ခေါက်ဆွဲ ချက်နည်း ၂မျိုး

ကော်ရည်ခေါက်ဆွဲ ချက်နည်းလေးပါ အဆင်ပြေအောင် (2) နည်းတင်ပေးထားပါတယ်နော်

ကော်ရည်ခေါက်ဆွဲ လုပ်တော့မယ်ဆိုလျှင် ဂျုံခေါက်ဆွဲခြောက် ၊ ကြက်သား ၊ မှိုခြောက် ၊ ပန်းခြောက် ၊Sausage(ကြိုက်လို့တမင်ထည့်တာပါ၊ သာမန်အားဖြင့်မထည့်စားတတ်ကြပါဘူး ) ၊ ကော်မှုန့် ၊ ဘဲဥ ၊ ကန်စွန်းရွက် ၊ ပဲငံပြာရည် ၊ ဆား ၊ သကြား နဲ့ ရေတို့ အဓိက လိုအပ်ပါတယ် ။ ငရုပ်ကောင်း ၊ ကြက်သွန်ကြော်နဲ့ ငပိထောင်းလည်း လိုအပ်ပါသေးတယ် ။

ပထမဆုံး ဂျုံခေါက်ဆွဲခြောက်ကို ပျော့အိလာစေဖို့ ပွက်ပွက်ဆူနေတဲ့ ရေထဲ ခဏနှစ်ထားပေးရပါမယ် ။

ကိုယ်ကြိုက်တဲ့ အနေထား အပျော့မာကိုကြည့်ပြီး ခေါက်ဆွဲကို ပြန်ဆယ်ထားကာ …ရေအေးထဲ နှစ်ပြီး ခဏ အအေးခံထားရပါမယ် ။

ကျွန်မကတော့ ရေအေးနဲ့ အအေးခံတဲ့အပြင် ၊ ရေအေးထဲက ဆယ်ပြီးသား ခေါက်ဆွဲကို စကာထဲထည့်ပြီး …ရေခဲတုံးတွေပါ ခေါက်ဆွဲပေါ်တင်ပြီး … အအေးခံထားလိုက်ပါတယ် …. ။

အဲ့လိုမှ အအေးမခံလျှင် ၊ ခေါက်ဆွဲတွေလုံးထွေးပြီး ကပ်ကုန်နိုင်တာကြောင့်ပါနော် ။

ပြီးတာနဲ့ ဟင်းရည်အတွက် ကြက်သားကို …ပဲငံပြာရည် ၊ ဆား ၊ သကြားနယ်ပြီး … နူးနေအောင် ပြုတ်ပေးရပါမယ် ။ ကြက်သားနူးပြီဆိုလျှင် အသားတွေကို ဆယ်ပြီး အတုံးသေးလေးတွေဖြစ်အောင် နုတ်နုတ်စင်းပေးရပါမယ် ။

ပွက်ပွက်ဆူနေတဲ့ကြက်ပြုတ်ရည်ထဲကိုစင်းထားတဲ့အသားတုံးတွေပြန်ထည့် ပြီးလျှင်ကော်မှုန့်ကို ရေနဲ့ ဖျော်ပြီး လိုသလောက်ထည့်ကြရပါမယ် ။

အဲ့ဒီနောက် မှိုခြောက် ၊ ပန်းခြောက်နဲ့ ၊ sausage တွေကိုလည်း လိုသလောက်လေးထည့်ပေးရပါမယ် …

ပြီးတာနဲ့ ကြက်ဥ နှစ်လုံးကို အကာရော ၊ အနှစ်ပါရောမွှေထားတဲ့ အရည်ကို ….ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးထဲ ဇွန်း တစ်ဇွန်း နဲ့ .. ဖြည်းဖြည်း ချင်း လောင်းထည့်ပေးရပါမယ် ။ ဒါမှသာ ပွက်ပွက်ဆူနေတဲ့ အိုးထဲ ကျလာတဲ့ ဘဲဥအရည်က အမျှင်လေးတွေ ဖြစ်စေမှာပါ ။

ဆား ၊ သကြား လိုသလောက်ထည့်ပြီးတာနဲ့ … ငရုပ်ကောင်းလေးနည်းနည်း ဖြူးထည့်ပေးကြရပါမယ် ။

ငရုပ်ကောင်းနံ့လေးမွှေးလာတာနဲ့ ဟင်းရည်အိုးကို မီးပိတ်ပြီး ကန်စွန်းရွက်တွေကို အပေါ်က ဖြန့်ထည့် ၊ အဖုံး ပြန်အုပ်ထားရပါမယ် ။(တစ်ချို့က ငရုပ်ကောင်းကို ပန်းကန်ထဲရောက်မှ လိုသလိုလည်း ထည့်စားတတ်ကြတယ်) ။

