သွားမှာ(ဂျိုး)နဲ့ သွားတွေ ဝါနေလို့ စိတ်ညစ်နေတယ်ဆိုရင်

ကွမ်းစားလို့ပဲ ဖြစ်ဖြစ်၊ သွားတိုက်နည်း စနစ်မကျတာကြောင့်ပဲ ဖြစ်ဖြစ် သွားမှာ ကွမ်းချိုး(ဂျိုး)နဲ့ သွားတွေ ဝါနေလို့ စိတ်ညစ်နေတယ်ဆိုရင်

(၃) မိနစ်လောက်အချိန်ပေးပြီး ဒီနည်းလမ်းလေး လုပ်ဆောင်ကြည့်ပါ…

ခွက်သန့်သန့်လေး တစ်လုံးထဲမှာ မုန့်ဖုတ်ဆော်ဒါ လက်ဖက်စားဇွန်း (၁) ဇွန်းထည့်ပါ။

ပြီးရင် သွားတိုက်ဆေး လက်တစ်ဆစ်လောက်ထည့်ပါ။ နှံ့စပ်အောင် မွှေပေးပါ။ သံပရာရည် လက်ဖက်စားဇွန်း( ၁) ဇွန်းထည့်ပေးပါ။

နောက်တစ်ကြိမ် ရောသမအောင် မွှေပေးပါ။ သွားလေးတွေ ဖြူဖွေးစေဖို့အတွက် အသုံးပြုမယ့် သွားတိုက်ဆေး အရော ရရှိပါပြီ။

သွားတိုက်ဆေးအရောနဲ့ သွားကို (၃) မိနစ်ကြာအောင်တိုက်ပေးပါ။ တစ်ပတ်ကို (၂) ကြိမ်အတိသာ ပြုလုပ်ပေးပါ။

သွားတိုက်ပြီးပြီဆိုရင်တော့ မှန်ထဲမှာ ပြန်ကြည့်လိုက်ပါ။ ဖြူဖွေးတောက်ပတဲ့ သွားလေးတွေကို မြင်ရမှာ အသေအချာပါပဲ။

ပြန်လည်မျှဝေသည်

နန်း သန္တာ

Zawgyi








ပြန်လည်မျှဝေသည်

နန်း သန္တာ

Leave a Comment