ပလစ်စတစ်ဗူးခွံဖြင့် မီးလင်းစေခဲ့သူ

လေ့လာချက်တွေအရ ကမ္ဘာပေါ်က လူပေါင်း 840 သန်းက အခုချိန်ထိ မီးမရကြသေး ပါဘူး…

လျှပ်စစ်မီး လိုအပ်နေတဲ့ မိသားစုတွေ အတွက် ပလက်စတစ် ဘူးခွံလေးတွေ သုံးပြီး မီးထွန်းနိုင်မယ့် နည်းလမ်းကို The Liter of Light လို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့က စိတ်ကူးရခဲ့ ပါတယ်။

ဒီအဖွဲ့က လူထောင်ပေါင်းများစွာ အတွက် အလင်းရောင်နဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာ ပေးခဲ့ပါတယ်။ The Liter of Light အဖွဲ့ဝင်တွေက စွမ်းအင် လိုအပ်ချက်တွေကို အဆုံးသတ်ဖို့ အတွက် လုပ်ဆောင်ခဲ့ကြ ပါတယ်။

The Liter of Light အဖွဲ့ကို ဖိလစ်ပိုင် နိုင်ငံ Myshelter ဖောင်ဒေးရှင်းက 2011 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့တည်ထောင်သူ Illac Diaz ဟာ ဆက်သွယ်ရေး မန်နေဂျာ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူအလုပ်လုပ်ခဲ့တဲ့ ဒေသမှာ မုန်တိုင်းတွေတိုက်ခတ်ပြီးနောက် အိမ်ထောင်စုတွေရဲ့ ဒုက္ခရောက်ရတဲ့အခြေအနေတွေကို Diaz က မြင်ရပြီး တုန်လှှုပ်သွားပါတယ်။

မုန်တိုင်းကြောင့် ဒုက္ခရောက်ရတဲ့ မိသားစုတွေမှာဈေးနည်းနည်းနဲ့ အလင်းရောင် ရစေရမယ်လို့ Diaz မှာ အတွေးဝင်လာ ပါတယ်။Diazက အလုပ်ကထွက်လိုက်ပြီး မြို့ပြစီမံကိန်း ရေးဆွဲခြင်းနဲ့ ဗိသုကာပညာကို သင်ယူဖို့ Massachusetts Institute of Technology မှတက်ရောက်ခဲ့ ပါတယ်။

ဘရားဇီးနိုင်ငံသား စက်မှုပညာရှင် Alfredo Moser က 2002 ခုနှစ်မှာ တီထွင်ခဲ့တဲ့ ပလက်စတစ် ဘူးခွံနဲ့ အလင်းရောင် ထုတ်လုပ်တဲ့နည်းပညာကို Diaz သင်ယူခဲ့ပါတယ်။

Diaz က ဖိလစ်ပိုင်နိုင်ငံကို ပြန်ရောက်တဲ့ အခါ သင်ယူလာတဲ့ ပညာနဲ့ အိမ်ထောင်စု ထောင်ပေါင်းများစွာကို အလင်းပေးနိုင် ခဲ့ပါတယ်။

နှစ်တွေကြာလာတဲ့ အခါ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုကနိုင်ငံပေါင်း 15 နိုင်ငံ အထိ ကျယ်ပြန့်သွားခဲ့ ပါတယ်။

နေရောင်ခြည်စွမ်းအင်ကို သုံးပြီး အလင်းရောင် ရဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေက ရိုးရှင်းလှပါတယ်။

ပလက်စတစ်ဘူးခွံ တစ်ဘူး

ရေ

လျှပ်စစ် စီးဆင်းစေတဲ့ စတီးချောင်း

အရောင်ချွတ်ဆေး

နေအလင်းရောင် တို့ပဲဖြစ်ပါတယ်။

အရောင်ချွတ်ဆေးရည် ထည့်ထားတဲ့ ပန်းအိုး တစ်လုံးပေါ်ကို ပလက်စတစ်ဘူးခွံနဲ့ ဖုံးအုပ်လိုက် ပါတယ်။ ပလက်စတစ်ဘူးခွံ ထဲက ရေက နေရောင်ခြည်ကြောင့် အလင်းယိုင်ပြီး ပတ်ဝန်းကျင်ကို အလင်းဖြာထွက်လာ ပါတယ်။

ထွက်လာတဲ့ အလင်းရောင်က 50 ဝပ် မီးသီးရဲ့အလင်းရောင်နဲ့ ညီမျှပါတယ်။ မီးမရသေးတဲ့ ဒေသတွေအတွက် ဘက်ထရီမီးသီး၊ နေရောင်ခြည်စွမ်းအင်သုံး မီးချောင်း၊ LED မီးချောင်းတွေကို The Liter of Light အဖွဲ့ကတီထွင်ပေးနိုင်ခဲ့ ပါတယ်။

