အိတ်ဇောမှာ ရေငွေ့တွေ့တာ ကောင်းလား မကောင်းလား

အိတ်ဇောထဲက ဘာကြောင့် ရေတွေကျနေတာလဲ ???

ကားကို စနှိုးတဲ့အချိန်တွေမှာ ကားရဲ့ အိတ်ဇောပိုက်ထဲက ရေအနည်းငယ်ကျလာတာကို မိတ်တွေတို့ ကြုံဖူးကြမှာပါ။

အဲ့ဒီအခါမှာ မိတ်ဆွေတို့ အရမ်းစိတ်ပူပြီး အင်ဂျင်မှာ ပြသနာရှိနေတာလား၊ ရေပိုက်တွေဘဲ ပေါက်နေတာလား၊ တခြားပြစ်ချက်တခုခုကြောင့်ဆိုတာကို စိုးရိမ်ကြဖူးပါလိမ့်မယ်။

ကားအိတ်ဇောပိုက်ထဲက ရေမှုန်လေးတွေကျလာတာ၊ ရေစက်တွေကျလာတာက ပုံမှန်ဘဲဖြစ်ပါတယ်။ ကားစတင်နှိုးတဲ့အချိန်မှာ အိတ်ဇောပိုက်ထဲက ရေမှုန်ရေမွှားတွေထွက်လာတာက အလွယ်ဆုံးပြောရရင် အင်ဂျင်အရမ်းလုံနေလို့၊ ကွန်းပရက်ရှင်းအားကောင်းနေလို့ဘဲဖြစ်ပါတယ်။

အင်ဂျင်ရပ်တန့်သွားတဲ့အခါ အင်ဂျင်မီးလောင်ခန်းထဲမှာ အိတ်ဇောငွေ့ တွေကျန်နေပါတယ်။

ကျန်နေတဲ့အိတ်ငွေ့များ လုံးဝအေးသွားတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေငွေ့ဖွဲ့ (ငွေ့ရည်ဖွဲ့) ပြီး ရေအဖြစ်ပြောင်းလဲသွားပါတယ်။

အင်ဂျင်ကို နှိုးလိုက်တဲ့အချိန်မှာ မီးလောင်ခန်းမှာရှိတဲ့ ရေတွေက အိတ်ဇောပိုက်ကတဆင့်အပြင်ကိုထုတ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ အိတ်ဇောပိုက်ထဲက ရေထွက်လာတာကို မြင်တွေ့ရတာဘဲဖြစ်ပါတယ်။

အိတ်ဇောပိုက်က ရေထွက်တဲ့ နောက်ထပ်အကြောင်းရင်းတခုရှိပါသေးတယ်။ အဲ့ဒါကတော့ ကျောက်ဇကာ (Catalytic Converter) ဘဲဖြစ်ပါတယ်။

ကျောက်ဇကာရဲ့ တာဝန်က အိတ်ဇောငွေ့တွေဖြစ်တဲ့ CO (ကာဗွန်မိုနောက်ဆိုဒ်)၊

HC (ဟိုက်ဒရိုကာဗွန်)၊ NOx (နှိုက်ထရိုဂျင်မိုနောက်ဆိုဒ်) တို့ကို CO2 (ကာဗွန်ဒိုင်အောက်ဆိုဒ်)၊ H2O (ရေ) နဲ့ N2 (နှိုက်ထရိုဂျင်) အဖြစ် ပြောင်းပေးတာဖြစ်ပါတယ်

ဒါကြောင့် ကျောက်ဇကာကောင်းတဲ့အခါမှာ အိတ်ဇောငွေ့များကို ရေအဖြစ်လည်း ပြောင်းလဲပေးတာကြောင့် အိတ်ဇောပိုက်ထဲက ရေထွက်ရခြင်းဖြစ်ပါတယ်။

ဒီဆောင်ပါးလေးကတော့ အိတ်ဇောပိုက်ထဲက ရေဘာကြောင့်ထွက်တာလဲဆိုတာကို မိတ်ဆွေများကို ဆွေးနွေးတင်ပြထားတာဖြစ်ပါတယ်။

ခရစ်ဒစ်

Zawgyi













ခရစ်ဒစ်

Leave a Comment