သေချာပေါက်စားကောင်းစေမည့် အုန်းထမင်းချက်နည်း

အုန်းထမင်းကို ရှမ်းဆန်နဲ့ချက်ပေးထားပါတယ်.အခုချက်တဲ့ နောင်မွန်ရှမ်းဆန်က အရမ်းမပျော့ဘဲ စီးထွေးထွေး လေးမို့ အုန်းထမင်းတို့ ထောပတ်ထမင်းတို့ပဲထမင်းတို့ချက်ရင်သိပ်လိုက်ဖက်ပါတယ်.

အမကတော့ ဒံပေါက်ထမင်းတစ်မျိုးပဲ ဘာစမာတီဆန် သို့မဟုတ် ရွှေဘိုပေါ်ဆန်းမွှေးဆန်ဖြင့်ချက်ပါတယ်..အုန်းထမင်းတို့ထောပတ်ထမင်း ပဲထမင်းတို့က ချက်တဲ့ဆန်အရွေးမှားရင် ကြမ်းရှရှကြီးဖြစ်သွားရင် စားရတာအရသာပျက်တတ်လို့ အခုလိုအမစိတ်ကြိုက် ရှမ်းဆန်ဖြင့်ချက်တာပါ.

ချက်နည်း

ရှမ်းဆန်လေးဗူး

အုန်းနို့ဗူးကြီးတစ်ဗူး

အုန်းနို့မူန့် တစ်ထုပ်.အုန်းနို့အမူန့်က အိမ်မှာဝယ်ထားတာကြာပြီမို့အပိုရှိလို့ထည့်လိုက်တာပါ.မထည့်လည်းရပါတယ်နော်

နေကြာဆီ တစ်ဆယ်သား

ဆား teaဇွန်း နှစ်ဇွန်းခွဲ ( အငန်အရသာပိုကြိုက်ကပိုထည့်ပါ)

သကြား ထမင်းစားဇွန်း နှစ်ဇွန်းခွဲ

ကြက်သွန်နီ သုံးလုံးလေးစိတ်စိတ်ထားပါ။

ချက်မည်ဆိုပါက. ထမင်းပေါင်းအိုးထဲသို့ ဆန်ဆေးပြီးထည့်.အပေါ်က ပါဝင်ပစ္စည်း တွေအကုန်ထည့်ပါ.ပြီးရင်ရေချိန်ကတော့ ခါတိုင်း ထမင်းချက်ရင်ရေထည့်သလိုပဲထည့်ပါ။

မတိုင်းတတ်ရင် ဆန်ပေါ်ရေလက်တစ်ဆစ်ခွဲပိုပိုလေးတိုင်း၍ထည့်ပါ.တစ်ဦးနဲ့တစ်ဦး ဆန်ကြောမတူ၍မိမိတို့ဖာသာ ချင့်ချိန်ပြီးထည့်ပါရှင်..အခုပြောတဲ့ရေချိန်ကတော့ ရှမ်းဆန်အချိုးပါ.


အချိန်စေ့မှ အဖုံးဖွင့်ပြီးထမင်းကိုအပေါ်အောက်ခပ်ဖွဖွမွပေးလိုက်ပါ.ဒါမှထမင်းတွေကအခဲလိုက်ကပ်မနေဘဲဆန်ချောင်းလေးအတိုင်းပွပွလေးဖြစ်နေမှာပါရှင်..အရသာမြည်းကြည့်လိုက်ရင် မွှေးပြီးအင်မတန်စားကောင်းတဲ့မအီတဲ့အုန်းထမင်းလေးဖြစ်နေပီပေါ့ရှင်…

အုန်းထမင်းမွှေးမွှေးလေးရရင် ကြက်သားဆီပြန် သရက်သီးစိမ်းသနပ် သို့မဟုတ် သရက်ချဉ်သုပ်ဘာလာချောင် ကြော် ချဉ်ပေါင်ဟင်းချိုတို့ဖြင့်သုံးဆောင်ပါရှင်။​

မမလိူင်

Zawgyi



ချက်နည်း

ရှမ်းဆန်လေးဗူး



နေကြာဆီ တစ်ဆယ်သား






အားလုံးထည်႕ပြီးရင် အရသာသမသွားေအာင်ဇွန်းဖြင်႕မွွေပေးပြီးအဖုံးပိတ်ပြီး ခါတိုင်းထမင်းခၾက်သလိုပဲခလုတ်ႏွိပ်ထားလိုက်ရင်ရပါပီ.ခလုတ်တက်သွားရင်ပလပ်က်ိဳခၾက်ခြင်းမဖြဳတ်ေသးပဲ ၁၅မိနဈခနျ့နှပျထားပေးပါ.



မမလိုင်

Leave a Comment