ဟင်းအိုးမီးပိတ်ပြီးမှ ၊ ကန်စွန်းရွက်ကို နောက်ဆုံးမှ ထည့်တာ ၊ စိမ်းနေအောင်လို့ပါ ကန်စွန်းရွက် နွမ်းသွားလျှင် စားချင်စရာမကောင်းတော့လို့ပါ ။

သုံးမိနစ်လောက်ကြာတာနဲ့ ဟင်းရည်အိုး အပူရှိန်ကြောင့် ကန်စွန်းရွက်လည်း စားလို့ ရတဲ့ အနေထား ရောက်ပါပြီ ။ဒါဆိုလျှင် ကော်ရည်ခေါက်ဆွဲ အတွက် ဟင်းရည်ချက်လို့ ပြီးပါပြီ ။

ကော်ရည်ခေါက်ဆွဲနဲ့တွဲဖက်စားရတဲ့ ငပိထောင်းလေးအကြောင်းလည်း နည်းနည်း ပွားပါဦးမယ် … ။ ငပိထောင်းလုပ်ဖို့ ၊ မျှင် ငပိ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်း ၊သံပုရာသီး ၊ ငရုပ်သီးမှုန့် နည်းနည်းနဲ့ … ၊ အသားမှုန့် နည်းနည်း လိုပါတယ် ။

ပထမဆုံး မျှင် ငပိကို ကင်ရပါမယ် ။ ကင်တဲ့ နေရာမှာ တူးနေအောင်မကင်ပဲ ၊ မျက်နှာပြင် နီရဲပြီး ၊ ငပိနံ့လေးထွက်လာလျှင်ရပါပြီ။ ပြီးတာနဲ့ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းကို ကြေညက်နေအောင် ထောင်းထားရပါမယ် ။

ငရုတ်သီးစိမ်းကိုတော့ မထောင်ခင် အရင်ဆုံး အညှောင့်ချွေပြီး ၊ ဒယ်အိုး အပူထဲ ထည့်လှော်ပေးရပါမယ် ။ လှော်နေတုန်း မီးအရှိန်နဲ့ ငရုတ်သီးက ထပေါက်ပြီး စင်တတ်တဲ့အတွက် မျက်စိထဲမဝင်အောင် သတိတော့ထားလှော်ရမှာပါ ။

အဲ့ဒီငရုပ်သီးနဲ့ ကြက်သွန်ဖြူကို လိုသလောက်ရောပြီးထောင်းရပါမယ် ။ ကြေညက်လာတာနဲ့ငပိကိုပါ ထပ်ပေါင်းထည့်ထောင်းပေးရပါမယ် ( ငပိထောင်းပိုပြီးစားလို့ကောင်းဖို့ ပုစွန်ခြောက်လေး နည်းနည်းပါထည့်ထောင်းလျှင် ပိုကောင်းပါတယ် )

ငရုပ်သီးအကျက်မှုန် နဲ့ ၊ အသားမှုန့်တို့ကိုပါ ရောထောင်းပြီးပြီဆိုလျှင် ၊ ငပိထောင်းလည်း စားဖို့ အသင့်အနေထားရောက်ပါပြီ ။ သံပုရာသီးကိုတော့ စားခါနီးမှ ငပိထောင်း အပေါ်ကနေ အရည်ညှစ်ပြီး တွဲစားပေးရမှာပါ ။ အဲ့လိုမှ မဟုတ်လျှင် သံပုရာရည်က ချဉ်အရသာထက် ၊ ခါးဖန့်ဖန့် အရသာ ဘက်ကို ပြောင်း သွားနိုင်လို့ပါပဲ ။

လတ်ဆတ်တဲ့ သံပုရာနံ့လည်း မမွှေးတော့တာကြောင့်ပါ ။ အားလုံးလည်းပြင်ဆင်ပြီးလို့ စားဖို့ အသင့်အနေထားရောက်ပြီဆိုတော့ …. ၊ အအေးခံပြီးရေစစ်ထားတဲ့ ခေါက်ဆွဲကို အလျှင်ထည့်ရပါမယ် ၊ ပြီးတာနဲ့ ချက်ထားတဲ့ ကော်ရည်ကိုလောင်းထည့်ပြီး ၊ အပေါ်က ကြက်သွန်ဆီချက်လေး ဖြူးပေးလိုက်လျှင် အိုကေပြီပေါ့နော် ။

