တာလပေါဟင်း ရည် ချက်နည်း

အရည်သောက်…..တာလပေါဟင်း

ကြက်ရိုးတွေရေဆေး ဆား ဆနွင်း အရသာမှုန့်လေးနယ်ပြီး

ဂျင်းထောင်းထည့်ပြီးပြုတ်ထား ဗူးညွန့်တစ်စည်း ၊မျှစ်ဝါနု ၁၀သား ၊ရုံပတီသီး ၁၀တောင့် ၊

မုန်ညင်းဖူး တစ်စည်း ၊ငရုတ်အနီတောင့် ရတောင့် ၊ဆူးပုတ် တစ်စည်း…တိုကိုဆားရည်နဲ့စိမ်ရေဆေးပြီး ရေစစ်ထားပေးပါ။

ဆန်လက်တစ်ဆုပ်ကိုလှော်ပြီးထောင်းထားနော်။

ဟင်းရည်အိုးဆူလာရင် မျှင်ငပိလက်ဖက်စားဇွန်းတစ်ဇွန်းထည့် ကြက်သွန်ဖြူနှစ်လုံးထောင်းထည့် ။ကြက်သွန်နီတစ်လုံးလေးစိတ် စိပ်ထည့်ပါ။

ဆန်လှော်မှုန့်ထောင်းထားတာလေးထည့်ပြီးဆူအောင်ထား ပြီးရင်တော့မျှစ်ကို အရင်ထည့်မယ်….

ကျန်တဲ့အသီးအရွက်တွေအုပ်ပြီး ဆား အရသာမှုန့်လေးခပ် ငရုတ်ကောင်းမှုန့်လေးဖြူး ဆူးပုတ်ရွက်လေးအုပ်လိုက်ပါ။

ဆန်လှော်မှုန့်နံ့မွှေးမွှေးလေးနဲ့အရမ်းစားကောင်းတဲ့ တာလပေါဟင်းလေးတစ်ပွဲရပါပြီနော်…….

yya

ကရင်ရိုးရာ အရသာရှိတဲ့ ဟင်းတစ်မျိုး

Zawgyi

အရည္ေသာက္…..တာလေပါဟင္း

ၾကက္ရိုးေတြေရေဆး ဆား ဆႏြင္း အရသာမွုန္႔ေလးနယ္ၿပီး

ဂ်င္းေထာင္းထည့္ၿပီးျပဳတ္ထား ဗူးညြန္႔တစ္စည္း ၊မၽွစ္ဝါႏု ၁၀သား ၊႐ုံပတီသီး ၁၀ေတာင့္ ၊

မုန္ညင္းဖူး တစ္စည္း ၊င႐ုတ္အနီေတာင့္ ၇ေတာင့္ ၊ဆူးပုတ္ တစ္စည္း…တိုကိုဆားရည္နဲ႔စိမ္ေရေဆးၿပီး ေရစစ္ထားေပးပါ။

ဆန္လက္တစ္ဆုပ္ကိုေလွာ္ၿပီးေထာင္းထားေနာ္။

ဟင္းရည္အိုးဆူလာရင္ မၽွင္ငပိလက္ဖက္စားဇြန္းတစ္ဇြန္းထည့္ ၾကက္သြန္ျဖဴႏွစ္လုံးေထာင္းထည့္ ။ၾကက္သြန္နီတစ္လုံးေလးစိတ္ စိပ္ထည့္ပါ။

ဆန္ေလွာ္မွုန္႔ေထာင္းထားတာေလးထည့္ၿပီးဆူေအာင္ထား ျပီးရင္ေတာ့မၽွစ္ကို အရင္ထည့္မယ္….

က်န္တဲ့အသီးအရြက္ေတြအုပ္ၿပီး ဆား အရသာမွုန္႔ေလးခပ္ င႐ုတ္ေကာင္းမွုန္႔ေလးျဖဴး ဆူးပုတ္ရြက္ေလးအုပ္လိုက္ပါ။

ဆန္ေလွာ္မွုန္႔နံ့ေမႊးေမႊးေလးနဲ႔အရမ္းစားေကာင္းတဲ့ တာလေပါဟင္းေလးတစ္ပြဲရပါၿပီေနာ္…….

yya

ကရင္ရိုးရာ အရသာရွိတဲ့ ဟင္းတစ္မ်ိဳး