ကွမ်းယာဆိုင်အတွက် ထုံးကြမ်းဖေါက်နည်း

ထုံးလေးလေးပင်ပင်နဲ့ထုံးကြမ်းဖောက်နည်းလေးပါ

ပါဝင်ပစ္စည်းများ

ထုံးကြမ်းအချိန်(၁၀)/ထုံး(၁)သေတ္တာ ၊ဆား(၃၅)ကျပ်သား ၊ထုံးဖောက်ရန် စဉ့်အိုး(ကော်ပုံး) ၊တောအ ရက်တစ်စိတ်

ပြုလုပ်နည်း

ထုံးကြမ်းတွေကို ရေပုံးထဲမှာအရည်ဘဝရောက်အောင်ဖျော်ပြီး စဉ့်အိုးမှာထည့်ပါ။ပြီးရင်ဆား(၃၅)ကျပ်သားကို ရေနွေးနဲ့ဖျော်ပြီးတောအရက်တစ်စိတ်ထည့်မွှေပါ။

ပြီးရင် စဉ့်အိုးအပြည့်ရေဖြည့်ပါ။ပြီးရင်သမအောင် စိတ်ကြိုက်မွှေပါ။ထုံးအပေါ်ရေကြည်ကိုမနက်ခင်းတိုင်းလဲလှယ်ပေးပါ။ရေပြည့်ဖြည့်ပါ။ တစ်နေ့ ၂ကြိမ်ပြုလုပ်ပေးပါ။

အမြုပ်တွေ တက်လာပါလိမ့်မယ်။လုံးဝ မစိုးရိမ်ပါနဲ့ ။ ခပ်ထုတ်ပါ။အနည်းဆုံးတစ်လ(သို့) ၄၅ ရက် ကြာပါလိမ့်မယ်။

ရောင်းခါနီး ရေစစ် (သို့)ပိတ်စ နဲ့ သေချာလေး စစ်ပေးပြီး မိမိတို့ ကြိုက်နှစ်သက်ရာနဲ့ စပ်ပြီး အသုံးပြုပေးပါ

ဒါဆိုထုံးကြမ်းဖောက်နည်း အဆင်ပြေမယ်ထင်ပါတယ်။

ကွမ်းယာရောင်းရင် ထုံးကောင်းရုံနဲ့မရပါ၊ထုံးကွမ်းရွက်၊ကွမ်းသီး၊ဆေးမွှေး အစစပြည့်စုံမှ လူကြိုက်များတဲ့ကွမ်းရမှာပါ။

ထုံးပေါက်တယ်ဆိုရင်ထုံးလျော့သုတ်ပါ။ထုံးစပ်တယ်ဆိုရင်ထုံးသုတ်တာနည်းသွားလို့ပါ။

မိမိထုံးအမျိုးအစားကိုလိုက်ပြီးလက်စမှန်အောင်သုတ်ပါ။

ကွမ်းယာမရောင်းခင် လက်ဆ မှန်အောင်ကွမ်းယာနည်း အရင် လေကျင့်ပါလို့

အကြံပြုရင်း

အားလုံးအဆင်ပြေကြပါစေ

Yadi kyaw

Zawgyi

ထုံးေလးေလးပင္ပင္နဲ႔ထုံးၾကမ္းေဖာက္နည္းေလးပါ

ပါဝင္ပစၥည္းမ်ား

ထုံးၾကမ္းအခ်ိန္(၁၀)/ထုံး(၁)ေသတၱာ ၊ဆား(၃၅)က်ပ္သား ၊ထုံးေဖာက္ရန္ စဥ့္အိုး(ေကာ္ပုံး) ၊ေတာအ ရက္တစ္စိတ္

ျပဳလုပ္နည္း

ထုံးၾကမ္းေတြကို ေရပုံးထဲမွာအရည္ဘဝေရာက္ေအာင္ေဖ်ာ္ၿပီး စဥ့္အိုးမွာထည့္ပါ။ၿပီးရင္ဆား(၃၅)က်ပ္သားကို ေရေႏြးနဲ႔ေဖ်ာ္ၿပီးေတာအရက္တစ္စိတ္ထည့္ေမႊပါ။

ၿပီးရင္ စဥ့္အိုးအျပည့္ေရျဖည့္ပါ။ၿပီးရင္သမေအာင္ စိတ္ႀကိဳက္ေမႊပါ။ထုံးအေပၚေရၾကည္ကိုမနက္ခင္းတိုင္းလဲလွယ္ေပးပါ။ေရျပည့္ျဖည့္ပါ။ တစ္ေန႔ ၂ႀကိမ္ျပဳလုပ္ေပးပါ။

အျမဳပ္ေတြ တက္လာပါလိမ့္မယ္။လုံး၀ မစိုးရိမ္ပါနဲ႔ ။ ခပ္ထုတ္ပါ။အနည္းဆုံးတစ္လ(သို႔) ၄၅ ရက္ ၾကာပါလိမ့္မယ္။

ေရာင္းခါနီး ေရစစ္ (သို႔)ပိတ္စ နဲ႔ ေသခ်ာေလး စစ္ေပးၿပီး မိမိတို႔ ႀကိဳက္ႏွစ္သက္ရာနဲ႔ စပ္ၿပီး အသုံးျပဳေပးပါ

ဒါဆိုထုံးၾကမ္းေဖာက္နည္း အဆင္ေျပမယ္ထင္ပါတယ္။

ကြမ္းယာေရာင္းရင္ ထုံးေကာင္း႐ုံနဲ႔မရပါ၊ထုံးကြမ္းရြက္၊ကြမ္းသီး၊ေဆးေမႊး အစစျပည့္စုံမွ လူႀကိဳက္မ်ားတဲ့ကြမ္းရမွာပါ။

ထုံးေပါက္တယ္ဆိုရင္ထုံးေလ်ာ့သုတ္ပါ။ထုံးစပ္တယ္ဆိုရင္ထုံးသုတ္တာနည္းသြားလို႔ပါ။

မိမိထုံးအမ်ိဳးအစားကိုလိုက္ၿပီးလက္စမွန္ေအာင္သုတ္ပါ။

ကြမ္းယာမေရာင္းခင္ လက္ဆ မွန္ေအာင္ကြမ္းယာနည္း အရင္ ေလက်င့္ပါလို႔

အႀကံျပဳရင္း

အားလုံးအဆင္ေျပၾကပါေစ

Yadi kyaw

Leave a Comment