ကော်ရည်ခေါက်ဆွဲ နောက်တစ်နည်းပါ

ကော်ရည်ခေါက်ဆွဲအတွက် လိုအပ်တာတွေကတော့

၀က်/ကြက်/ဘဲ ကြိုက်နှစ်သစ်ရာအသား၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ပဲပင်ပေါက်၊ တရုတ်နံနံ၊ ဆား၊ သကြား၊ အချိုမှုန့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငါးပိစိမ်းစားနဲ့ သံပုရာသီးတို့ပါနော်။

ပထမအဆင့်အနေနဲ့ အသားအရိုးတွဲလျက်ကို သန့်စင်အောင်ရေဆေးပြီး အတုံးခပ်ကြီးကြီးတုံးပြီး ဆား၊ သကြား၊ အချိုမှုန့်၊ ချင်းထောင်းရည်တို့နဲ့နယ်ပြီး ခဏနှပ်ထားပေးပါနော်။ ပြီးတော့မှ အိုးတစ်လုံးထဲထည့်ပြီး အသားတွေကိုထည့်၊ ရေကိုလည်း အသားမြုပ်ရုံထည့်ပြီး ပြုတ်ပေးထားပါနော်။

ပထမတစ်ရေခမ်းလောက်ပြီဆိုရင်တော့ အသားတွေကို ဟိုဘက်ဒီဘက်လှန်ပြီးတော့ ရေထပ်ထည့်ပြီး တည်ပေးပါ။ အသားနူးလောက်ပြီဆိုရင်တော့ အိုးထဲကနေ အသားတွေကိုဆယ်၊ အအေးခံပြီး အသားနွှင်ပေးထားပါနော်။ ကော်မှုန့်ကိုတော့ စားမယ့်လူရယ်၊ ကော်ရည်အပျစ်အကျဲအကြိုက်ပေါ် မူတည်ပြီး ဖျော်ပေးပါနော်။

ကော်မှုန့်ဖျော်တဲ့အခါမှာ ဆား၊ သကြားနဲ့ အချိုမှုန့်လေးနည်းနည်း ထည့်ဖျော်ပေးပါ။ မုန်ညင်း၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီတို့ကိုလည်း ရေနဲ့သေသေချာချာ အထပ်ထပ်ဆေးပြီး လှီးချွတ်ရေစစ်ထားပေးပါနော်။ ငါးပိစိမ်းစားကိုလည်း မီးလေးအုံးထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးထားပါ။ ကြက်သွန်ဖြူနီတို့ကိုလည်း အခွံနွှာပြီး ဆီချက်ချက်ဖို့ ပါးပါးလှီးပေးထားပါ။

ခေါက်ဆွဲပြုတ်ခြင်းအားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲ ရေထည့်ပြီး မီးဖိုပေါ်တင်ပြီး ရေနွေးအိုးတည်ပါ။ ရေနွေးဆူပြီဆိုရင် ခေါက်ဆွဲ/ကြာဇံကို ပြုတ်ပေးပါ။ အကျက်လည်းညီစေ၊ ပျော့လည်းမပျော့စေအောင် သတိထားပြီး ပြုတ်ပြီးရင် ခေါက်ဆွဲပြုတ်အိုးကိုချပြီး ရေသွန်ပါ။

ခေါက်ဆွဲတွေကို စကာနဲ့ စစ်ယူပြီး ရေအေးအေးနဲ့ သေသေချာချာနှံ့စပ်အောင် ဆေးပေးပါ။ ပြီးတော့မှ စကာနဲ့ ရေစစ်ထားလိုက်ပါနော်။ ပဲပင်ပေါက်ကိုလည်း ရေနွေးဖျောပြီး ရေစစ်ထားပေးပါနော်

ဟင်းရည်အိုးတည်ခြင်းအသားနွှင်ထားပြီးတဲ့ အရိုးတွေကို ငရုတ်ဆုံထဲ မညက်တညက်ထည့်ထောင်းပြီး အရိုးတွေကို ဇလုံးထဲထည့်ပြီး အရိုးထောင်းရေကို အိုးတစ်လုံးထဲ စစ်ယူပါ။ ပြီးတော့မှ အဲ့ဒီအရိုးရေထဲကို ဆား၊ သကြား၊ အချိုမှုန့်အနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ပေးဆူပါနော်။ ဆူလာပြီဆိုရင် ဟင်းအိုးထဲကို ခုနက နွှင်ထားတဲ့ အသားဖတ်လေးတွေထည့်၊

ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းမညက်တညက်ထောင်းတို့ကို ထည့်ပြီး ပေးဆူပါ။ နောက်တစ်ကြိမ်ဆူရင်တော့ ကော်ရည်ဖျော်ထားတာတွေကို ထည့်ပြီး မွှေပေးပါ။

