ရှူးရှူးရှဲရှဲ အပ်မှိုသုပ်သုပ်နည်း

ရှူးရှူးရှဲရှဲ အပ်မှိုသုပ် ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

အပ်မှို

ကြက်သွန်ဖြူ

ကြက်သွန်နီ

ခရမ်းချဉ်သီး

ငရုတ်သီးစိမ်း

သံပုရာသီး

ဆား

အသားမှုန့် (အချိုမှုန့်)

သကြား

ပုစွန်ခြောက်

Soy sauce (အရောင်နီနီလေးလိုချင်ပြီး ပုစွန်ခြောက်မတည့်သူတွေ soy sauce နဲ့ သုပ်လို့လဲရပါတယ်)

ပြုလုပ်ပုံအဆင့်ဆင့်

– ပထမဦးစွာ အပ်မှိုကို ရေဆေး အမြစ်များကို ဖြတ်ပြီး ရေနွေးပူဖြင့် ၃ မိနစ်မှ၅မိနစ် ခန့်ရစိမ်ထား/ပြုတ်ထားပါ။

– ကြက်သွန်ဖြူ ငရုပ်သီးစိမ်းများများ ညက်နေအောင် ထောင်းပါ။

– ခရမ်းချဉ်သီး အနည်းငယ်လှီးပြီး သံပုရာသီးကို စိပ်ထားပါ။

– ကြက်သွန်နီထည့်မယ်ဆိုရင် ပါးပါးလှီးထားပါ (ကြက်သွန်အစိမ်းမကြိုက်လို့ မထည့်ရင်လည်း ရပါတယ်)

– အပ်မှိုကို ရေနွေးထဲက ဆယ်ယူပြီး ပန်းကန်ထည့်ပြီး ခရမ်းချဉ်သီး ကြက်သွန်နီထည့်ပါ။

– ကြက်သွန်နဲ့ငရုပ်သီးထောင်းထားတာကို ထည့်ပြီး ဆား၊ အသားမှုန့်ထည့် သံပုရာသီးညှစ်ပြီး သုပ်လို့ရပါပြီ။

– ပုစွန်ခြောက်ကြိုက်ရင် ထည့်သုပ်လို့ရပါတယ်။ (Soy sauce အစားထိုးနိုင်ပါတယ်)ဒါဆိုရင်တော့ အရသာရှိတဲ့ ပူပူစပ်စပ်အပ်မှိုသုပ်လေးတော့ရပါပြီ။

Mo Zin Lin Latt Paing

Zawgyi


ပါဝင်ပစ္စည်းများ

အပ်မှို

ကြက်သွန်ဖြူ

ကြက်သွန်နီ

ခရမ်းချဉ်သီး

ငရုတ်သီးစိမ်း

သံပုရာသီး

ဆား


သကြား

ပုစွန်ခြောက်


ပြုလုပ်ပုံအဆင့်ဆင့်







Mo Zin Lin Latt Paing