အလှဓါတ်ပုံရိုက်တဲ့အခါ မှတ်သားဖွယ်ရာလေးများ

Camera စကိုင်ပြီး ဓာတ်ပုံစတင်ပြီး ရိုက်ကူးမည့် သူများအတွက် မှတ်သားဖွယ် အချက် (25) ချက်

1) ဆိုလိုရင်းရှင်းလင်းပါစေ။

ပေးချင်တဲ့ Message နဲ့ ရိုက်ချင်တဲ့ Subject ကဘာလဲ မြင်သာပါစေ။

2) ကြည့်သူက Subject ကိုမပြောပဲသိပါစေ။

Subject ကိုမြင်သာအောင် ကွဲပြားတဲ့ အရောင်၊ အလင်းအမှောင်၊ အခွင့်သာရင် Framing လုပ်ပြီးတော့ ပေါ်လွင်အောင်ရိုက်ပေးပါ။

3) ရိုးရိုးရှင်းရိုက်ပါ။

4) မသေချာရင်ဖယ်ထုတ်လိုက်ပါ။

ပုံကိုအထောက်အပံ့မဖြစ်ဘူးထင်တာမှန်သမျှ ဖယ်ထုတ်လိုက်ပါ. မလွယ်ရင် Ponint of View ပြောင်း၊

5) Negative Space အများကြီးမပါ၀င်ပါစေ။

ပုံအတွက်အထောက်အပံ့ဖြစ်မှ အကျိုးရှိစွာအသုံးချတတ်မှ NS ကိုသုံးပါ။ မလိုအပ်ပဲများနေရင်မကောင်းပါဘူး။

6) Subject နဲ့ပုံကိုအပြည့်ဖြည့်ထားပါ။

7) ပုံရဲ့လေးဘက်လေးတန်ထောင့်တွေကိုစစ်ပါ။

ဓာတ်ပုံရိုက်ချင်ဇောနဲ့ Subject ကိုပဲအာရုံရောက်ပြီး ဘေးတွေမကြည့်မိဖြစ်တတ်ပါတယ်။Crop လုပ်လို့ရတယ်ဆိုပေမယ့် Pixel တွေဆုံးရှုံးပါတယ်။မလိုတာတွေမပါပါစေနဲ့။

9) အမြင်အမျိုးမျိုးက ကြည့်ပါ။

အပေါ်ကိုမော့ရိုက်တာဟာ Subject ကိုကြီးကျယ်ခမ်းနားစေသလို၊ ငုံ့ရိုက်တာဟာ သေးသွားစေပါတယ်။

10) မဖြစ်မနေ Rule of Third။

ကင်မရာမှာ Grid Line ဖွင့်ရိုက်လိုက်ရင်ပေါ်လာတဲ့လိုင်းတွေအတွင်း Subject က One Third Area ထဲဝင်နေဖို့လိုတာကိုပြောတာပါ။

11) မျက်လုံးနေရာအပေါ်ရောက်ပါစေ။

Portrait ရိုက်ပြီဆိုရင်အရေးကြီးတာ မျက်လုံးက Center Horizontal Line အပေါ်မှာပဲရှိနေဖို့လိုပါတယ်။ Subject ရဲ့ခေါင်းပေါ်မှာ နေရာတွေအများကြီးလွတ်နေတာကိုလဲဖြေရှင်းပြီးသားဖြစ်မှာပါ။

12) Balance ကိုမမေ့ပါနဲ့။

Subject ကိုအဓိကထားဖို့ပြောပေမယ့် အမြဲတမ်းသူ့ချည်းအဆင်မပြေတတ်ပါဘူး။ Main Subject ကိုအားဖြည့်ပေးဖို့လိုသလို ပုံတစ်ပုံ တစ်ဘက်စောင်းနင်းမဖြစ်စေဖို့ Balance လုပ်ပေးရပါတယ်။ တစ်ခါတစ်ရံ Secondary Subject နဲ့ တစ်ခါတစ်ရံ အလင်းအမှောင်နဲ့့ထိန်းပေးရပါတယ်။

13) မျက်လုံးသည်အလင်းကိုရှာသည်

လူတိုင်းရဲ့မျက်လုံးကအလင်းနဲ့အလုပ်လုပ်တာဆိုတော့ ပုံတစ်ပုံကြည့်ရင်လည်းအလင်းဆုံးနေရာကို ထားကြည့်တတ်ပါတယ်၊ ဒါကြောင့် Subject နဲ့ Message ကလင်းနေဖို့လိုမယ်ထင်ပါတယ်။