ကော်ရည်တွေ လုံးခဲသွားတာမျိုး ဖြစ်မသွားအောင် သေသေချာချာလေး မွှေပေးပါနော်။ ပြီးရင်တော့ မီးအေးအေးနဲ့ ဖြေးဖြေးချင်း ဟင်းအိုးဆူအောင် တည်ထားပေးပါနော်။

ဟင်းအိုးထဲကို ပန်းမုန်လာပွင့်နဲ့ မုန်ညင်းကို စားခါနီးမှ ထည့်စားနိုင်ပါတယ်နော်။ အရသာကိုတော့ ကိုယ်ကြိုက်တဲ့အနေလောက်မှန်းပြီး ထည့်ထားပါနော်။

ကြက်သွန်ကြော်ကြော်ခြင်း

မီးဖိုပေါ် ဒယ်အိုးလေးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေးနည်းနည်းခပ်ပြီး အသင့်လှီးထားတဲ့ ကြက်သွန်ဖြူနီကြော်တွေကို ထည့်ကြော်ပါနော်။ မီးမပြင်းစေဘဲ အသင့်အတင့်နဲ့ အကျက်ညီအောင်ကြော်ပါ။ ရွှေဝါရောင်သန်းလာပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ဒယ်အိုးကိုချပြီး ကြက်သွန်ကြော်တွေကို ပန်းကန်လုံးတစ်လုံးထဲ ဆယ်ယူပါနော်။

ချဉ်ငံစပ်နည်း

မီးအုံးထားတဲ့ ငါးပိစိမ်းစားထဲကို ကြက်သွန်ဖြူထောင်းလေးထည့်၊ သံပုရာရည်ရွှဲရွှဲလေးဆမ်းပေးပါ။ ရေဆေးပြီးသား ငရုတ်သီးစိမ်းလေးတွေကို မထူမပါးလေးလှီး၊ ဆား၊ သကြားနဲ့နယ်ပြီး သံပုရာရည်လေးနဲ့ နယ်ပေးထားပါနော်။

အဆင်သင့်ပါပဲနော်

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်လုံးထဲကို ခေါက်ဆွဲထည့်၊ ကော်ရည်ထည့်၊ အသား၊ ဟင်းသီးဟင်းရွက် မျှထည့်ပါ။ ပဲပင်ပေါက်ရေနွေးဖျောထည့်၊ ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်ကြော်လေးထည့်၊ တရုတ်နံနံလေးထည့်ပြီး ပွဲပြင်ပေးပါ။

ပြီးရင်တော့ ငါးပိမီးကင်သံပုရာရည်ဆမ်း၊ ငရုတ်ချဉ်လေးနဲ့ တွဲဖက်ပြီး ပူပူနွေးနွေးလေး သုံးဆောင်ပါနော်။လေးစားလျှက်

Zawgyi

ေကာ္ရည္ေခါက္ဆြဲ ခ်က္နည္းေလးပါ အဆင္ေျပေအာင္ (2) နည္းတင္ေပးထားပါတယ္ေနာ္

ေကာ္ရည္ေခါက္ဆြဲ လုပ္ေတာ့မယ္ဆိုလွ်င္ ဂ်ဳံေခါက္ဆြဲေျခာက္ ၊ ၾကက္သား ၊ မႈိေျခာက္ ၊ ပန္းေျခာက္ ၊Sausage(ႀကိဳက္လို႔တမင္ထည့္တာပါ၊ သာမန္အားျဖင့္မထည့္စားတတ္ၾကပါဘူး ) ၊ ေကာ္မႈန္႔ ၊ ဘဲဥ ၊ ကန္စြန္း႐ြက္ ၊ ပဲငံျပာရည္ ၊ ဆား ၊ သၾကား နဲ႔ ေရတို႔ အဓိက လိုအပ္ပါတယ္ ။ င႐ုပ္ေကာင္း ၊ ၾကက္သြန္ေၾကာ္နဲ႔ ငပိေထာင္းလည္း လိုအပ္ပါေသးတယ္ ။

ပထမဆုံး ဂ်ဳံေခါက္ဆြဲေျခာက္ကို ေပ်ာ့အိလာေစဖို႔ ပြက္ပြက္ဆူေနတဲ့ ေရထဲ ခဏႏွစ္ထားေပးရပါမယ္ ။

ကိုယ္ႀကိဳက္တဲ့ အေနထား အေပ်ာ့မာကိုၾကည့္ၿပီး ေခါက္ဆြဲကို ျပန္ဆယ္ထားကာ …ေရေအးထဲ ႏွစ္ၿပီး ခဏ အေအးခံထားရပါမယ္ ။