နောက်တစ်ခုကတော့ လမ်းမီးတွေ အတွက် PVC ပိုက်၊ ဝါးဆစ်တွေကို သုံးပြီး မီးအိမ်ပြုလုပ်ပေးတာပါ။ အခုဆိုရင် လူပေါင်း 350,000 ဟာ မီး အလင်းရောင် ရရှိနေပါပြီ။

သူတို့အဖွဲ့ဟာ မီးမရသေးတဲ့ ဒေသတွေအတွက် ဆက်ပြီး ကြိုးစားနေဆဲပါပဲ။The Liter of Light အဖွဲ့က နည်းပညာတွေကို ဆက်လက် လေ့လာသင်ယူနေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံးက လူတွေ အတွက်လည်း

ပလက်စတစ်ဘူးခွံနဲ့ အလင်းရောင်ရမယ့် နည်းတွေကို လိုက်လံဝေငှပေးနေပါတယ်။ လူတွေက သူတို့ရဲ့လှုပ်ရှားမှုတွေကို စိတ်ဝင်စားကြပါတယ်။

နေရောင်ခြည်စွမ်းအင်နဲ့ မီးသီးလုပ်နည်းကို လူတွေကို သင်ပေးလိုက်တဲ့ အခါ သူတို့က လမ်းမီးချောင်း 3 ချောင်းကို ပြုလုပ်သွားနိုင်တယ်” လို့ Diaz က ပြောပြပါတယ်။

ပလက်စတစ် ဘူးခွံတွေကို သုံးပြီး တစ်ရွာလုံး မီးလင်းဖို့ အတွက် ဆိုရင် လူတစ်ယောက်ဟာ 3 ဝပ် ကနေ 5 ဝပ် အထိပဲ ထုတ်လုပ်ဖို့ လိုအပ် ပါတယ်။

The Liter of Light အဖွဲ့ရဲ့လှုပ်ရှားမှုကြောင့်အလင်းရောင် ရသွားတဲ့ မိသားစုတွေဟာ ပျော်ရွှင်နေကြပါပြီ။

ခရစ်ဒစ်

Zawgyi

ေလ့လာခ်က္ေတြအရ ကမၻာေပၚက လူေပါင္း 840 သန္းက အခုခ်ိန္ထိ မီးမရၾကေသး ပါဘူး…

လၽွပ္စစ္မီး လိုအပ္ေနတဲ့ မိသားစုေတြ အတြက္ ပလက္စတစ္ ဘူးခြံေလးေတြ သုံးၿပီး မီးထြန္းနိုင္မယ့္ နည္းလမ္းကို The Liter of Light လို႔ အမည္ရတဲ့ အဖြဲ႕တစ္ဖြဲ႕က စိတ္ကူးရခဲ့ ပါတယ္။

ဒီအဖြဲ႕က လူေထာင္ေပါင္းမ်ားစြာ အတြက္ အလင္းေရာင္နဲ႔ ေပ်ာ္ရႊင္မွုေတြကို ယူေဆာင္လာ ေပးခဲ့ပါတယ္။ The Liter of Light အဖြဲ႕ဝင္ေတြက စြမ္းအင္ လိုအပ္ခ်က္ေတြကို အဆုံးသတ္ဖို႔ အတြက္ လုပ္ေဆာင္ခဲ့ၾက ပါတယ္။

The Liter of Light အဖြဲ႕ကို ဖိလစ္ပိုင္ နိုင္ငံ Myshelter ေဖာင္ေဒးရွင္းက 2011 ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့ပါတယ္။ အဖြဲ႕တည္ေထာင္သူ Illac Diaz ဟာ ဆက္သြယ္ေရး မန္ေနဂ်ာ အျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။

သူအလုပ္လုပ္ခဲ့တဲ့ ေဒသမွာ မုန္တိုင္းေတြတိုက္ခတ္ၿပီးေနာက္ အိမ္ေထာင္စုေတြရဲ့ ဒုကၡေရာက္ရတဲ့အေျခအေနေတြကို Diaz က ျမင္ရၿပီး တုန္လွႈပ္သြားပါတယ္။

မုန္တိုင္းေၾကာင့္ ဒုကၡေရာက္ရတဲ့ မိသားစုေတြမွာေဈးနည္းနည္းနဲ႔ အလင္းေရာင္ ရေစရမယ္လို႔ Diaz မွာ အေတြးဝင္လာ ပါတယ္။Diazက အလုပ္ကထြက္လိုက္ၿပီး ၿမိဳ႕ျပစီမံကိန္း ေရးဆြဲျခင္းနဲ႔ ဗိသုကာပညာကို သင္ယူဖို႔ Massachusetts Institute of Technology မွတက္ေရာက္ခဲ့ ပါတယ္။

