လက်တွေ့ ဝမ်းသွားတာရပ်တန့်စေသော ဆန်လှော်ရည်

လက်တွေ့ ဝမ်းသွားတာရပ်တန့်စေသော ဆန်လှော်ရည်

တနေ့ ညဖက် အချိန်မရှိတော့မှ အစားမှားလို့ ဝမ်းပျက်ဝမ်းလျော ဖြစ်ခဲ့ပါတယ် ။

နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ

ဆေးနည်းက လွယ်လို့

အစာအမှားမခံတဲ့ ကျွန်တော် မှတ်ထားခဲ့ပါတယ် ။

ဆေးကလည်း အိမ်တိုင်းမှာအချိန်မရွေးရှိနိုင်လို့ မခက်တဲ့ဆေးနည်းပါ ။

လွယ်လွန်းလို့ အထင်မသေးစေလိုပါ ။

ဆေးကိုညတွင်းခြင်း ပြုလုပ်ပြီးသောက်ခဲ့တာ တကယ်သက်သာခဲ့လို့ ပြန်မျှဝေပါတယ် ။

နက္ခတ္တရောင်ခြည်မှာ ဆေးနည်းပို့ပေးခဲ့သူလည်း အထူးကျေးဇူးတင်ပါတယ် ကြာပြီဆိုတော့အမည်မမှတ်မိလို့ပါ ခင်ဗျာ ။

ဆေးနည်း ……

နေအိမ်တွင်ရှိသော ဆန် လက်တဆုပ်ကို ဒယ်အိုးတွင် ထည့်၍ လှော်ပါ ။

အညိုရောင်သန်းလာသောအခါ …

အသင့်ကျိုချက်ထားသော ရေကျက်အအေးခံထားသော သောက်ရေခွက်ထဲသို့ ဆန်လှော်ကို လောင်းချလိုက်ပါ။

ရှဲကနဲအငွေ့ပျံတက်လာမည် ။ ထိုအရည်ကို ဝမ်းလျောနေသူမှ သောက်ရန်သာဖြစ်သည် ။

( နက္ခတ္တရောင်ခြည် )

အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ …

Sai Min Thant

zawgyi

လက္ေတြ႕ ဝမ္းသြားတာရပ္တန္႔ေစေသာ ဆန္ေလွာ္ရည္

တေန႔ ညဖက္ အခ်ိန္မရွိေတာ့မွ အစားမွားလို႔ ဝမ္းပ်က္ဝမ္းေလ်ာ ျဖစ္ခဲ့ပါတယ္ ။

နကၡတၱေရာင္ျခည္မဂၢဇင္းမွ

ေဆးနည္းက လြယ္လို႔

အစာအမွားမခံတဲ့ ကြၽန္ေတာ္ မွတ္ထားခဲ့ပါတယ္ ။

ေဆးကလည္း အိမ္တိုင္းမွာအခ်ိန္မေ႐ြးရွိႏိုင္လို႔ မခက္တဲ့ေဆးနည္းပါ ။

လြယ္လြန္းလို႔ အထင္မေသးေစလိုပါ ။

ေဆးကိုညတြင္းျခင္း ျပဳလုပ္ၿပီးေသာက္ခဲ့တာ တကယ္သက္သာခဲ့လို႔ ျပန္မွ်ေဝပါတယ္ ။

နကၡတၱေရာင္ျခည္မွာ ေဆးနည္းပို႔ေပးခဲ့သူလည္း အထူးေက်းဇူးတင္ပါတယ္ ၾကာၿပီဆိုေတာ့အမည္မမွတ္မိလို႔ပါ ခင္ဗ်ာ ။

ေဆးနည္း ……

ေနအိမ္တြင္ရွိေသာ ဆန္ လက္တဆုပ္ကို ဒယ္အိုးတြင္ ထည့္၍ ေလွာ္ပါ ။

အညိဳေရာင္သန္းလာေသာအခါ …

အသင့္က်ိဳခ်က္ထားေသာ ေရက်က္အေအးခံထားေသာ ေသာက္ေရခြက္ထဲသို႔ ဆန္ေလွာ္ကို ေလာင္းခ်လိုက္ပါ။

ရွဲကနဲအေငြ႕ပ်ံတက္လာမည္ ။ ထိုအရည္ကို ဝမ္းေလ်ာေနသူမွ ေသာက္ရန္သာျဖစ္သည္ ။

( နကၡတၱေရာင္ျခည္ )

အားလုံး က်န္းမာ ခ်မ္းသာ ၾကပါေစ …

Sai Min Thant

Leave a Comment