ကြၽန္မကေတာ့ ေရေအးနဲ႔ အေအးခံတဲ့အျပင္ ၊ ေရေအးထဲက ဆယ္ၿပီးသား ေခါက္ဆြဲကို စကာထဲထည့္ၿပီး …ေရခဲတုံးေတြပါ ေခါက္ဆြဲေပၚတင္ၿပီး … အေအးခံထားလိုက္ပါတယ္ …. ။

အဲ့လိုမွ အေအးမခံလွ်င္ ၊ ေခါက္ဆြဲေတြလုံးေထြးၿပီး ကပ္ကုန္ႏိုင္တာေၾကာင့္ပါေနာ္ ။

ၿပီးတာနဲ႔ ဟင္းရည္အတြက္ ၾကက္သားကို …ပဲငံျပာရည္ ၊ ဆား ၊ သၾကားနယ္ၿပီး … ႏူးေနေအာင္ ျပဳတ္ေပးရပါမယ္ ။ ၾကက္သားႏူးၿပီဆိုလွ်င္ အသားေတြကို ဆယ္ၿပီး အတုံးေသးေလးေတြျဖစ္ေအာင္ ႏုတ္ႏုတ္စင္းေပးရပါမယ္ ။

ပြက္ပြက္ဆူေနတဲ့ၾကက္ျပဳတ္ရည္ထဲကိုစင္းထားတဲ့အသားတုံးေတြျပန္ထည့္ ၿပီးလွ်င္ေကာ္မႈန္႔ကို ေရနဲ႔ ေဖ်ာ္ၿပီး လိုသေလာက္ထည့္ၾကရပါမယ္ ။

အဲ့ဒီေနာက္ မႈိေျခာက္ ၊ ပန္းေျခာက္နဲ႔ ၊ sausage ေတြကိုလည္း လိုသေလာက္ေလးထည့္ေပးရပါမယ္ …

ၿပီးတာနဲ႔ ၾကက္ဥ ႏွစ္လုံးကို အကာေရာ ၊ အႏွစ္ပါေရာေမႊထားတဲ့ အရည္ကို ….ပြက္ပြက္ဆူေနတဲ့ ဟင္းအိုးထဲ ဇြန္း တစ္ဇြန္း နဲ႔ .. ျဖည္းျဖည္း ခ်င္း ေလာင္းထည့္ေပးရပါမယ္ ။ ဒါမွသာ ပြက္ပြက္ဆူေနတဲ့ အိုးထဲ က်လာတဲ့ ဘဲဥအရည္က အမွ်င္ေလးေတြ ျဖစ္ေစမွာပါ ။

ဆား ၊ သၾကား လိုသေလာက္ထည့္ၿပီးတာနဲ႔ … င႐ုပ္ေကာင္းေလးနည္းနည္း ျဖဴးထည့္ေပးၾကရပါမယ္ ။

င႐ုပ္ေကာင္းနံ႔ေလးေမႊးလာတာနဲ႔ ဟင္းရည္အိုးကို မီးပိတ္ၿပီး ကန္စြန္း႐ြက္ေတြကို အေပၚက ျဖန္႔ထည့္ ၊ အဖုံး ျပန္အုပ္ထားရပါမယ္ ။(တစ္ခ်ိဳ႕က င႐ုပ္ေကာင္းကို ပန္းကန္ထဲေရာက္မွ လိုသလိုလည္း ထည့္စားတတ္ၾကတယ္) ။

ဟင္းအိုးမီးပိတ္ၿပီးမွ ၊ ကန္စြန္း႐ြက္ကို ေနာက္ဆုံးမွ ထည့္တာ ၊ စိမ္းေနေအာင္လို႔ပါ ကန္စြန္း႐ြက္ ႏြမ္းသြားလွ်င္ စားခ်င္စရာမေကာင္းေတာ့လို႔ပါ ။

သုံးမိနစ္ေလာက္ၾကာတာနဲ႔ ဟင္းရည္အိုး အပူရွိန္ေၾကာင့္ ကန္စြန္း႐ြက္လည္း စားလို႔ ရတဲ့ အေနထား ေရာက္ပါၿပီ ။ဒါဆိုလွ်င္ ေကာ္ရည္ေခါက္ဆြဲ အတြက္ ဟင္းရည္ခ်က္လို႔ ၿပီးပါၿပီ ။

