပိေတာက္ပင္ကို ၫႊန္းဆိုၾကပါတယ္။ဒုတိယကေတာ့ ကုကၠိဳလ္ပင္ပါ။ ဒီငါးခ်က္ကိုတတ္ႏိုင္တဲ့သူေတြ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းလိုစိတ္ရွိတဲ့သူေတြအခုကစလုပ္ေဆာင္ၾကမယ္ဆိုရင္ ေနာက္လာမည့္ႏွစ္ေတြမွာအပူဒဏ္ေလ်ာ့ က်သြားႏိုင္ပါတယ္။

(၅) နံပါတ္ေလး အခ်က္ကေတာ့ ၿခံက်ယ္က်ယ္သမားေတြအတြက္ပါ

မိမိအိမ္မွာေျမကြက္လပ္အပို ရွိမယ္ဆိုရင္ကြန္ကရစ္အျပည့္ခင္းျခင္းကို ေရွာင္ၾကည္ပါ။ ျမက္ခင္းမ်ားစိုက္ျခင္းအားျဖင့္ အပူဒဏ္ေလ်ာ့ခ်ႏိုင္သလိုေျမေအာက္ေရကိုလည္း ျပန္လည္ျဖည့္တင္းေပးရာေရာက္ပါတယ္။ အဲကြန္းေလ်ာ့သုံးပါအပင္စိုက္ပါအပူဒဏ္ခံပစၥည္းမ်ားအသုံးျပဳပါကမာၻေျမကိုကယ္တင္ပါ

SI THU ( IC )

Leave a Comment