ခရမ္းခ်ဥ္သီးငါးပိိခ်က္ ခ်က္္နည္း

ခံတြင္းပ်က္တယ္ဆိုတာနဲ႔ဒီဟင္းေလးထခ်က္ျဖစ္တာခ်ည္း

ခရမ္းခ်ဥ္သီးငါးပိိခ်က္

ၾကက္သြန္နီ……………………၂ လုံး

ၾကက္သြန္ၿဖဴ…………………..၇တက္္

ခရမ္းခ်ဥ္သီးမွည့္္………………… ၁၀လုံး(ကိုင္းခရမ္းခ်ဥ္မွည့္ေလးရရင္ပိုေကာင္း)

မွ်င္ငါးပိိေကာင္းေကာင္း……….၂ဇြန္း

ငရုတ္သီးေၿခာက္ေတာင့္…… ၁ဝ ေတာင့္ခန္႔

ဆီ………………………………..၃ ဇြန္း

ငရုတ္သီးေၿခာက္ေတာင့္ေတြကိုအညွာေၿခြၿပီးေရေႏြးစိမ္ထားပါ။

မွ်င္ငါးပိိေတြကိုလဲ ေရေႏြးအနည္းငယ္ျဖင့္စိမ္ထားပါ။

အနည္းငယ္ပြလာလွ်င္ၾကက္သြန္နီ၊ ၿဖဴ.၊ ငရုတ္သီးေၿခာက္ေတာင့္မ်ားကိုေရာၿပီးညွက္ေအာင္ေထာင္းပါ။

ခရမ္းခ်ဥ္သီးေတြကိုလည္းႏုပ္္ႏုပ္စင္းပါ။

ဒယ္အိုးတစ္လုံးမွာဆီ၊ နႏြင္းမွဳန္ ့အနည္းငယ္၊ အေရာင္တင္မွဳန့္၊ေထာင္းထားေသာအေရာ၊ ခရမ္းခ်ဥ္သီး၊ ဆား၊ ဟင္းခတ္မွဳန့္ထည့္ၿပီးေရအနည္းငယ္၀ိုက္ကာ မီးေအးေအးမွာဆီၿပန္ေအာင္ခ်က္ပါ။

ဆီမၿပန္ခင္အဖုံးမဖြင့္ပါႏွင့္။ ငရုတ္သီးစိမ္းနံ႔ရသြားတတ္သည္ကိုသတိျပဳပါ။

ေရခမ္းဆီျပန္လာလ်ွင္ေရေႏြးစိမ္ထားတဲ့မွ်င္ငါးပိကို ေပ်ာ္ေအာ္ေဖ်ာ္ၿပီးဇကာေလးခံကာေလာင္းထည့္ပါ။

သမသြားေအာင္ေမႊေပးပါ။ေနာက္တစ္ႀကိိမ္ေရခမ္းဆီျပန္သည္အထိခ်က္ပါ။

ခ်က္နည္းကအရမ္းလြယ္ကူေပမယ့္ မီးရိွန္ေအးဖို႔၊ မလိုအပ္ပဲ အဖုံးဖြင့္မေမႊဖို႔ကေတာ့အဓိကအေရးႀကီးတဲ့အခ်က္ေတြျဖစ္ပါတယ္။

မိမိႏွစ္သက္ရာတို႔စရာနွင့္တြဲဲဖက္သုံးေဆာင္ပါ။(ကြၽန္ေတာ္ကေတာ့ ေ႐ွာက္ရြက္၊ဆူးပုတ္ျပဳတ္၊ဗူးညႊန္႔ျပဳတ္၊ ႐ုံးပတီသီးျပဳတ္၊ ခရမ္းႂကြပ္သီးတို႔ျပင္ဆင္ထားပါတယ္)

ေမတၱာျဖင့္…

TKW ဟင္းခ်က္နည္းမ်ား

Unicode

ခံတွင်းပျက်တယ်ဆိုတာနဲ့ဒီဟင်းလေးထချက်ဖြစ်တာချည်း

ခရမ်းချဉ်သီးငါးပိိချက်

ကြက်သွန်နီ……………………၂ လုံး

ကြက်သွန်ဖြူ…………………..၇တက််

ခရမ်းချဉ်သီးမှည့််………………… ၁၀လုံး(ကိုင်းခရမ်းချဉ်မှည့်လေးရရင်ပိုကောင်း)

မျှင်ငါးပိိကောင်းကောင်း……….၂ဇွန်း

ငရုတ်သီးခြောက်တောင့်…… ၁ဝ တောင့်ခန့်

ဆီ………………………………..၃ ဇွန်း

ငရုတ်သီးခြောက်တောင့်တွေကိုအညှာခြွေပြီးရေနွေးစိမ်ထားပါ။

မျှင်ငါးပိိတွေကိုလဲ ရေနွေးအနည်းငယ်ဖြင့်စိမ်ထားပါ။

အနည်းငယ်ပွလာလျှင်ကြက်သွန်နီ၊ ဖြူ.၊ ငရုတ်သီးခြောက်တောင့်များကိုရောပြီးညှက်အောင်ထောင်းပါ။

ခရမ်းချဉ်သီးတွေကိုလည်းနုပ််နုပ်စင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီ၊ နနွင်းမှုန် ့အနည်းငယ်၊ အရောင်တင်မှုန့်၊ထောင်းထားသောအရော၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီးရေအနည်းငယ်ဝိုက်ကာ မီးအေးအေးမှာဆီပြန်အောင်ချက်ပါ။

ဆီမပြန်ခင်အဖုံးမဖွင့်ပါနှင့်။ ငရုတ်သီးစိမ်းနံ့ရသွားတတ်သည်ကိုသတိပြုပါ။

ရေခမ်းဆီပြန်လာလျှင်ရေနွေးစိမ်ထားတဲ့မျှင်ငါးပိကို ပျော်အော်ဖျော်ပြီးဇကာလေးခံကာလောင်းထည့်ပါ။

သမသွားအောင်မွှေပေးပါ။နောက်တစ်ကြိိမ်ရေခမ်းဆီပြန်သည်အထိချက်ပါ။

ချက်နည်းကအရမ်းလွယ်ကူပေမယ့် မီးရှိန်အေးဖို့၊ မလိုအပ်ပဲ အဖုံးဖွင့်မမွှေဖို့ကတော့အဓိကအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

မိမိနှစ်သက်ရာတို့စရာနှင့်တွဲဲဖက်သုံးဆောင်ပါ။(ကျွန်တော်ကတော့ ရှောက်ရွက်၊ဆူးပုတ်ပြုတ်၊ဗူးညွှန့်ပြုတ်၊ ရုံးပတီသီးပြုတ်၊ ခရမ်းကြွပ်သီးတို့ပြင်ဆင်ထားပါတယ်)

မေတ္တာဖြင့်…

TKW ဟင်းချက်နည်းများ