ေကာ္ရည္ေခါက္ဆြဲနဲ႔တြဲဖက္စားရတဲ့ ငပိေထာင္းေလးအေၾကာင္းလည္း နည္းနည္း ပြားပါဦးမယ္ … ။ ငပိေထာင္းလုပ္ဖို႔ ၊ မွ်င္ ငပိ ၊ ၾကက္သြန္ျဖဴ ၊ င႐ုပ္သီးစိမ္း ၊သံပုရာသီး ၊ င႐ုပ္သီးမႈန္႔ နည္းနည္းနဲ႔ … ၊ အသားမႈန္႔ နည္းနည္း လိုပါတယ္ ။

ပထမဆုံး မွ်င္ ငပိကို ကင္ရပါမယ္ ။ ကင္တဲ့ ေနရာမွာ တူးေနေအာင္မကင္ပဲ ၊ မ်က္ႏွာျပင္ နီရဲၿပီး ၊ ငပိနံ႔ေလးထြက္လာလွ်င္ရပါၿပီ။ ၿပီးတာနဲ႔ၾကက္သြန္ျဖဴနဲ႔င႐ုပ္သီးစိမ္းကို ေၾကညက္ေနေအာင္ ေထာင္းထားရပါမယ္ ။

င႐ုတ္သီးစိမ္းကိုေတာ့ မေထာင္ခင္ အရင္ဆုံး အေညႇာင့္ေခြၽၿပီး ၊ ဒယ္အိုး အပူထဲ ထည့္ေလွာ္ေပးရပါမယ္ ။ ေလွာ္ေနတုန္း မီးအရွိန္နဲ႔ င႐ုတ္သီးက ထေပါက္ၿပီး စင္တတ္တဲ့အတြက္ မ်က္စိထဲမ၀င္ေအာင္ သတိေတာ့ထားေလွာ္ရမွာပါ ။

အဲ့ဒီင႐ုပ္သီးနဲ႔ ၾကက္သြန္ျဖဴကို လိုသေလာက္ေရာၿပီးေထာင္းရပါမယ္ ။ ေၾကညက္လာတာနဲ႔ငပိကိုပါ ထပ္ေပါင္းထည့္ေထာင္းေပးရပါမယ္ ( ငပိေထာင္းပိုၿပီးစားလို႔ေကာင္းဖို႔ ပုစြန္ေျခာက္ေလး နည္းနည္းပါထည့္ေထာင္းလွ်င္ ပိုေကာင္းပါတယ္ )

င႐ုပ္သီးအက်က္မႈန္ နဲ႔ ၊ အသားမႈန္႔တို႔ကိုပါ ေရာေထာင္းၿပီးၿပီဆိုလွ်င္ ၊ ငပိေထာင္းလည္း စားဖို႔ အသင့္အေနထားေရာက္ပါၿပီ ။ သံပုရာသီးကိုေတာ့ စားခါနီးမွ ငပိေထာင္း အေပၚကေန အရည္ညႇစ္ၿပီး တြဲစားေပးရမွာပါ ။ အဲ့လိုမွ မဟုတ္လွ်င္ သံပုရာရည္က ခ်ဥ္အရသာထက္ ၊ ခါးဖန္႔ဖန္႔ အရသာ ဘက္ကို ေျပာင္း သြားႏိုင္လို႔ပါပဲ ။

လတ္ဆတ္တဲ့ သံပုရာနံ႔လည္း မေမႊးေတာ့တာေၾကာင့္ပါ ။ အားလုံးလည္းျပင္ဆင္ၿပီးလို႔ စားဖို႔ အသင့္အေနထားေရာက္ၿပီဆိုေတာ့ …. ၊ အေအးခံၿပီးေရစစ္ထားတဲ့ ေခါက္ဆြဲကို အလွ်င္ထည့္ရပါမယ္ ၊ ၿပီးတာနဲ႔ ခ်က္ထားတဲ့ ေကာ္ရည္ကိုေလာင္းထည့္ၿပီး ၊ အေပၚက ၾကက္သြန္ဆီခ်က္ေလး ျဖဴးေပးလိုက္လွ်င္ အိုေကၿပီေပါ့ေနာ္ ။

ေကာ္ရည္ေခါက္ဆြဲ ေနာက္တစ္နည္းပါ

ေကာ္ရည္ေခါက္ဆြဲအတြက္ လိုအပ္တာေတြကေတာ့

၀က္/ၾကက္/ဘဲ ႀကိဳက္ႏွစ္သစ္ရာအသား၊ ေကာ္မႈန္႔၊ င႐ုတ္ေကာင္းမႈန္႔၊ မုန္ညင္း၊ ပန္းေဂၚဖီ၊ ပဲပင္ေပါက္၊ တ႐ုတ္နံနံ၊ ဆား၊ သၾကား၊ အခ်ိဳမႈန္႔၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ င႐ုတ္သီးစိမ္း၊ ငါးပိစိမ္းစားနဲ႔ သံပုရာသီးတို႔ပါေနာ္။

