ကိုယ်ခံစွမ်းအား ကောင်းစေမည့် ကြက်ပေါင်း ဟင်းရည် ပြုလုပ်နည်း

ရောဂါကူးစက်မှု များပြားနေတဲ့အချိန်မှာ ကိုယ်ခံစွမ်းအားကောင်းမွန်အောင် အိမ်မှာပဲလွယ်လွယ်ကူကူ ကြက်ပေါင်းစွပ်ပြုတ်လေး လုပ်စားကြရအောင်နော်…

ရိုးရှင်းလွယ်ကူတဲ့ ကြက်ပေါင်းစွပ်ပြုတ်လုပ်နည်းလေး

ပါဝင်ပစ္စည်းများ

၁။ ကြက်သား(မိမိနှစ်သက်ရာအစိတ်အပိုင်း) – ၁ ပိဿာ(ဗမာကြက်လဲရပါတယ်)

၂။ ဂျင်း – လက်နှစ်ဆစ်ခန့်

၃။ ကြက်သွန်ဖြူ – ၁၀ မွှာ(အကြီး)

၄။ ကြက်သွန်မြိတ် – ၅ ပင်

၅။ ဆား – လဖက်ရည်ဇွန်း ၂ ဇွန်း

၆။ ကြက်သားမှုန့် – ထမင်းစားဇွန်း ၂ ဇွန်း

၇။ ပဲငံပြာရည်အနောက် – ထမင်းစားဇွန်း ၁ ဇွန်း

၈။ ငရုတ်ကောင်းမှုန့် – အနည်းငယ်

ပြုလုပ်ပုံ

၁။ ကြက်သားထဲကို ဆားတစ်ဇွန်းထည့်ပြီး ပွတ်တိုက်ဆေးကြောပေးပါ။ ပြီးလျှင် ရေနှင့် ပြောင်စင်အောင်ဆေးကြောပေးပါ။

၂။ ရေဆေးပြီးလျှင် ကြက်သားထဲသို့ ဆားတစ်ဇွန်း၊ ကြက်သားမှုန့်နှင့် ပဲငံပြာရည်တို့ထည့်ပြီး အသားထဲအရသာဝင်အောင် ဆုတ်နယ်ပေးပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။

၃။ ကြက်ပေါင်းလုပ်မည့် အိုးထဲသို့ရေထည့်ပြီး ဆူအောင်တည်ထားပါ။

၄။ ပြီးလျှင် ဂျင်းကိုပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်အောက်ခြေကို လက်နှစ်ဆစ်ခန့်လှီးထားပါ။ အပေါ်ပိုင်းကို ပါးပါးလှီးထားပါ။

၅။ ရေအိုးဆူလျှင် နှပ်ထားသောကြက်သားများကိုထည့်ပါ။ ပါးပါးလှီးထားသောဂျင်း၊ ကြက်သွန်မြိတ်အောက်ခြေကိုထည့်ပါ။ ကြက်သွန်ဖြူကို အမွှာ‌လေးတွေအတိုင်းထည့်ပြီး အိုးဖုံးဟပြီး တည်ပါ။

၆။ ၁၅ မိနစ် ကျော်လျှင် ကြက်ပေါင်းရည် စဆူလာပါပြီ။ ဟင်းရည်အိုးဆူလာလျှင် မိမိနှစ်သက်သလို အရသာအပေါ့အငန်မြည်း၍ ပြင်ဆင်နိုင်ပါတယ်။

၇။ ကြက်သားနူးရန်အတွက် ၄၅ မိနစ်မှ မိနစ် ၆၀ အတွင်း တည်ရပါမယ်။ ကြက်သားနူး၊ မနူး ကို ခက်ရင်းနဲ့ထိုးပြီး စမ်းလို့ရပါတယ်။

၈။ ၁နာရီခန့်ကြာလျှင်တော့ အာဟာရပြည့်ဝပြီး နူးနူးအိအိ ပူပူနွေးနွေး ကြက်ပေါင်းလေး ရရှိပါပြီ… အပေါ်မှ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်…

(ကြက်ပေါင်းရည်ချက်ရာတွင် မိမိနှစ်သက်သည့် သီးနှံများထည့်ပြီးလည်း ချက်နိုင်ပါတယ်ရှင်၊ အခုက ရိုးရှင်းလွယ်ကူတဲ့နည်းလေးမို့ ကြက်သားသီးသန့်ပဲချက်ပြရခြင်း ဖြစ်ပါတယ်ရှင်)

Deliciousfoodforu

Zawgyi

ေရာဂါကူးစက္မွု မ်ားျပားေနတဲ့အခ်ိန္မွာ ကိုယ္ခံစြမ္းအားေကာင္းမြန္ေအာင္ အိမ္မွာပဲလြယ္လြယ္ကူကူ ၾကက္ေပါင္းစြပ္ျပဳတ္ေလး လုပ္စားၾကရေအာင္ေနာ္…