14) DOF ကိုများသင့်တဲ့အခါများပေးပါ။

15) ထောင်လိုက်၊ လှဲလိုက်။

တိုက်တွေ၊ အလံတွေ၊ ခဲတံတွေနဲ့ ဒေါင်လိုက်အရာတွေအတွက် Vertical Shot ၊ ကျယ်ပြန့်တဲ့ခံစား ချက်တွေအတွက် Horizontal Shot

16) Pattern တွေကိုအသုံးချပါ။

ဆင့်ကဲ ဆင့်ကဲ ပုံစံတွေ၊ အကွက်တွေ၊ လိုင်းအထပ်ထပ်တွေက ပုံတွေကိုပို ဆွဲဆောင်စေပါတယ်။

17) Leading Line ကိုလည်းမမေ့ပါနဲ့။

ပုံတစ်ပုံမှာပါတဲ့လိုင်းတွေဟာ မိမိ Subject ဆီကိုကြည့်သူရဲ့ မျက်စိအား အရောက်ပို့ပေးနိုင်ပါတယ်။

18) S ကွေ့မျဉ်းတွေကလဲအထောက်အပံ့ပါ။

ကားလမ်း၊ စမ်းချောင်း၊ မြစ်တွေလို အကွေ့အကောက်ကလေးတွေဟာ Composition မှာ နေရာတော် တော်များများအသုံးဝင်ပါတယ်။

19) မျက်လုံးချင်းဆုံပါစေ။

ကလေးတွေ၊ ခွေးတွေ၊ ကြောင်တွေကို ရိုက်မယ်ဆိုရင် သူတို့အရပ်အနိမ့်အမြင့်အတိုင်း ရိုက်သူက ထိုင်ပြီးဖြစ်ဖြစ်၊ လှဲပြီးဖြစ်ဖြစ်ရိုက်ပါ။ စီးမိုးပြီးရိုက်တဲ့ပုံမျိုးကို တတ်နိုင်သလောက်ရှောင်ပါ။

20) Subject များကွဲပြားရှင်းလင်းပါစေ။

21) အလယ်မကျ တကျ အကြောင်းရင်း ခိုင်ခိုင်လုံလုံမရှိဘဲ (သို့) Symmetry ဖြစ်ဖို့မလိုဘဲ Subject ကိုအလယ်မှာ ဘယ်တော့မှမထားလိုက်ပါနဲ့။

22) နောက်ထပ်အလယ်တစ်ခု။Subject ကိုမှမဟုတ်ပါဘူး၊ Reflection လိုမျိုးမဟုတ်ရင် (ဒါလည်း Symmetry တစ်မျိုးပါပဲ) Horizontal Line ကိုပုံရဲ့အလယ်ခေါင်မှာ ဖြတ်သွားတာမျိုးကိုရှောင်ပါ။

23) ခေါင်းမဖြတ်ပါနဲ့။Horizontal Line ကသက်ရှိ Subject တွေရဲ့ ခေါင်းကနေဖြတ်သွားမျိုးကိုလည်း အထူးဂရုပြုရှောင်ပါ။

24) လိုင်းမပူးပါနဲ့။

တစ်ခါတလေ Horizontal Line နဲ့ပုံရဲ့အဓိကကျတဲ့ ပစ္စည်းတစ်ခုခုရဲ့ လိုင်းနဲ့တစ်ထပ်တည်းကျတာ မျိုးတွေရှိတတ်ပါတယ်။ အဲဒီ့အခါမှာ ပစ္စည်းရဲ့အရေးပါမှုပျောက်ကွယ်သွားစေတဲ့အတွက် Horizontal Line နဲ့ Subject တွေရဲ့လိုင်း တစ်ထပ်တည်းကျတာမျိုးကို ရှောင်ရှားသင့်ပါတယ်။

25) ရပ်၊ ကြည့်၊ ရိုက်။

မရိုက်ခင်က ဘက်ပေါင်းစုံကကြည့်ပါ။ ထက်အောက်စုံစေ့အောင်ကြည့်ပြီးမှပါစေချင်တာအကုန် ပါလာစေဖို့ မပါစေချင်တာတွေ ဘာမှမပါလာစေဖို့လို့ပါ။

သဘာဝမဂ္ဂဇင်း

Zawgyi

Camera စကိုင္ၿပီး ဓာတ္ပုံစတင္ၿပီး ရိုက္ကူးမည့္ သူမ်ားအတြက္ မွတ္သားဖြယ္ အခ်က္ (25) ခ်က္