ပထမအဆင့္အေနနဲ႔ အသားအ႐ိုးတြဲလ်က္ကို သန္႔စင္ေအာင္ေရေဆးၿပီး အတုံးခပ္ႀကီးႀကီးတုံးၿပီး ဆား၊ သၾကား၊ အခ်ိဳမႈန္႔၊ ခ်င္းေထာင္းရည္တို႔နဲ႔နယ္ၿပီး ခဏႏွပ္ထားေပးပါေနာ္။ ၿပီးေတာ့မွ အိုးတစ္လုံးထဲထည့္ၿပီး အသားေတြကိုထည့္၊ ေရကိုလည္း အသားျမဳပ္႐ုံထည့္ၿပီး ျပဳတ္ေပးထားပါေနာ္။

ပထမတစ္ေရခမ္းေလာက္ၿပီဆိုရင္ေတာ့ အသားေတြကို ဟိုဘက္ဒီဘက္လွန္ၿပီးေတာ့ ေရထပ္ထည့္ၿပီး တည္ေပးပါ။ အသားႏူးေလာက္ၿပီဆိုရင္ေတာ့ အိုးထဲကေန အသားေတြကိုဆယ္၊ အေအးခံၿပီး အသားႏႊင္ေပးထားပါေနာ္။ ေကာ္မႈန္႔ကိုေတာ့ စားမယ့္လူရယ္၊ ေကာ္ရည္အပ်စ္အက်ဲအႀကိဳက္ေပၚ မူတည္ၿပီး ေဖ်ာ္ေပးပါေနာ္။

ေကာ္မႈန္႔ေဖ်ာ္တဲ့အခါမွာ ဆား၊ သၾကားနဲ႔ အခ်ိဳမႈန္႔ေလးနည္းနည္း ထည့္ေဖ်ာ္ေပးပါ။ မုန္ညင္း၊ ပဲပင္ေပါက္၊ ပန္းေဂၚဖီတို႔ကိုလည္း ေရနဲ႔ေသေသခ်ာခ်ာ အထပ္ထပ္ေဆးၿပီး လွီးခြၽတ္ေရစစ္ထားေပးပါေနာ္။ ငါးပိစိမ္းစားကိုလည္း မီးေလးအုံးထားေပးပါ။ င႐ုတ္သီးစိမ္းကိုလည္း ေရေဆးထားပါ။ ၾကက္သြန္ျဖဴနီတို႔ကိုလည္း အခြံႏႊာၿပီး ဆီခ်က္ခ်က္ဖို႔ ပါးပါးလွီးေပးထားပါ။

ေခါက္ဆြဲျပဳတ္ျခင္းအားလုံးအသင့္ျဖစ္ၿပီဆိုရင္ေတာ့ အိုးတစ္လုံးထဲ ေရထည့္ၿပီး မီးဖိုေပၚတင္ၿပီး ေရေႏြးအိုးတည္ပါ။ ေရေႏြးဆူၿပီဆိုရင္ ေခါက္ဆြဲ/ၾကာဇံကို ျပဳတ္ေပးပါ။ အက်က္လည္းညီေစ၊ ေပ်ာ့လည္းမေပ်ာ့ေစေအာင္ သတိထားၿပီး ျပဳတ္ၿပီးရင္ ေခါက္ဆြဲျပဳတ္အိုးကိုခ်ၿပီး ေရသြန္ပါ။

ေခါက္ဆြဲေတြကို စကာနဲ႔ စစ္ယူၿပီး ေရေအးေအးနဲ႔ ေသေသခ်ာခ်ာႏွံ႔စပ္ေအာင္ ေဆးေပးပါ။ ၿပီးေတာ့မွ စကာနဲ႔ ေရစစ္ထားလိုက္ပါေနာ္။ ပဲပင္ေပါက္ကိုလည္း ေရေႏြးေဖ်ာၿပီး ေရစစ္ထားေပးပါေနာ္

