ပန်းများများပွင့်စေသော ဆေး

အမြစ်၊အပွင့်၊အသီး အတွက် 1: 1: 1 အချိုး အားဆေးလေးပါ1-ပါတ်အတွင်းသိသာလာ ပါလိမ့်မည် အထူးသဖြင့် အပင်မှအပွင့် အပွင့်မှအသီးအတွက် အထူးကောင်းမွန်ပါတယ်ရှင့်။

လိုအပ်သောကုန်ကြမ်းများနို့ -200 cc တဘူးး ၊ပုဇွန် ငါးပိ တဇွန်း ၊အချိုမှုန့်တဇွန်းတို့ပါဘဲ။

ပြုလုပ်ပုံခွက်တခု ထဲရေနွေး နွေး-2 ဇွန်းခန့်ထည့်ပါ ။

ပုဇွန်ငါးပိ တဇွန်းထပ်ထည့် ပြီးပျော်သွားအောင်မွှေပါနောက်ထပ် အချို မုန့်တဇွန်း ထပ်ထည့်ကာ ကျေအောင်မွှေပြီး နို့200ccထပ်ထည့် အားလုံးသမ အောင်မွှေပေးပါ။

အသင့် သုံး 1:1:1 အားဆေးလေးရပါပြီသုံးစွဲရန်အသင့် သုံးဆေး 1-ဇွန်း၊ရေ တလီတာပါ20-လီတာ ဆေးဖျန်းပုံးအတွက် 20ဇွန်းပါ ရှင် ။

တပါတ်အတွင်းသိသာ ပါလိမ့်မယ်။

မပျင်မရိဘူးဆိုရင်တော့ တပါတ်တကြိမ် ဖျန်းနိုင်ပါတယ်အပင်သေး ငရုပ်ခရမ်းချဉ်အစရှိသည်တ်ု့ကို အပင် ထိပ်မှစတင် ပက်ဖျန်းပေးပါ ။

ဆေးများကိုစိုရွဲအောင်ဖျန်းပါကပိုမိုထိရောက်ပါတယ်အရွက် အပွင့်ကကျလာသော ဆေးရည်

သည် ပင်ခြေ အနီးနား ကျ ရောက်ပြီး အစာရှာ အမြစ်မှစုပ်ယူ စားသောက်ကာ ပင်စည် မှအကိုင်းအလက် အရွက်ထိုမှအပွင့်အားကောင်းအသီးတင်အရသာရှိအလုံးလှအထွက်တိုးစေမှာပါ ခုလုပ်ခုသုံးပါ။

သုံးမကုန်သောဆေးကိုအဖုံးပိတ်အရိပ်ထဲထားပါ ။

6-လခန့်သိမ်းဆည်းထားနိုင်ပါတယ်။

ဒေါ်အတာမေ 09-799033356

Zawgyi













Leave a Comment