1) ဆိုလိုရင္းရွင္းလင္းပါေစ။

ေပးခ်င္တဲ့ Message နဲ႔ ရိုက္ခ်င္တဲ့ Subject ကဘာလဲ ျမင္သာပါေစ။

2) ၾကည့္သူက Subject ကိုမေျပာပဲသိပါေစ။

Subject ကိုျမင္သာေအာင္ ကြဲျပားတဲ့ အေရာင္၊ အလင္းအေမွာင္၊ အခြင့္သာရင္ Framing လုပ္ၿပီးေတာ့ ေပၚလြင္ေအာင္ရိုက္ေပးပါ။

3) ရိုးရိုးရွင္းရိုက္ပါ။

4) မေသခ်ာရင္ဖယ္ထုတ္လိုက္ပါ။

ပုံကိုအေထာက္အပံ့မျဖစ္ဘူးထင္တာမွန္သမၽွ ဖယ္ထုတ္လိုက္ပါ. မလြယ္ရင္ Ponint of View ေျပာင္း၊

5) Negative Space အမ်ားႀကီးမပါ၀င္ပါေစ။

ပုံအတြက္အေထာက္အပံ့ျဖစ္မွ အက်ိဳးရွိစြာအသုံးခ်တတ္မွ NS ကိုသုံးပါ။ မလိုအပ္ပဲမ်ားေနရင္မေကာင္းပါဘူး။

6) Subject နဲ႔ပုံကိုအျပည့္ျဖည့္ထားပါ။

7) ပုံရဲ့ေလးဘက္ေလးတန္ေထာင့္ေတြကိုစစ္ပါ။

ဓာတ္ပုံရိုက္ခ်င္ေဇာနဲ႔ Subject ကိုပဲအာ႐ုံေရာက္ၿပီး ေဘးေတြမၾကည့္မိျဖစ္တတ္ပါတယ္။Crop လုပ္လို႔ရတယ္ဆိုေပမယ့္ Pixel ေတြဆုံးရွုံးပါတယ္။မလိုတာေတြမပါပါေစနဲ႔။

9) အျမင္အမ်ိဳးမ်ိဳးက ၾကည့္ပါ။

အေပၚကိုေမာ့ရိုက္တာဟာ Subject ကိုႀကီးက်ယ္ခမ္းနားေစသလို၊ ငုံ႔ရိုက္တာဟာ ေသးသြားေစပါတယ္။

10) မျဖစ္မေန Rule of Third။

ကင္မရာမွာ Grid Line ဖြင့္ရိုက္လိုက္ရင္ေပၚလာတဲ့လိုင္းေတြအတြင္း Subject က One Third Area ထဲ၀င္ေနဖို႔လိုတာကိုေျပာတာပါ။

11) မ်က္လုံးေနရာအေပၚေရာက္ပါေစ။

Portrait ရိုက္ၿပီဆိုရင္အေရးႀကီးတာ မ်က္လုံးက Center Horizontal Line အေပၚမွာပဲရွိေနဖို႔လိုပါတယ္။ Subject ရဲ့ေခါင္းေပၚမွာ ေနရာေတြအမ်ားႀကီးလြတ္ေနတာကိုလဲေျဖရွင္းၿပီးသားျဖစ္မွာပါ။

12) Balance ကိုမေမ့ပါနဲ႔။

Subject ကိုအဓိကထားဖို႔ေျပာေပမယ့္ အျမဲတမ္းသူ႔ခ်ည္းအဆင္မေျပတတ္ပါဘူး။ Main Subject ကိုအားျဖည့္ေပးဖို႔လိုသလို ပုံတစ္ပုံ တစ္ဘက္ေစာင္းနင္းမျဖစ္ေစဖို႔ Balance လုပ္ေပးရပါတယ္။ တစ္ခါတစ္ရံ Secondary Subject နဲ႔ တစ္ခါတစ္ရံ အလင္းအေမွာင္နဲ႔့ထိန္းေပးရပါတယ္။

13) မ်က္လုံးသည္အလင္းကိုရွာသည္

လူတိုင္းရဲ့မ်က္လုံးကအလင္းနဲ႔အလုပ္လုပ္တာဆိုေတာ့ ပုံတစ္ပုံၾကည့္ရင္လည္းအလင္းဆုံးေနရာကို ထားၾကည့္တတ္ပါတယ္၊ ဒါေၾကာင့္ Subject နဲ႔ Message ကလင္းေနဖို႔လိုမယ္ထင္ပါတယ္။