ဟင္းရည္အိုးတည္ျခင္းအသားႏႊင္ထားၿပီးတဲ့ အ႐ိုးေတြကို င႐ုတ္ဆုံထဲ မညက္တညက္ထည့္ေထာင္းၿပီး အ႐ိုးေတြကို ဇလုံးထဲထည့္ၿပီး အ႐ိုးေထာင္းေရကို အိုးတစ္လုံးထဲ စစ္ယူပါ။ ၿပီးေတာ့မွ အဲ့ဒီအ႐ိုးေရထဲကို ဆား၊ သၾကား၊ အခ်ိဳမႈန္႔အနည္းငယ္ထည့္ၿပီး မီးဖိုေပၚတင္ၿပီး ေပးဆူပါေနာ္။ ဆူလာၿပီဆိုရင္ ဟင္းအိုးထဲကို ခုနက ႏႊင္ထားတဲ့ အသားဖတ္ေလးေတြထည့္၊

ၾကက္သြန္ျဖဴနဲ႔ င႐ုတ္ေကာင္းမညက္တညက္ေထာင္းတို႔ကို ထည့္ၿပီး ေပးဆူပါ။ ေနာက္တစ္ႀကိမ္ဆူရင္ေတာ့ ေကာ္ရည္ေဖ်ာ္ထားတာေတြကို ထည့္ၿပီး ေမႊေပးပါ။

ေကာ္ရည္ေတြ လုံးခဲသြားတာမ်ိဳး ျဖစ္မသြားေအာင္ ေသေသခ်ာခ်ာေလး ေမႊေပးပါေနာ္။ ၿပီးရင္ေတာ့ မီးေအးေအးနဲ႔ ေျဖးေျဖးခ်င္း ဟင္းအိုးဆူေအာင္ တည္ထားေပးပါေနာ္။

ဟင္းအိုးထဲကို ပန္းမုန္လာပြင့္နဲ႔ မုန္ညင္းကို စားခါနီးမွ ထည့္စားႏိုင္ပါတယ္ေနာ္။ အရသာကိုေတာ့ ကိုယ္ႀကိဳက္တဲ့အေနေလာက္မွန္းၿပီး ထည့္ထားပါေနာ္။

ၾကက္သြန္ေၾကာ္ေၾကာ္ျခင္း

မီးဖိုေပၚ ဒယ္အိုးေလးတင္၊ ဆီထည့္၊ ဆီပူလာၿပီဆိုရင္ေတာ့ နႏြင္းမႈန္႔ေလးနည္းနည္းခပ္ၿပီး အသင့္လွီးထားတဲ့ ၾကက္သြန္ျဖဴနီေၾကာ္ေတြကို ထည့္ေၾကာ္ပါေနာ္။ မီးမျပင္းေစဘဲ အသင့္အတင့္နဲ႔ အက်က္ညီေအာင္ေၾကာ္ပါ။ ေ႐ႊဝါေရာင္သန္းလာၿပီဆိုရင္ေတာ့ မီးဖိုေပၚကေန ဒယ္အိုးကိုခ်ၿပီး ၾကက္သြန္ေၾကာ္ေတြကို ပန္းကန္လုံးတစ္လုံးထဲ ဆယ္ယူပါေနာ္။

ခ်ဥ္ငံစပ္နည္း

မီးအုံးထားတဲ့ ငါးပိစိမ္းစားထဲကို ၾကက္သြန္ျဖဴေထာင္းေလးထည့္၊ သံပုရာရည္႐ႊဲ႐ႊဲေလးဆမ္းေပးပါ။ ေရေဆးၿပီးသား င႐ုတ္သီးစိမ္းေလးေတြကို မထူမပါးေလးလွီး၊ ဆား၊ သၾကားနဲ႔နယ္ၿပီး သံပုရာရည္ေလးနဲ႔ နယ္ေပးထားပါေနာ္။

အဆင္သင့္ပါပဲေနာ္

အားလုံးအသင့္ျဖစ္ၿပီဆိုရင္ေတာ့ ပန္းကန္လုံးထဲကို ေခါက္ဆြဲထည့္၊ ေကာ္ရည္ထည့္၊ အသား၊ ဟင္းသီးဟင္း႐ြက္ မွ်ထည့္ပါ။ ပဲပင္ေပါက္ေရေႏြးေဖ်ာထည့္၊ ၿပီးေတာ့ င႐ုတ္ေကာင္းမႈန္႔ေလးျဖဴး၊ ၾကက္သြန္ေၾကာ္ေလးထည့္၊ တ႐ုတ္နံနံေလးထည့္ၿပီး ပြဲျပင္ေပးပါ။

ၿပီးရင္ေတာ့ ငါးပိမီးကင္သံပုရာရည္ဆမ္း၊ င႐ုတ္ခ်ဥ္ေလးနဲ႔ တြဲဖက္ၿပီး ပူပူေႏြးေႏြးေလး သုံးေဆာင္ပါေနာ္။ေလးစားလွ်က္

Leave a Comment