ဘရားဇီးနိုင္ငံသား စက္မွုပညာရွင္ Alfredo Moser က 2002 ခုႏွစ္မွာ တီထြင္ခဲ့တဲ့ ပလက္စတစ္ ဘူးခြံနဲ႔ အလင္းေရာင္ ထုတ္လုပ္တဲ့နည္းပညာကို Diaz သင္ယူခဲ့ပါတယ္။

Diaz က ဖိလစ္ပိုင္နိုင္ငံကို ျပန္ေရာက္တဲ့ အခါ သင္ယူလာတဲ့ ပညာနဲ႔ အိမ္ေထာင္စု ေထာင္ေပါင္းမ်ားစြာကို အလင္းေပးနိုင္ ခဲ့ပါတယ္။

ႏွစ္ေတြၾကာလာတဲ့ အခါ သူတို႔အဖြဲ႕ရဲ့ လွုပ္ရွားမွုကနိုင္ငံေပါင္း 15 နိုင္ငံ အထိ က်ယ္ျပန႔္သြားခဲ့ ပါတယ္။

ေနေရာင္ျခည္စြမ္းအင္ကို သုံးၿပီး အလင္းေရာင္ ရဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြက ရိုးရွင္းလွပါတယ္။

ပလက္စတစ္ဘူးခြံ တစ္ဘူး

ေရ

လၽွပ္စစ္ စီးဆင္းေစတဲ့ စတီးေခ်ာင္း

အေရာင္ခၽြတ္ေဆး

ေနအလင္းေရာင္ တို႔ပဲျဖစ္ပါတယ္။

အေရာင္ခၽြတ္ေဆးရည္ ထည့္ထားတဲ့ ပန္းအိုး တစ္လုံးေပၚကို ပလက္စတစ္ဘူးခြံနဲ႔ ဖုံးအုပ္လိုက္ ပါတယ္။ ပလက္စတစ္ဘူးခြံ ထဲက ေရက ေနေရာင္ျခည္ေၾကာင့္ အလင္းယိုင္ၿပီး ပတ္ဝန္းက်င္ကို အလင္းျဖာထြက္လာ ပါတယ္။

ထြက္လာတဲ့ အလင္းေရာင္က 50 ဝပ္ မီးသီးရဲ့အလင္းေရာင္နဲ႔ ညီမၽွပါတယ္။ မီးမရေသးတဲ့ ေဒသေတြအတြက္ ဘက္ထရီမီးသီး၊ ေနေရာင္ျခည္စြမ္းအင္သုံး မီးေခ်ာင္း၊ LED မီးေခ်ာင္းေတြကို The Liter of Light အဖြဲ႕ကတီထြင္ေပးနိုင္ခဲ့ ပါတယ္။

ေနာက္တစ္ခုကေတာ့ လမ္းမီးေတြ အတြက္ PVC ပိုက္၊ ဝါးဆစ္ေတြကို သုံးၿပီး မီးအိမ္ျပဳလုပ္ေပးတာပါ။ အခုဆိုရင္ လူေပါင္း 350,000 ဟာ မီး အလင္းေရာင္ ရရွိေနပါၿပီ။

သူတို႔အဖြဲ႕ဟာ မီးမရေသးတဲ့ ေဒသေတြအတြက္ ဆက္ၿပီး ႀကိဳးစားေနဆဲပါပဲ။The Liter of Light အဖြဲ႕က နည္းပညာေတြကို ဆက္လက္ ေလ့လာသင္ယူေနဆဲျဖစ္ၿပီး တစ္ကမၻာလုံးက လူေတြ အတြက္လည္း

ပလက္စတစ္ဘူးခြံနဲ႔ အလင္းေရာင္ရမယ့္ နည္းေတြကို လိုက္လံေဝငွေပးေနပါတယ္။ လူေတြက သူတို႔ရဲ့လွုပ္ရွားမွုေတြကို စိတ္ဝင္စားၾကပါတယ္။

ေနေရာင္ျခည္စြမ္းအင္နဲ႔ မီးသီးလုပ္နည္းကို လူေတြကို သင္ေပးလိုက္တဲ့ အခါ သူတို႔က လမ္းမီးေခ်ာင္း 3 ေခ်ာင္းကို ျပဳလုပ္သြားနိုင္တယ္” လို႔ Diaz က ေျပာျပပါတယ္။

ပလက္စတစ္ ဘူးခြံေတြကို သုံးၿပီး တစ္ရြာလုံး မီးလင္းဖို႔ အတြက္ ဆိုရင္ လူတစ္ေယာက္ဟာ 3 ဝပ္ ကေန 5 ဝပ္ အထိပဲ ထုတ္လုပ္ဖို႔ လိုအပ္ ပါတယ္။

The Liter of Light အဖြဲ႕ရဲ့လွုပ္ရွားမွုေၾကာင့္အလင္းေရာင္ ရသြားတဲ့ မိသားစုေတြဟာ ေပ်ာ္ရႊင္ေနၾကပါၿပီ။

ခရစ္ဒစ္

Leave a Comment