14) DOF ကိုမ်ားသင့္တဲ့အခါမ်ားေပးပါ။

15) ေထာင္လိုက္၊ လွဲလိုက္။

တိုက္ေတြ၊ အလံေတြ၊ ခဲတံေတြနဲ႔ ေဒါင္လိုက္အရာေတြအတြက္ Vertical Shot ၊ က်ယ္ျပန္႔တဲ့ခံစား ခ်က္ေတြအတြက္ Horizontal Shot

16) Pattern ေတြကိုအသုံးခ်ပါ။

ဆင့္ကဲ ဆင့္ကဲ ပုံစံေတြ၊ အကြက္ေတြ၊ လိုင္းအထပ္ထပ္ေတြက ပုံေတြကိုပို ဆြဲေဆာင္ေစပါတယ္။

17) Leading Line ကိုလည္းမေမ့ပါနဲ႔။

ပုံတစ္ပုံမွာပါတဲ့လိုင္းေတြဟာ မိမိ Subject ဆီကိုၾကည့္သူရဲ့ မ်က္စိအား အေရာက္ပို႔ေပးနိုင္ပါတယ္။

18) S ေကြ႕မ်ဥ္းေတြကလဲအေထာက္အပံ့ပါ။

ကားလမ္း၊ စမ္းေခ်ာင္း၊ ျမစ္ေတြလို အေကြ႕အေကာက္ကေလးေတြဟာ Composition မွာ ေနရာေတာ္ ေတာ္မ်ားမ်ားအသုံး၀င္ပါတယ္။

19) မ်က္လုံးခ်င္းဆုံပါေစ။

ကေလးေတြ၊ ေခြးေတြ၊ ေၾကာင္ေတြကို ရိုက္မယ္ဆိုရင္ သူတို႔အရပ္အနိမ့္အျမင့္အတိုင္း ရိုက္သူက ထိုင္ၿပီးျဖစ္ျဖစ္၊ လွဲၿပီးျဖစ္ျဖစ္ရိုက္ပါ။ စီးမိုးၿပီးရိုက္တဲ့ပုံမ်ိဳးကို တတ္နိုင္သေလာက္ေရွာင္ပါ။

20) Subject မ်ားကြဲျပားရွင္းလင္းပါေစ။

21) အလယ္မက် တက် အေၾကာင္းရင္း ခိုင္ခိုင္လုံလုံမရွိဘဲ (သို႔) Symmetry ျဖစ္ဖို႔မလိုဘဲ Subject ကိုအလယ္မွာ ဘယ္ေတာ့မွမထားလိုက္ပါနဲ႔။

22) ေနာက္ထပ္အလယ္တစ္ခု။Subject ကိုမွမဟုတ္ပါဘူး၊ Reflection လိုမ်ိဳးမဟုတ္ရင္ (ဒါလည္း Symmetry တစ္မ်ိဳးပါပဲ) Horizontal Line ကိုပုံရဲ့အလယ္ေခါင္မွာ ျဖတ္သြားတာမ်ိဳးကိုေရွာင္ပါ။

23) ေခါင္းမျဖတ္ပါနဲ႔။Horizontal Line ကသက္ရွိ Subject ေတြရဲ့ ေခါင္းကေနျဖတ္သြားမ်ိဳးကိုလည္း အထူးဂ႐ုျပဳေရွာင္ပါ။

24) လိုင္းမပူးပါနဲ႔။

တစ္ခါတေလ Horizontal Line နဲ႔ပုံရဲ့အဓိကက်တဲ့ ပစၥည္းတစ္ခုခုရဲ့ လိုင္းနဲ႔တစ္ထပ္တည္းက်တာ မ်ိဳးေတြရွိတတ္ပါတယ္။ အဲဒီ့အခါမွာ ပစၥည္းရဲ့အေရးပါမွုေပ်ာက္ကြယ္သြားေစတဲ့အတြက္ Horizontal Line နဲ႔ Subject ေတြရဲ့လိုင္း တစ္ထပ္တည္းက်တာမ်ိဳးကို ေရွာင္ရွားသင့္ပါတယ္။

25) ရပ္၊ ၾကည့္၊ ရိုက္။

မရိုက္ခင္က ဘက္ေပါင္းစုံကၾကည့္ပါ။ ထက္ေအာက္စုံေစ့ေအာင္ၾကည့္ၿပီးမွပါေစခ်င္တာအကုန္ ပါလာေစဖို႔ မပါေစခ်င္တာေတြ ဘာမွမပါလာေစဖို႔လို႔ပါ။

သဘာ၀မဂၢဇင္း

Leave a Comment