ရိုးရွင္းလြယ္ကူတဲ့ ၾကက္ေပါင္းစြပ္ျပဳတ္လုပ္နည္းေလး

ပါဝင္ပစၥည္းမ်ား

၁။ ၾကက္သား(မိမိႏွစ္သက္ရာအစိတ္အပိုင္း) – ၁ ပိႆာ(ဗမာၾကက္လဲရပါတယ္)

၂။ ဂ်င္း – လက္ႏွစ္ဆစ္ခန႔္

၃။ ၾကက္သြန္ျဖဴ – ၁၀ မႊာ(အႀကီး)

၄။ ၾကက္သြန္ၿမိတ္ – ၅ ပင္

၅။ ဆား – လဖက္ရည္ဇြန္း ၂ ဇြန္း

၆။ ၾကက္သားမွုန႔္ – ထမင္းစားဇြန္း ၂ ဇြန္း

၇။ ပဲငံျပာရည္အေနာက္ – ထမင္းစားဇြန္း ၁ ဇြန္း

၈။ င႐ုတ္ေကာင္းမွုန႔္ – အနည္းငယ္

ျပဳလုပ္ပုံ

၁။ ၾကက္သားထဲကို ဆားတစ္ဇြန္းထည့္ၿပီး ပြတ္တိုက္ေဆးေၾကာေပးပါ။ ၿပီးလၽွင္ ေရႏွင့္ ေျပာင္စင္ေအာင္ေဆးေၾကာေပးပါ။

၂။ ေရေဆးၿပီးလၽွင္ ၾကက္သားထဲသို႔ ဆားတစ္ဇြန္း၊ ၾကက္သားမွုန႔္ႏွင့္ ပဲငံျပာရည္တို႔ထည့္ၿပီး အသားထဲအရသာဝင္ေအာင္ ဆုတ္နယ္ေပးၿပီး နာရီဝက္ခန႔္ ႏွပ္ထားေပးပါ။

၃။ ၾကက္ေပါင္းလုပ္မည့္ အိုးထဲသို႔ေရထည့္ၿပီး ဆူေအာင္တည္ထားပါ။

၄။ ၿပီးလၽွင္ ဂ်င္းကိုပါးပါးလွီးထားပါ။ ၾကက္သြန္ၿမိတ္ေအာက္ေျခကို လက္ႏွစ္ဆစ္ခန႔္လွီးထားပါ။ အေပၚပိုင္းကို ပါးပါးလွီးထားပါ။

၅။ ေရအိုးဆူလၽွင္ ႏွပ္ထားေသာၾကက္သားမ်ားကိုထည့္ပါ။ ပါးပါးလွီးထားေသာဂ်င္း၊ ၾကက္သြန္ၿမိတ္ေအာက္ေျခကိုထည့္ပါ။ ၾကက္သြန္ျဖဴကို အမႊာ‌ေလးေတြအတိုင္းထည့္ၿပီး အိုးဖုံးဟၿပီး တည္ပါ။

၆။ ၁၅ မိနစ္ ေက်ာ္လၽွင္ ၾကက္ေပါင္းရည္ စဆူလာပါၿပီ။ ဟင္းရည္အိုးဆူလာလၽွင္ မိမိႏွစ္သက္သလို အရသာအေပါ့အငန္ျမည္း၍ ျပင္ဆင္နိုင္ပါတယ္။

၇။ ၾကက္သားႏူးရန္အတြက္ ၄၅ မိနစ္မွ မိနစ္ ၆၀ အတြင္း တည္ရပါမယ္။ ၾကက္သားႏူး၊ မႏူး ကို ခက္ရင္းနဲ႔ထိုးၿပီး စမ္းလို႔ရပါတယ္။

၈။ ၁နာရီခန႔္ၾကာလၽွင္ေတာ့ အာဟာရျပည့္ဝၿပီး ႏူးႏူးအိအိ ပူပူေႏြးေႏြး ၾကက္ေပါင္းေလး ရရွိပါၿပီ… အေပၚမွ ၾကက္သြန္ၿမိတ္ႏွင့္ င႐ုတ္ေကာင္းေလးျဖဴးၿပီး သုံးေဆာင္နိုင္ပါၿပီရွင္…

(ၾကက္ေပါင္းရည္ခ်က္ရာတြင္ မိမိႏွစ္သက္သည့္ သီးႏွံမ်ားထည့္ၿပီးလည္း ခ်က္နိုင္ပါတယ္ရွင္၊ အခုက ရိုးရွင္းလြယ္ကူတဲ့နည္းေလးမို႔ ၾကက္သားသီးသန႔္ပဲခ်က္ျပရျခင္း ျဖစ္ပါတယ္ရွင္)

Deliciousfoodforu

Leave a Comment